Rhabdomyolysis (ကြွက်သားထိခိုက်ပျက်စီးခြင်း)ဆိုတာ ကြွက်သားတွေ ထိခိုက်ပျက်စီးတဲ့ ရောဂါဖြစ်ပါတယ်။ ဒီထိခိုက်မှုဟာ ကြွက်သားမှာ ရှိတဲ့ ရောင်ခြယ်ပရိုတင်း myoglobin (မိုင်ရိုဂလိုဘင်)ကို သွေးထဲကို ပို့လိုက်ပါတယ်။ ကျောက်ကပ်က ပုံမှန်အားဖြင့် ဒီပရိုတင်းဓါတ်ပစ္စည်းကို သွေးထဲကနေ စွန့်ထုတ်ပေးပါတယ်။
သို့သော် ကြွက်သားပျက်စီးခြင်းမှ ထွက်လာတဲံ့ပစ္စည်းတွေက ကျောက်ကပ်ရဲ့ စစ်ထုတ်ပေးတဲ့လုပ်ငန်းကို ပိတ်ဆို့ပြီး ကျောက်ကပ်ကို ထိခိုက်နိုင်ပါတယ်။ ကျောက်ကပ် စွမ်းရည်ကျဆင်းပြီး သွေးထဲကို အဆိပ်အတောက်တွေ ရောက်ကုန်ပါတယ်။
rhabdomyolysis (ကြွက်သားထိခိုက်ပျက်စီးခြင်း) က လူကြီးတွေမှာ အဖြစ်များပါတယ်။ မွေးကင်းစ၊ ကလေးငယ် နှင့် မွေးရာပါ ကစီနှင့် အဆီဓါတ်ကို ဖြိုခွဲပေးတဲံ့ အင်ဇိုင်းများ မပါသောသူ သို့မဟုတ် မွေးရာပါ ကြွက်သားရောဂါရှိတဲ့ သူတွေမှာ ဖြစ်နိုင်ပါတယ်။
အဓိက ရောဂါလက္ခဏာတွေ အနေနဲ့ ကြွက်သား ကိုက်ခဲခြင်းနှင့် ဆီးအရောင်နီခြင်း သို့ ညိုခြင်းမှ နောက်ပိုင်း ဆီးနည်းသွားခြင်းနှင့် ဆီးမသွားနိုင်ခြင်းတို့ ဖြစ်ပါတယ်။ ဒီလို ဆီးမသွားနိုင်တော့တဲ့ အရေးကြီးတဲ့လက္ခဏာဟာ ကျောက်ကပ်ကျဆုံးခြင်းကို ညွှန်ပြတာဖြစ်တဲ့အတွက် အရေးပေါ်ဆေးကုသမှု ခံယူသင့်ပါတယ်။
တခြားရောဂါလက္ခဏာတွေကတော့ မောပန်းခြင်း၊ နူံးခြင်း၊ အဆစ်အမြစ်ကိုက်ခြင်း၊ ရေအလွန်ငတ်ခြင်း နှင့် နှလုံးခုန်မြန်ခြင်း (သို့) ပုံမှန်မဟုတ်ခြင်း တို့ ဖြစ်ကြပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
ဖြစ်ပွားစေတာတွေကတော့ ကြွက်သားဖိချေခံရခြင်းဒဏ်ရာ၊ တက်ခြင်းနှင့် လေ့ကျင့်ခန်းလုပ်ရင်း အပူရှပ်ခြင်းတို့ ဖြစ်ပါတယ်။
တခြားဖြစ်စေတဲ့ အရာတွေကတော့ ပြင်းထန်သော နှင်းကိုက်ခြင်း၊ ဆိုးရွားစွာ အပူလောင်ခြင်း၊ ဆေးအလွန်အကျွံ သုံးစွဲမိခြင်း၊ မူးယစ်ဆေး ကိုကင်း သုံးခြင်းနှင့် အဆီကျဆေး (သွေးတွင်းကိုလက်စထရောကျရန်သုံးသောဆေး) ၏ ဘေးထွက်ဆိုးကျိုး စသည်တို့ ဖြစ်ပါတယ်။
တစ်ခါတရံ ပုံမှန် သေချာလုံလုံလောက်လောက် လေ့ကျင့်ထားခြင်းမရှိဘဲ ပြင်းထန်တဲ့ ကာယလေ့ကျင့်ခန်း တစ်ခု လုပ်မိတာကြောင့် ကြွက်သားတွေကို ပျက်စီးစေပါတယ်။
rhabdomyolysis (ကြွက်သားထိခိုက်ပျက်စီးခြင်း) ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ rhabdomyolysis (ကြွက်သားထိခိုက်ပျက်စီးခြင်း) မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်က ကျန်းမာရေးဆိုင်ရာ မေးခွန်းတွေ မေးခြင်း၊လက်တွေ့ စမ်းသပ်ခြင်း၊ ဓါတ်ခွဲစမ်းသပ်ခြင်းတွေ ပြုလုပ်ပြီး ရောဂါ အဖြေရှာ အတည်ပြုပေးနိုင်ပါတယ်။ သွေးစစ်ခြင်းကြောင့် သွေးအတွင်း ပိုတက်ဆီယမ်ဓါတ်များနေခြင်း၊ ကျောက်ကပ်မကောင်းခြင်း နှင့် တခြားမူမမှန်တာတွေကို တွေ့ရနိုင်ပါတယ်။ ဆရာဝန်တွေက ကြွက်သားပြိုကွဲရာမှ ထွက်လာတဲ့ creatine kinase(CK) ပမာဏ ကိုလည်း စစ်ဆေးပါလိမ့်မယ်။
ဆီးစစ်ခြင်းဖြင့် rhabdomyolysis (ကြွက်သားထိခိုက်ပျက်စီးခြင်း) ကို အတည်ပြုနိုင်မဲ့ ဟီမိုဂလိုဘင် နဲ့ တူသော ရောင်ခြယ်ပရိုတင်း မိုင်ရို ဂလိုဘင် (ကြွက်သားပြိုကွဲရာမှ ထွက်လာသော ပရိုတင်း ) ကို တွေ့ရှိနိုင်ပါတယ်။
ဆရာဝန်တွေက တခြားတူညီတဲ့ လက္ခဏာရှိတဲ့ရောဂါတွေ နှင့် နောက်ဆက်တွဲရောဂါတွေ အတွက်လဲ တခြားစမ်းသပ်မှုတွေ ပြုနိုင်ပါတယ်။
ဆေးရုံအရင် တက်ရပါမယ်။ ဆီးသွားမှန်အောင် အကြောဆေးတွေ သွင်းနေဖို့ လိုပါတယ်။ ဒီလို ကုသခြင်းဟာ သွေးထဲက ရောင်ခြယ်ပရိုတင်းဓါတ် တွေကို ကျောက်ကပ်မှတစ်ဆင့် စွန့်ထုတ်နိုင်အောင် ကူညီပေးပါတယ်။ ဆီးရဲ့ အက်စစ်ဓါတ်ကို ကျဆင်းစေပြီး ထုံးဓါတ်ဖြစ်အောင် ဆေးတွေပေးပြီး ဆီးသွားစေခြင်းဖြင့် ရောင်ခြယ်ပရိုတင်းတွေကို ကျောက်ကပ်က စွန့်စေပါတယ်။
ကျောက်ကပ် ပျက်နေပြီ ဆိုလျှင်တော့ ဆရာဝန်က သင့်ကျောက်ကပ်မှ အရည်နဲ့ စွန့်ပစ်ပစ္စည်းတွေ စစ်ထုတ်နိုင်အောင် ကျောက်ကပ်ဆေးဖို့ပြောပြီး ကျောက်ကပ်ပြန်မကောင်းမချင်းနားစေပါမယ်။ ရောဂါအခြေအနေဆိုးမှုပေါ်မူတည်ပြီး ရက်သတ္တပတ်ကနေ လနှင့် ချီပြီးလည်း ကြာနိုင်ပါတယ်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် rhabdomyolysis (ကြွက်သားထိခိုက်ပျက်စီးခြင်း) ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
• ခန္ဓါကိုယ်ရေဓါတ်ပြည့်ဝနေအောင် နေပြီး ရေများများ သောက်ပါ။
• အရက်နှင့် သင့်ရောဂါကို ပိုဆိုးစေတဲ့ ဆေးတွေကို ရှောင်ပါ။ အရက်ပြဿနာ ဖြေရှင်းရန် အရက်ဖြတ်တဲ့ အစီအစဉ်တစ်ခုကို ရှာပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။