backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ရေဖျဉ်းရှိသူတွေအတွက် သတိထားသင့်တဲ့အချက်တွေ


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ရေဖျဉ်းရှိသူတွေအတွက် သတိထားသင့်တဲ့အချက်တွေ

ရေဖျဉ်းဆွဲတယ်ဆိုတာက ဝမ်းဗိုက်မှာအရည်တွေစုပုံလာတဲ့အခြေအနေတစ်ရပ်ပါ။ရောဂါအခြေအနေတစ်ရပ်ရပ်ရဲ့နောကဆက်တွဲအနေနဲ့ ခံစားရတဲ့ အနေအထားတစ်ရပ်ပေါ့။ အခုတစ်ခေါက်တော့ရေဖျဉ်းဆွဲတဲ့အခါ ဘယ်လိုနေထိုင်ရမလဲဆိုတာလေးကို Hello ဆရာဝန်ပရိသတ်ကြီးကိုပြောပြပေးပါရစေ။

ဘာကြောင့်ရေဖျဉ်းဆွဲရတာလဲ…….

ဒီအချက်တွေကြောင့်ရေဖျဉ်းဆွဲရတာပါ။

ရေဖျဉ်းဆွဲတာကိုမြင့်တက်စေနိုင်တဲ့အကြောင်းအရင်းတွေကဘာတွေများဖြစ်မလဲ………..

ရေဖျဉ်းဆွဲခြင်း ဖြစ်ပွားနိုင်ခြေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။

  • သားဥအိမ်ကင်ဆာရှိတာ
  • ပန်ကရိယကင်ဆာရှိတာ
  • အသည်းကင်ဆာရှိတာ
  • သားအိမ်ကင်ဆာရှိတာ
  • နှလုံးရောဂါရှိတာ
  • ကျောက်ကပ်ရောဂါရှိတာ
  • ပန်ကရိယ ရောင်ရမ်းနေတာ
  • တီဘီရောဂါခံစားနေရတာ
  • သိုင်းရွိုက်ဟော်မုန်းနည်းနေတဲ့ရောဂါတွေခံစားနေရတာတွေကရေဖျဉ်းဖြစ်နိုင်ခြေကို များစေတဲ့အချက်တွေပါ။

ရေဖျဉ်းစွဲနေသူတွေသတိထားသင့်တဲ့ စားသောက်နေထိုင်မှုပုံစံကဘာတွေဖြစ်မလဲ…………

ရေဖျဉ်းစွဲနေသူအနေနဲ့ ဒီအချက်လေးတွေကို သတိထားပေးဖို့လိုပါမယ်။

ားလျှော့စားပါ

ရေဖျဉ်းစွဲနေသူတစ်ယောက်အနေနဲ့ ဆားစားသုံးမှုကိုလျှော့ချသင့်ပါတယ်။ ဆားစားသုံးမှုများတာကရေတွေကိုပိုပြီး စုစေနိုင်တာကြောင့်ရေဖျဉ်းစွဲတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်စားသောက်မှုမှာ ဆားကို တတ်နိုင်သမျှလျှော့စားပေးပါ။ အငန်ကဲတဲ့အစားအစာတွေကိုလျှော့စားဖို့လည်း မမေ့ပါနဲ့။

နည်းနည်းချင်းနဲ့ အကြိမ်ရေများများစားပေးပါ

ရေဖျဉ်းစွဲသူတစ်ယောက်အနေနဲ့ ပုံမှန်ထက်စားချင်စိတ်နည်းနေနိုင်ပါတယ်။ ဒါပေမယ့် အစားစားမှ အာဟာရပြည့်ဝမှာဖြစ်တာကြေင့် တစ်နေ့ကို နည်းနည်းချင်းစီနဲ့ ၇ ကြိမ်၈ ကြိမ်လောက် အစားစားပေးပါ။ ပရိုတင်းကြွယ်ဝပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို များများစားပေးပါ။ အသားတွေအစားပဲအမျိုးမျိုးနပြ အခြားသော ပရိုတင်းရနိုင်တဲ့ အစားအစာတွေကို စားပေးဖို့ပြောပါရစေ။

အဆိပ်အတောက်နဲ့ဓါတုပစ္စည်းတွေကိုရှောင်ပါ

ဖြစ်နိုင်ရင် သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ အသီးအနှံတွေကိုပဲစားသုံးပေးပါ။ ဒီလိုစားသုံးပေးတာက ခန္ဓါကိုယ်ထိခိုကနိုင်ခြေကို နည်းစေနိုင်ပါတယ်။ အသည်းထိခိုက်မှုဖြစ်နိုင်ခြေကို နည်းစေနိုင်တာကြောင့်ရေဖျဉ်းစွဲနေသူတွေအတွက် အထောက်အပံ့ဖြစ်စေနိုင်မှာပါ။

အုန်းရည်သောက်ပါ

ပိုတက်ဆီယမ် နဲ့electrolytes ပါဝင်တဲ့ အုန်းရည်က ခန္ဓါကိုယ်ကိုရေဓါတ်ပြည့်စေပြီး ကိုယတွင်းမျာ အရည်တွေစုနေတာမျိုး မဖြစ်အောင်ထောက်ပံ့ပေးနိုင်ပါတယ်။

အယ်လ်ကိုဟောေရှာင်ပါ

အရက်အပါအဝင် အယ်လ်ကိုဟောပါတဲ့သောက်စရာတိုင်းကိုရှောင်ဖို့လိုပါမယ်။ အယ်လ်ကိုဟောရောဂါအခြေအနေကို ပိုဆိုးစေနိုင်တာကြောင့် လုံးဝရှောင်ကြဉ်ဖို့လိုပါမယ်။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက ကြွက်သားတွေကိုသန်မာစေပြီးရေတွေစုနေတာကိုဖြစ်နိုင်ခြေနည်းသွားစေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ။

ပြည့်ဝတဲ့အိပ်စက်ချိန်ထားရှိပါ

နေ့ခင်းဘက်မှာ အိပ်တာမျိုးမလုပ်ဘဲ ညစဉ်တိုင်းမှာစောစောအိပ်လို့ မနက်စောစောထတဲ့ပြည့်ဝကောင်းမွန်တဲ့ အိပ်စက်မှုအလေ့အထကိုမွေးမြူပေးပါ။

ဘာတွေစားရမလဲ……….

ရေဖျဉ်းစွဲနေသူတွေအတွက် သင့်တော်တဲ့အစားအစာတွေကတော့

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement