ပရိုတင်းက အနာကျက်ဖို့ ဘယ်လိုအကျိုးပြုသလဲ
ထိခိုက်ယိုယွင်းနေတဲ့ တစ်ရှူးတွေကို ပြန်လည်ကောင်းမွန်လာအောင် ပရိုတင်းက ကူညီပေးတာဖြစ်တဲ့အတွက် ပရိုတင်းဓာတ်ချို့တဲ့နေသူတွေမှာ အနာကျက်နှေးတာတွေ့ရပါတယ်။ ခန္ဓာကိုယ်မှာ ပရိုတင်းဓာတ်မလုံလောက်တဲ့အခါ ကော်လာဂျင်ဖြစ်ပေါ်မှုမှာ ပြဿနာရှိလာပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရှိနေရင် အနာတဝိုက်မှာ အရည်ဆုံးရှုံးမှုကြောင့် အနာကျက်ခြင်းဖြစ်စဉ်အတွင်း ခန္ဓာကိုယ်မှာ ပရိုတင်းဆုံးရှုံးမှုပိုဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ အနာမကျက်ခင်ကာလအတွင်း ပရိုတင်းများများစားသင့်တာပါ။
တစ်နေ့ကို ပရိုတင်းပမာဏ ဘယ်လောက်စားဖို့လိုလဲဆိုတာကတော့ ပုံမှန်အားဖြင့် အသက်အရွယ်၊ လိင်ကွဲပြားမှု၊ လှုပ်ရှားမှုတို့ကို မူတည်ပါတယ်။ ထိခိုက်ဒဏ်ရာရှိနေရင်တော့ ပရိုတင်းပိုစားပေးဖို့လိုတဲ့အတွက် အဆီမပါတဲ့ အသား၊ ကြက်သား၊ ဘဲသား စတာတွေစားပါ။ ပရိုတင်းက အသားမှာပဲ ပါတာမဟုတ်လို့ ကြက်ဥ၊ နို့ထွက်ပစ္စည်းနဲ့ ပဲအမျိုးမျိုး၊ အစေ့အဆန်တွေကနေလည်း ရရှိနိုင်ပါတယ်။
ဇီဝဖြစ်စဉ်တွေအားလုံးအတွက် အရေးပါတဲ့မော်လီကျူးတွေဖြစ်တဲ့ အမိုင်နိုအက်စစ်တွေ ပရိုတင်းမှာပါဝင်တဲ့အပြင် glutamineနဲ့ glycine တို့က ပရိုတင်း၊ အဆီဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့ ရေဓာတ်တွေအပါအဝင် အာဟာရဓာတ်အားလုံးကို စုပ်ယူဖို့၊ပေးပို့ဖို့၊ သိုလှောင်ဖို့ ကူညီပေးတဲ့လုပ်ဆောင်ချက်ရှိပါတယ်။ ဒီအမိုင်နိုအက်စစ်တွေကို ခန္ဓာကိုယ်က သူ့အလိုလို မထုတ်လုပ်နိုင်ပေမယ့် အစားအစာကနေရရှိနိုင်ပါတယ်။ သုတေသနတွေအရ အမိုင်နိုအက်စစ်ဟာ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ၊ သန္ဓေမအောင်ခြင်း၊ အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊အာရုံကြောအားနည်းခြင်းတို့လို အခြေအနေတွေကို ကာကွယ်ကုသနိုင်တယ်လို့ သိရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။