Arachnoid Cysts (Arachnoid အရည်အိတ်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 2, 2019 . 2 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Arachnoid Cysts (Arachnoid အရည်အိတ်) ကဘာလဲ။

Arachnoid အရည်အိတ်ဟာ များသောအားဖြင့် ဦးခေါင်းတွင်း ဖြစ်ပေါ်တတ်ပေမယ့် ကျောရိုးက ပင်မအာရုံကြောမှာလည်း ဖြစ်နိုင်ပါတယ်။ ဦးနှောက်၊ ပင်မအာရုံကြောနဲ့ arachnoid ကြားမှာ ဖြစ်တတ်လို့ Arachnoid အရည်အိတ်လို့ ခေါ်ပါတယ်။ ဦးနှောက်နဲ့ ပင်မအာရုံကြောကို ဖုံးအုပ်ထားတဲ့ အလွှာ၃လွှာထဲက တလွှာဖြစ်ပါတယ်။ ဒီအရည်အိတ်ဟာ ဦးနှောက်အတွင်း၊ ဦးခေါင်းခွံအတွင်းနဲ့ ဦးနှောက်အတွင်းပိုင်းက အကန့်တွေထဲမှာ ဖြစ်ပေါ်တတ်ပါတယ်။

Arachnoid အရည်အိတ်ထဲမှာ များသောအားဖြင့် CSF လို့ ခေါ်တဲ့ဦးနှောက်အရည်များ ပါဝင်ပါတယ်။ အဲဒီအရည်တွေဟာ ဦးနှောက်နဲ့ အာရုံကြောမကြီး ပတ်လည်ကို ဝန်းရံကာကွယ်ထားကြပါတယ်။ Arachnoid အရည်အိတ်ဟာ အဲဒီအရည်တွေကို ရှိသင့်တဲ့နေရာကို မရောက်စေဘဲ အိတ်အတွင်းမှာပဲ စုလာစေပါတယ်။

ကလေးတွေပါ မွေးရာပါအနေနဲ့ ပါလာတတ်ပါတယ်။ အဲဒီ အမျိုးအစားကို မူလ Arachnoid အရည်အိတ်လို့ ခေါ်ပါတယ်။ နောက်ပိုင်းမှာမှဖြစ်ပေါ်လာတဲ့ အရည်အိတ်တွေကိုတော့ နောက်ဆက်တွဲ Arachnoid အရည်အိတ်လို့ ခေါ်နိုင်ပါတယ်။ မူလအရည်အိတ်အမျိုးအစားကို ပိုတွေ့ရပါတယ်။

Arachnoid Cysts (Arachnoid အရည်အိတ်) က ဘယ်လောက်အဖြစ်များသလဲ

Arachnoid အရည်အိတ်ဟာ ဦးနှောက်အရည်အိတ် အမျိုးအစားတွေထဲမှာ တွေ့ရအများဆုံး အမျိုးအစား ဖြစ်ပါတယ်။ မွေးရာပါဖြစ်ပါတယ်။ ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက် ၄ဆအဖြစ်များပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Arachnoid Cysts (Arachnoid အရည်အိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ခေါင်းကိုက်ခြင်း
  • ပျို့အန်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း
  • တက်ခြင်း
  • ဦးခေါင်း၊ ကျောရိုးမှာ အဖုအကျိတ် ထွက်နေခြင်း
  • ဖွံ့ဖြိုးမှုနောက်ကျခြင်း
  • ဦးနှောက်အတွင်းပိုင်းအရည် လမ်းကြောင်း ပိတ်ဆို့ခြင်းကြောင့် ဥိးခေါင်းကြီးမားတတ်ခြင်း
  • ဟော်မုန်းနှင့်ဆက်စပ်သော ပြဿနာများ (ပျိုဖော်ဝင်စောခြင်း)
  • အလိုအလျောက်ခေါင်းညိတ်နေတတ်ခြင်း
  • အမြင်အာရုံပြသနာများ

အရည်အိတ်တချို့ဟာ ပြဿနာမရှိတတ်ပါဘူး။ တချို့ကတော့ ဦးနှောက်ကိုဖိအားဖြစ်စေပြီး လက္ခဏာတွေ ပြလာတတ်ပါတယ်။

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Arachnoid Cysts (Arachnoid အရည်အိတ်) ကိုဘာတွေကဖြစ်စေသလဲ

မူလ Arachnoid အရည်အိတ်ဟာ မိခင်ဝမ်းတွင်း ကြီးထွားစဉ်မှာ ဦးနှောက်နဲ့ အာရုံကြောမကြီးဟာ ပုံမှန် ကြီးထွားမှုမရှိလို့ ဖြစ်ပါတယ်။ အကြောင်းအရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်ပါတယ်။

နောက်ဆက်တွဲအရည်အိတ်ကတော့ အကြောင်းအရင်းများစွာကြောင့် ဖြစ်နိုင်ပါတယ်။

ဦးခေါင်းနဲ့ အာရုံကြောမကြီးကို ထိခိုက်ခြင်း၊ ခွဲစိတ်ကုသရာမှ နောက်ဆက်တွဲပြသနာဖြစ်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း၊ အကျိတ်ဖြစ်ခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Arachnoid Cysts (Arachnoid အရည်အိတ်) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီရောဂါရှိတယ်လို့ သံသယရှိရင် ပုံရိပ်ဖော်စမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။ CT၊ MRI စတာတွေ ရိုက်ပါလိမ့်မယ်။

Arachnoid Cysts (Arachnoid အရည်အိတ်) ကို ဘယ်လိုကုသပါသလဲ

အရည်အိတ်ရှိနေပေမယ့် လက္ခဏာပြတာမရှိရင်၊ ပြဿနာမရှိရင် ဒီအတိုင်းပဲ ထားပါလိမ့်မယ်။ ကြီးထွားလာနိုင်ခြေရှိလား၊ ပြောင်းလဲမှုတွေရှိလား စောင့်ကြည့်ပါလိမ့်မယ်။ ပြသနာရှိရင်တော့ ကုသဖို့ တိုက်တွန်းပါလိမ့်မယ်။

လက္ခဏာပြနေတဲ့ အရည်အိတ်ဆိုရင် ဖောက်ထုတ်နိုင်ပါတယ်။ နည်းလမ်း ၂ခုရှိပါတယ်။

ပထမနည်းလမ်းကတော့ အရည်အိတ်နဲ့နီးတဲ့နေရာမှာ ခွဲစိတ်မှုအသေးစားပြုလုပ်ပြီး မှန်ပြောင်းထည့်သွင်းကာ အရည်အိတ်ကိုဖောက်ထုတ်ပြီး ဦးနှောက်အရည်စနစ်အတွင်း စီးဆင်းစေပါလိမ့်မယ်။

ဒီနည်းလမ်းကို အပေါက်ဖောက်ပေးခြင်းလို့ ခေါ်ပါတယ်။

ဒုတိယနည်းလမ်းကတော့ လမ်းလွှဲခြင်းဖြစ်ပါတယ်။ အရည်တွေကို ခန္ဓါကိုယ်ရဲ့ တခြားနေရာတွေ ဥပမာ ဝမ်းဗိုက်ထဲကို စီးဆင်းစေပါတယ်။

ကျောရိုးအာရုံကြောမကြီးထဲမှာရှိတယ်ဆိုရင်တော့ လုံးဝခွဲစိတ်ဖယ်ရှားပါလိမ့်မယ်။

ဒီနည်းလမ်းကမလွယ်ရင် ဖောက်ထုတ်တဲ့နည်းဖြစ်စေ၊ လမ်းလွှဲတဲ့နည်းဖြစ်စေ အသုံးပြုနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးများတွင်ဖြစ်သော မျက်လုံးတိမ်စွဲခြင်း

မျက်လုံးတိမ်စွဲတဲ့ရောဂါ (Cataracts) ဟာ များသောအားဖြင့် အသက်အရွယ်ကြီးရင့်သူတွေမှာသာ အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ပုံမှန်မဟုတ်တဲ့ စိုးရိမ်ပူပန်လွန်ကဲခြင်း လက္ခဏာများ

လူအများစုရဲ့ ဘဝမှာ တစ်ခါလောက်တော့ စိုးရိမ်ပူပန်တာမျိုး ဖြစ်တတ်ကြပါတယ်။ ကျွန်တော်တို့နေ့စဉ်ဘဝမှာ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ဝှေးစေ့ကင်ဆာအကြောင်း တစေ့တစောင်း

လိင်ကျန်းမာရေး အမျိုးသားရောဂါ ကင်ဆာကုထုံး ရောဂါလက္ခဏာများ ဝှေးစေ့ကင်ဆာ ဘယ်သူတွေမှာ အဖြစ်များလဲ ရောဂါရှိမရှိ ဘယ်လိုစစ်ဆေးမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

လည်ချောင်းခြောက်ပြီး ယားနေတာ ဒါတွေကြောင့် ဖြစ်နိုင်တယ်နော်

အအေးမိဖျားနာ ဓါတ်မတည့်ခြင်း ခံတွင်းခြောက်ခြင်း ရောဂါလက္ခဏာများ ရာသီအကူးအပြောင်းကာလ အိပ်နေစဉ်အသက်ရှုရပ်တန့်ခြင်း ပျောက်ကင်းသက်သာအောင်ဘယ်လိုလုပ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 21, 2021 . 2 mins read
နှလုံးရောဂါ အကြောင်း

နှလုံးရောဂါ အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 5 mins read
ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 mins read
မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ

မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 8, 2020 . 3 mins read