အဓိပ္ပါယ်ဖွင့်ဆိုချက်
Anxiety/Panic (စိုးရိမ်သောကနှင့် အကြောက်လွန်ခြင်း) ကဘာလဲ။
အချိန်ခဏတာလေးစိုးရိမ်သောကခံစားကြရတာတော့ပုံမှန်ပဲ ဖြစ်ပါတယ်။ စိုးရိမ်သောကဆိုတာလည်း ဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေပါတယ်။ သို့သော်လည်း စိုးရိမ်ပူပန်မှုများကို လွန်လွန်ကဲကဲခံစားနေရပြီး သင်နေ့စဉ်ဘဝကိုပါထိခိုက်လာလျှင်တော့ သင့်တွင်စိုးရိမ်ပူပန်မှုဆိုင်ရာရောဂါ ရနေပါပြီ ။
စိုးရိမ်ပူပန်မှုဆိုင်ရာရောဂါအမျိုးအစားများစွာရှိပါတယ်။
အကြောက်လွန်ရောဂါ ။ ရုတ်တစ်ရက်နှင့်ခဏခဏကြောက်လာတတ်ပြီးချွေးထွက်ခြင်း ၊ရင်ဘတ်အောင့်ခြင်းနှင့် နှလုံးခုန်ပုံမှန်မဟုတ်ခြင်းတို့ ဖြစ်တတ်ပါတယ်။ အကြောက်လွန်ရောဂါဟာလည်းနှလုံးအမောဖောက်သကဲ့သို့ပင်ခံစားရပါတယ်။
လူမှုဆက်ဆံရေးဆိုင်ရာစိုးရိမ်လွန်ကဲခြင်းရောဂါ ။
ဒီလိုလူမျိုးတွေဟာတော့ လူမှုရေးရာပြသနာများကိုခံစားနေရပါတယ်။ စိုးရိမ်ပူပန်မှုရဲ့အဓိကအကြောင်းရင်းကတော့ သူများဝေဖန်မှာကြောက်ခြင်းနဲ့ လူအများရှေ့ရောက်လျှင်ရှက်ကြောက်နေခြင်းတို့ဖြစ်ပါတယ်။
တစ်စုံတစ်ခုကိုကြောက်ရွံ့နေခြင်းများ ။
တစ်စုံတစ်ခုကိုအစိုးရိမ်လွန်နေခြင်း( ဥပမာ အရပ်) ဟာ ထိုသူကို ကြောက်ရွံ့စေတဲ့အရာဆီမှရှောင်ခွာသွားစေပါတယ်။
ယေဘူယျစိုးရိမ်မှုလွန်ကဲသောရောဂါ ။
ပုံမှန်မဟုတ်တဲ့ကြောက်ရွံ့မှုများဟာ မည်သည့်နေရာတွင်မဆို အကြောင်းရင်းမရှိပဲ ဖြစ်ပေါ်လာတတ်ပါတယ်။
Anxiety/Panic (စိုးရိမ်သောကနှင့် အကြောက်လွန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
စိုးရိမ်ပူပန်မှုဟာ အရမ်းကိုအဖြစ်များပါတယ်။ အန္တရာယ်ရှိသည်များကိုရှောင်ရှားပြီး စိုးရိမ်ပူပန်မှူများကိုလျှော့ချနိုင်ပါတယ်။ အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လက္ခဏာများ
Anxiety/Panic (စိုးရိမ်သောကနှင့် အကြောက်လွန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
အဖြစ်အများဆုံးလက္ခဏာတွေကတော့..
ကယောင်ခြောက်ခြားဖြစ်နေခြင်း ၊ အားနည်း၍ပင်ပန်းနေခြင်း၊နှလုံးခုန်မြန်ခြင်း ၊ အသက်ရှူမြန်ခြင်း ၊ ချွေးထွက်ခြင်းနှင့်ခြေလက်များ တုန်ယင်ခြင်း ၊သင့်ရဲ့စိုးရိမ်မှု သို့ ကြောက်ရွံ့မှုများကို ထိန်းချုပ်ရာတွင်အခက်အခဲရှိခြင်း၊ အန္တရာယ်ရှိသည်ဟုအာရုံရနေခြင်း သို့ အကြောက်လွန်ခြင်း ။
အထက်ဖော်ပြပါစာရင်းထဲမှာမပါတဲ့ ရောဂါလက္ခဏာများလည်းရှိနိုင်ပါသေးတယ်။ ရောဂါလက္ခဏာများနှင့်ပတ်သတ်ပြီးအသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့်တိုင်ပင်သင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
အထက်ဖော်ပြပါရောဂါလက္ခဏာများရှိနေပြီဆိုလျှင်တော့ ဆရာဝန်နှင့်ပြသသင့်ပါပြီ။ လူတစ်ယောက်နှင့်တစ်ယောက်မတူညီကြပါဘူး။ သင့်အတွက်အကောင်းဆုံးအဖြေကိုရရှိဖို့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အကြောင်းရင်းများ
Anxiety/Panic (စိုးရိမ်သောကနှင့် အကြောက်လွန်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ
စိုးရိမ်သောကဖြစ်စေတဲ့အကြောင်းအရင်းတွေကိုတော့ရှင်းပြမထားပါဘူး ။ စိုးရိမ်သောကတွေဟာ အတိတ်မှာ ဒဏ်ရာရရှိခဲ့၍ဖြစ်စေ ၊ ကျန်းမာရေးအခြေအနေများကြောင့်ဖြစ်စေ ၊ ကာလကြာရှည်စွာစိတ်ဖိစီးမှုများကြောင့်ဖြစ်စေ ဖြစ်ပေါ်လာတတ်ပါတယ်။ စိုးရိမ်သောကတွေမှာတစ်ဆင့်… စိတ်ဓါတ်ကျခြင်း ၊ အရာဝတ္ထုများကိုစွဲလမ်းနေခြင်း ၊ အိပ်မပျော်ခြင်း ၊ နာကျင်ခြင်း ၊ ပတ်ဝန်းကျင်နှင့်ကင်းကွာလာခြင်းနှင့် မိမိကိုယ်ကိုသတ်သေခြင်းတို့အထိဖြစ်ပေါ်လာတတ်ပါတယ်။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Anxiety/Panic (စိုးရိမ်သောကနှင့် အကြောက်လွန်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
စိတ်ဖီးစီးမှုများသောနေထိုင်မှုဘဝပုံစံ ၊ ပြင်းပြင်းထန်ထန်ကျန်းမာရေးပြသနာများခံစားရခြင်းနှင့် တစ်စုံတစ်ခုကိုစွဲလမ်းနေခြင်းတို့ဟာ စိုးရိမ်သောကတွေကိုပိုဆိုးစေပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Anxiety/Panic (စိုးရိမ်သောကနှင့် အကြောက်လွန်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆရာဝန်ဟာသင့်ရဲ့လက္ခဏာတွေကိုသေသေချာချာတွက်ချက်ပြီးစစ်ဆေးပါလိမ့်မယ်။
Anxiety/Panic (စိုးရိမ်သောကနှင့် အကြောက်လွန်ခြင်း) ကို ဘယ်လိုကုသပါသလဲ
သင်ဟာတစ်စုံတစ်ခုကိုအစိုးရိမ်လွန်နေလျှင် သို့ သင့်အကြောက်တစ်ရားကိုထိန်းချုပ်ရခက်နေလျှင်၊ ထိုအရာတွေဟာ သင့်ဘဝကိုထိခိုက်လာလျှင်ဘဆရာဝန်ကိုပြသပြီးကုသမှုအမြန်ဆုံးခံယူသင့်ပါပြီ။ စိုးရိမ်မှုလွန်ကဲ ခြင်းရောဂါကို ကျန်းမားရေးဆိုင်ရာကုထုံးများ ၊ စိတ်ပိုင်းနှင့် အပြုအမူပိုင်းဆိုင်ရာကုထုံးများနှင့် ကုသနိုင်ပါတယ်။ ဘယ်ကုသမှုကသင့်အတွက်အကောင်းဆုံးဖြစ်မလဲသိရဖို့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
နေထိုင်မှုပုံစုံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုသမှုများ
ဘယ်လိုနေထိုင်မှုပုံစံတွေနဲ့အိမ်တွင်းကုသမှုတွေက စိုးရိမ်လွန်ကဲခြင်းကိုသက်သာစေသလဲ။
စိုးရိမ်မှုလွန်ကဲတဲ့ရောဂါဟာလည်းအခြားရောဂါများကဲ့သို့ပင်ဖြစ်ပါတယ်။ သူ့ဘာသူတို့ပျောက်ကင်းသွားမှာမဟုတ်ပါဘူး။ သင့်အခြေအနေကိုသင်နားလည်ပြီးကုသမှုခံယူနေဖို့လိုအပ်ပါတယ်။ သင့်ဘဝတွင်အကောင်းမြင်ပေးခြင်းဟာလည်းစိုးရိမ်ပူပန်မှုများကိုသက်သာစေမှာပါ။ အကူအညီလိုတာနဲ့တစ်ပြိုင်နက်အကူအညီတောင်းဖို့မနှောင့်နှေးပါနဲ့ ။
အကယ်၍သင့်တွင်မေးခွန်းများရှိသေးလျှင်တော့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
[embed-health-tool-bmi]