မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe
CT scan ရိုက်တဲ့ စစ်ဆေးချက်ဟာ X rays ဓါတ်ရောင်ခြည်တွေကို အသုံးပြုပြီး ဦးခေါင်းနဲ့ မျက်နှာတွေရဲ့ ပုံတွေကိုရိုက်ယူခြင်း ဖြစ်ပါတယ်။
ဒီစစ်ဆေးချက်လုပ်နေစဉ်မှာ သင်ဟာ CT scanner လို့ခေါ်တဲ့ ဒိုးနတ်မုန့်ပုံစံရှိတဲ့ စက်နဲ့ ဆက်သွယ်ထားတဲ့ ကုတင်တစ်ခုပေါ်မှာ လှဲနေရပါမယ်။ CT scanner စက်ထဲမှာ သင့်ဦးခေါင်းကို နေရာချထားပါမယ်။ CT scanner စက်ကနေ ဦးခေါင်းထဲကို X rays (ဓါတ်ရောင်ခြည်) တွေ ထုတ်လွှတ်လိုက်ပါမယ်။ စက်က တစ်ခါလည်တိုင်းမှာ ဦးခေါင်းနဲ့ မျက်နှာကို အလွှာပါးပါးလေးတွေ အနေနဲ့ ပုံရိပ်တစ်ခါထုတ်ပေးပါတယ်။ အနေအထားမျိုးစုံမှ ပုံရိပ်တွေရယူနိုင်ဖို့ အတွက် စက်ရဲ့ အစိတ်အပိုင်းတစ်ခုကစောင်းလာနိုင်ပါတယ်။ ရိုက်ယူလိုက်သမျှပုံရိပ်တွေ အားလုံးကို ကွန်ပြူတာထဲမှာ သိမ်းဆည်းထားပါတယ်။ အဲဒီ ပုံရိပ်တွေကို ထုတ်ယူလို့လည်းရပါတယ်။
တစ်ချို့သော အခြေအနေတွေမှာ contrast material လို့ခေါ်တဲ့ ဆိုးဆေးတစ်မျိုးကို လက်မောင်းရှိသွေးပြန်ကြော (သို့)ထဲထိုး ကျောရိုးဆစ်ထဲကို ထိုးရပါတယ်။ အဲဒီ ဆေးက ခန္ဓါကိုယ် အစိတ်အပိုင်းတွေ၊ တည်ဆောက်ပုံတွေကို CT ပုံရိပ်မှာ ပိုပြီးမြင်သာအောင် လုပ်ဆောင်ပေးပါတယ်။ အဲဒီဆိုးဆေးကို သွေးစီးဆင်းမှုကို စစ်ဆေးဖို့၊ အကျိတ်၊ ယောင်ယမ်းနေတဲ့ နေရာတွေ၊ (သို့) အာရုံကြော ပျက်စီးမှုတွေကို ရှာဖွေဖို့ အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။
ဦးခေါင်းကို CT(ဓါတ်မှန်) ရိုက်ခြင်းဟာ မျက်လုံး၊ မျက်နှာရှိ အရိုးများ၊ နှာခေါင်းနားရှိ အရိုးများအတွင်း လေပြည့်နေသော အပေါက်များ နှင့် အတွင်းနား စတဲ့ နေရာတွေနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို ပေးနိုင်ပါတယ်။ ဖြစ်တဲ့နေရာသိရပြီဆိုရင်တော့ ဖြစ်တဲ့နေရာကို အသေးစိတ် CT ဓါတ်မှန် ပြန်ရိုက်နိုင်ပါတယ်။
ဦးခေါင်း ဓါတ်မှန်ရိုက်ခြင်းဟာ ဆရာဝန်တွေကို ရောဂါအမည်သတ်မှတ်နိုင်ဖို့ နဲ့ အောက်ပါ အခြေအနေတွေကို စစ်ဆေးနိုင်ဖို့ အကူအညီပေးပါတယ်။
ဦးနှောက် ဓါတ်မှန်ကို အောက်ပါအခြေအနေတွေဖြစ်ရ တဲ့ အကြောင်းအရင်းကို ရှာဖွေရန်အတွက်လည်း အသုံးပြုပါတယ်။
တစ်ခါတစ်လေ CT စစ်ဆေးချက်ရဲ့ အဖြေတွေက အခြား X-rays (ဓါတ်မှန်) စစ်ဆေးချက်တွေ၊ MRI ၊ Ultrasound scans (အာထရာဆောင်း) အဖြေ တွေနဲ့ ကွာခြားနိုင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ CT ရိုက်တာဟာ မတူညီတဲ့ အနေအထား ကိုပြထားလို့ပါ။
CT ရိုက်ဖို့ လိုတဲ့ ကလေးတွေအတွက် ဒီစစ်ဆေးချက် မလုပ်ခင် အထူးမှာကြားချက်တွေလိုအပ်ပါတယ်။ ကလေးငယ်နေရင်(သို့) အရမ်းကြောက်နေရင် ဆရာဝန်က စိတ်သက်သာသွားအောင် စိတ်ငြိမ်ဆေးတစ်ခုခု ပေးပါလိမ့်မယ်။
သင့်ကလေးက CT ရိုက်ပြီး စစ်ဆေးရတော့မယ်ဆိုရင် ဒီစစ်ဆေးချက်အတွက် လိုအပ်နိုင်တာတွေ နဲ့ ကလေးအပေါ် ဓါတ်ရောင်ခြည်တွေက ဘယ်လို သတ်ရောက်မှုပေးနိုင်တယ်ဆိုတာကို ဆရာဝန်နဲ့ သေသေချာချာ ဆွေးနွေးတိုင် ဖို့လိုအပ်ပါတယ်။
ဦးနှောက်နှင့် မျက်နှာအတွက် CT (ဓါတ်မှန်) ရိုက်ပြီး MRI ရိုက်ခြင်းက သတင်းအချက်အလက်တွေ ထပ်ပြီးပေးနိုင်ပါလိမ့်မယ်။
ဓါတ်မှန် ဘယ်အမျိုးအစား မဆို ကိုယ်ဝန်သည်တွေ မရိုက်သင့်တဲ့ အတွက် သင့်မှာ ကိုယ်ဝန်ရှိနေရင် ဆရာဝန်ကို ကြိုတင်ပြောပြထားဖို့ အရေးကြီးပါတယ်။
သင့်အလေးချိန်ဟာ ပေါင် ၃၀၀ ထက်ကျော်နေခဲ့ရင် CT ရိုက်တဲ့စက်မှာ အလေးချိန်ကန့်သတ်ချက်ရှိ၊ မရှိ လေ့လာရပါမယ်။ အချို့သောစက်တွေမှာ အလေးချိန်ကန့်သတ်ထားတာရှိပါတယ်။
စစ်ဆေးဖို့ အတွက် ဝတ်ဆင်ထားတဲ့ ကျောက်မျက်ရတနာတွေကို ဖယ်ရပါမယ်။ စစ်ဆေးချက်လုပ်ဆောင်နေစဉ် ဆေးရုံ ဝတ်စုံကိုဝတ်ဆင်ရပါတယ်။
ဆိုးဆေး တစ်ခုခု အသုံးပြုရတယ် ဆိုရင်တော့ သတိထားရမည့် အချက်တွေ ပိုပြီးရှိနိုင်ပါတယ်။ ဥပမာ- Metformin ကဲ့သို့သော ဆီးချိုဆေးတွေသောက်နေရတဲ့ သူတွေမှာအထူးစစ်ဆေးတိုင်းတာ ချက်တွေ လုပ်ရနိုင်ပါတယ်။ ဒါ့ကြောင့် အဲလိုဆေးတွေ သောက်နေရတယ်ဆိုရင်တော့ ဆရာဝန်ကို ကြိုပြောပြထားဖို့ လိုအပ်ပါတယ်။ အဲဒီလို ဆိုးဆေးတွေနဲ့ ပတ်သတ်ပြီး မတည့်တဲ့ ဓါတ်ပြုမှုတွေ ဖြစ်ခဲ့ဖူးတယ်ဆိုရင်လည်း ဆရာဝန်ကို ပြောပြရပါမယ်။
ဦးခေါင်း ဓါတ်မှန်ရိုက်ခြင်း ကို ဓါတ်မှန်နည်းပညာရှင်တစ်ယောက် ကလုပ်ပေးနိုင်ပါတယ်။ ထွက်လာတဲ့ ဓါတ်မှန်အဖြေတွေကို ဓါတ်မှန်ကျွမ်းကျင်ဆရာဝန် က ကြည့်ပြီး ရလဒ်အဖြေကို ပြောပါလိမ့်မယ်။ အခြားဆရာဝန်များကလည်း ဒီစစ်ဆေးချက် အဖြေကို ပြန်လည် ကြည့်ရှုနိုင်ပါတယ်။
ကျောက်မျက်ရတနာတွေ၊ မျက်မှန်တွေ၊ နားမကြာရင်တပ်တဲ့ အကူကိရိယာတွေကို မရိုက်ခင်မှာ ဖယ်ရှားဖို့ လိုအပ်ပါတယ်။ သက်တောင့်သက်သာ ဖြစ်စေမယ့်၊ ချောင်ချောင် ချိချိ ဖြစ်စေမယ့် အဝတ်အစားတွေကို ဝတ်ဆင်သင့်ပါတယ်။
စစ်ဆေးနေချိန်မှာ CT ရိုက်တဲ့ စက်နဲ့ ဆက်ထားတဲ့ ကုတင်ကြီး တစ်ခု အပေါ်မှာလှဲလျောင်းနေရပါမယ်။ ဦးခေါင်းကို မြဲမြံအောင် ထိန်းထားခြင်းကိုခံရပါမယ်။ မျက်နှာကိုတော့ အုပ်မထားပါဘူး။
အဲဒီ သင်လှဲနေတဲ့ ကုတင်ဟာ စက်ရဲ့ ဝိုင်းဝန်းတဲ့ အပေါက်ထဲကို ရွေ့သွားပြီး စက်က သင့်တစ်ကိုယ်လုံးကို စစ်ဆေးပါလိမ့်မယ်။ ပုံရိပ်တွေ ရဖို့အတွက် သင်လှဲနေတဲ့နေရာက အနည်းငယ်ရွေ့ရှားပါလိမ့်မယ်။ ရွေ့ရှားချိန်မှာ အရမ်းမကျယ်တဲ့ အသံ တစ်ခုခု ကြားရနိုင်ပါတယ်။ စစ်ဆေးနေစဉ်မှာ လဲလျောင်းပြီးဆက်နေဖို့က အရေးကြီးပါတယ်။
စစ်ဆေးချက်လုပ်ဆောင်နေစဉ်မှာ စစ်ဆေးတဲ့ အခန်းထဲမှာ တစ်ယောက်ထဲ ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် နည်းပညာရှင်တစ်ယောက်က သင့်ကို ပြတင်းပေါက်(အပေါက်) တစ်ပေါက်ကနေစောင့် ကြည့်နေပါလိမ့်မယ်။ ဓါတ်မှန် နည်းပညာရှင်ကိုတော့စကားပြောလို့ရပါတယ်။
ဒီ စစ်ဆေးချက်ကို လုပ်ဆောင်ဖို့ မိနစ် ၃၀ မှ ၆၀ ခန့်လောက်ကြာနိုင်ပါတယ်။ အချိန်တော်တော်များများက ဒီဓါတ်မှန် အဆင်သင့်ဖြစ်ဖို့ အတွင်ပြင်ဆင်နေချိန်ပါ။ တကယ်တမ်းရိုက်တာက စက္ကန့် အနည်းငယ်သာကြာမြင့်ပါတယ်။
ပုံမှန် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။ နောက်ထပ်စစ်ဆေးဖို့ ရက်ချိန်း လိုအပ်ရင် လိုအပ်ပါလိမ့်မယ်။ ဆရာဝန်က ဘာကြောင့်နောက်ထပ်စစ်ဆေးချက်တွေလုပ်ရတယ် ဆိုတာရှင်းပြပါလိမ့်မယ်။
ဦးခေါင်း ဓါတ်မှန်ရိုက်ခြင်းနဲ့ ပတ်သတ်ပြီး မေးစရာရှိပါကဆရာဝန်နှင့် ဆက်လက် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
ရလဒ် အဖြေအပြည့်အစုံက ၁ရက် ၂ရက် အတွင်းမှာ အဆင်သင့်ဖြစ်နိုင်ပါတယ်။
ဦးခေါင်း နှင့်မျက်နှာ ဓါတ်မှန်ရိုက်ခြင်း
ပုံမှန် ရလဒ်
ပုံမှန်မဟုတ်သော အဖြေများ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။
Dr. K Zin Thwe
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။