backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Electronystagmography


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Electronystagmogram ဆိုတာဘာလဲ။

Electronystagmogram (ENG) ဟာ ပုံမှန်မျက်စိလှုပ်ရှားမှုတွေနဲ့ ထိန်းချုပ်ထားခြင်းမရှိတဲ့ အလျင်အမြန် မျက်စိလှုပ်ရှားမှုတစ်မျိုးဖြစ်တဲ့ nystagmus ကို တိုင်းတာဖို့ အသုံးပြုပါတယ်။ သူဟာ မျက်စိလှုပ်ရှားမှုတွေကို ထိန်းချုပ်တဲ့ ကြွက်သားတွေကိုလည်း စစ်ဆေးပေးပါတယ်။ Electronystagmogram (ENG) ဟာ မျက်လုံး၊ နားအတွင်းပိုင်း တို့ကို စစ်ဆေးပေးပြီး ညီမျှမှုနဲ့ ဟန်ချက်ထိန်းနိုင်မှုတွေကို ဦးနှောက်က ဘယ်လောက်ထိန်းနိုင်လဲဆိုတာကို စစ်ဆေးပေးပါတယ် (ဥပမာ လဲလျောင်းနေရာက မတ်တပ်ထလိုက်စဉ် ဟန်ချက်ထိန်းနိုင်မှု)

Electronystagmogram (ENG) ဟာ နားအတွင်းပိုင်း၊ ဦးနှောက် (သို့) အာရုံကြောတွေ ပျက်စီးမှု ရှိမရှိလည်း စစ်ဆေးပေးပါတယ်။ ဒီပြဿနာတွေဟာ ခေါင်းမူးခြင်း၊ ချာချာလည်ခြင်းနဲ့ ညီမျှမှု ပျက်စီးခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

Nystagmus ဟာ ပုံမှန်အားဖြင့် ခေါင်းလှုပ်ရှားလိုက်ရင် ဖြစ်ပေါ်ပါတယ်။ ဒါပေမယ့် ခေါင်းမလှုပ်ရှားပဲ nystagmus ဖြစ်ခြင်း (သို့) နားအတွင်းပိုင်း၊ ဦးနှောက်နဲ့ အာရုံကြောတွေကို ထိခိုက်စေတဲ့ nystagmus လည်း ရှိပါတယ်။

ENG ပြုလုပ်စဉ်မှာ electrodes တွေကို မျက်လုံးအနီး မျက်နှာပေါ်မှာတက်ထားပြီး မျက်လုံးလှုပ်ရှားမှုတွေကို စစ်ဆေးတာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုတွေကို ဂရပ်ဖ် စာရွက် ပေါ်မှာ ရေးမှတ်မှာဖြစ်ပါတယ်။

Electronystagmogram တွေကို ဘာကြောင့် လုပ်ကြတာလဲ။

ဒီစစ်ဆေးမှုကို လူနာတစ်ယောက်က ရှင်းမပြနိုင်တဲ့ ခေါင်းမူးခြင်း၊ ချာချာလည်ခြင်း၊ အကြားအာရုံဆုံးရှုံးခြင်းတွေဖြစ်နေရင် ပြုလုပ်တာ ဖြစ်ပါတယ်။ acoustic neuroma၊ labyrinthitis၊ Usher syndrome နဲ့ Meniere’s disease အစရှိတဲ့ အခြေအနေတွေမှာလည်း အသုံးပြုပါတယ်။ တကယ်လို့ ရှိနေပြီးသား အနာတစ်ခုရှိနေခဲ့ရင် စစ်ဆေးမှုဟာ နေရာအတိအကျကို သိရှိနိုင်ပါတယ်။

သင့်ဆရာဝန်က Electronystagmogram ကို ပြုလုပ်စေတဲ့ အခြားအခြေအနေတွေလည်း ရှိနိုင်ပါတယ်။

ပြင်ဆင်မှု

Electronystagmogram ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

အချို့နေရာတွေမှာ နှလုံးစက် (pacemaker) တပ်ထားတယ်ဆိုရင် Electronystagmogram လုပ်ဖို့အဆင်မပြေပါဘူး။ ဘာလို့လဲဆိုတော့ မျက်စိလှုပ်ရှားမှုတွေကို တိုင်းတာ ရှိတဲ့ ကိရိယာက pacemaker ရဲ့ လုပ်ငန်းဆောင်တာကို ထိခိုက်မှု ရှိလို့ပဲဖြစ်ပါတယ်။

Electronystagmogram ဟာ နားအတွင်းပိုင်းပြဿနာတွေကို အဖြေမရှာနိုင်တာကြောင့် ပုံမှန်ဆိုတဲ့အဖြေဟာ နားအတွင်းပိုင်း ပြဿနာမ ရှိဘူးလို့ မဆိုလိုပါဘူး။ အကြားအာရုံဆုံးရှုံးခြင်း(သို့) နားအူခြင်း ကို စစ်ဆေးဖို့ အခြားစစ်ဆေးမှုတွေဖြစ်တဲ့ audiometry (သို့) auditory brain stem response test (ABR) စစ်ဆေးမှုတွေကို ပြုလုပ်နိုင်ပါတယ်။ အကျိတ် (သို့) လေဖြတ်ခြင်းဟာ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုခုမှာ ဖြစ်နေတယ်လို့ သံသယရှိရင် ကွန်ပျူတာဓါတ်မှန် သို့ သံလိုက်ဓါတ်မှန် ကို ရောဂါသိရှိစေဖို့ အတည်ပြုနိုင်ပါတယ်။

Electronystagmogram တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

သင်ဆရာဝန် ညွှန်ကြားချက်နဲ့ သောက်နေတဲ့ ဆေးတွေ၊ ဆေးဆိုင်က ဝယ်သောက်တဲ့ ဆေးတွေ၊ သဘာဝဆေးဖက်ဝင် အပင်ဖြည့်စွက်စာတွေ သောက်နေတယ်ဆိုရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။ ဆရာဝန်က စစ်ဆေးမှု မပြုခင် ၄နာရီလောက် အစာစားခြင်းကို ရှောင်ကြဉ်ဖို့ နဲ့ ကဖင်း (သို့) အရက်သောက်ခြင်းကို ၂၄ နာရီကနေ ၄၈ နာရီ ရှောင်ကြဉ်ဖို့ ပြောပါလိမ့်မယ်။ ဆရာဝန်က စိတ်ငြိမ်ဆေး၊ အိပ်ဆေး၊ အမူးပျောက်ဆေးတွေကို စစ်ဆေးမှုမ ပြုခင် ရှောင်ကြဉ်ဖို့ ပြောနိုင်ပါတယ်။

စစ်ဆေးမယ့်မနက်ပိုင်းမှာ များနေတဲ့ နားဖာချေး တွေကို သန့်ရှင်းရေးပြုလုပ်နိုင်ပါတယ်။

အကြားအထောက်အကူပြု (သို့) မျက်မှန်တပ်တယ်ဆိုရင် စစ်ဆေးမှုပြုစဉ်မှာ သင်နဲ့အတူ ယူသွားသင့်ပါတယ်။

စစ်ဆေးမှုမပြုခင်မှာ သဘောတူညီတဲ့ လက်မှတ် ထိုးရမှာ ဖြစ်ပါတယ်။

စစ်ဆေးမှု

Electronystagmogram နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

သင့်မျက်နှာပေါ်ကို electrode ငါးခု တပ်ဆင်မှာဖြစ်ပါတယ်။ မှောင်နေတဲ့ အခန်းထဲမှာ စစ်ဆေးမှု ပြုလုပ်မှာဖြစ်ပါတယ်။ စစ်ဆေးမှုမှာ အစိတ်အပိုင်းခြောက်ခု ပါဝင်မှာဖြစ်ပါတယ်။

• တိုင်းတာတဲ့ ကိရိယာအတွက် မှန်ကန်တဲ့ setting ဖြစ်စေဖို့ သင်ဟာ အလင်းသွားတဲ့နေရာကို မျက်လုံးနဲ့ လိုက်ကြည့်ရမှာဖြစ်ပါတယ်။ ဒီစစ်ဆေးမှု ပြုလုပ်နေစဉ် ဦးခေါင်းကို မလှုပ်ရှားသင့်ပါဘူး။

• သင်မျက်စိမှိတ်ထားချိန်မှာ ဖတ်တာကို ပြုလုပ်မှာ ဖြစ်ပါတယ်။ သင့်ကို စိတ်ပိုင်းဆိုင်ရာ အလုပ်တစ်ခုခု ပြုလုပ်နေစေမှာ ဖြစ်ပါတယ်။ ဥပမာ သင်္ချာပုစ္ဆာတစ်ပုဒ်ကို အဖြေရှာခိုင်းတာမျိုး ဖြစ်ပါတယ်။ စစ်ဆေးချက်အဖြေကို သင်အရှေ့တည့်တည့်ကြည့်ချိန်နဲ့ ဘေးဘက်ကြည့်ချိန်တွေမှာ ဖတ်မှာဖြစ်ပါတယ်။

• အဖြေကို သင့်မျက်လုံး နာရီချိန်သီး လိုမျိုး အရှေ့အနောက် သွားနေတဲ့ အချိန်မှာ ဖတ်မှာဖြစ်ပါတယ်။

• သင့်အမြင်အာရုံအပြင်ဘက်က လှုပ်ရှားနေတဲ့ အရာဝတ္တုကို ကြည့်နေတဲ့အချိန်မှာ အဖြေဖတ်မှာဖြစ်ပါတယ်။ ဒီအရာဝတ္ထုတစ်ခုစီဟာ သင့်အမြင်အာရုံကို စွန့်ခွာသွားရင် ချက်ခြင်း အခြားအရာဝတ္ထုတစ်ခုကို ကြည့်ဖို့ စေခိုင်းမှာဖြစ်ပါတယ်။

• အဖြေကို သင့်ခေါင်း ဘေးတစ်ဘက်စီ၊ အပေါ်အောက် လှုပ်ရှားနေတဲ့ အချိန်မှာ ဖတ်မှာဖြစ်ပါတယ်။ သင့်ခေါင်းကို ပုံစံမျိုးစုံ လှုပ်ရှားဖို့ စေခိုင်းမှာဖြစ်ပါတယ်။

• စစ်ဆေးမှု ဆုံးခါနီးမှာ ရေအေးနဲ့ ရေနွေးကို နားအတွင်းဘက်ထဲထည့်ပြီး မျက်စိလှုပ်ရှားမှုတွေကို တိုင်းတာမှာဖြစ်ပါတယ်။ အချို့ အခြေအနေတွေမှာ ရေအစား လေအေးနဲ့ လေနွေးတွေကို နားထဲမှုတ်ထည့်မှာ ဖြစ်ပါတယ်။ စစ်ဆေးမှုရဲ့ ဒီအပိုင်းကိုတော့ caloric test လို့ခေါ်ပြီး မျက်လုံးနားမှာ electrode တွေ အသုံးမပြုပဲနဲ့လည်း ပြုလုပ်နိုင်ပါတယ်။ caloric test ကို ထည့်လိုက်တဲ့ရေဟာ နားအလယ်ပိုင်းကို ဝင်ရောက်ပြီး ရောဂါပိုးဝင်စေတာကြောင့် နားစည်ပေါက်နေတဲ့ လူနာတွေမှာ အသုံးမပြုပါဘူး။ carloric test ကို ရေအစား လေနဲ့လည်း အသုံးပြုနိုင်ပေမယ့် နားစည်ပေါက်နေတဲ့ လူနာတွေမှာတော့ လုံးဝအသုံးမပြုသင့်ပါဘူး။

• ဒီစစ်ဆေးမှုဟာ တစ်နာရီကနေ တစ်နာရီခွဲအထိ ကြာမြင့်မှာဖြစ်ပါတယ်။

စစ်ဆေးပြီးနောက်

Electronystagmogram လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

ဒီစစ်ဆေးမှု ပြုလုပ်ပြီးရင် electrodes တွေကို ဖယ်ရှားလိုက်ပြီး electrodes တွေကပ်ဖို့ ဂျယ်လ် တွေကို ဆေးကြောမှာ ဖြစ်ပါတယ်။ ဂျယ်လ် တွေကို ပြန့်မသွားစေဖို့ မျက်လုံးပွတ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အားနည်းခြင်း၊ ခေါင်းမူးခြင်း၊ ပျို့ခြင်း လက္ခဏာတွေကို ရှာဖွေသင့်ပြီး မိနစ်အနည်းငယ် လှဲနေခြင်း (သို့) ထိုင်နေခြင်းတွေကို ပြုလုပ်သင့်ပါတယ်။ သင့်ဆရာဝန်ဟာ စစ်ဆေးမှု မပြုလုပ်ခင် ရပ်ထားတဲ့ဆေးတွေ ဘယ်အချိန် ပြန်စသောက်သင့်သလဲဆိုတာ ပြောပြပါလိမ့်မယ်။

စစ်ဆေးမှုအပြီးမှာ ထပ်ပိုလာတဲ့ (သို့) အခြား ညွှန်ကြားချက်တွေကို အခြေအနေကို လိုက်ပြီး ဆရာဝန်က ပြောပြမှာ ဖြစ်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

အဖြေတွေက ဘာကို ဆိုလိုတာလဲ။

အဖြေတွေမှာ ပုံမှန်နဲ့ ပုံမှန်မဟုတ်ဘူးဆိုပြီး နှစ်မျိုးရှိပါတယ်။

ပုံမှန်

စစ်ဆေးမှု ပြုလုပ်စဉ် ကိုယ်ခန္ဓါက ထိန်းချုပ်ထားခြင်း မရှိတဲ့ မျက်လုံးလှုပ်ရှားမှု ပုံမှန်မဟုတ်ခြင်းတွေကို မတွေ့မြင်ရပါဘူး။ Nystagmus အချို့ဟာသင်ခေါင်းကို လှည့်လိုက်စဉ်မှာ ပုံမှန်အတိုင်း ဖြစ်ပေါ်တာဖြစ်ပါတယ်။

ကိုယ်ခန္ဓါက ထိန်းချုပ်ထားခြင်း မရှိတဲ့ မျက်လုံးလှုပ်ရှားမှုတွေဟာ လားရာနဲ့ ပြင်းအား ပုံမှန်ပဲဆိုရင် caloric test ဟာ ပုံမှန်ပဲဖြစ်ပါတယ်။

ပုံမှန်မဟုတ်

ခေါင်းလှည့်လိုက်ခြင်းကြောင့် ဖြစ်တဲ့ Nystagmus ဟာ သတ်မှတ်အချိန်အတွင်း မပျောက်သွားရင် စစ်ဆေးမှုဟာ ပုံမှန်မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။ မျက်စိလှုပ်ရှားမှု နည်းခြင်း (သို့) စစ်ဆေးမှု ပြုလုပ်စဉ် လှုပ်ရှားမှု မရှိခြင်းတွေ တွေ့မယ်ဆိုရင် caloric test ဟာ ပုံမှန်မဟုတ်ပါဘူး။ ပုံမှန်မဟုတ်တဲ့ အဖြေတွေဟာ

• ထိန်းညှိမှုကို အကျိုးသက်ရောက်တဲ့ နား (သို့) ဦးနှောက်အတွင်းမှာရှိတဲ့ အာရုံကြော (သို့) အခြားအရာတွေရဲ့ ပျက်စီးမှု ကို ရှာဖွေပေးပါတယ်။

• Ménière’s disease၊ multiple sclerosis သို့ labyrinthitis (သို့) ဦးနှောက်ရောဂါတစ်ခုခု ရှိနေခြင်း (သို့) လေဖြတ်ထားတယ်ဆိုတာဖေါ်ပြ ပါတယ်။

ဘာတွေက စစ်ဆေးမှုကို အကျိုးသက်ရောက်မှု ရှိသလဲ။

သင်စစ်ဆေးမှု မပြုလုပ်နိုင်ခြင်း (သို့) စစ်ဆေးမှု အဖြေတွေဟာ အကူအညီမရခြင်းတွေ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကတော့-

• ကဖင်းအပါအဝင် လှုံ့ဆော်သောဆေးများ၊ စိတ်ကျရောဂါ ပျောက်ဆေး၊ စိတ်ငြိမ်ဆေး၊ ချာချာလည်အောင် မူးခြင်းတွေကို သက်သာစေတဲ့ ဆေးများသောက်နေခြင်း

• မျက်တောင်ခတ်ခြင်း အစရှိတဲ့ မျက်လုံးလှုပ်ရှားမှု (သို့) ခေါင်းလှုပ်ရှားမှု များလွန်းခြင်း

• စစ်ဆေးမှု ပြုလုပ်စဉ် စေခိုင်းချက်တွေကို မလိုက်နာနိုင်ခြင်း၊ အာရုံစူးစိုက်မှု ဆိုင်ရာ ပြဿနာများ၊ အမြင်အာရုံမကောင်းခြင်းနဲ့ အိပ်ငိုက်ခြင်းတွေဟာ စစ်ဆေးမှု အဖြေကို သက်ရောက်မှု ရှိနိုင်ပါတယ်။

ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး electronystagmogram ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

သင့်မှာ electronystagmogram နဲ့ပတ်သက်တဲ့ မေးခွန်းတွေ ရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement