ကိုယ်တိုင်အတွက်ဖြစ်ဖြစ် မိသားစုဝင်တွေကိုပဲဖြစ်ဖြစ် ကျန်းမာရေးစစ်ဆေးမှုလေးလုပ်ပေးချင်တယ်။ ဒါပေမယ့် ဘယ်လိုတွေလုပ်ရမှာလဲမသိလို့ အခက်တွေ့နေတဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါနော်…….
 
ကျန်းမာရေးစစ်ဆေးမှုဆိုတာ
ခန္ဓါကိုယ်မှာဝေဒနာတွေရှိနေလား။ ဒါမှမဟုတ် ဘာဝေဒနာတွေဖြစ်နိုင်လဲဆိုတာကို စစ်ဆေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်ပါ။ရောဂါရှိနေခဲ့ရင် ကုသလို့ရသလို မဖြစ်လာသေးတဲ့ရောဂါတွေကို ကြိုတင်ကာကွယ်ဖို့လည်း အခွင့်အရေးရနိုင်ပါတယ်။ လုပ်သင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတစ်ခုပေါ့။
ကျန်းမာရေးစစ်ဆေးမှုက မဖြစ်မနေလုပ်သင့်တာလား…..
အတင်းအကျပ်မပြောချင်ပေမယ့် ကျန်းမာရေးစစ်ဆေးမှုပုံမှန်လုပ်တာကကောင်းမွန်တဲ့အလေ့အထတစ်ခုပါ။ ကျန်းမာရေးစစ်ဆေးမှုလုပ်တာကြောင့် အခုလိုမျိုး အကျိုးကျေးဇူးလေးတွေလည်းရရှိနိုင်ပါသေးတယ်။
- ကျန်းမာရေးအခြေအနေကို သိရှိခွင့်ရတယ်
 - ဖြစ်လာနိုင်ခြေရှိတဲ့ရောဂါတွေကို ကာကွယ်ခွင့်ရတယ်
 - ကာကွယ်ဆေးတွေပုံမှန်ထိုးဖြစ်တယ်
 - ကျန်းမာတဲ့လူနေမှုပုံစံကို ပျိုးထောင်ခွင့်ရတယ်
 - ရောဂါတစ်ခုခုဖြစ်လာမလားလို့တွေးကြောက်နေစရာမလိုဘူး။
 
ကျန်းမာရေးစစ်ဆေးမှုလုပ်တော့မယ်ဆိုရင် သိထားသင့်တဲ့အချက်တွေကဘာတွေများလဲ………..
ကျန်းမာရေးစစ်ဆေးမှုလုပ်တယ်ဆိုတဲ့နေရာမှာ လူတိုင်းကတစ်ပုံစံတည်းလုပ်ရမှာလားဆိုတော့မဟုတ်ပါဘူး။ အသက်အရွယ်အလိုက်ကွာခြားနိုင်သလိုရောဂါအခြေအနေအရလည်းကွာခြားနိုင်ပါတယ်။
အရွယ်ရောက်ပြီးသူတစ်ယောက်လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုတွေကဘာတွေလဲ…….
- နှလုံးကျန်းမာရေးစစ်ဆေးခြင်း
 - ဆီးချိုရောဂါရှိ၊မရှိစစ်ဆေးခြင်း
 - ကင်ဆာရောဂါခံစားလာရနိုင်ခြေရှိ၊မရှိစစ်ဆေးခြင်း
 - အသည်းရောင်အသားဝါရောဂါပိုး ရှိ၊မရှိစစ်ဆေးခြင်း
 - HIV ပိုးရှိ၊မရှိစစ်ဆေးခြင်း
 - ယူရစ်အက်ဆစ်စစ်ဆေးခြင်း
 - သွေးတိုးရောဂါရှိ၊မရှိစစ်ဆေးခြင်း စတဲ့စစ်ဆေးမှုတွေကိုလုပ်ဆောင်သင့်ပါတယ်။
 
တကယ်လို့သင်က အရွယ်ရောက်ပြီးသူတွေထဲမှာမှ အသက် ၁၉ နှစ်ကနေ ၂၁ နှစ်အတွင်းဖြစ်မယ်ဆိုရင် ကျန်းမာရေးစစ်ဆေးမှုက ၂ နှစ် တစ်ကြိမ် ဒါမှမဟုတ် ၃ နှစ်တစ်ကြိမ် လုပ်ပေးရင်ကိုလုံလောက်ပါပြီ။ တကယ်လို့ ၂၂ နှစ်အထက်ဖြစ်နေမယ်ဆိုရင် တစ်နှစ်ကို ကျန်းမာရေးစောင့်ရှောက်မှု တစ်ကြိမ်ကနေ ၃ ကြိမ်လောက်အထိပြုလုပ်ပေးဖို့လိုပါမယ်။
နှလုံးကျန်းမာရေးအတွက်ကျန်းမာရေးစစ်ဆေးမှုလုပ်မယ်ဆိုရင် ဘာတွေစစ်ရမလဲ…….
နှလုံးကျန်းမာရေးအတွက်ဆေးစစ်မှုခံယူမယ်ဆိုရင်
- သွေးပေါင်ချိန်စစ်ရမယ်
 - သွေးတွင်းအဆီဓါတ်စစ်ရမယ်
 - Electrocardiogram (ECG)နှလုံးပုံရိပ်ဖမ်းခြင်း
 - အဝလွန်နေလားဆိုတာစစ်ရမယ် ((BMI) ခန္ဓါကိုယ် ထုထည်ညွှန်းကိန်းကို စစ်ဆေးတာပါ)။
 
ဆီးချိုရှိ၊မရှိ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်မယ်ဆိုရင် ဘာတွေစစ်ရမလဲ……
ဆီးချိုရှိ၊မရှိ စစ်မယ်ဆိုရင်
- မျိုးရိုး ရှိ၊မရှိစစ်မယ်
 - သွေးတွင်းသကြားဓါတ်ြမင့်တက်မှုရှိလား စစ်မယ်
 - အဝလွန်နေလားဆိုတာကိုစစ်မယ်((BMI) ခန္ဓါကိုယ် ထုထည်ညွှန်းကိန်းကို စစ်ဆေးတာပါ)
 - သွေးတိုးရှိနေလားစစ်မယ်
 - သွေးတွင်းကိုလက်စထရောများနေလားစစ်မယ်
 - ရင်ဘတ်အောင့်တာမျိုးရှိလား စစ်မယ်
 
အူမကြီးကင်ဆာစစ်ဆေးမယ်…..
အူမကြီးကင်ဆာရှိ၊မရှိစစ်ဖို့ကတော့
- မျိုးရိုးရှိလားစစ်မယ်
 - faecal occult blood test (FOBT) လုပ်မယ် (အူမကြီးကင်ဆာဖြစ်နိုင်ခြေရှိ၊မရှိကိုသွေးဖောက်စစ်တာပါ)
 - အူမကြီးအတွင်းကို မှန်ပြောင်းထည့်ပြီးစစ်မယ်။ ပုံမှန် ၂ နှစ်တစ်ကြိမ်စစ်ဆေးသင့်ပါတယ်။
 
မျက်လုံးအတွက် ကျန်းမာရေးစစ်ဆေးမှုလုပ်မယ်ဆိုရင်……..
အမြင်အာရုံနဲ့ပတ်သက်လို့ကတော့
- ရေတိမ်၊
 - အတွင်းတိမ်၊
 - ဆီးချိုကြောင့်ဖြစ်တဲ့အမြင်အာရုံပြဿနာ၊
 - အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံ ထိခိုက်မှုတွေကို စစ်ဆေးမှာပါ။ အသက်၆၅ နှစ်အထက်ရောက်လာသူတိုင်းလုပ်သင့်ပါတယ်။ မျက်စိရောဂါဖြစ်ဖူးတဲ့မျိုးရိုးရှိမယ်။ မျက်လုံးထိခိုက်ဖူးမယ်။သွေးတိုး ဒါမှမဟုတ် ဆီးချိုရှိတာကြောင့်ဆေးသောက်သုံးနေရမယ်၊ အခြားဆေးဝါးတစ်ခုခုသောက်သုံးနေရမယ်ဆိုရင် မျက်လုံးစစ်ဆေးမှုကို တစ်နှစ်တစ်ကြိမ်လုပ်သင့်ပါတယ်။
 
အရိုးအတွက်ကျန်းမာရေးစစ်ဆေးမှုလုပ်မယ်ဆိုရင်….
အသက် ၅၀ အထက်လူတိုင်းလုပ်သင့်ပါတယ်။ အရိုးပါးနေလား၊ အရိုးပွနေလားဆိုတာကို သိရှိနိုင်စေဖို့ အရိုးသိပ်သည်းဆကို စစ်ဆေးတာပါ။
- ရင်သားကင်ဆာစစ်ဆေးမှု
 - သားအိမ်ခေါင်းကင်ဆာ စစ်ဆေးမှု
 - အမျိုးသမီးဟော်မုန်းပမာဏစစ်ဆေးမှု
 - human papilloma virus(HPV) စစ်ဆေးမှု
 - HIV/AIDS တို့လိုမျိုး လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို စစ်ဆေးမှုတွေကို ပုံမှန်လုပ်ဆောင်သင့်ပါတယ်။
 
- အမျိုးသားဟော်မုန်းစစ်ဆေးမှု
 - ဆီးကျိတ်ကင်ဆာစစ်ဆေးမှု
 - human papilloma virus(HPV) စစ်ဆေးမှု
 - HIV/AIDS တို့လိုမျိုး လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို စစ်ဆေးမှုတွေကို ပုံမှန်လုပ်ဆောင်သင့်ပါတယ်။
 
- သွေးစစ်တာ
 - သွေးတွင်းကိုလက်စထရောစစ်တာ
 - သွေးတိုးစစ်တာ
 - ဆီးချိုစစ်တာ
 - အဆုတ်ကင်ဆာစစ်တာ
 - အရိုးသိပ်သည်းဆစစ်တယ်
 - အသည်းကျန်းမာရေးစစ်တာ
 - (BMI) ခန္ဓါကိုယ်ထုထည်ညွှန်းကိန်းစစ်တာ
 - သွားနဲ့ခံတွင်းစစ်ဆေးတာ
 - အမြင်အာရုံစစ်ဆေးတာ
 - အကြားအာရုံစစ်ဆေးတာတွေပုံမှန်လုပ်ဆောင်ပေးသင့်ပါတယ်။
 
အထိရောက်ဆုံးကျန်းမာရေးစောင့်ရှောက်မှုအတွက်မေ့မထားသင့်တဲ့ အချက်တစ်ခု
အပေါ်မှာပြောခဲ့သလို ကျန်းမာရေးစစ်ဆေးမှုတွေပုံမှန်လုပ်ဖြစ်တယ်ဆိုရင်နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်နေစေဖို့မေ့ထားလို့မဖြစ်တဲ့အချက်တစ်ခုရှိပါသေးတယ်။ ဒါကတော့ ကာကွယ်ဆေးတွေကို ပုံမှန်ထိုးနှၤတာပါပဲ။
- ရာသီတုပ်ကွေးကာကွယ်ဆေး (တစ်နှစ်တစ်ကြိမ်)
 - မေးခိုင်ကာကွယ်ဆေး(
 - အသည်းရောင် အသားဝါ A ကာကွယ်ဆေး
 - အသည်းရောင် အသားဝါ B ကာကွယ်ဆေး
 - ရေကျောက်ကာကွယ်ဆေး
 - ဝက်သက်ကာကွယ်ဆေး
 - HPV ကာကွယ်ဆေး စတဲ့လိုအပ်တဲ့ကာကွယ်ဆေးတွေကိုသေသေချာချာလေးထိုးပေးဖို့လိုပါမယ်။
 
နောက်ဆုံးအနေနဲ့ကတော့ ပုံမှန်ကျန်းမာရေးစစ်ဆေးတာ၊စောင့်ရှောက်မှုတွေလုပ်တဲ့အဆင့်တွေအားလုံးပြီးသွားရင်လုပ်ရမယ့် အဆင့်တွေကတော့
- အာဟာရပြည့်ဝအောင်စားပါ
 - အိပ်ရေးဝဝအိပ်ပါ
 - ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ
 - ဆေးလိပ်လျှော့သောက်ပါ။ဆေးလိပ်ဖြတ်ပါ။
 - အယ်လ်ကိုဟောလျှော့သောက်ပါ။ အယ်လ်ကိုဟောဖြတ်ပါ။ စတဲ့အချက်လေးတွေကိုနေ့စဉ်ဘဝမှာလိုက်နာဖို့ပါ။
 
အခုပြောခဲ့တာတွေကိုပြည့်စုံအောင်လုပ်ဖြစ်နေပြီဆိုရင်တော့ Hello ဆရာဝန်ပရိသတ်ကြီးရဲ့နေ့ရက်တိုင်းဟာ ကျန်းမာပျော်ရွှင်နေတော့မှာ အသေအချာပါ။
Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmi]



