ဆေးစစ်ချက်များ

ဆေးစစ်ချက်များ နဲ့ ပတ်သက်ပြီး ဘယ်ရောဂါမှာ ဘယ်လိုဆေးစစ်ချက်တွေကို စစ်တယ်၊ ဘာနည်းလမ်းနဲ့ စစ်တယ်ဆိုတာကို သိနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးစစ်ချက်များ

ကွန်ပျူတာဓာတ်မှန်(CT Scan)နဲ့ သံလိုက်ဓာတ်မှန် (MRI Scan) ဘာကွာသလဲ

ကွန်ပျူတာဓာတ်မှန် (CT Scan) နဲ့ သံလိုက်ဓာတ်မှန် (MRI Scan)  ၂ မျိုးလုံးဟာ အခုခေတ် ရောဂါရှာဖွေတဲ့နယ်ပယ်မှာ အတော်လေး တွင်တွင်ကျယ်ကျယ်အသုံးပြုလာတဲ့ အဆင့်မြင့်ပုံရိပ်ဖော်နည်းပညာ ၂ ခုဖြစ်ပါတယ်။ သူတို့ ၂ မျိုးက ဘယ်လိုပုံစံနဲ့အလုပ်လုပ်သလဲ၊ တစ်ခုနဲ့တစ်ခု ဘယ်လိုအားသာချက်၊ အားနည်းချက်တွေ ရှိသလဲ၊ ဘယ်ရောဂါတွေရှာဖွေရာမှာ အသုံးပြုနိုင်သလဲဆိုတာ စာဖတ်သူတို့အတွက် ဗဟုသုတရအောင်ဖော်ပြပေးလိုက်ရပါတယ်။ ဆရာဝန်တွေအနေနဲ့  ကွန်ပျူတာဓာတ်မှန်ရော သံလိုက်ဓာတ်မှန်ရောကို ရောဂါမျိုးစုံရှာဖွေရာမှာအသုံးပြုပါတယ်။ တချို့ရောဂါတွေမှာ ၂ မျိုးစလုံးအသုံးပြုနိုင်ပေမဲ့ ဒီစက် တွေရဲ့အလုပ်လုပ်ပုံကတော့ နည်းနည်းလေး ကွဲပြားပါတယ်။ ကွန်ပျူတာဓာတ်မှန်က ပုံရိပ်ဖော်ဖို့ ဓာတ်မှန်လှိုင်းတွေသုံးပြီး သံလိုက်ဓာတ်မှန်ကတော့ အားကောင်းတဲ့သံလိုက်လှိုင်းနဲ့ ရေဒီယိုလှိုင်းတွေကိုသုံးပါတယ်။ ကွန်ပျူတာဓာတ်မှန်က ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ရရှိသုံးစွဲနိုင်သလို ကုန်ကျစရိတ်လည်းပိုသက်သာပါတယ်။ ဒါပေမဲ့ သံလိုက်ဓာတ်မှန်နဲ့ရိုက်တဲ့ ပုံရိပ်တွေက ပိုအသေးစိတ်ကျကျမြင်ရပါတယ်။ ဘယ်နေရာတွေမှာသုံးသလဲ ကွန်ပျူတာဓာတ်မှန်နဲ့ သံလိုက်ဓာတ်မှန် ၂ မျိုးစလုံးက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေရဲ့ […]

ဆေးစစ်ချက်များ ကို ရှာဖွေမည်။

ဆေးစစ်ချက်များ

Cervical Spine X-Ray (လည်ပင်းကျောရိုး ဓါတ်မှန်ဆိုတာ)

အခြေခံကို သိခြင်း။လည်ပင်းကျောရိုး ဓါတ်မှန်ဆိုတာ ဘာလဲ လည်ပင်းဓါတ်မှန် (လည်ပင်းကျောရိုး ဓါတ်မှန် ဟုလည်းခေါ်သည်) ဆိုတာဟာ အာရုံကြော အဖွဲ့အစည်းကို ကာကွယ်ပေးထားတဲ့ ၇ ဆစ်ရှိတဲ့ လည်ပင်းမှ ကျောရိုးဆစ် တွေကို ဓါတ်ရောင်ခြည်နဲ့ ဖြတ်ပြီး ရရှိတဲ့ဓါတ်မှန် ပုံရိပ်တစ်ခု ဖြစ်ပါတယ်။ လည်ပင်းကျောရိုး ဓါတ်မှန်မှာ အသံကြိုး၊ အာသီး၊ လေပြွန်၊ epiglottis (တစ်ခုခု မျိုချတဲ့အချိန်မှာ လေပြွန်ကို ကာထားပေးတဲ့ တစ်သျှူး) စတဲ့ အနီးအနားရှိ အစိတ်အပိုင်း တွေကိုလည်း ပြနိုင်ပါတယ်။ X- ray (ဓါတ်မှန်) ဆိုတာ ခန္ဓါကိုယ်ထဲကို ဖြတ်ပြီး သင့် ခန္ဓါကိုယ်ရဲ့ ပုံရိပ်ကို ပြပေးနိုင်တဲ့ ဓါတ်ရောင်ခြည်တစ်မျိုးပါ။ သိပ်သည်းတဲ့ တည်ဆောက်ပုံရှိတဲ့ အစိတ်အပိုင်းတွေ (ဥပမာ – အရိုး) ဆိုရင်တော့ ဓါတ်မှန်မှာ အဖြူရောင်အနေနဲ့ […]


ဆေးစစ်ချက်များ

Chest X-Ray (ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း)

အခြေခံကိုသိခြင်း။Chest X-ray (ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း )ဆိုတာဘာလဲ? Chest X-ray ဆိုတာ နှလုံး၊ အဆုတ်၊ လေပြွန်၊ သွေးကြောတွေနဲ့ lymph nodes တွေကိုပြတဲ့ ရင်ဘတ်ရဲ့ ပုံရိပ်တစ်ခု ဖြစ်ပါတယ်။ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းဟာ ရင်ရိုးခွေ၊ နံရိုး၊ ညှပ်ရိုး နဲ့ ကျောရိုးအပေါ်ပိုင်း အပါအဝင် ကျောရိုးတွေ နဲ့ ရင်ဘတ်မှာရှိတဲ့ အရိုးတွေကိုလည်း ပြနိုင်ပါတယ်။ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း ဟာ ရင်ဘတ်အတွင်းရှိ ပြသနာတွေကို ရှာဖွေဖို့ အတွက် အသုံးများတဲ့ ဓါတ်မှန်တစ်မျိုးဖြစ်ပါတယ်။ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းဟာ သင့်ခန္ဓါကိုယ် အတွင်းက အစိတ်အပိုင်းတွေကို ဖော်ပြနိုင်ပါတယ်။ အဲဒီ အစိတ်အပိုင်းတွေကတော့ သင့် အဆုတ်ရဲ့ အခြေအနေ။ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းကနေ ကင်ဆာ၊ ရောဂါပိုးဝင်ခြင်း၊ (သို့) အဆုတ်ပတ်လည်နေရာတွေမှာ လေတွေစုနေခြင်း စတာတွေကိုလည်း စစ်ဆေးပေးနိုင်ပါတယ်။ emphysema (သို့) cystic […]


ဆေးစစ်ချက်များ

Laparoscopic Cholecystectomy (မှန်ပြောင်းသုံး၍ သည်းခြေအိတ်ဖယ်ထုတ်ခြင်း)

လက္ခဏာများLaparoscopic Cholecystectomy (မှန်ပြောင်းသုံး၍ သည်းခြေအိတ်ဖယ်ထုတ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ။ သင့်သည်းခြေအိတ်မှာဖြစ်နေတဲ့ ကျောက်တွေကို သည်းခြေကျောက်လို့ခေါ်ပါတယ်။ အဖြစ်များပြီး မျိုးရိုးလိုက်တတ်ပါတယ်။ အသက်ရလာတဲ့အမျှ အဆီအစားများလာတာနဲ့အမျှ သည်းခြေကျောက်ဖြစ်နိုင်ချေများလာပါတယ်။ သည်းခြေကျောက်အတွက် ခွဲစိတ်ကုသခြင်းအပြင် အခြားသောကုသမှုတွေလည်း ရှိပါသေးတယ်။ သည်းခြေကျောက်တွေကို ဖျော်လိုက်ခြင်း (သို့) သေးငယ်တဲ့အစိတ်အပိုင်းလေးတွေ အဖြစ်ချေလိုက် ခြင်းတွေ လုပ်နိုင်ပေမဲ့ ဒီနည်းလမ်းတွေမှာ ဆိုးကျိုးတွေပေးတဲ့ဆေးတွေ ပါနိုင်ပါတယ်။ ပဋိဇီဝဆေးတွေနဲ့ သင့်သည်းခြေကူးစက်ပိုးဝင်ခြင်းကို ကုသနိုင်ပါတယ်။ အဆီလျော့စားခြင်းဖြင့်လည်း နာကျင်မှုကိုသက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းတွေနဲ့ ပျောက်ကင်းအောင်ကုသလို့တော့ မရနိုင်ပါဘူး။ လက္ခဏာတွေ ပြန်ပေါ်လာနိုင်ပါတယ်။   ဘာကြောင့် မှန်ပြောင်းသုံး၍ သည်းခြေအိတ် ဖယ်ထုတ်ခြင်း လုပ်ရလဲ။ အကြီးကြီးခွဲစရာမလိုဘဲ သေးငယ်တဲ့ခွဲရာလေးတွေကတစ်ဆင့် လုပ်ဆောင်နိုင်ပါတယ်။ သင့်ရဲ့သည်းခြေအိတ်နေရာမှာ အရင်ကခွဲစိတ်ခဲ့ဖူးရင်၊ သွေးထွက်များရင်၊ သည်းခြေအိတ်ကိုဆရာဝန်ကြည့်ရာမှာ အခက်တွေ့နေမယ်ဆိုရင်တော့ ဗိုက်ခွဲပြီး ဖယ်ထုတ်ခြင်းက သင့်အတွက်ပိုကောင်းပါတယ။် သင့်ရဲ့ဆရာဝန်က သင်နဲ့သင့်တော်မယ့်နည်းကို ဆုံးဖြတ်ပါလိမ့်မယ်။ အန္တရာယ်များမှန်ပြောင်းသုံး၍ သည်းခြေဖယ်ထုတ်ခြင်းကြောင့် ရလာနိုင်တဲ့အန္တရာယ်တွေက ဘာတွေလဲ။ နောက်ဆက်တွဲရလဒ်တွေကတော့ […]



ဆေးစစ်ချက်များ

Cranial Ct Scan (ဦးခေါင်းကွန်ပျူတာဓါတ်မှန်)

Cranial CT scan ဆိုတာဘာလဲ? CT scan ရိုက်တဲ့ စစ်ဆေးချက်ဟာ X rays ဓါတ်ရောင်ခြည်တွေကို အသုံးပြုပြီး ဦးခေါင်းနဲ့ မျက်နှာတွေရဲ့ ပုံတွေကိုရိုက်ယူခြင်း ဖြစ်ပါတယ်။ ဒီစစ်ဆေးချက်လုပ်နေစဉ်မှာ သင်ဟာ CT scanner လို့ခေါ်တဲ့ ဒိုးနတ်မုန့်ပုံစံရှိတဲ့ စက်နဲ့ ဆက်သွယ်ထားတဲ့ ကုတင်တစ်ခုပေါ်မှာ လှဲနေရပါမယ်။ CT scanner စက်ထဲမှာ သင့်ဦးခေါင်းကို နေရာချထားပါမယ်။ CT scanner စက်ကနေ ဦးခေါင်းထဲကို X rays (ဓါတ်ရောင်ခြည်) တွေ ထုတ်လွှတ်လိုက်ပါမယ်။ စက်က တစ်ခါလည်တိုင်းမှာ ဦးခေါင်းနဲ့ မျက်နှာကို အလွှာပါးပါးလေးတွေ အနေနဲ့ ပုံရိပ်တစ်ခါထုတ်ပေးပါတယ်။ အနေအထားမျိုးစုံမှ ပုံရိပ်တွေရယူနိုင်ဖို့ အတွက် စက်ရဲ့ အစိတ်အပိုင်းတစ်ခုကစောင်းလာနိုင်ပါတယ်။ ရိုက်ယူလိုက်သမျှပုံရိပ်တွေ အားလုံးကို ကွန်ပြူတာထဲမှာ သိမ်းဆည်းထားပါတယ်။ […]


ဆေးစစ်ချက်များ

Pap Test (သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း)

သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ဆိုတာဘာလဲ။ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်းကို သားအိမ်ခေါင်းရဲ့ ဆဲလ်ပြောင်းလဲမှုတွေကို ရှာဖွေဖို့အတွက် အသုံးပြုပါတယ်။ ထိုစစ်ဆေးမှုအတွက် သားအိမ်ခေါင်းမျက်နှာပြင်မှ ဆဲလ်တွေကို ဆရာဝန်က ယူမှာ ဖြစ်ပါတယ်။ ဒီနမူနာ ကို ဖန်ပြားတစ်ခုပေါ်တင်ပြီး အရည်တစ်မျိုးနဲ့ရောဂါာ မိုက်ခရိုစကုပ်အောက်မှာ ကြည့်ဖို့ ဓါတ်ခွဲခန်းကို ပို့မှာ ဖြစ်ပါတယ်။ ဒီဆဲလ်တွေရဲ့ ပုံမမှန်မှုတွေဟာ ဆဲလ်ပြောင်းလဲမှုတွေ ဖြစ်တဲ့ ပုံမှန်မဟုတ်သောဆဲလ် သို့ သားအိမ်ခေါင်းကင်ဆာကို ဖေါ်ပြပါတယ်။ အကြံပြုထားတဲ့ သားအိမ်ခေါင်းအချွဲမြှေး စစ်ဆေးဖို့အချိန်ကတော့ အသက်အရွယ်နဲ့ ရောဂါဖြစ်ပွားနှုန်းမြင့်နိုင်တဲ့ အချက်တွေပေါ်မူတည်ပါတယ်။ ဒီစစ်ဆေးမှုကို ဘယ်လောက်တစ်ကြိမ် ပြုလုပ်ရမလဲဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ HPV ဗိုင်းရပ်စ်ပိုး ဟာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်တဲ့ အဓိက အကြောင်းရင်းဖြစ်ပါတယ်။ အသက် ၃၀ ထက်ကြီးတဲ့ အမျိုးသမီးတွေမှာ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း လုပ်နေစဉ် တစ်ချိန်တည်းမှာ HPV ဗိုင်းရပ်စ်ပိုးစစ်ဆေးခြင်း ကိုလည်း […]


ဆေးစစ်ချက်များ

Stool Analysis (ဝမ်းစစ်ခြင်း)

ဝမ်းစစ်ခြင်း ဆိုတာဘာလဲ။ ဝမ်းစစ်ခြင်းဟာ မစင်တွေကို နမူနာ ယူပြီး အစာခြေလမ်းကြောင်းရောဂါတွေကို ရှာဖွေခြင်းပဲဖြစ်ပါတယ်။ ဒီရောဂါတွေမှာ ရောဂါပိုးဝင်ခြင်း (ကပ်ပါး၊ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား)၊ အာဟာရ စုပ်ယူမှု နည်းပါးခြင်း၊ ကင်ဆာ အစရှိတာတွေ ပါဝင်ပါတယ်။ ဝမ်းစစ်ခြင်း လုပ်ဖို့ မစင် နမူနာ ကို သန့်စင်တဲ့ ဘူးတစ်ခုထဲထည့်ပြီး ဓါတ်ခွဲခန်းကို ပို့ရမှာဖြစ်ပါတယ်။ ဓါတ်ခွဲခန်းစစ်ဆေးမှုမှာတော့ မှန်ပြောင်းနဲ့ စစ်ဆေးခြင်း၊ ဓါတုစစ်ဆေးနည်း နဲ့ အဏုဇီဝစစ်ဆေးနည်းတွေ ပါဝင်ပါတယ်။ မစင်ကို အရောင်၊ အပျော့အမာ၊ ပမာဏ၊ ပုံသဏ္ဍာန်၊ အနံ့ အကျိအချွဲတွေ ပါမပါ စစ်ဆေးမှာ ဖြစ်ပါတယ်။ မစင်ကို သွေးထဲပါတဲ့ သွေး၊ အဆီ၊ အသားမျှင်၊ သည်းခြေရည် ၊ သွေးဖြူဥနဲ့ သကြား ပါမပါလည်း စစ်ဆေးမှာဖြစ်ပြီး pH […]


ဆေးစစ်ချက်များ

Upper Gastrointestinal Endoscopy (အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း)

Upper Gastrointestinal (UGI) Endoscopy ဆိုတာဘာလဲ။ ဒီစစ်ဆေးနည်းဟာ အူရဲ့ အပေါ်ပိုင်း အစိတ်အပိုင်းတွေဖြစ်တဲ့ အစာမျိုပြွန်၊ အစာအိမ်နဲ့ အူရဲ့ အစပိုင်း တွေကို စစ်ဆေးတဲ့ စစ်ဆေးမှု တစ်ခုဖြစ်ပါတယ်။ ဒီစစ်ဆေးမှုပြုလုပ်စဉ်မှာ သေးငယ်ပျော့ပျောင်းတဲ့ မှန်ပြောင်း ကိရိယာကို ပါးစပ်မှတစ်ဆင့် လည်ချောင်းကို ဖြည်းညင်းစွာထည့်ပြီး အစာအိမ်လမ်းကြောင်းအတွင်း ကြည့်ခြင်း ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုကို အစာရေမျိုပြွန်၊အစာအိမ်နှင့် အူသိမ်အပေါ်ပိုင်းစစ်ဆေးနည်း(EGD) လို့လည်းခေါ်ပါတယ်။ သူဟာ အစာခြေလမ်းကြောင်းရဲ့ အပေါ်ပိုင်းတစ်ခုလုံးကို စစ်ဆေးနိုင်ပါတယ်။ X-rays အဖြေတွေနဲ့ နှိုင်းယှဉ်ရင် မှန်ပြောင်းကြည့်ထားတဲ့အဖြေ ဟာ X-rays မှာ ဖေါ်ပြနိုင်ခြင်းမရှိတဲ့ ရောဂါတွေကို ဖေါ်ပြနိုင်ပါတယ်။ ဥပမာ မှန်ပြောင်းကိုကို အသုံးပြုရင် ခွဲစိတ်ပြီး ရောဂါရှာဖွေဖို့ မလိုပါဘူး။ ဒါ့ပြင် ဒီစစ်ဆေးမှုဟာ ဆရာဝန်တွေကို အနာ၊ ရောင်ရမ်းခြင်း၊ အကျိတ်၊ ရောဂါပိုးဝင်ခြင်းနဲ့ […]


ဆေးစစ်ချက်များ

Arthroscopy Of Your Elbow (တံတောင်ဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း)

တံတောင်ဆစ်အတွင်းမှန်ပြောင်းဖြင့်စစ်ဆေးခြင်းဆိုတာဘာလဲ တံတောင်ဆစ်အတွင်းမှန်ပြောင်းဖြင့်စစ်ဆေးခြင်းနဲ့ အဆစ်အတွင်းမှာဘာပြသနာတွေဖြစ်နေလဲဆိုတာ ဆရာဝန်အနေနဲ့ အရေပြားမှာ ကြီးကြီးမားမားခွဲစိတ်စရာမလိုဘဲရောဂါရှာဖွေကုသနိုင်ပါတယ်။ နာကျင်မှုကိုသက်သာစေပြီးလျင်မြန်စွာပျောက်ကင်းစေပါတယ်။ အရိုးဆစ်အတွင်းမှန်ပြောင်းဖြင့်စစ်ဆေးခြင်း (သော့ပေါက် ခွဲစိတ်မှု) ဟာအဆစ်အတွင်းပိုင်းကိုစစ်ဆေးဖို့ အရေပြားမှာအပေါက်ငယ်ဖောက်ပြီးမှန်ဘီလူးနဲ့ထည့်သွင်းကြည့်ရှုပေးတဲ့ ကုသမှုအစီအစဉ်ပဲ ဖြစ်ပါတယ်။ သင့်ရဲ့ ခွဲစိတ်ဆရာဝန်ဟာ အထူး ပြုလုပ်ထားတဲ့ ခွဲစိတ်ကိရိယာသုံးပြီးတချို့ရောဂါတွေကိုကုသပေးနိုင်ပါတယ်။   တံတောင်ဆစ်အတွင်းမှန်ပြောင်းဖြင့်စစ်ဆေးခြင်းဘာကြောင့် ပြုလုပ်သလဲ ရည်ရွယ်ချက်ကတော့ ဘာဖြစ်နေသလဲဆိုတာတိကျစွာသိပြီးလိုအပ်ရင် တခါတည်းကုသပေးနိုင်ဖို့ ဖြစ်ပါတယ်။ သင့်ရဲ့ဆရာဝန်ဟာ သင့်အနေနဲ့ မခွဲစိတ်ရတဲ့နည်းလမ်းနဲ့ နာကျင်တာမပျောက်ခဲ့ရင်ဒီနည်းကိုညွှန်ပါလိမ့်မယ်။ မခွဲစိတ်ရတဲ့နည်းဆိုတာအနားယူခြင်း၊ ကာယကုသခြင်း၊ သောက်ဆေးပေးခြင်း၊ ရောင်ရမ်းမှု ကျဆင်းအောင် ဆေးထိုးခြင်းစတာတွေ ဖြစ်ပါတယ်။ ရောင်ရမ်းခြင်းဆိုတာထိခိုက်မှု ဒါမှမဟုတ် ရောဂါအတွက် ကိုယ်ခန္ဓါကနေတုံ့ပြန်တဲ့ပုံမှန်ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ တံတောင်ဆစ်မှာဒဏ်ရာသို့ ရောဂါရနေပြီဆိုရင်ရောင်ရမ်းပြီးနာကျင်တောင့်တင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ဒဏ်ရာရခြင်း၊ အလွန်အကျွံသုံးခြင်း၊ အသက်အရွယ်အရပျက်စီးခြင်းစတာတွေဟာတံတောင်ဆစ်မှာအဓိကဒုက္ခပေးတဲ့ ပြသနာတွေပဲ ဖြစ်ပါတယ်။တံတောင်ဆစ်အတွင်းမှန်ပြောင်းနဲ့ စစ်ဆေးကုသခြင်းဟာအဆစ်ပတ်လည်ကအရိုးနုနဲ့တစ်သျှူးတွေကိုထိခိုက်စေတဲ့ ပြသနာကြောင့် ဖြစ်ရတဲ့ နာကျင်မှုတွေကိုသက်သာစေပါတယ်။ ဒီနည်းလမ်းဟာလျော့ရဲ့နေတဲ့ အရိုးနဲ့ အရိုးနုအပိုင်းအစတွေနဲ့ လှုပ်ရှားမှုကိုဟန့်တားတဲ့ အမာရွတ်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။ လက်ကောက်ဝတ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ပြုလုပ်တဲ့အခါ ဖြစ်နိုင်ခြေအန္တရာယ်တွေကဘာတွေလဲ တံတောင်ဆစ် […]


ဆေးစစ်ချက်များ

Arthroscopy Of Your Shoulder (ပခုံးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း)

ပခုံးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ဆိုတာ ဘာလဲ ဒီနည်းဟာ သင့်ရဲ့ခွဲစိတ်ဆရာဝန်အနေနဲ့ သင့်ရဲ့ပခုံးအတွင်း ခွဲစိတ်ရာကြီးကြီးမားမား မပေးရဘဲ ရောဂါရှာဖွေနိုင်၊ ကုသနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းနဲ့ဆိုရင် နာကျင်မှုကို သက်သာစေပြီး နေကောင်းတာလည်း မြန်ပါတယ်။ အရေပြားမှာ သော့ပေါက်လောက်ပဲရှိတဲ့ အပေါက်ဖောက်ပြီး ပခုံးသားထဲကို မှန်ဘီလူးထည့်ကာ စစ်ဆေးနိုင်ပါတယ်။ သင့်ရဲ့ ခွဲစိတ်ဆရာဝန်ဟာ အထူး ပြုလုပ်ထားတဲ့ ခွဲစိတ်ကိရိယာသုံးပြီး တချို့ရောဂါတွေကို ကုသပေးနိုင်ပါတယ်။   ပခုံးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ဘာကြောင့် ပြုလုပ်သလဲ ဒီနည်းလမ်းဟာ ဘာရောဂါရှိတယ်ဆိုတာကို အတည်ပြု နိုင်ပြီး လူအများမှာတော့ ကုသမှုကိုပါ တပြိုင်တည်း ပြုလုပ်ပေးနိုင်ပါတယ်။ ပခုံးမှာဖြစ်တဲ့ တချို့ ပြသနာတွေအတွက် သုံးနိုင်ပါတယ်။ အရိုးနု (သို့) အရွတ် စုတ်ပြဲခြင်း၊ ထိခိုက်ခြင်း ပခုံးဆစ်မငြိမ်ခြင်း၊ လျော့ရဲခြင်း၊ လျှောကျခြင်း၊ အဆစ်ပြုတ်လွယ်ခြင်း လက်မောင်း Bicep ကြွက်သားအရွတ် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း