ဒံပေါက်ဆိုတဲ့ အစားအစာဟာ မြန်မာတွေအကြိုက် အစားအစာတစ်မျိုးပါ။ ကြက်သားတုံးခပ်ကြီးကြီးလေးနဲ့ မဆလာနံ့သင်းသင်းလေးဟာ သာမန်လူတစ်ယောက်ကို အလိုလိုနေရင်း ဗိုက်ဆာလာအောင် ဆွဲဆောင်နိုင်ပါတယ်။
ထွက်မှာ သေချာပြီလား။
ဒံပေါက်ဆိုတဲ့ အစားအစာဟာ မြန်မာတွေအကြိုက် အစားအစာတစ်မျိုးပါ။ ကြက်သားတုံးခပ်ကြီးကြီးလေးနဲ့ မဆလာနံ့သင်းသင်းလေးဟာ သာမန်လူတစ်ယောက်ကို အလိုလိုနေရင်း ဗိုက်ဆာလာအောင် ဆွဲဆောင်နိုင်ပါတယ်။
ရိုးရာအစားအစာတစ်ခုမဟုတ်ပေမယ့် ဒံပေါက်ဟာ မြန်မာတွေရဲ့ အလှူမင်္ဂလာနဲ့ ပွဲလမ်းသဘင်တွေရဲ့ အကျွေးအမွေးတွေမှာ မကြာခဏဆိုသလို ပါဝင်လေ့ရှိတဲ့အထိ လူကြိုက်များတဲ့ အစားအစာတစ်ခုပါ။
ဒံပေါက်ဟာ အဆီဓာတ်များတဲ့အစားအစာဖြစ်တာမို့ အလွန်အကျွံစားမိတဲ့အခါ သွေးတိုးတာ၊ အစာမကြေတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်း အသား၊ ဟင်းသီးဟင်းရွက်နဲ့ ဆန်တို့ပါဝင်တဲ့ ဒံပေါက်ဟာ လူ့ကျန်းမာရေးကို အထောက်အကူပြုပြီး ကောင်းကျိုးတွေလည်းပေးနိုင်တယ်ဆိုတာကိုတော့ လူသိနည်းကြပါတယ်။
အထူးသဖြင့် ကောင်းမွန်ကျနစွာ ချက်ပြုတ်ထားတဲ့ ကြက်သားဒံပေါက်တစ်ပွဲဟာ အနံ့အရသာနဲ့ ပြည့်စုံရုံသက်သက်မဟုတ်ပဲ အောက်မှာ ဖော်ပြထားသလို ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကိုလည်း ပေးပါလိမ့်မယ်။
အဲဒါတွေကတော့ …
၁။ အသားဓာတ်က ဗိုက်ပြည့်လွယ်စေတာကြောင့် ကိုယ်အလေးချိန်လျှော့ချဖို့ အထောက်အကူဖြစ်ပါတယ်။
၂။ သီးစုံဒံပေါက်မဟုတ်တဲ့ ဒံပေါက်တွေဟာ အသားဓာတ်ကြွယ်ဝစွာပါဝင်တာမို့ အရိုးကိုခိုင်မာစေဖို့ အားပေးပါတယ်။
၃။ ကြက်သားမှာ Niacin နဲ့ Vitamin-B တို့ပါဝင်နေတာမို့ ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။
၄။ ကြက်သားဒံပေါက်မှာ Vitamin – B6 လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။
၅။ ဒံပေါက်မှာ ပါဝင်တဲ့ ကြက်သားဟာ ဖော့စဖောရပ်စ်ဓာတ်လည်း အများအပြားပါဝင်နေတာမို့ သွားကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး သွားကို ဖြူစင်စေဖို့ အထောက်အကူဖြစ်ပါတယ်။
၆။ ဒံပေါက်ဟာ ကျောက်ကပ်၊ အသည်းနဲ့ နှလုံးတို့ရဲ့ လည်ပတ်ပုံကိုလည်း ချောမွေ့စေဖို့ ကူညီနိုင်ပါတယ်။
၇။ Selenium ပါဝင်တာကြောင့် သိုင်းရွိုက် ဟိုမုန်းနဲ့ ကိုယ်ခံအားစနစ်ကိုလည်း တိုးတက်စေနိုင်ပါတယ်။
၈။ ဆန်၊ အသီးအရွက်နဲ့ ကြက်သားတို့ ပေါင်းစပ်ပါဝင်နေတာကြောင့် ကာဘိုဟိုက်ဒရိတ်၊ ပရိုတိန်း၊ အဆီ၊ သတ္တုဓာတ်နဲ့ ဗိုက်တာမင်ဓာတ်တွေလည်း ပါဝင်ပါတယ်။
ဒံပေါက်ဟာ လူကို အကျိုးပြုစေတဲ့ အာဟာရဓာတ်တွေနဲ့ အကျိုးကျေးဇူးတွေ အများအပြားပါဝင်ပေမယ့် တစ်ဖက်မှာလည်း ဘေးထွက်ဆိုးကျိုးတစ်ချို့ရှိနေပါတယ်။
သတိထားသင့်တဲ့ ဆိုးကျိုးတွေကတော့ …
၁။ ပမာဏများပြားတဲ့ အစားအသောက်တစ်ခုဖြစ်တာမို့ အစာကြေခဲပါတယ်။ ဒါကြောင့် နေ့စဉ်ရက်ဆက် မစားသင့်ပါဘူး။
၂။ ကိုလက်စထရောပါမာဏ အများအပြားပါဝင်နေတာမို့ အဝလွန်စေနိုင်ပါတယ်။ ရေနွေး ဒါမှမဟုတ် လက်ဖက်စိမ်းလက်ဖက်ရည်မျိုးနဲ့ တွဲဖက် သုံးဆောင်တာက ပိုပြီးသင့်လျော်ပါတယ်။
အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Best and worse Indian dishes for your health https://www.webmd.com/diet/ss/slideshow-diet-best-worst-indian Accessed date Jan 10, 2020
10 amazing benefits of Chicken biryani https://drhealthbenefits.com/food-bevarages/meats/health-benefits-of-chicken-biryani Accessed date Jan 10, 2020
The role of protein in weight loss and maintenance https://pubmed.ncbi.nlm.nih.gov/25926512/ Accessed date Jan 10, 2020
Phosphurus in diet https://medlineplus.gov/ency/article/002424.htm Accessed date Jan 10, 2020
Selenium; The nutrition source https://www.hsph.harvard.edu/nutritionsource/selenium/
Accessed date Jan 10, 2020