အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ဆေးစစ်ချက်များ

Catecholamines Urine Test (ဆီးတွင်း catecholamines စစ်ဆေးခြင်း)

ဆီးတွင်း catecholamines စစ်ဆေးခြင်းဆိုတာဘာလဲ။ Catecholamines စစ်ဆေးခြင်းဆိုတာ epinephrine ၊ norepinephrine ၊ metanephrine ၊ dopamine စသည့်ဟော်မုန်းများ ဆီးထဲတွင်ပါသော ပမာဏကိုစစ်ဆေးခြင်းဖြစ်တယ်။ Catecholamines များကို အာရုံကြောတစ်သျှူးများ၊ ဦးနှောက်နှင့် အက်ဒရီနယ်ဂလန်း(ကျောက်ကပ်အပေါ်တွင်ရှိသော ဂလန်း) တွေမှထုတ်လုပ်ပါတယ်။ Catecholamines ဟာ ဖိအား၊ ထိတ်လန့်မှုတွေကို ခန္ဓါကိုယ်မှတုံ့ပြန်ရန်ကူညီပေးပြီး “Fight or Flight” reaction (တိုက်မလား၊ ပြေးမလား) တုံ့ပြန်မှုအတွက် ပြင်ဆင်ပေးတယ်။ အက်ဒရီနယ်ဂလမ်းတွေက ဖိအားသက်ရောက်မှုတစ်ခုကို တုံ့ပြန်တဲ့အနေနဲ့ Catecholamines ပမာဏအများအပြားထုတ်လေ့ရှိတယ်။ အဓိက Catecholamines များမှာ epinephrine (အက်ဒရီနယ်လင်း) norepinephrine (နော်အက်ဒရီနယ်လင်း)၊ dopamine (ဒိုပါမင်း) တို့ဖြစ်ပြီး ထိုဟော်မုန်းများဟာ vanillylmandelic acid (VMA)၊ metanephrine ၊ normetanephrine […]


ဆေးစစ်ချက်များ

Cd4 Count (CD4 အရေအတွက်စစ်ခြင်း)

CD4 cells အရေအတွက်စစ်ခြင်းဆိုတာဘာလဲ။ CD4 cells ဆိုတာ HIV ရောဂါသည်တွေမှာ ကိုယ်ခံအားအခြေအနေကိုသိရန် စစ်ဆေးလေ့ရှိသော သွေးစစ်ဆေးမှုတစ်မျိုးဖြစ်တယ်။ CD4 cells များမှာ သွေးဖြူဥဆဲလ်တစ်မျိုးဖြစ်ပြီး သွေးဖြူဥများမှာ ရောဂါပိုးဝင်ခြင်းကို တိုက်ခိုက်ရာမှာလိုပါတယ်။ CD4 cells များကို T-lymphocytes, T-cells ဒါမှမဟုတ် T-helper cells လို့လည်းခေါ်ကြပါတယ်။ HIV ဗိုင်းရပ်စ်ဟာ CD4 cells တွေကိုတိုက်ခိုက်ပါတယ်။ CD4 အရေအတွက်ကိုကြည့်ပြီး တခြားသောရောဂါဝင်နိုင်ချေကို ခန့်မှန်းလို့ရနိုင်တယ်။ CD4 အလုံးရေအရေအတွက်ဟာ အချိန်နဲ့အမျှပြောင်းလဲနိုင်တာကြောင့် အရေအတွက်ထက် CD4 ပမာဏပုံစံကပိုအရေးကြီးပါတယ်။ CD4 ပမာဏပုံစံကို ကြည့်ခြင်းဖြင့် ကိုယ်ခံအားစနစ်အပေါ် HIV ဗိုင်းရပ်ရဲ့တိုက်ခိုက်မှုကို သိနိုင်တယ်။ ကုသမှုမခံယူသော HIV ဝေဒနာသည်များမှာ ရောဂါတိုးလာသည်နှင့်အမျှ CD4 ပမာဏတဖြေးဖြေးကျသွားမှာဖြစ်တယ်။ CD4 ပမာဏနည်းခြင်းဟာ ကိုယ်ခံအားစနစ်အားနည်းနေပြီး […]


ဆေးစစ်ချက်များ

Cerebral Angiogram (ဦးနှောက်သွေးကြောပုံရိပ်ဖမ်းခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Cerebral Angiogram (ဦးနှောက်သွေးကြောပုံရိပ်ဖမ်းခြင်း ) ကဘာလဲ။ Cerebral angiogram ဆိုတာ ခေါင်းနှင့်လည်ပင်းရှိသွေးကြောများအခြေအနေကို အရောင်ပါဆေးတစ်မျိုး၊ X-ray camera (fluoroscopy) တို့ကိုသုံးကာ ပုံရိပ်ဖမ်းယူကြည့်ရှုစစ်ဆေးခြင်းဖြစ်တယ်။ Cerebral angiogram ကို ဦးနှောက်ကိုသွေးသယ်ယူပေးနေသော သွေးလွှတ်ကြောလေးချောင်း၊ သို့မဟုတ် သွေးပြန်ကြောကို ကြည့်ရန်သုံးနိုင်တယ်။ ဘာကြောင့် ဦးနှောက်သွေးကြောပုံရိပ်ဖမ်းခြင်း (cerebral angiogram) ကိုလုပ်လေ့ရှိသလဲ သွေးလွှတ်ကြောပိတ်နေနိုင်ချေရှိသူတိုင်း စစ်ဆေးစရာမလိုပါဘူး။ အန္တရာယ်များ၊ ဘေးထွက်ဆိုးကျိုးများရှိတာကြောင့် တခြားသောစစ်ဆေးမှုများနှင့် မလုံလောက်သောအခါမှ စစ်ဆေးလေ့ရှိပါတယ်။ ကြည့်ခြင်းဖြင့်- • ဦးနှောက်သွေးကြောဖောင်းခြင်း • သွေးကြောကျဉ်းခြင်း • သွေးလွှတ်ကြောနှင့် သွေးပြန်ကြောကြား သွေးကြောများရှုပ်ထွေးခြင်း • သွေးကြောရောင်ခြင်း • အကျိတ် • သွေးခဲ • သွေးလွှတ်ကြောနံရံပြဲနေခြင်း များကို ရှာဖွေနိုင်ပါတယ်။ • ခေါင်းကိုက်ခြင်း • သတိမေ့ခြင်း • စကားဝါးခြင်း • မူးခြင်း • အမြင်ေဝဝါးခြင်း • အားနည်ခြင်း၊ ထုံထိုင်းခြင်း စသည့်လက္ခဏာများနှင့်ပတ်သက်ပြီး ရောဂါစစ်ဆေးရှာဖွေရန်အတွက်လည်း သုံးနိုင်တယ်။ စစ်ဆေးမှုမပြုလုပ်ခင်ဘာတွေသိထားသင့်လဲ ဒီစစ်ဆေးမှုအစား MRA (သံလိုက်ဓါတ်မှန်ဖြင့် သွေးကြောပုံရိပ်ဖမ်းခြင်း)၊ CTA […]


ဆေးစစ်ချက်များ

Cervical Spine Ct Scan (လည်ပင်းရိုးဆစ်ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cervical Spine Ct Scan (လည်ပင်းရိုးဆစ်ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း) ကဘာလဲ။ ကျောရိုးမကြီးတစ်ခုလုံးရဲ့ လည်ပင်းမှအပိုင်းကို လည်ပင်းရိုးဆစ်ဟုခေါ်ပြီး Cervical spine CT scan ဆိုသည်မှာ ထိုလည်ပင်းရိုးဆစ်ကို အထူးပြု X-ray ၊ ကွန်ပြူတာတို့နှင့် ပေါင်းစပ်ကာ ပုံရိပ်ဖော်ကြည့်ရှုစစ်ဆေးခြင်းဖြစ်တယ်။ လတ်တလော အက်စီးဒင့်တစ်ခုခု၊ ထိခိုက်မှုတစ်ခုခု သို့မဟုတ် ဇတ်နာခြင်းများခံစားနေရပါက Cervical spine CT scan ရိုက်ရတတ်ပါတယ်။ ထိုစစ်ဆေးမှုက ကျောရိုးဆစ်ရဲ့ လည်ပင်းပိုင်းတွင် ထိခိုက်မှုများရှိပါက တိကျစွာဖော်ပြနိုင်ပါတယ်။ Neck CT scan (လည်ပင်းစီတီစကင်ရိုက်ခြင်း) ဟုလည်းခေါ်တတ်ပါတယ်။ Cervical CT scan ကိုဘာအတွက်ရိုက်လေ့ရှိသလဲ Cervical CT scan ဟာ ခန္တာကိုယ်ရဲ့ တိကျသောပုံရိပ်များကို လျင်မြန်စွာ ပုံဖော်နိုင်ပါတယ်။ ဟာဆိုရင်- • ကလေးများတွင် မွေးရာပါလည်ပင်ရိုး ထိခိုက်ယိုယွင်းမှုကို စစ်ဆေးရှာဖွေရန် • ကျောရိုးမ […]


ဆေးစစ်ချက်များ

Dental X-Rays (သွားဓါတ်မှန်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dental X-Rays (သွားဓါတ်မှန်) ကဘာလဲ။ သွားဓါတ်မှန် တွေဟာ သွား၊အရိုးနဲ့ ပတ်လည်မှာ ရှိတဲ့ တစ်ရှူး တွေကို X ray သုံးပြီး ပုံဖော်ယူခြင်း ဖြစ်ပြီး သွား၊ ပါးစပ်၊ မေးရိုးအစရှိတာတွေမှာ ဖြစ်တတ်တဲ့ ပြဿနာတွေကို ရှာဖွေခြင်းပဲဖြစ်ပါတယ်။ X-ray ပုံတွေဟာ သွားပိုးစားခြင်းတွေ၊ ဖုံးကွယ်နေတဲ့ အရာတွေ (ဥပမာ အံသွား) ဒီအတိုင်းမမြင်နိုင်တဲ့ အရိုးဆုံးရှုံးမှုတွေကို ဖေါ်ပြပေးနိုင်ပါတယ်။ သွားဓါတ်မှန် တွေကို သွားရောဂါကုသမှုတွေအတွက် စစ်ဆေးမှုတစ်ခု အဖြစ် အသုံးပြုကြပါတယ်။ သွားဓါတ်မှန် တွေဟာ ဓါတ်ရောင်ခြည် ပမာဏ အနည်းငယ်ကိုသာ အသုံးပြုကြပါတယ်။ အောက်ဖေါ်ပြပါ သွားဓါတ်မှန် တွေကို အများဆုံး အသုံးပြုကြပါတယ်။ • Bitewing X-rays တွေဟာ အပေါ်နဲ့ အောက်အံသွားတွေကို ဖေါ်ပြပြီး သွားတွေ တစ်ခုနဲ့ […]


ဆေးစစ်ချက်များ

Bernstein Test (Bernstein စစ်ဆေးခြင်း)

Bernstein test ဆိုသည်မှာအဘယ်နည်း။ အစာရေမျိုသည် သင့်လည်ပင်းအောက်ပိုင်းမှ အစာအိမ်ထိ ရှည်လျားသည်။ အစာရေမျို၏ အဆုံးတွင် ကြွက်သားအဆို့ရှင်ရှိပြီး ၎င်းသည် အစာများနှင့် တံတွေးကို အစာရေမျိုမှ အစာအိမ်သို့ ဖြတ်သန်းသွားနိုင်ရန် ဖွင့်ပေးသည်။ ၎င်းသည်စက္ကန့်အနည်းငယ်သာ ဖွင့်ပြီး ပြန်ပိတ်သွားသည်။ ထိုသို့ပိတ်ခြင်းဖြင့် အစာအိမ်ထဲမှ အစာများ အထက်သို့ပြန်မတက်စေရန်တားဆီးပေးသည်။ ရင်ပူခြင်းသည် ထိုအဆို့ရှင် မလုံသည့်အခါ ဖြစ်ပွားသည်။ အဆို့ရှင် ကောင်းစွာအလုပ်မလုပ်ခြင်းသည် ကြွက်သားပုံမှန်မဟုတ်ခြင်းနှင့် ကြွက်သားတင်းအားလျော့ခြင်းကြောင့်ဖြစ်သည်။ ထိုသို့ပုံမှန်မဟုတ်ခြင်းကြောင့် အစာအိမ်ထဲရှိ အက်ဆစ်ဓါတ်သည် အထက်သို့ပြန်တက်ပြီး ရင်ခေါင်းထဲတွင် ပူသောခံစားချက်ရစေသည်။ Bernstein test စစ်ဆေးမှုသည် ရင်ပူခြင်း၏ လက္ခဏာများကို စစ်ဆေးရန်သုံးသည်။ ထိုစစ်ဆေးမှုကို အစာအိမ်ထဲမှ အက်ဆစ်ဓါတ်များ အစာရေမျိုထဲသို့ပြန်ရောက်သောအခါ ဖြစ်တတ်သော လက္ခဏာများကို ဖြစ်ပွားစေရန် ပြုလုပ်ထားသည်။ အက်ဆစ်စိမ့်ဝင်ပျံ့နှံ့သော စစ်ဆေးမှု ဟုလည်းခေါ်သည်။ Bernstein test ကို ဘာအတွက် […]


ဆေးစစ်ချက်များ

Bicarbonate Test (bicarbonate စစ်ဆေးခြင်း)

Bicarbonate test ဆိုသည်မှာအဘယ်နည်း။ Bicarbonate test ကို ကာဘွန်ဒိုင်အောက်ဆိုဒ် စစ်ဆေးမှု ဟုလည်း ခေါ်သည်။ ၎င်းစစ်ဆေးမှုကို သွေးထဲတွင် အက်ဆစ်ဓါတ်ပြောင်းလဲမှုနှင့် electrolyte မညီမျှမှုကို တိုင်းတာရန် သုံးသည်။ ၎င်းသည် စစ်ဆေးမှုအတွဲလိုက်၏ တစ်ပိုင်းဖြစ်ပြီး ကျောက်ကပ်ကို စစ်ဆေးရန်လည်း အသုံးပြုသည်။ Bicarbonate test သည် ပုံမှန် ကျန်းမာရေးစစ်ဆေးခြင်းကို လုပ်ဆောင်ရာတွင်လည်း လုပ်ဆောင်နိုင်သည်။ ထိုစစ်ဆေးမှုကို အောက်ပါလက္ခဏာများရှိသည့်အခါ စစ်ဆေးရန် ညွှန်ကြားနိုင်သည်။ • အားနည်းခြင်း • စိတ်ရှုပ်ခြင်း • ထပ်ခါထပ်ခါ အန်ခြင်း • အသက်ရှူရခက်သည့် ပြသနာများ ထိုလက္ခဏာများသည် electrolyte မညီမျှခြင်းကြောင့် ဖြစ်ခြင်း၊ သို့မဟုတ် အက်ဆစ်ဓါတ်များခြင်း၊ သို့မဟုတ် အယ်ကာလီဓါတ်များခြင်း တို့ကြောင့်ဖြစ်နိုင်သည်။ Bicarbonate test ကို ဘာအတွက် လုပ်ပါသနည်း။ Bicarbonate test ကို ကျောက်ကပ်ရောဂါ၊ အဆုတ်ရောဂါ၊ နှင့် ဇီဝဖြစ်စဉ်ပြောင်းလဲမှုအခြေအနေများတွင် သွေးထဲရှိ […]


ဆေးစစ်ချက်များ

Bilirubin Test (သွေးတွင်းအဝါဓါတ်စစ်ခြင်း)

Bilirubin test ဆိုသည်မှာအဘယ်နည်း။ Bilirubin test ကို သွေးထဲတွင် ဘီလီရူဘင်ပမာဏကို စစ်ရန် သုံးပါသည်။ ဘီလီရူဘင် ဆိုသည်မှာ သွေးနီဥများပြိုကွဲသည့်အခါ ထွက်လာသော လိမ္မော်ဝါရောင်ရှိသော စွန့်ပစ်ပစ္စည်းတစ်မျိုးဖြစ်သည်။ ဘီလီရူဘင်သည် အသည်းကို ဖြတ်သန်းပြီး ဝမ်းသွားသည်မှ တဆင့်စွန့်ထုတ်သည်၊ ဆီးထဲတွင် လည်း အနည်းငယ်ပါဝင်သည်။ အသည်းသို့ မရောက်မီ ဘီလီရူဘင်သည် အခြားအရာများနှင့် မပေါင်းစပ်ရသေးပါ။ အသည်းတွင် ဘီလီရူဘင်သည် သကြားနှင့် ပေါင်းပြီး ရေတွင် ပျော်ဝင်နိုင်သော ဘီလီရူဘင်အမျိုးအစားဖြစ်သွားသည်။ ထိုအမျိုးအစားသည် အသည်းကို ဖြတ်သန်းပြီး အူမကြီးထဲသို့ ရောက်ရှိပြီး မူရင်းပုံစံသို့ ပြန်ပြောင်းကာ ခန္ဓါကိုယ်မှ စွန့်ထုတ်သည်။ ဓါတ်ခွဲခန်းအများစုသည် ရေတွင် ပျော်ဝင်နိုင်သော ဘီလီရူဘင်ကို စစ်ဆေးသည့် စစ်ဆေးမျှုများကို ပြုလုပ်ကြသည်။ စုစုပေါင်းပမာဏထဲမှ ထိုအမျိုးအစားကို နှုတ်လိုက်သော် ရေတွင် မပျော်ဝင်သော အခြားအမျိုးအစား […]


ဆေးစစ်ချက်များ

Biophysical Profile (ကိုယ်ဝန်ဆောင်ချိန်အတွင်း သင့်ကလေး၏ ကျန်းမာရေးကို စစ်ဆေးခြင်း)

Biophysical Profile ဆိုသည်မှာအဘယ်နည်း။ Biophysical Profile ဆိုသည်မှာ ကိုယ်ဝန်ဆောင်ချိန်အတွင်း သင့်ကလေး၏ ကျန်းမာရေးကို စစ်ဆေးခြင်းဖြစ်သည်။ Biophysical Profile စစ်ဆေးမှုတွင် ကလေး၏နှလုံးခုန်သံကို တိုင်းတာခြင်းနှင့် အာထရာဆောင်းရိုက်ခြင်းတို့ပါဝင်သည်။ ထိုစစ်ဆေးချက်တွင် ကလေး၏ ကြွက်သားတင်းအား၊ လှုပ်ရှားမှု၊ နှလုံးခုန်နှုန်း၊ အသက်ရှူခြင်းနှင့် ရေမွှာရေ မည်မျှရှိသည်ကို စစ်ဆေးခြင်းတို့ပါဝင်သည်။ ထိုစစ်ဆေးမှုသည် ကိုယ်ဝန်နောက်ဆုံးသုံးလထဲတွင် စစ်ဆေးလေ့ရှိသည်။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သင့်ကလေးတွင် ကျန်းမာရေးပြသနာများရှိနိုင်ပါက စစ်ဆေးမှုကို ၃၂ ပတ်မှ ၃၄ ပတ်အတွင်းတွင် စောစီးစွာ ပြုလုပ်နိုင်သည်။ အချိ့တွင် အန္တရာယ်များသောကိုယ်ဝန်ဖြစ်လျှင် ကိုယ်ဝန်နောက်ဆုံးသုံးလတွင် BPP ကို တစ်ပတ်လျှင် တစ်ခါ သို့မဟုတ် နှစ်ခါ စစ်ဆေးနိုင်ပါသည်။ BPP ကို ဘာအတွက် လုပ်ပါသနည်း။ အထူးဆေးကုသမှုလိုအပ်ပြီး အာရုံစိုက်စောင့်ကြည့်ရန်လိုအပ်သော မိခင်နှင့် ကလေးများတွင် BPP ကို ပြုလုပ်ရန်လိုအပ်ပါသည်။ […]


ဆေးစစ်ချက်များ

Blood Chemistry Screen (သွေးတွင်း ဓါတုဓါတ်များ စစ်ဆေးခြင်း )

Blood Chemistry Screen ဆိုသည်မှာအဘယ်နည်း။ ဓါတုဗေဒ စစ်ဆေးခြင်းသည် သွေးထဲတွင် ပါဝင်သော electrolytes ကဲ့သို့သော ပစ္စည်းအမျိုးမျိုးကို တိုင်းတာရန် စစ်ဆေးသော သွေးစစ်ချက်ဖြစ်ပါသည်။ ထိုသို့ စစ်ဆေးခြင်းဖြင့် သင်၏အထွေထွေ ကျန်းမာရေးကို စစ်ဆေးနိုင်ပြီး အချို့သော ပြသနာရှိနေလျှင် သိရှိနိုင်သည့်အပြင်၊ လက်ရှိကုသနေသော ကုသမှုများ အကျိုးရှိ၊ မရှိလည်း သိနိုင်ပါသည်။ ထိုစစ်ဆေးမှုသည် သွေးထဲတွင်ရှိသော အရေးကြီးသော electrolytes များကို တိုင်းတာနိုင်ပြီး၊ အောက်ပါအတိုင်း အခြားသော ဓါတုပစ္စည်းများကို လည်း စစ်ဆေးနိုင်ပါသည်။ • သွေးထဲရှိ သကြားဓါတ်သည် စွမ်းအင်ကို ထုတ်လုပ်ရန် ဆဲလ်များထဲတွင် ပြိုကွဲရသည်။ သကြားဓါတ်တက်နေခြင်းသည် စတီးရွိုက်ကဲ့သို့သော ဆေးများနှင့် ကုသနေခြင်း သို့မဟုတ် ဆီးချိုရောဂါဖြစ်ခြင်းကြောင့် ဖြစ်နိုင်သည်။ • ဆိုဒီယမ်ဓါတ် သည် ရေနှင့်ဆားဓါတ် အဝင်အထွက် မျှတမှုကို ပြနိုင်သည်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း