(၁) ဂရိတ်ဖရုသီး
အချဉ်ဓါတ်ပါတဲ့အရည်ရွှမ်းသီးဖြစ်တဲ့ ဂရိတ်ဖရုသီးက သိပ်မချဉ်ဘူးဆိုပေမယ့် အူလမ်းကြောင်းအတွင်းရောက်လာတဲ့ဆေးဝါးတွေကို ဆဲလ်တွေရဲ့ စုပ်ယူနိုင်စွမ်းနဲ့ရွေ့လျားနိုင်စွမ်းကိုပြောင်းလဲစေနိုင်ပါတယ်။ ဂရိတ်ဖရုသီးကြောင့် ဒီလိုဖြစ်စေနိုင်တာဆေးအမျိုးပေါင်း ၅၀ကျော်ရှိပါတယ်။
(၂) နွားနို့
နေမကောင်းဖြစ်နေတဲ့အချိန် အားလည်းဖြစ်အောင် ရေအစား နွားနို့လေးနဲ့ဆေးသောက်လိုက်တယ်ဆိုတာမျိုး မလုပ်ရပါဘူး။ နို့နဲ့နို့ထွက်ပစ္စည်းတွေဟာ ပဋိဇီဝဆေးတွေကို ခန္ဓါကိုယ်ရဲ့စုပ်ယူနိုင်စွမ်းအပေါ် အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ နွားနို့မှာပါတဲ့ ကယ်လ်စီယမ်နဲ့မဂ္ဂနီဆီယမ်တို့လို သတ္တုဓါတ်တွေကြောင့်ဖြစ်နိုင်ပါတယ်။ ပဋိဇီဝဆေးတွေသောက်မယ်ဆို နွားနို့နဲ့ဝေးဖို့ ဂရုစိုက်ပါ။
(၃) ချောကလက်
ချောကလက်ဟာ စိတ်ကိုတည်ငြိမ်စေတဲ့ဆေး ဒါမှမဟုတ် အိပ်ပျော်စေတဲ့ဆေးတွေကို အာနိသင်လျော့နည်းစေနိုင်ပါတယ်။ သူက စိတ်ကိုလန်းဆန်းစေတဲ့ဆေးတွေအတွက် အာနိသင်ပိုကောင်းစေဖို့ အထောက်အကူပြုနိုင်တာဖြစ်ပါတယ်။နောက်တစ်ချက်က စိတ်ကျရောဂါအတွက်ဆေးသောက်နေရတဲ့သူတွေမှာဆို အဲဒီဆေးနဲ့ချောကလက်ကို တွဲမိတဲ့အခါ အန္တရာယ်အဆင့်ထိသွေးပေါင်တက်စေနိုင်ပါတယ်။
အကောင်းဆုံးကတော့ ဆရာဝန်ညွှန်ကြားလိုက်တဲ့အတိုင်း သောက်သုံးပါ
ဆရာဝန်ကဆေးပေးလိုက်တယ်ဆို ဒီတိုင်းပဲသောက်လိုက်တာများပါတယ်။သောက်သင့်တဲ့အချိန်မမှန်တာ၊ အစားနဲ့နီးသင့်တာဝေးသင့်တာတွေ မသိတာတို့ကြောင့်ဆေးအာနိသင်ကိုလျော့နည်းစေပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။