ဆေးစစ်ချက်များ

ဆေးစစ်ချက်များ နဲ့ ပတ်သက်ပြီး ဘယ်ရောဂါမှာ ဘယ်လိုဆေးစစ်ချက်တွေကို စစ်တယ်၊ ဘာနည်းလမ်းနဲ့ စစ်တယ်ဆိုတာကို သိနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးစစ်ချက်များ

ကွန်ပျူတာဓာတ်မှန်(CT Scan)နဲ့ သံလိုက်ဓာတ်မှန် (MRI Scan) ဘာကွာသလဲ

ကွန်ပျူတာဓာတ်မှန် (CT Scan) နဲ့ သံလိုက်ဓာတ်မှန် (MRI Scan)  ၂ မျိုးလုံးဟာ အခုခေတ် ရောဂါရှာဖွေတဲ့နယ်ပယ်မှာ အတော်လေး တွင်တွင်ကျယ်ကျယ်အသုံးပြုလာတဲ့ အဆင့်မြင့်ပုံရိပ်ဖော်နည်းပညာ ၂ ခုဖြစ်ပါတယ်။ သူတို့ ၂ မျိုးက ဘယ်လိုပုံစံနဲ့အလုပ်လုပ်သလဲ၊ တစ်ခုနဲ့တစ်ခု ဘယ်လိုအားသာချက်၊ အားနည်းချက်တွေ ရှိသလဲ၊ ဘယ်ရောဂါတွေရှာဖွေရာမှာ အသုံးပြုနိုင်သလဲဆိုတာ စာဖတ်သူတို့အတွက် ဗဟုသုတရအောင်ဖော်ပြပေးလိုက်ရပါတယ်။ ဆရာဝန်တွေအနေနဲ့  ကွန်ပျူတာဓာတ်မှန်ရော သံလိုက်ဓာတ်မှန်ရောကို ရောဂါမျိုးစုံရှာဖွေရာမှာအသုံးပြုပါတယ်။ တချို့ရောဂါတွေမှာ ၂ မျိုးစလုံးအသုံးပြုနိုင်ပေမဲ့ ဒီစက် တွေရဲ့အလုပ်လုပ်ပုံကတော့ နည်းနည်းလေး ကွဲပြားပါတယ်။ ကွန်ပျူတာဓာတ်မှန်က ပုံရိပ်ဖော်ဖို့ ဓာတ်မှန်လှိုင်းတွေသုံးပြီး သံလိုက်ဓာတ်မှန်ကတော့ အားကောင်းတဲ့သံလိုက်လှိုင်းနဲ့ ရေဒီယိုလှိုင်းတွေကိုသုံးပါတယ်။ ကွန်ပျူတာဓာတ်မှန်က ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ရရှိသုံးစွဲနိုင်သလို ကုန်ကျစရိတ်လည်းပိုသက်သာပါတယ်။ ဒါပေမဲ့ သံလိုက်ဓာတ်မှန်နဲ့ရိုက်တဲ့ ပုံရိပ်တွေက ပိုအသေးစိတ်ကျကျမြင်ရပါတယ်။ ဘယ်နေရာတွေမှာသုံးသလဲ ကွန်ပျူတာဓာတ်မှန်နဲ့ သံလိုက်ဓာတ်မှန် ၂ မျိုးစလုံးက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေရဲ့ […]

ဆေးစစ်ချက်များ ကို ရှာဖွေမည်။

ဆေးစစ်ချက်များ

Cortisol Blood Test (Cortisol (ကော်တီဇော) တိုင်းတာတဲ့ သွေးစစ်ဆေးချက်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cortisol တိုင်းတာတဲ့ သွေးစစ်ဆေးခြင်း ဆိုတာဘာလဲ Cortisol ဆိုတာ Adrenal gland (ကျောက်ကပ် အပေါ်ရှိ ဟော်မုန်းထုတ်တဲ့ အစိတ်အပိုင်းတစ်ခု) မှ ထုတ်တဲ့ steroid (စတီးရွိုက်) ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ ဦးနှောက် အနားရှိ pituitary gland က ထုတ်တဲ့ (adrenocorticotropic) ACTH လို့ ခေါ်တဲ့ ဟော်မုန်းကို တုံ့ပြန်ပြီး ထွက်ပါတယ်။ ACTH ဟော်မုန်းဟာ ကျောက်ကပ် အပေါ်ရှိ adrenal gland မှ ဟော်မုန်း ထုတ်တာကို အားပေးပါတယ်။ Cortisol ဟာ စိတ်ဖိစီးမှုနဲ့ “တိုက်ခိုက်မလား၊ ထွက်ပြေးမလား” တုံ့ပြန်ချက်မှာ ပါဝင်တဲ့ အဓိက ဟော်မုန်း ဖြစ်ပါတယ်။ ဒီလို တုံ့ပြန်တာဟာ သာမန်ဖြစ်စဉ် တစ်ခုဖြစ်ပြီး အန္တရာယ် […]


ဆေးစစ်ချက်များ

Total Serum Protein Test (သွေးတွင်းအလုံးစုံအသားဓါတ်စစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်သွေးတွင်းပရိုတင်းဓါတ်အားလုံး စစ်ဆေးခြင်း ဆိုတာဘာလဲ။ ဒီစစ်ဆေးနည်းဟာ ကိုယ်ခန္ဓါ အတွင်းမှာ ရှိတဲ့ ပရိုတင်း တွေဖြစ်တဲ့ albumin နဲ့ globulin ဘယ်လောက်ရှိလဲဆိုတာကို စစ်ဆေးတဲ့ စစ်ဆေးမှု တစ်ခုဖြစ်ပါတယ်။ Albumin ကို အသည်းမှာ အဓိက တွေ့ရပါတယ်။ သူ့ရဲ့ လုပ်ငန်းဆောင်တာတွေမှာ သွေးကြောအတွင်း သွေးစီးဆင်းမှုကို ထိန်းသိမ်းပေးခြင်း၊ ဆေးအချို့နဲ့ အခြားအရာဝတ္ထုတွေကို သွေးအတွင်း သယ်ဆောင်ပေးခြင်းနဲ့ တစ်ရှူး ကြီးထွားနှုန်းနဲ့ အနာကျက်ခြင်းတွေမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတွေကနေ ပါဝင်နေပါတယ်။ Globulin ကို alpha၊ beta နဲ့ gamma လို့ခေါ်တဲ့ ပရိုတင်းအမျိုးအစားတွေက ရရှိပါတယ်။ အသည်း (သို့) ကိုယ်ခံအားစနစ်က globulin ကို ပြုလုပ်ပေးပါတယ်။ အချို့ globulin တွေဟာ ဟေမိုဂလိုဘင် နဲ့ ပေါင်းပါတယ်။ globulin ရဲ့ […]



ဆေးစစ်ချက်များ

Flexible Cystoscopy For Women (အမျိုးသမီးတွေမှာ ပြုလုပ်တဲ့ ဆီးအိမ်မှန်ပြောင်းကြည့်ခြင်း)

အမျိုးသမီးတွေမှာ ပြုလုပ်တဲ့ flexible cystoscopy ဆိုတာဘာလဲ။ သင့်ဆီးအိမ်ထဲမှာ ဘာပြဿနာရှိလဲသိနိုင်ဖို့ ဆီးအိမ်ထဲ မှန်ပြောင်းအပျော့လေးထည့်ပြီး စစ်ဆေးကြည့်ရှုတာကို flexible cystoscopy လို့ ခေါ်ပါတယ်။ ဆီးအိမ်မှန်ပြောင်းကြည့်ခြင်းဟာ ဆီးအိမ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို သိရှိအဖြေရှာနိုင်ဖို့အတွက် အထူးသင့်တော်ပြီး အန္တရာယ်လည်း မရှိတဲ့ စစ်ဆေးမှုတမျိုး ဖြစ်ပါတယ်။ ဆီးကျဉ်တာ၊ဆီးထဲသွေးပါတာမျိုး ခံစားနေရရင် ဒါမှမဟုတ် ဆီးပိုးဝင်ရောဂါ မကြာခဏဖြစ်တတ်သူတွေ၊ဆီးမအောင့်နိုင်သူ၊မထိန်းနိုင်သူတွေနဲ့ ဆီးခဏခဏသွားချင်သူတွေမှာ flexible cystoscopy လုပ်ဖို့(မှန်ပြောင်းကြည့်ဖို့) လိုအပ်မှာ ဖြစ်ပါတယ်။ မှန်ပြောင်းအပျော့နဲ့ ကြည့်ရှုစစ်ဆေးခြင်း မလုပ်ချင်ဖူးဆိုရင် အောက်ဖော်ပြပါ နည်းလမ်းတွေနဲ့လည်း စစ်ဆေးနိုင်ပါတယ်။ · တယ်လီဗေးရှင်းဓါတ်မှန်လို့ အရပ်ခေါ်နဲ့ ခေါ်ဝေါ်ကြတဲ့ ultrasound တမျိုး (bladder scan) ရိုက်မယ်ဆိုရင် လက်ရှိရင်ဆိုင်နေရတဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာနဲ့ပတ်သက်ပြီး အချို့သောအချက်အလက်တွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ · အချို့သော ပြဿနာတွေ၊ရောဂါတွေကို […]


ဆေးစစ်ချက်များ

Cystourethrogram (ဆီးအိတ်နဲ့ ဆီးလမ်းကြောင်း ဓါတ်မှန်ရိုက်ခြင်း)

အခြေခံကို သိခြင်း။Cystourethrogram ဆိုတာဘာလဲ? Cystourethrogram ဆိုတာဟာ ဆီးအိတ်ပြည့်နေတဲ့ အချိန်(သို့) ဆီးသွားနေချိန်မှာ ဆီးအိတ်နဲ့ ဆီးလမ်းကြောင်း ပုံရိပ်တွေကို ရိုက်ယူတဲ့ X-ray ဓါတ်မှန်ဖြစ်ပါတယ်။ urinary catheter လို့ခေါ်တဲ့ ပါးလွှာပြီး ကွေးနိုင် ဆန့်နိုင်တဲ့ ပြွန်တစ်ခုကို ဆီးလမ်းကြောင်းမှ တစ်ဆင့် ဆီးအိတ်ထဲရောက်အောင် ထည့်ပါတယ်။ ဓါတ်မှန်မှာ ပုံရိပ်ကောင်းကောင်းပေါ်အောင် လုပ်ဆောင်ပေးနိုင်တဲ့ အရည်တစ်မျိုး( contrast material) ကို ပြွန်ထဲကနေ ထည့်ပါတယ်။ ပြီးတော့ contrast material ပါဝင်တဲ့ ဓါတ်မှန် ပုံရိပ်တွေကို ရယူနိုင်ပါတယ်။ ဒါ့အပြင် ဆီးအိတ်ကနေ ဆီးတွေအပြင်ကို ထွက်နေတဲ့ အချိန်မှာလည်း ဓါတ်မှန်ရိုက်လို့ရပါတယ်။ အဲဒီ စစ်ဆေးချက်ကိုတော့ VCUG ( voiding cystourethrogram) လို့ခေါ်ပါတယ်။ Contrast material ကို […]


ဆေးစစ်ချက်များ

D-Xylose Absorption Test (ဒီ-ဆိုင်လို့စ် စုပ်ယူနိုင်ခြင်းကို တိုင်းတားသော စစ်ဆေးချက်)

အခြေခံကို သိခြင်း။D- xylose စုပ်နိုင်ခြင်းကို တိုင်းတားသော စစ်ဆေးချက် ဆိုတာဘာလဲ? D- xylose စုပ်နိုင်ခြင်းကို တိုင်းတားတဲ့ စစ်ဆေးချက်ဟာ သကြားတစ်မျိုးဖြစ်တဲ့ D-xylose ပမာဏကို သွေး (သို့) ဆီးနမူနာ ထဲမှာ တိုင်းတာပေးနိုင်ပါတယ်။ ဒီစစ်ဆေးချက်ဟာ အူနံရံတွေကနေ အစားအစာ ထဲမှာ ပါလာတဲ့ အာဟာရတွေစုပ်နိုင်တာကို တားမြစ်နိုင်တဲ့ ပြသနာ၊ ရောဂါတွေကို ရောဂါအမည်တပ်တဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။ D-xylose ကို ပုံမှန်အားဖြင့် အူနံရံတွေကနေ အလွယ်တကူ စုပ်နိုင်ပါတယ်။ ဒါပေမယ့် စုပ်ယူခြင်းမှာ ပြသနာဖြစ်လာတဲ့အခါ D-xylose ကို အူနံရံတွေက မစုပ်တော့ဘဲ သွေးထဲမှာ (သို့) ဆီးထဲမှာ D-xylose ပမာဏနည်းနေခြင်းတွေ ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းကို သိခြင်း။D- xylose စုပ်ယူနိုင်ခြင်းကို တိုင်းတားသော စစ်ဆေးချက် ကိုဘာကြောင့် […]


ဆေးစစ်ချက်များ

Cervical Spine X-Ray (လည်ပင်းကျောရိုး ဓါတ်မှန်ဆိုတာ)

အခြေခံကို သိခြင်း။လည်ပင်းကျောရိုး ဓါတ်မှန်ဆိုတာ ဘာလဲ လည်ပင်းဓါတ်မှန် (လည်ပင်းကျောရိုး ဓါတ်မှန် ဟုလည်းခေါ်သည်) ဆိုတာဟာ အာရုံကြော အဖွဲ့အစည်းကို ကာကွယ်ပေးထားတဲ့ ၇ ဆစ်ရှိတဲ့ လည်ပင်းမှ ကျောရိုးဆစ် တွေကို ဓါတ်ရောင်ခြည်နဲ့ ဖြတ်ပြီး ရရှိတဲ့ဓါတ်မှန် ပုံရိပ်တစ်ခု ဖြစ်ပါတယ်။ လည်ပင်းကျောရိုး ဓါတ်မှန်မှာ အသံကြိုး၊ အာသီး၊ လေပြွန်၊ epiglottis (တစ်ခုခု မျိုချတဲ့အချိန်မှာ လေပြွန်ကို ကာထားပေးတဲ့ တစ်သျှူး) စတဲ့ အနီးအနားရှိ အစိတ်အပိုင်း တွေကိုလည်း ပြနိုင်ပါတယ်။ X- ray (ဓါတ်မှန်) ဆိုတာ ခန္ဓါကိုယ်ထဲကို ဖြတ်ပြီး သင့် ခန္ဓါကိုယ်ရဲ့ ပုံရိပ်ကို ပြပေးနိုင်တဲ့ ဓါတ်ရောင်ခြည်တစ်မျိုးပါ။ သိပ်သည်းတဲ့ တည်ဆောက်ပုံရှိတဲ့ အစိတ်အပိုင်းတွေ (ဥပမာ – အရိုး) ဆိုရင်တော့ ဓါတ်မှန်မှာ အဖြူရောင်အနေနဲ့ […]


ဆေးစစ်ချက်များ

Chest X-Ray (ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း)

အခြေခံကိုသိခြင်း။Chest X-ray (ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း )ဆိုတာဘာလဲ? Chest X-ray ဆိုတာ နှလုံး၊ အဆုတ်၊ လေပြွန်၊ သွေးကြောတွေနဲ့ lymph nodes တွေကိုပြတဲ့ ရင်ဘတ်ရဲ့ ပုံရိပ်တစ်ခု ဖြစ်ပါတယ်။ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းဟာ ရင်ရိုးခွေ၊ နံရိုး၊ ညှပ်ရိုး နဲ့ ကျောရိုးအပေါ်ပိုင်း အပါအဝင် ကျောရိုးတွေ နဲ့ ရင်ဘတ်မှာရှိတဲ့ အရိုးတွေကိုလည်း ပြနိုင်ပါတယ်။ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း ဟာ ရင်ဘတ်အတွင်းရှိ ပြသနာတွေကို ရှာဖွေဖို့ အတွက် အသုံးများတဲ့ ဓါတ်မှန်တစ်မျိုးဖြစ်ပါတယ်။ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းဟာ သင့်ခန္ဓါကိုယ် အတွင်းက အစိတ်အပိုင်းတွေကို ဖော်ပြနိုင်ပါတယ်။ အဲဒီ အစိတ်အပိုင်းတွေကတော့ သင့် အဆုတ်ရဲ့ အခြေအနေ။ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းကနေ ကင်ဆာ၊ ရောဂါပိုးဝင်ခြင်း၊ (သို့) အဆုတ်ပတ်လည်နေရာတွေမှာ လေတွေစုနေခြင်း စတာတွေကိုလည်း စစ်ဆေးပေးနိုင်ပါတယ်။ emphysema (သို့) cystic […]


အခြေခံကျန်းမာရေး

Complete Blood Count (သွေးဥဆဲလ် အရေအတွက် အပြည့်အစုံ စစ်ဆေးခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်သွေးဥဆဲလ် အရေအတွက် အပြည့်အစုံ စစ်ဆေးခြင်း ဆိုတာ ဘာလဲ သွေးဥဆဲလ် အပြည့်အစုံ စစ်ဆေးခြင်း (CBC) ဆိုတာ သွေးထဲမှာရှိတဲ့ ဆဲလ် အရေအတွက်နဲ့ အမျိုးအစားတွေ အားလုံး (အထူးသဖြင့် – သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှား) နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အချက်အလက်တွေ ပေးတဲ့ စစ်ဆေးချက်တစ်ခု ဖြစ်ပါတယ်။ CBC ဟာ အားနည်းခြင်း၊ မောပန်းလွယ်ခြင်း၊ သို့မဟုတ် ထိခိုက်ဒဏ်ရာရပြီး အညိုအမည်း စွဲခြင်း စတဲ့ ရောဂါလက္ခဏာတွေကို စစ်ဆေးဖို့ အတွက် ဆရာဝန်တွေကို အကူအညီ ပေးပါတယ်။ သွေးအားနည်းရောဂါ၊ ပိုးဝင်ခြင်းနှင့် တခြားသော ရောဂါတွေကိုလည်း ရောဂါအမည် သတ်မှတ်နိုင်ဖို့ အထောက်အကူ ပြုပါတယ်။ လက္ခဏာများCBC စစ်ဆေးချက်မှာ ပါဝင်လေ့ ရှိတာတွေကတော့ – သွေးဖြူဥ အရေအတွက် သွေးဖြူဥဆိုတာ ကျွန်ုပ်တို့ရဲ့ […]


ဆေးစစ်ချက်များ

Cranial Ultrasound (ဦးခေါင်းခွံ အာထရာဆောင်း ရိုက်ခြင်း)

အခြေခံကို သိခြင်း။ဦးခေါင်း အာထရာဆောင်း ဆိုတာဘာလဲ? ဦးခေါင်း အာထရာဆောင်း ရိုက်တယ်ဆိုတာဟာ ပြန်လာတဲ့ အသံလှိုင်းတွေကို အသုံးပြုပြီး ဦးနှောက်နဲ့ ventricles လို့ခေါ်တဲ့ ဦးနှောက်အတွင်းဘက် အရည်တွေရှိတဲ့ အခန်း တွေရဲ့ ပုံရိပ်ကိုထုတ်ယူတာဖြစ်ပါတယ်။ နေ့၊လ မစေ့ဘဲ မွေးခြင်းရဲ့ နောက်ဆက်တွဲတွေကို တွက်ချက်ဖို့ လေ့လာဖို့ ဒီစစ်ဆေးချက်ကို ကလေးလေး တွေမှာ များသောအားဖြင့် လုပ်လေ့ရှိပါတယ်။ လူကြီးတွေမှာဆိုရင်တော့ ဒီ အာထရာဆောင်းကို ဦးနှောက်ခွဲစိတ်မှုလုပ်ဆောင်နေစဉ် ဦးနှောက်အတွင်းရှိ အစိုင်အခဲတွေကို မြင်နိုင်ဖို့ အတွက် လုပ်ဆောင်နိုင်ပါတယ်။ လက္ခဏာများ။အာထရာဆောင်း လှိုင်းတွေက အရိုးတွေကို ဖြတ်မသွားနိုင်ပါဘူး။ ဒါ့ကြောင့် cranium လို့ခေါ်တဲ့ ဦးခေါင်းခွံ အရိုးတွေ အပြည့်အ၀ ကြီးထွားပြီးသွားတဲ့အခါမျိုးမှာ ဦးနှောက်ကို စစ်ဆေးဖို့ အာထရာဆောင်းရိုက်လို့မရပါဘူး။ ဒါ့ကြောင့် ဦးခေါင်း အာထရာဆောင်းကို ဦးခေါင်းခွံ အရိုးတွေ အပြည့်အ၀ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်