အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ဆေးစစ်ချက်များ

Arthroscopy Of Your Elbow (တံတောင်ဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း)

တံတောင်ဆစ်အတွင်းမှန်ပြောင်းဖြင့်စစ်ဆေးခြင်းဆိုတာဘာလဲ တံတောင်ဆစ်အတွင်းမှန်ပြောင်းဖြင့်စစ်ဆေးခြင်းနဲ့ အဆစ်အတွင်းမှာဘာပြသနာတွေဖြစ်နေလဲဆိုတာ ဆရာဝန်အနေနဲ့ အရေပြားမှာ ကြီးကြီးမားမားခွဲစိတ်စရာမလိုဘဲရောဂါရှာဖွေကုသနိုင်ပါတယ်။ နာကျင်မှုကိုသက်သာစေပြီးလျင်မြန်စွာပျောက်ကင်းစေပါတယ်။ အရိုးဆစ်အတွင်းမှန်ပြောင်းဖြင့်စစ်ဆေးခြင်း (သော့ပေါက် ခွဲစိတ်မှု) ဟာအဆစ်အတွင်းပိုင်းကိုစစ်ဆေးဖို့ အရေပြားမှာအပေါက်ငယ်ဖောက်ပြီးမှန်ဘီလူးနဲ့ထည့်သွင်းကြည့်ရှုပေးတဲ့ ကုသမှုအစီအစဉ်ပဲ ဖြစ်ပါတယ်။ သင့်ရဲ့ ခွဲစိတ်ဆရာဝန်ဟာ အထူး ပြုလုပ်ထားတဲ့ ခွဲစိတ်ကိရိယာသုံးပြီးတချို့ရောဂါတွေကိုကုသပေးနိုင်ပါတယ်။   တံတောင်ဆစ်အတွင်းမှန်ပြောင်းဖြင့်စစ်ဆေးခြင်းဘာကြောင့် ပြုလုပ်သလဲ ရည်ရွယ်ချက်ကတော့ ဘာဖြစ်နေသလဲဆိုတာတိကျစွာသိပြီးလိုအပ်ရင် တခါတည်းကုသပေးနိုင်ဖို့ ဖြစ်ပါတယ်။ သင့်ရဲ့ဆရာဝန်ဟာ သင့်အနေနဲ့ မခွဲစိတ်ရတဲ့နည်းလမ်းနဲ့ နာကျင်တာမပျောက်ခဲ့ရင်ဒီနည်းကိုညွှန်ပါလိမ့်မယ်။ မခွဲစိတ်ရတဲ့နည်းဆိုတာအနားယူခြင်း၊ ကာယကုသခြင်း၊ သောက်ဆေးပေးခြင်း၊ ရောင်ရမ်းမှု ကျဆင်းအောင် ဆေးထိုးခြင်းစတာတွေ ဖြစ်ပါတယ်။ ရောင်ရမ်းခြင်းဆိုတာထိခိုက်မှု ဒါမှမဟုတ် ရောဂါအတွက် ကိုယ်ခန္ဓါကနေတုံ့ပြန်တဲ့ပုံမှန်ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ တံတောင်ဆစ်မှာဒဏ်ရာသို့ ရောဂါရနေပြီဆိုရင်ရောင်ရမ်းပြီးနာကျင်တောင့်တင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ဒဏ်ရာရခြင်း၊ အလွန်အကျွံသုံးခြင်း၊ အသက်အရွယ်အရပျက်စီးခြင်းစတာတွေဟာတံတောင်ဆစ်မှာအဓိကဒုက္ခပေးတဲ့ ပြသနာတွေပဲ ဖြစ်ပါတယ်။တံတောင်ဆစ်အတွင်းမှန်ပြောင်းနဲ့ စစ်ဆေးကုသခြင်းဟာအဆစ်ပတ်လည်ကအရိုးနုနဲ့တစ်သျှူးတွေကိုထိခိုက်စေတဲ့ ပြသနာကြောင့် ဖြစ်ရတဲ့ နာကျင်မှုတွေကိုသက်သာစေပါတယ်။ ဒီနည်းလမ်းဟာလျော့ရဲ့နေတဲ့ အရိုးနဲ့ အရိုးနုအပိုင်းအစတွေနဲ့ လှုပ်ရှားမှုကိုဟန့်တားတဲ့ အမာရွတ်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။ လက်ကောက်ဝတ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ပြုလုပ်တဲ့အခါ ဖြစ်နိုင်ခြေအန္တရာယ်တွေကဘာတွေလဲ တံတောင်ဆစ် […]


ဆေးစစ်ချက်များ

Arthroscopy Of Your Shoulder (ပခုံးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း)

ပခုံးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ဆိုတာ ဘာလဲ ဒီနည်းဟာ သင့်ရဲ့ခွဲစိတ်ဆရာဝန်အနေနဲ့ သင့်ရဲ့ပခုံးအတွင်း ခွဲစိတ်ရာကြီးကြီးမားမား မပေးရဘဲ ရောဂါရှာဖွေနိုင်၊ ကုသနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းနဲ့ဆိုရင် နာကျင်မှုကို သက်သာစေပြီး နေကောင်းတာလည်း မြန်ပါတယ်။ အရေပြားမှာ သော့ပေါက်လောက်ပဲရှိတဲ့ အပေါက်ဖောက်ပြီး ပခုံးသားထဲကို မှန်ဘီလူးထည့်ကာ စစ်ဆေးနိုင်ပါတယ်။ သင့်ရဲ့ ခွဲစိတ်ဆရာဝန်ဟာ အထူး ပြုလုပ်ထားတဲ့ ခွဲစိတ်ကိရိယာသုံးပြီး တချို့ရောဂါတွေကို ကုသပေးနိုင်ပါတယ်။   ပခုံးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ဘာကြောင့် ပြုလုပ်သလဲ ဒီနည်းလမ်းဟာ ဘာရောဂါရှိတယ်ဆိုတာကို အတည်ပြု နိုင်ပြီး လူအများမှာတော့ ကုသမှုကိုပါ တပြိုင်တည်း ပြုလုပ်ပေးနိုင်ပါတယ်။ ပခုံးမှာဖြစ်တဲ့ တချို့ ပြသနာတွေအတွက် သုံးနိုင်ပါတယ်။ အရိုးနု (သို့) အရွတ် စုတ်ပြဲခြင်း၊ ထိခိုက်ခြင်း ပခုံးဆစ်မငြိမ်ခြင်း၊ လျော့ရဲခြင်း၊ လျှောကျခြင်း၊ အဆစ်ပြုတ်လွယ်ခြင်း လက်မောင်း Bicep ကြွက်သားအရွတ် […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Bilateral Vasectomy (အမျိုးသား သားကြောဖြတ်ခွဲစိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်အမျိုးသားများသားကြောဖြတ်ရန် ခွဲစိတ်ခြင်းဆိုတာဘာလဲ အမျိုးသားများသားကြောဖြတ်ခြင်းဆိုတာအမြဲတမ်းကလေးမရနိုင်တော့အောင် ခွဲစိတ်ကုသပေးခြင်းပဲ ဖြစ်ပါတယ်။ ဒီခွဲစိတ်ခြင်းဟာ ဝှေးစေ့မှာရှိတဲ့ သုက်ပိုးများကိုယောက်ျားတန်ဆာဆီပို့ဆောင်ပေးတဲ့ သုက်ပို့ပြွန်၂ခုကို ဖြတ်တောက်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် သုက်ပိုးများဟာသုက်ရည်ထဲမရောက်နိုင်တော့ပါဘူး။ သုက်ရည်ထဲသုက်ပိုးမပါတဲ့အခါ မမျိုးဥနဲ့ မပေါင်းနိုင်တော့တာမို့ ဒီနည်းကိုကလေးမရဖို့ သုံးနိုင်ပါတယ်။ ဆောင်ရန်ရှောင်ရန်များအမျိုးသားများသားကြောဖြတ်ရန် ခွဲစိတ်ခြင်းကိုဘယ်အချိန်မှာခံယူသင့်သလဲ သင်နဲ့ သင့်အိမ်ထောင်ဖက်ဟာတခြားသားဆက်ခြားနည်းတွေ မသုံးချင်တော့ရင် ဒီနည်းကိုအသုံးပြုနိုင်ပါတယ်။   အမျိုးသားများသားကြောဖြတ် ခွဲစိတ်ခြင်းမခံယူခင် ဘာတွေသိထားသင့်သလဲ ဒီခွဲစိတ်မှုကြောင့် လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်နဲ့ ခံစားမှုမှာကျဆင်းမသွားပါဘူး။ သုက်ရည်ထွက်မှုလည်းကျမသွားပါဘူး။ ဒီခွဲစိတ်မှုဟာဘေးကင်းတာများပေမယ့် ဖြစ်နိုင်ခြေပြသနာတွေကိုအရင်သိထားဖို့ လိုပါတယ်။ ဒီခွဲစိတ်မှုကိုမခံယူခင်မှာသတိပြုရမယ့်အချက်တွေနဲ့ သတိပေးချက်တွေကိုနားလည်သိရှိထားဖို့ လိုပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။ လုပ်သင့်သည်များသားကြောဖြတ် ခွဲစိတ်မှု မလုပ်ခင် ဘာတွေလုပ်သင့်သလဲ ခွဲစိတ်မှုကိုမေ့ဆေးပေးပြီးလုပ်ဆောင်မှာ ဖြစ်ပါတယ်။ မခွဲခင်မှာ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့အညီဆီးခုံမွေးတွေကိုရိတ်သင့်ပါတယ်။ ပြီးရင် သန့်ရှင်းအောင် ဆေးကြောထားရပါမယ်။ သင်ဆန္ဒရှိရင် အစားနည်းနည်းစားနိုင်ပါတယ်။ ရေခဲအိတ်လုပ်ပြီးယူဆောင်သွားဖို့လည်းလိုပါတယ်။ ဆေးရုံကိုသွားရင် အဖော်တယောက်ယောက် ခေါ်သွားသင့်ပါတယ်။ သားကြောဖြတ်ခွဲစိတ်မှုရဲ့ ပုံမှန်အဆင့်တွေကဘာတွေလဲ ခွဲစိတ်မှုမှာမေ့ဆေးပေးခြင်း ပါဝင်ပြီး ၁၅မိနစ်ကနေ မိနစ်၂၀ထိ ကြာနိုင်ပါတယ်။ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Blepharoplasty (မျက်ရစ်ဖော်ရန် ခွဲစိတ်ခြင်း)

မျက်ရစ်ဖော်ရန် ခွဲစိတ်ခြင်းဆိုတာဘာလဲ မျက်ရစ်ဖော်ရန် ခွဲစိတ်ခြင်းဆိုတာအပေါ်မျက်ခွံဖြစ်စေ၊ အောက်မျက်ခွံဖြစ်စေ၊ ၂ခုစလုံးဖြစ်စေ ကြည့်ကောင်းအောင် ပြုပြုင်ခြင်းပဲ ဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ မျက်ခွံများဟာပိုရှည်လာပြီးမျက်ခွံကြွက်သားများအားနည်းလာပါတယ်။ အကျိုးဆက်အနေနဲ့ အဆီဓါတ်ဖြစ်စေတဲ့ တစ်သျှူးတွေ စုလာပြီးမျက်ခွံတွေ မို့လာစေပါတယ်။ အသက်ကြီးလာခြင်းကြောင့် ရင့်ရော်လာရုံသာမကမျက်ခွံတွေဖောင်းမို့လာတဲ့အခါ မြင်ကွင်းကိုပါ ကျဉ်းလာစေပါတယ်။ အထူးသဖြင့် အပေါ်ပိုင်း မြင်ကွင်းဟာကျဉ်းလာပါတယ်။ မျက်ရစ်ဖော်ခွဲစိတ်ခြင်းကြောင့် မြင်ကွင်းကျဉ်းလာတဲ့ ပြဿနာကိုဖြေရှင်းပေးတဲ့အပြင် သင့်မျက်လုံးကိုပိုမိုနုပျိုသွားစေပြီးဆွဲဆောင်မှုရှိလာစေပါတယ်။   မျက်ရစ်ဖော်ရန် ခွဲစိတ်ခြင်းဘယ်အချိန်မှာခံယူသင့်သလဲ သင့်မျက်ခွံတွေဟာမျက်လုံးကောင်းကောင်းမပွင့်နိုင်အောင် ပိတ်လာရင်၊ အပေါ်မျက်ခွံတွဲကျလာရင် မျက်ရစ်ဖော်ခွဲစိတ်ခြင်း ပြုလုပ်သင့်ပါတယ်။ မျက်ခွံတွေဆီကနေပိုနေတဲ့ တစ်သျှူးတွေကိုဖယ်ထုတ်လိုက်ရင် သင့်မြင်ကွင်းပိုကောင်းသွားပြီးမျက်လုံးဟာ နုပျိုပြီးဆွဲဆောင်မှုရှိလာမှာ ဖြစ်ပါတယ်။ ဒီခွဲစိတ်မှုကိုအောက်ပါအခြေအနေတွေမှာ ပြုလုပ်သင့်ပါတယ်။ အပေါ်မျက်ခွံများငိုက်ကျပြီးဖောင်းနေခြင်း အပေါ်မျက်ခွံမှ အရေပြားဟာသင့်ဘေးဘီမြင်ကွင်းကိုပိတ်ဆို့နေခြင်း အောက်မျက်ခွံများတွဲကျလာပြီးသူငယ်အိမ် အောက်ပိုင်းကို မြင်နေရခြင်း အပေါ်မျက်ခွံတွင် အရေပြားများပိုနေခြင်း မျက်လုံးအောက်ဝန်းကျင်တွင် ဖောင်းမို့နေခြင်း မျက်ရစ်ဖော်ရန် ခွဲစိတ်ခြင်းမခံယူခင် ဘာတွေသိထားသင့်သလဲ ဤ ခွဲစိတ်မှုသည်ပလတ်စတစ်ဆာဂျရီတမျိုးပါပဲ။ ဆိုးရွားပြီး ကြာရှည်တဲ့ ပြဿနာတွေ သိပ်မရှိပေမယ့် တခါတလေနောက်ဆက်တွဲပြသနာတချို့ ရှိပါတယ်။ […]


ဆေးစစ်ချက်များ

Bronchoscopy (လေပြွန် မှန်ပြောင်းစစ်ဆေးခြင်း)

လေပြွန်မှန်ပြောင်းစစ်ဆေးခြင်းဆိုတာဘာလဲ။ အသက်ရှူလမ်းကြောင်းအတွင်းမှန်ပြောင်းဖြင့် စစ်ဆေးခြင်းဆိုတာဟာအသက်ရှူလမ်းကြောင်းအတွင်းပိုင်းကိုစစ်ဆေးဖို့ ကင်မရာနဲ့ အလင်းရောင်ပါတဲ့ ပြွန်ငယ်ကိုအသက်ရှူလမ်းကြောင်းကနေထည့်သွင်းပြီးစစ်ဆေးရတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။ လည်ချောင်း၊ အသံအိုး၊ လေပြွန်ဝ၊ လေပြွန် စတာတွေကိုစစ်ဆေးပါတယ်။ ဆရာဝန်ဟာ သင့်မှာအဆုတ်နဲ့ လေပြွန်ဆိုင်ရာရောဂါတခုခုရှိမယ်ထင်ရင်၊ ရင်ခေါင်းထဲမှာ ပြန်ရေကြောနဲ့ ပတ်သက်တဲ့ ပြသနာတခုခုရှိမယ်ထင်ရင် ဒီနည်းနဲ့စစ်ဆေးဖို့ ညွှန်ကြားပါလိမ့်မယ်။ တခါတရံမှာရောဂါတချို့ကို (ဥပမာ ပြင်ပပစ္စည်းတခုခု ရှိုက်သွင်းမိတာ) ကုသဖို့ ဒီနည်းကိုအသုံးပြုပါတယ်။   လေပြွန်မှန်ပြောင်းစစ်ဆေးခြင်းဘာကြောင့် ပြုလုပ်သလဲ။ သင့်ရဲ့ဆရာဝန်ဟာ အောက်ပါ ပြဿနာတွေမှာမှန်ပြောင်းထည့်သွင်းကုသဖို့ ညွှန်ပါလိမ့်မယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများတွင် (သွေးထွက်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ တာရှည်ချောင်းဆိုးခြင်း) အကြောင်းရင်းရှာရန် ဓါတ်မှန်၊ ကွန်ပျူတာဓါတ်မှန်စသည့် အခြားစစ်ဆေးနည်းများဖြင့် အဆုတ်နှင့် ရင်ခေါင်းရှိ ပြန်ရေကြောအကျိတ်များတွင် ပြသနာရှိနေကြောင်းသိရချိန်တွင် အသားစနမူနာယူရန် အဆုတ်ရောဂါများကိုရှာဖွေစစ်ဆေးရန် အသားစ (သို့) သလိပ်နမူနာယူစစ်ဆေးရန် အဆုတ်ကင်ဆာပမာဏကိုခန့်မှန်းရန် အသက်ရှူလမ်းကြောင်းအတွင်းမှ ပြင်ပပစ္စည်းကိုဖယ်ရှားရန် အသက်ရှူလမ်းကြောင်းတွင် ဖြစ်လာသောအကျိတ်ကိုစစ်ဆေးဖယ်ရှားရန် အသက်ရှူလမ်းကြောင်းကျဉ်းခြင်းကိုကုသအဖြေရှာရန် ဓါတ်ရောင်ခြည်ကုသနည်းဖြင့်အသက်ရှူလမ်းကြောင်းရှိကင်ဆာရောဂါကိုကုသရန် စတာတွေဖြစ်ပါတယ်။ လေပြွန်မှန်ပြောင်းစစ်ဆေးခြင်းပြုလုပ်တဲ့အခါ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Bunion Surgery (ဘူနီယွန် ခြေမရိုးခွဲစိတ်မှု )

Bunion Surgery(ဘူနီယွန် ခြေမရိုးခွဲစိတ်မှု) ဆိုတာဘာလဲ Bunion Surgery ဆိုတာ Bunion ကြောင့် ဖိအားတွေ၊ နာကျင်မှုတွေဖြစ်တဲ့အခါ ဖယ်ပစ်ဖို့လုပ်တဲ့ ခွဲစိတ်မှုတစ်ခုပါ။ Bunion ဆိုတာ ခြေထောက်အပေါ်ဘက်၊ ခြေမအောက်ခြေမှာ ခြေမရိုးပုံယိုယွင်းသွားပြီး ရောင်ရမ်းနာကျင်နေခြင်းကိုခေါ်ပါတယ်။ ထိုခွဲစိတ်မှုက ခြေမကိုပြန်ဆန့်ပေးပြီး ခြေချောင်းတွေကိုသာမန် ရှူးဖိနပ်တွေနဲ့တော်အောင် ပြန်လုပ်ပေးနိုင်ပါတယ်။ Bunions များဖြစ်ရခြင်းအဓိကအကြောင်းကတော့ ရှူးဖိနပ်တွေက ခြေမအတွက်လုံလောက်အောင် မကျယ်တာကြောင့်ဖြစ်တယ်။ ဒါကြောင့်ခြေမကပုံမှန်နေရာမှာမနေနိုင်တော့ဘဲ ရောင်ရမ်းလာခြင်းဖြစ်တယ်။ တခါတရံမှာ ထိုရောဂါက ခြေမအခြေမှာ အရိုးအဆစ်ရောင်ခြင်းနဲ့ပါတွဲဖြစ်တတ်ပါတယ်။ ဘာကြောင့်ထိုခွဲစိတ်မှုလုပ်ရတာလဲ ထို Bunion ခြေမရိုးပုံယွင်းခြင်းအများစုဟာ ခွဲစိတ်စရာမလိုပဲ ကုသလို့ရပါတယ်။ ဒါပေမယ့် မခွဲစိတ်ဘဲမသက်သာဘူးဆိုရင်တော့ နာကျင်မှုပျောက်ဖို့နဲ့ ခြေထောက်ပုံယွင်းနေမှုကိုပြင်ဖို့ ခွဲစိတ်ရပါလိမ့်မယ်။ ခွဲစိတ်မှုကိုများသောအားဖြင့်- မခွဲစိတ်ဘဲနာကျင်မှုမသက်သာတော့တဲ့အခါ လမ်းလျှောက်ခြင်း ၊ ပုံမှန်လှုပ်ရှားမှုတွေမှာ ခက်ခဲနေပြီဆိုရင် လုပ်လေ့ရှိပါတယ်။ ဖြစ်လာနိုင်တဲ့အန္တရာယ်တွေ ထိုခြေထောက်ခွဲစိတ်မှုလုပ်ဖို့လေ့လာရင် ရိုးရှင်းတဲ့ခွဲစိတ်မှုနဲ့ ခြေထောက်ကိုလုံးဝအကောင်းပကတိဖြစ်အောင် ခွဲပေးနိုင်တယ်ဆိုတဲ့ ကြော်ငြာတွေကိုသတိထားပါ။ ဒါတွေကမှားပါတယ်။ ခွဲစိတ်မှုရဲ့အဓိကရည်ရွယ်ချက်က နာကျင်မှုသက်သာပြီး […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Diagnostic Laparoscopy (ဝမ်းဗိုက်အတွင်း မှန်ပြောင်းဖြင့် ရောဂါရှာဖွေကုသခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ဝမ်းဗိုက်အတွင်း မှန်ပြောင်းဖြင့် ရောဂါရှာဖွေကုသခြင်းဆိုတာဘာလဲ။ ဝမ်းဗိုက်အတွင်းမှန်ပြောင်းဖြင့်ရောဂါရှာဖွေကုသခြင်းဆိုတာဟာဝမ်းဗိုက်နဲ့တင်ပါးဆုံရိုးအတွင်းပိုင်းကကိုယ်တွင်းအင်္ဂါတွေကိုမှန်ပြောင်းနဲ့စစ် ဆေးပြီးရောဂါကုသတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ မှန်ပြောင်းကြည့်ချိန်မှာပြဿနာတစုံတရာတွေ့ရင် တချိန်တည်းမှာပဲအသေးစားခွဲစိတ်မှုတွေ ပြုလုပ်ပါတယ်။ ဒီနည်းဟာ ဝမ်းဗိုက်နဲ့ တင်ပါးဆုံရိုးအတွင်းပိုင်းကနာကျင်ခြင်းနဲ့ အမျိုးသမီးများဓမ္မတာလာစဉ် ပြဿနာများ၊ မြုံခြင်းကိစ္စတွေမှာအကြောင်းရင်းများရှာဖွေရန် အသုံးဝင်ပါတယ်။ ဒါ့အပြင်သားအိမ်တစ်ရှူးသားအိမ်ပြင်ပရောက်ခြင်း (Endometriosis)ရောဂါ၊ ရောဂါပိုးဝင်ခြင်း၊ မျိုးပွားအင်္ဂါများတစ်ခုခုနှင့် တစ်ခုတွဲကပ်သွားခြင်း၊ မျိုးဥပြွန်ထိခိုက်ခြင်း၊ သားအိမ်ပြင်ပသန္ဓေတည်ခြင်း၊ မျိုးဥအိမ်အရည်အိတ်တည်ခြင်းစတဲ့ပြသနာတွေကိုရှာဖွေအတည်ပြုရာမှာလည်း အသုံးဝင်ပါတယ်။     လက္ခဏာများဝမ်းဗိုက်အတွင်း မှန်ပြောင်းဖြင့် ရောဂါရှာဖွေကုသခြင်းဘာကြောင့် ပြုလုပ်သလဲ။ တခြားစစ်ဆေးမှုတွေနဲ့ ရောဂါရှာဖွေရာမှာမထိရောက်တဲ့အခါ ဆရာဝန်ဟာ ဒီနည်းကိုအသုံးပြုပါတယ်။ ဒီနည်းနဲ့ အသားစရယူပါတယ်။ သင့်ရဲ့ဆရာဝန်ဟာ အောက်ပါ ကိုယ်တွင်းအင်္ဂါတွေကိုစစ်ဆေးဖို့မှန်ပြောင်းကြည့်တဲ့နည်းကိုညွှန်ပါလိမ့်မယ်။ အူအတက် သည်းခြေအိတ် အသည်း မုန့်ချိုအိတ် အူသိမ်နှင့်အူမ ဘေလုံး အစာအိမ် တင်ပဆုံရိုးအတွင်းပိုင်း မျိုးပွားအင်္ဂါများ အထက်ပါနေရာတွေကိုမှန်ပြောင်းကြည့် စစ်ဆေးပြီးချိန်မှာ ဆရာဝန်ဟာ အောက်ပါပြဿနာတွေရဲ့ အကြောင်းရင်းကိုရှာဖွေနိုင်ပါတယ်။ ဝမ်းဗိုက်အောင့်ခြင်း ဝမ်းဗိုက်အတွင်းမှ အကျိတ် ဝမ်းဗိုက်အတွင်း အရည်များစုခြင်း အသည်းရောဂါ အချို့ကုထုံးများ၏ ထိရောက်မှု ကင်ဆာရောဂါပြန့်ပွားမှုပမာဏ အကြောင်းရင်းများဝမ်းဗိုက်အတွင်း မှန်ပြောင်းဖြင့် ရောဂါရှာဖွေကုသခြင်းပြုလုပ်တဲ့အခါ ဖြစ်နိုင်ခြေအန္တရာယ်တွေကဘာတွေလဲ။ ရောဂါပိုးဝင်ခြင်း ဖြစ်ပွားနိုင်ပါတယ်။ ဒါကို ပဋိဇီဝဆေးနဲ့ ကာကွယ်နိုင်ပါတယ်။ အူရောင်ခြင်း၊ ရေဖျဉ်းစွဲခြင်း၊ ယခင်က ဝမ်းဗိုက်ခွဲစိတ်ဖူးခြင်းများရှိရင် မှန်ပြောင်းကြည့်ခြင်းမပြုလုပ်နိုင်ပါဘူး။ အတွေ့ရအများဆုံးနောက်ဆက်တွဲ ပြသနာကတော့ သွေးထွက်ခြင်းနဲ့ ပိုးဝင်ခြင်းပဲ ဖြစ်ပါတယ်။ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ခွဲစိတ်ကုသမှုပြီးနောက် ဂရုစိုက်သင့်သည်များ

ခွဲစိတ်မှုပြုလုပ်ပြီးတဲ့လူနာတစ်ယောက်လုပ်ဖို့လိုအပ်တာကသူ့ကိုယ်သူသေချာဂရုစိုက်တာပါဘဲ။ ဒါကသင့်ရဲ့ကျန်းမာရေးပြန်လည်ကောင်းမွန်လာဖို့ကိုအထောက်အကူပြုတဲ့အပြင်ဒဏ်ရာကိုရောဂါပိုးဝင်ခြင်းမှလည်းကာကွယ်ပေးပါတယ်။   ခွဲစိတ်မှုပြီးတဲ့အခါ သင်ဘာတွေခံစားရနိုင်သလဲ ။ ခွဲစိတ်မှုပြီးတဲ့အခါမှာသင်ဟာ မေ့ဆေးအရှိန်ကြောင့်အားနည်းပြီးရီဝေဝေခံစားရနိုင်ပါတယ်။ ဆရာဝန်ကသင့်ကို ပိုက်နဲ့ဲပဲဖြစ်ဖြစ်နှာခေါင်းအုပ်နဲ့ပဲဖြစ်ဖြစ် အောက်ဆီဂျင်ထောက်ပံ့ပေးပါမယ်။ မေ့ဆေးရှိန်ကြောင့်ဖျားနာခြင်း၊အန်ခြင်းတွေလည်းဖြစ်နိုင်ပါသေးတယ်။ သင့်ကိုဒါတွေကနေသက်သာစေဖို့ဆရာဝန်ကဆေးပေးပါလိမ့်မယ်။ ဒါ့အပြင်သင်ဟာနှုတ်ခမ်းခြောက်ခြင်း၊လည်ချောင်းနာခြင်းတို့လည်းဖြစ်နိုင်ပါတယ်။ သင့်ရဲ့သူနာပြုကခွဲစိတ်မှုအပြီးသင်ကျန်းမာမှုရှိမရှိသေချာဖို့အတွက်သင့်ရဲ့သွေးဖိအားနဲ့အပူချိန်ကိုလာတိုင်းမှာပါ။ ခွဲစိတ်ထားတဲ့ဒဏ်ရာကသင့်ရဲ့ပုံပန်းသွင်ပြင်ကိုပြောင်းလဲစေတဲ့အတွက်သင်ဂရုစိုက်မိနေပါလိမ့်မယ်။ သင့်အနေနဲ့ သေချာဂရုစိုက်မယ်ဆိုရင်လုံးဝပျောက်ကင်းနိုင်ပါတယ်။ ခွဲစိတ်ဒဏ်ရာကအများသောအားဖြင့်နှစ်ပတ်ဆိုကောင်းပါပြီ။ တကယ်လို့သင်က စတီးရွိုက်လိုမျိုးဆေးတွေသောက်နေရတာမျိုး၊တခြားကျန်းမာရေးအခြေအနေရှိတာပဲမျိုးမျိုးဆိုရင်တော့နှစ်ပတ်ထက်ပိုကြာနိုင်ပါတယ်။   ဘယ်လိုဂရုစိုက်ရမလဲ ။ သွေးခဲခြင်းမဖြစ်ပါစေနဲ့။ သွေးမခဲစေဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့်ဖြစ်နိုင်ရင်သင့်အနေနဲ့နည်းနည်းလှုပ်ရှားနေပေးပါ။ အိပ်ရာပေါ်မှာပဲလှဲနေခြင်းကသင့်ကိုအနာမြန်မြန်မကျက်စေပါဘူး။ ဒါကသင့်ကိုသွေးခဲနိုင်ချေတောင်များစေပါတယ်။ ခြေထောက်လေ့ကျင့်ခန်းတွေလုပ်နေပေးတာကသင့်ကိုသွေးမခဲစေတော့ပါဘူး။ ခြေထောက်လေ့ကျင့်ခန်းဆိုတာကဘာမှခက်ခက်ခဲခဲမဟုတ်ပါဘူး။ ဒူးကိုကွေးလိုက်ဆန့်လိုက်ဒါမှမဟုတ် ခြေကျင်းဝတ်ကိုလှည့်လိုက်ဒါတွေပဲဖြစ်ပါတယ်။ သင်ခွဲစိတ်မှုအပြီးမှာဆရာဝန်ကသင့်ခြေထောက်သွေးလည်ပတ်မှုကိုအထောက်အကူပြုတဲ့ အထူးခြေအိတ်ကိုပေးချင်ပေးပါလိမ့်မယ်။ ဘယ်လိုအသုံးပြုရမလဲဆိုတာတော့နားလည်အောင်လုပ်ပါ။ ရောဂါပိုးဝင်နိုင်ခြေကိုလျှော့ပါ။ ခွဲစိတ်ပြီးအနာမကျက်ခင်အချိန်မှာသင်ဟာရောဂါပိုးကူးစက်ဖို့လွယ်ကူနေပါတယ်။ ရောဂါပိုးကူးစက်နိုင်ချေနည်းဖို့အတွက်သင်ဟာဆရာဝန်နဲ့အနာကိုဘယ်လောက်ကြာအောင်ခြောက်သွေ့စေရမလဲမေးပြီးဆရာဝန်ပြောတဲ့အတိုင်းလိုက်နာသင့်ပါတယ်။ နေ့စဉ်ဒဏ်ရာကို ရောဂါပိုးဝင်နေလားဆိုတာစစ်ဆေးဖို့လည်းမမေ့ပါနဲ့။ ဒါ့အပြင်သင်မလုပ်သင့်တာတစ်ခုရှိပါသေးတယ်။ သင့်ရဲ့ဒဏ်ရာကိုကုတ်တာပဲဖြစ်ဖြစ် ၊ပွတ်တာပဲဖြစ်ဖြစ်လုပ်တာကအနာအတွက်မကောင်းပါဘူး။ ကပ်ထားတဲ့ပတ်တီးပြားတွေကိုဆရာဝန်မပြောဘဲမခွာပါနဲ့။ ဆရာဝန်ရေချိုးခွင့်မပေးမချင်းရေပတ်ဘဲတိုက်ပါ။ ဒါပေမယ့် ရေပတ်ပဲတိုက်တိုက်၊ ရေပဲချိုးချိုးသင့်ဒဏ်ရာကိုပလတ်စတစ်နဲ့အုပ်ထားရပါမယ်။ သင့်ရဲ့ခွဲစိတ်ထားသောချုပ်ရိုးကိုဂရုစိုက်ပါ။ ချုပ်ရိုးကိုချုပ်ကြိုး၊တွဲစက်ဒါမှမဟုတ်ခွဲစိတ်ခန်းသုံးကော်တွေနဲ့ပိတ်ထားပါလိမ့်မယ်။ တွဲစက်နဲ့တွဲထားတာဆိုရင်အနာကျက်တာနဲ့ဆရာဝန်ကတွဲစက်တွေကိုဖြုတ်ပေးပါမယ်။ ဒဏ်ရာကအများသောအားဖြင့်၅ရက်ကနေ၁၀ရက်အတွင်းကျက်ပါတယ်။ ချုပ်ကြိုးနဲ့ဆိုရင်တော့အချိန်ကြာလာလို့ချုပ်ကြိုး ပျောက်သွားတာပဲဖြစ်ဖြစ်ဆရာဝန်ကဖြည်ပေးတာပဲဖြစ်ဖြစ်လုပ်ပါလိမ့်မယ်။ ချုပ်ကြိုးစတွေ၊တွယ်စက်တွေ၊ ကော်တွေကိုလက်နဲ့ဆွခြင်းမပြုရပါဘူး။ တကယ်လို့ဒဏ်ရာကယားလာတယ်ဆိုရင်အယားပြေဖို့ဆရာဝန်ဆီကဆေးတောင်းနိုင်ပါတယ်။ တကယ်လို့ ချုပ်ရာကသွေးထွက်လာတယ်ဆိုရင်ပုဝါသန့်သန့်ကိုယူပြီး၅မိနစ်ခန့်ဖိအုပ်ထားနိုင်ပါတယ်။ တကယ်လို့အဲဒါကအလုပ်မဖြစ်ဘူးဆိုရင်ဆရာဝန်ခေါ်ပြီးဆေးရုံအရေးပေါ်ခန်းသွားပါ။   Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ရန် နည်းလမ်းများ

ထောင်ပေါင်းများစွာသော အလုပ်သမားတွေဟာ နှစ်စဉ်ပင် အလုပ်ခွင်မှာ ထိခိုက်ဒဏ်ရာ ရရှိနေကြပါတယ်။ သူတို့ထဲက အချို့ဟာ ဒဏ်ရာ ရရှိမှုပြင်းထန်ပြီး အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်ကြပါတယ်။ ရုံးအလုပ်ပဲ ဖြစ်စေ ဆောက်လုပ်ရေးဆိုင်ရာ အလုပ်ပဲ ဖြစ်စေ ဘယ်လိုအလုပ်အမျိုးအစားမှာမဆို ထိခိုက်ဒဏ်ရာရရှိနိုင်ခြေ ကတော့ရှိနေပါတယ်။ သင့်ကိုယ်သင် အလုပ်လုပ်နေစဉ်မှာ အန္တရာယ် ကင်းအောင် အောက်ပါနည်းလမ်းတွေကို စိတ်ထဲမှာ အမြဲသတိရှိနေပါမယ်။   သင့်ရဲ့ အလုပ်လုပ်တဲ့ နေရာပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး အမြဲဂရုစိုက်ကာ သတိရှိနေပါ။ အလုပ်လုပ်သူများဟာ ၎င်းတို့ အလုပ်လုပ်တဲ့ နေရာပတ်ဝန်းကျင်ကို သပ်ရပ်သန့်ရှင်းစွာ မထားပဲ ဖြစ်သလိုနေခြင်းဟာ လုပ်ငန်းခွင်ဆိုင်ရာ ထိခိုက်ဒဏ်ရာတွေကို ဖြစ်ပေါ်လာစေတဲ့ အဓိကအကြောင်းအရင်း ဆိုတာကို သတိမပြုမိကြပါဘူး။ ဥပမာအားဖြင့် သင်အလုပ်လုပ်တဲ့ ကြမ်းပြင်ပေါ်မှ ပြန့်ကြဲနေတဲ့ ပစ္စည်းတွေကြောင့် အလွယ်တကူ ချော်လဲနိုင်ပြီး ထိခိုက်ဒဏ်ရာ ရနိုင်တယ်ဆိုတာကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သွေးကြောထုံးရောဂါအကြောင်း သိကောင်းစရာများ

သွေးကြောထုံးခြင်းဆိုတာဘာလဲ သွေးပြန်ကြောတွေဟာဖောင်းပြီး ကြီးမားကာအပြာရောင်၊ ခရမ်းရင့်ရောင် ဖြစ်လာခြင်းကိုဆိုလိုပါတယ်။ များသောအားဖြင့် ခြေထောက်တွေမှာ ဖြစ်တတ်ပါတယ်။ သွေးကြောတွေဟာဖောင်းကြွလာပြီးလိမ်တွန့်နေတတ်ပါတယ်။ တခြားလက္ခဏာတွေကတော့ ခြေထောက်ဟာနာကျင်လေးလံပြီးသက်တောင့်သက်သာမရှိခြင်း ခြေဖမိုးနှင့် ခြေဆစ်များရောင်ရမ်းခြင်း ခြေထောက်ကြွက်တက်ခြင်း ခြေထောက်ရှိအသားအရေခြောက်သွေ့ပြီးအရောင်ပြောင်းလဲခြင်း   သင့်ရဲ့ဆရာဝန်ဟာ ဒီလက္ခဏာတွေပေါ် အခြေခံပြီးသွေးပြန်ကြောရောင်ခြင်းကိုရောဂါအတည်ပြုပါတယ်။ တခြားစစ်ဆေးမှုအချို့လည်းလုပ်ပါသေးတယ်။   သွေးကြောထုံးရောဂါကိုဘာတွေက ဖြစ်စေသလဲ သွေးပြန်ကြောတွေအတွင်းမှာရှိတဲ့ အဆို့ရှင်လေးတွေ ကောင်းစွာအလုပ်မလုပ်တော့ရင် ဖြစ်တတ်ပါတယ်။ ကောင်းမွန်တဲ့သွေးပြန်ကြောထဲမှာသွေးဟာ နှလုံးဆီကိုချောမွေ့စွာစီးဆင်းပါတယ်။ ဒီလိုစီးရာမှာသွေးကိုနောက်ကြောင်းပြန်မစီးအောင် အဆို့ရှင်လေးတွေဟာအပိတ်အဖွင့် လုပ်ပေးပါတယ်။ အဆို့ရှင်လေးတွေ အားနည်းသွားတဲ့အခါ၊ ပျက်စီးသွားတဲ့အခါ သွေးဟာနောက်ဘက်ကို ပြန်စီးဆင်းပြီးသွေးပြန်ကြောထဲမှာစုအိုင်သွားပါတယ်။ နောက်ပိုင်းတဖြည်းဖြည်းနဲ့ သွေးပြန်ကြောဟာဖောင်းပြီး ကြီးလာပါတယ်။ တချို့ကိစ္စတွေဟာသွေးပြန်ကြောထုံးခြင်းကို ဖြစ်နိုင်ခြေမြင့်စေပါတယ်။ ကိုယ်ဝန်ရှိခြင်း ကိုယ်အလေးချိန်များခြင်း အသက်ကြီးခြင်းစတာတွေ ဖြစ်ပါတယ်။   သွေးကြောထုံးရောဂါ ကိုဘယ်လိုကာကွယ်နိုင်လဲ သွေးကြောထုံးမဖြစ်အောင် မကာကွယ်နိုင်ပါဘူး။ ဒါပေမယ့် ပိုဆိုးမသွားအောင်တော့ကာကွယ်နိုင်ပါတယ်။ သွေးပြန်ကြောထုံးခြင်း ဖြစ်စဉ်ကို နှောင့်နှေးအောင် ကြိုးစားလို့လည်းရပါတယ်။ အနားယူခြင်းမရှိဘဲ ကြာရှည်စွာထိုင်ခြင်း၊ ရပ်ခြင်းများကိုရှောင်ကြည်ပေးရပါမယ်။ ထိုင်တဲ့အခါမှာခြေထောက်ချိတ်ထိုင်ခြင်းကိုရှောင်ကြဉ်ပေးသင့် ပါတယ်။ ထိုင်တဲ့အခါ၊ အနားယူတဲ့အခါ၊ အိပ်တဲ့အခါ ခြေထောက်ကို မြှင့်ပေးထားပါ။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း