အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး ဝမ်းပျက်ဝမ်းလျှော အရေပြားပြဿနာ ထိခိုက်ရှနာ အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်ထားပါ သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ဓါတ်တိုးဆန့်ကျင်ပစ္စည်းဆိုတာ ဘာလဲ။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများတွင် free radicals များကို တိုက်ထုတ်နိုင်သော စွမ်းရည်ရှိသည်။ Free radicals ဆိုသည် မှာ အတွဲမရှိသော အီလက်ထရွန်တစ်လုံး အနည်းဆုံး ပါဝင် သော အက်တမ် သို့မဟုတ် မော်လီကျူးများကို ခေါ်သည်။ ၎င်းတို့သည် အလွန် ဓါတ်သတ္ထု ကြွသည်။ ဓါတ်တိုးခြင်း ဖြစ်စဉ်အတွင်း ထို free radicals များသည် အဆီ၊ ပရိုတိန်း သို့မဟုတ် ဆဲလ်အမြှေး စသော အခြား မော်လီကျူးများမှ အီလက်ထရွန်များကို ဆွဲယူသည်။ ဓါတ်တိုးခြင်းသည် ဆဲလ် ပျက်စီးမှုကို ဖြစ်စေသည်။ အိုမင်းရင့်ရော်ခြင်းနှင့် ဆေးမတိုး သော ရောဂါများကို ဖြစ်စေသည်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်း များကို သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များတွင် တွေ့နိုင် သည်။ ဖြည့်စွက်စာများမှလည်း ရနိုင်သည်။ […]


အခြေခံကျန်းမာရေး

ပန်းသီးအစေ့များတွင် ဆိုင်ယာနိုဒ် အဆိပ် ပါဝင်သည်။

လူတိုင်းနီးပါး ပန်းသီးကြိုက်ကြသည်။ ပန်းသီးမှာ မကြိုက် စရာ ဘာရှိလို့လဲ။ သူတို့သည် အရသာရှိပြီး free radicals များကို တိုက်ထုတ်ပေးသော ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သည်။ သို့သော်လည်း ချိုသော အသီးကိုစားပြီးပါက amygdalin ပါသော အနက်ရောင် အစေ့သေးများ တွေ့ပါ လိမ့်မည်။ Amygdalin သည် လူ၏ အစာခြေလမ်းကြောင်း ထဲရောက်သွားပါက အင်ဇိုင်းများနှင့် ဓါတ်ပြုပြီး ဆိုင်ယာနိုဒ် အဆိပ်ထွက်စေသည်။   ဆိုင်ယာနိုဒ်အဆိပ် ဆိုတာဘာလဲ။ ဆိုင်ယာနိုဒ်သည် သေစေတတ်ဆုံး အဆိပ်တစ်မျိုး ဖြစ်သည်။ စစ်သုံး ဓါတုပစ္စည်းတစ်မျိုးဖြစ်ပြီး သေကြောင်း ကြံသော နည်းတစ်မျိုးလည်း ဖြစ်သည်။ ဆိုင်ယာနိုဒ်၏ ဒြပ်ပေါင်းများ ( amygdalin အပါအဝင်) ကို သဘာဝအားဖြင့် သစ်သီးအစေ့များတွင် တွေ့ရသည်။ ပန်းသီးအစေ့များကို အစာခြေအင်ဇိုင်းများ မဖောက်နိုင်သော မာသော […]


အခြေခံကျန်းမာရေး

သွေးအုပ်စုများ၊ သွေးအုပ်စုနှင့် ပင်ကိုယ်စရိုက် ဆက်စပ်မှု

သွေးအမျိုးအစားသည် ပင်ကိုယ်စရိုက် လက္ခဏာများ နှင့် ဆက်စပ်မှုရှိသည်ဟု ဂျပန်က ယူဆပြီး သွေးအမျိုးအစား လေ့လာမှုများကို ဂျပန်မှ အစပြုလုပ်ဆောင်လာသည်။ ယနေ့ခေတ်တွင် ဂျပန်အပြင် အခြားနိုင်ငံများမှ ထိုအယူအဆ အကြောင်း သုတေသနများ လုပ်ဆောင်နေပါသည်။ သွေးအမျိုးအစားသည် သင်၏ ပင်ကိုယ်စရိုက်ကို ဖော်ပြရုံ သာမက အချို့ရောဂါများ ရနိုင်ချေကိုပါ ဖော်ပြကြောင်း သိပ္ပံနည်းကျ ကောက်ချက်ချနိုင်ခဲ့သည်။ ထိုလေ့လာမှုများ စတင်ခဲ့သော ဂျပန်တွင် သင်၏ ဇီဝလက္ခဏာများသည် သင်၏ အလုပ်ကို လွဲချော်နိုင် စေသည်ဟု ယုံကြည်ကြသည်။ သင်သည် အလုပ်တစ်ခုတွင် အခြား အလုပ်များထက် ဘယ်လိုသင့်တော်သလဲ ဆုံးဖြတ် ပေးသည်ဟု ယုံကြည်ကြသည်။ အလုပ်ရှင်များသည် အလုပ် သမားများကို ရွေးချယ်ရန်၊ စစ်ဆေးရန် သွေးအမျိုးအစားကို အချက်အလက်တစ်ခုအဖြစ် အသုံးပြုသည်။ ကြင်ဖက်ရှာ ပေးသော ကိုယ်စားလှယ်များသည် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ဆံပင်အရောင်ကပြောပြတဲ့ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေး

သင့်ဆံပင်အရောင်ကို မယ်လနင်လို့ခေါ်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုးက ဖန်တီးပေးတာဖြစ်ပြီး ဒီပစ္စည်းကို ဆံပင်အမြစ်ပိုင်းမှာရှိတဲ့ မယ်လနိုဆိုက်ခေါ် ဆဲလ်လေးတွေက ထုတ်လုပ်တာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ဆံပင်အရောင်ဟာ အဲဒီလူရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်ပြီး တစ်ခုခုပြောပြနိုင်လိမ့်မယ်လို့ လက်ခံယုံကြည်သူတွေ အများကြီးရှိပါတယ်။   အနီရောင်ဆံပင် ခရိုမိုဆုမ်းအမှတ် ၁၆မှာ သန္ဓေပြောင်းမျိုးဗီဇတစ်ခု ရှိနေတဲ့ အနီရောင်ဆံကေသာပိုင်ရှင်တွေဟာ အခြားသူတွေအမြင်မှာ အမြဲလိုလို စွဲမက်ဖွယ်ကောင်းနေတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဥရောပတိုက်သားတွေဟာ အနီရောင်ဆံကေသာကို တန်ဖိုးထားမြတ်နိုးကြသလို စကော့တလန်နဲ့ အင်္ဂလန်နိုင်ငံ လူဦးရေရဲ့ ၁၀ရာခိုင်နှုန်းခန့်ဟာ ဆံပင်အနီရောင်ရှိသူတွေ ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံနဲ့ အာရှဒေသ အချို့နေရာတွေမှာလည်း ရှားရှားပါးပါးဆိုသလို အနီရောင်ကေသာပိုင်ရှင်တွေ တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ယူကေနိုင်ငံမှာတော့ ဆံပင်အနီကို တန်ဖိုးထားစရာအဖြစ် မသတ်မှတ်ကြပါဘူး။ ဘာကြောင့်လည်းဆိုတော့ အနီရောင်ဆံပင်ကို ရမယ်ရှာပြီး အနိုင်ကျင့်ခံရ၊ စနောက်ခံရတာမျိုးတွေ ကြုံကြရလို့ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ နှစ်ကာလတော်တော်ကြာတဲ့အထိ အနီရောင်ဆံပင်ကို မကောင်းဆိုးဝါးရဲ့ […]


အခြေခံကျန်းမာရေး

ကိုယ်နံ့ဆိုးတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ

ကိုယ်နံ့ဆိုးဆိုးထွက်ရခြင်းရဲ့ အဓိကတရားခံကတော့ သင့်ချွေးထဲမှာပါတဲ့ အက်ဆစ်ဓါတ်တွေကို ဖြိုခွဲနိုင်တဲ့ သင့်အရေပြားပေါ်က ဘက်တီးရီးယားပိုးမွှားတွေပဲ ဖြစ်ပါတယ်။ များသောအားဖြင့် အရေပြားအတွင်းလွှာနဲ့ အဆီပြင်ကြားက ချွေးဂလင်းတွေ ဖွံ့ဖြိုးလာတဲ့ အပျိုဖော်၊ လူပျိုဖော်ဝင်စအရွယ်မှာ ကိုယ်နံ့ထွက်တာကို စတင်ရင်ဆိုင်ကြရပါတယ်။ ဒီဂလင်းတွေကထွက်တဲ့ ချွေးဟာ ဖြိုခွဲရလွယ်ကူပြီး အမျိုးသမီးတွေထက်စာရင် အမျိုးသားတွေက ချွေးပိုထွက်တဲ့အတွက် ကိုယ်နံ့ပိုထွက်လေ့ရှိပါတယ်။ ဘယ်အရာတွေက ကိုယ်နံ့ဆိုးဆိုး ထွက်စေသလဲ ကိုယ်နံ့ဆိုးစေတဲ့ အကြောင်းအရင်းတွေကတော့ ကိုယ်အလေးချိန်လခြင်း အပူအစပ်နှင့် အရက်သေစာသောက်စားခြင်း ဆေးဝါးများ (ဥပမာ စိတ်ကျဝေဒနာ သက်သာဆေး) ရောဂါများ (ဥပမာ သွေးချိုဆီးချို ဝေဒနာရှင်များ၏ ခန္ဓါကိုယ်မှ သစ်သီးနံ့ထွက်တတ်ပြီး၊ အသည်း၊ ကျောက်ကပ်ရောဂါ ရှိသူများမှာ အရောင်ချွတ်ဆေးကဲ့သို့ ကိုယ်နံ့ထွက်တတ်ပါတယ်) ချွေးထွက်ခြင်းဟာ ဘယ်အချိန်မှာ စိတ်ပူစရာ ဖြစ်လာမလဲ Hyperhidrosis လို့ခေါ်တဲ့ အခြေအနေတစ်ခုကြောင့် ပုံမှန်ထက် ချွေးထွက်လွန်ကဲခြင်း၊ ခြေဆီထွက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ အချို့သော ရှုးဖိနပ်တွေ၊ ခြေအိတ်တွေဟာ ခန္ဓါကိုယ်ကထွက်လာတဲ့ […]


အခြေခံကျန်းမာရေး

သတ်သတ်လွတ်သမားတွေမှာ သွေးအားနည်းရောဂါဖြစ်နိုင်ခြေများပါတယ်

သားငါးမစားသုံးခြင်းက သွေးအားနည်ရောဂါဖြစ်နိုင်ခြေများစေပါတယ်။ သတင်းကောင်းကတော့ စားသောက်မှုပုံစံကို သေချာဟန်ချက်ညီအောင် ထိန်းညှိပြီး ဖြည့်စွက်အာဟာရတွေ အသုံးပြုပေးတာက လိုအပ်တာတွေကို ဖြည့်စီးပေးနိုင်မှာပါ။ နွားနို့၊ ချိစ်နဲ့ ဥတွေလိုမျိုး အစားအစာတွေနဲ့ အသားငါးတွေကို မစားကြတော့တဲ့ အကြောင်းအရင်းပေါင်းများစွာရှိပါတယ်။ ဒါပေမယ့်လည်း အဲ့လိုကျင့်သုံးလိုက်တာက သွေးအားနည်းရောဂါဖြစ်လာစေပါတယ်။ သွေးအားနည်းရောဂါဆိုတာ အောက်စီဂျင်သယ်ဆောင်နိုင်တဲ့ သွေးနီဥနည်းပါးနေတဲ့ အခြေအနေတစ်ခုပါ။ သတ်သတ်လွတ်သမားတွေမှာတော့ သံဓါတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းကြတာပါ။ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ဥတွေနဲ့ ပျားရည်တို့လိုမျိုး အစားအသောက်တွေပါ မစားတော့တဲ့ သတ်သတ်လွတ်သမားတွေဆိုရင်တော့ ဗီတာမင် B12 ချို့တဲ့ခြင်းကြောင့်ပါဖြစ်နိုင်ပါတယ်။ အဖြေကတော့ လိုအပ်တဲ့ သံဓါတ်နဲ့ ဗီတာမင် B12 တို့ကို အခြားအစားအစာတွေကနေ ရယူပြီး မျှတတဲ့စားသောက်မှုပုံစံကို ထားရှိဖို့ပဲဖြစ်ပါတယ်။ ထိုသို့ပြုလုပ်မယ်ဆိုရင်တော့ သတ်သတ်လွတ်သမားတစ်ယောက်အနေနဲ့ဆက်ရှိနိုင်ပြီး သွေးအားနည်းရောဂါကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ သံဓါတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါနှင့်ပတ်သက်သည့် အချက်များ သွေးအားနည်းရောဂါရဲ့ အတွေ့ရအများဆုံးအကြောင်းအရင်းကတော့ သံဓါတ်ချို့တဲ့ခြင်းပါပဲ။ ဆိုလိုတာကတော့ စားသောက်မှုပုံစံမှ […]


အခြေခံကျန်းမာရေး

သင့်ရဲ့ လက်သည်းတွေ အကြောင်းကို သင်ကောင်းကောင်းသိပြီလား

သင့်ရဲ့ လက်သည်းတွေ အကြောင်းကို သင်ကောင်းကောင်းသိပြီလား လက်သည်းတွေဟာ ခန္ဓါကိုယ်ရဲ့ အဓိကအရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေ မဟုတ်ဘူးလို့ တော်တော်များများက ထင်တတ်ကြပေမဲ့ လက်သည်းတွေဟာ ကျန်းမာရေးရဲ့ လက္ခဏာတွေကို ပြနေတဲ့ နေရာတစ်ခုဖြစ်တဲ့အပြင် အလှအပအတွက်ပါ အရေးကြီးတဲ့ အင်္ဂါ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ဒီလို အရေးကြီးတဲ့ အင်္ဂါ အစိတ်အပိုင်းမဟုတ်ဘူးလို့ ထင်ကြတာကြောင့်ရော ၊ ကျန်းမာရေးပြဿနာ သိပ်ဖြစ်လေ့ မရှိတာကြောင့်ရော လက်သည်းတွေနဲ့ ပတ်သတ်တဲ့ အချက်တွေကို လူတော်တော်များများ မသိကြပါဘူး။ ဒီလို မသိသေးကြတဲ့ လူတွေ အတွက် စိတ်ဝင်စားစရာ အချက်လေးတွေကို ကျွန်တော်တို့ Hello sayarwon မှ စုစည်းဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ၁။ လက်သည်းတွေကို ကဲရာတင် (keratin) နဲ့ ဖွဲ့စည်းထားတာပါ။ ကဲရာတင် (keratin) ဆိုတာ ဖိုင်ဘာ ပရိုတင်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လွဲမှားနေသော ကျန်းမာရေးအယူအဆများ

လွဲမှားနေသော ကျန်းမာရေးအယူအဆများ အယူတိမ်းရင် နတ်စိမ်းဖြစ်တယ်လို့ စာချိုးလေးကြားဖူးပါတယ်။ တခြားကိစ္စတွေမှာ မပြောတတ်ပေမယ့် ကျန်းမာရေးကိစ္စတွေနဲ့ ပတ်သက်လာရင်တော့ အယူအဆလွဲမှားခြင်းဟာ အနှေးနဲ့အမြန် နတ်စိမ်းဘဝကို ပို့ဆောင်ပေးနိုင်တဲ့ အရေးကြီးပြဿနာတွေ ဖြစ်ပါတယ်။ ဒီခေတ်မှာ အင်တာနက် ပိုမိုတွင်ကျယ်လာတာနဲ့အမျှ (ခေတ်စကားနဲ့ ပြောရရင် တရာဖိုး သုံးပုဒ်တန်တွေက) အွန်လိုင်းပေါ်မှာ ဗွက်ပေါက်သလို ပေါက်လာပြီး တချို့သော အရေးအသားတွေဟာ ပညာရှင်ရှုထောင့်က ကြည့်ရင် လွဲချော်နေတာမို့ စာဖတ်သူတွေ အမှတ်မမှား၊အယူအဆမလွဲရလေအောင် စုဆောင်းမျှဝေပေးလိုက်ပါတယ်။   ၁။ တနေ့ကို ရေရှစ်ခွက်တိတိသောက်ပါ။ တနေ့တနေ့ ရေဘယ်လောက်သောက်တယ်ရယ်လို့တော့ တာလီချိုးပြီး မှတ်ထားစရာမလိုပါဘူး။ ရေဆာတဲ့အချိန်တိုင်း၊သင့်ခန္ဓါကိုယ်က တောင့်တတဲ့အချိန်တိုင်း မပျက်မကွက်သောက်ပေးရုံနဲ့ ရေဓါတ်ကို လုံလုံလောက်လောက် ဖြည့်ဆည်းပေးနိုင်ပါတယ်။ စွပ်ပြုတ်ရည်တွေ၊ဟင်းသီးဟင်းရွက်တွေနဲ့ အရည်ရွှမ်းတဲ့ သစ်သီးတွေဟာလည်း ရေဓါတ်ပေးစွမ်းနိုင်ပါသေးတယ်။ ဒါပေမယ့် သင့်ဆီးရောင်က ဝါကျင့်ကျင့်ဖြစ်နေတယ်၊ဆီးသွားနည်းတယ်၊ချွေးအထွက်များတဲ့ အလုပ်တွေကို လုပ်နေရတယ်၊ပူအိုက်တဲ့ ရာသီဥတုမှာနေထိုင်တယ်ဆိုရင်တော့ ရေများများပိုသောက်ပေးဖို့ လိုပါလိမ့်မယ်။ […]


အခြေခံကျန်းမာရေး

ခန္ဓါကိုယ်ပေါ်က မထိသင့်တဲ့နေရာလေးများ

ကိုယ့်ခန္ဓါကိုယ် ပိုင်တာပဲ ထိချင်တဲ့နေရာထိမှာပဲလို့များတွေးနေလား။ ထိသင့်လို့ထိတာကပြဿနာမဟုတ်ပေမယ့် မထိသင့်တဲ့နေရာကို ထိမိရင်တော့ရှော့ခ် ရှိတယ်နော်။ ကဲ ဘယ်နေရာတွေကိုများ မထိသင့်တာလဲ။ ဆက်ကြည့်လိုက်ကြမလား။ ခန္ဓါကိုယ်ရဲ့ မထိသင့်တဲ့ အစိတ်အပိုင်းတွေက မျက်နှာ မျက်နှာကို တစ်နေ့တာမှာ မကြာခဏဆိုသလို ထိတွေ့တယ်ဟုတ်။ ဒါဆို ခုကစပြီး မထိမိအောင် စကြိုးစားပါတော့မျက်နှာကို လက်နဲ့ထိတာက မျက်နှာပေါ်ကို ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို သယ်ပို့လိုက်တာပါပဲ။ မျက်နှာမှာ ဓါတ်မတည့်တာတွေဖြစ်တယ်။ ဝက်ခြံတွေထွက်တယ်၊အသားအရေပြဿနာမျာတယ်ဆိုတာ မျက်နှာကို လက်နဲ့ခဏခဏထိနေလို့ပါ။ ထိဖို့တောင် မထိနဲ့ဆိုတော့ ကုတ်တာဖဲ့တာအတွက်ကတော့မေးနေစရာမလိုအောင်ကို နိုးပါနော်။ ပါးစပ် ပါးစပ်ထဲကို လက်ထည့်တတ်လား။ စဉ်းစားနေချိန်မှာ လက်သည်းကိုက်တာမျိုးလေ။ ဒါမှမဟုတ် သွားမှာ တစ်ခုခုကပ်နေတယ်ဆိုပြီး လက်ချောင်းလေးတွေကို အလါယတကူသုံးတာမျိုးပေါ့။ ဒါမျိုးက တကယ်ကို အဆင်မပြေပါဘူးနော်။ လက်ချောင်းမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေက ပါးစပ်ကနေတဆင့် ဝမ်းထဲရောက်သွားပြီး မလိုလားအပ်တဲ့ပြဿနာတွေဖြစ်နိုင်ပါတယ်။ အနာပေါက်ပွင့်နေတဲ့ အနာ ဒါကတော့ အထွေအထူးပြောနေစရာမလိုလောက်ပါဘူးနော်။ အနာကိုသေချာအောင်ကာကွယ်မှ ဘက်တီးရီးယားတွေလက်ကနေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အကြောဆေး သွင်းကြဦးမလား

အကြောဆေး သွင်းကြဦးမလား ရပ်ကွက်ထဲက၊ရွာထဲက၊လမ်းထဲက ဆေးခန်းတွေမှာ ခေတ်စားတဲ့ အသုံးအနှုန်းတခု ရှိပါတယ်။ ကျွန်တော့်ကို/ကျွန်မကို အကြောဆေးလေးသွင်းပေးပါ၊ပုလင်းချိတ်ပေးပါ၊ဆေးရောင်စုံလေး လွှတ်ပေးပါတဲ့။ ဒါတွေဟာ လူနာပဲဖြစ်ဖြစ်၊ဆရာဝန်ပဲဖြစ်ဖြစ် ရင်းနှီးပြီးသား စကားတွေပါ။ တချို့ဆိုရင် အကြောဆေးလေးများ တလတခါလောက်မှ မ'လွှတ်'လိုက်ရရင် (မသွင်းလိုက်ရရင်) နေမထိထိုင်မသာဖြစ်ပြီး လက်က ကပ်သလိုလို၊ဇက်ကြောက တက်သလိုလို ဖြစ်လာတတ်တယ်လို့လည်း ဆိုပါသေးတယ်။ ဒီအကြောဆေးဆိုတာ ဘာလဲ၊ဘာတွေ ကောင်းကျိုးဆိုးပြစ်ရှိသလဲ၊ဘာလို့ ထိုးကြတာလဲ၊တကယ်ရော ထိုးဖို့ လိုအပ်ရဲ့လား အစရှိတဲ့ မေးခွန်းတွေရဲ့အဖြေကို ဒီဆောင်းပါးလေးမှာ လေ့လာကြည့်ကြပါစို့။   အကြောဆေးဆိုတာ ဘာလဲ။ ဆေးခန်းတွေမှာ ဆေးထိုးတဲ့အခါ အသားဆေးနဲ့ အကြောဆေးဆိုပြီး ယေဘုယျအားဖြင့် နှစ်မျိုးရှိပါတယ်(ယေဘုယျလို့ ထည့်ပြောရတာဟာ အကြောလည်းမဟုတ်၊အသားလည်းမဟုတ်တဲ့ နေရာတွေကို ထိုးရတဲ့ ဆေးတွေရှိနေသေးလို့ပါပဲ။ ဒါပေမယ့် ဆေးပညာရှင်မဟုတ်တဲ့ သာမန်ပြည်သူအတွက်တော့ နှစ်မျိုးပဲသိရင် ရပါပြီ)။ လက်မောင်း (ဥပမာ သုံးလခံဆေး)၊ပေါင် (ဥပမာ ကလေးတွေမှာ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း