အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Myringoplasty (နားစည်အပေါက်ဖာထေးခြင်း)

Myringoplasty (နားစည်အပေါက်ဖာထေးခြင်း)ဆိုတာဘာလဲ။ Myringplasty ဆိုတာသင့်နားစည်ကအပေါက်ကိုပြန်လည်ပြင်ဆင်ပေးတဲ့ခွဲစိတ်ကုသမှုပါ။ နားစည်အပေါက်က ရောဂါပိုးကူးစက်ခြင်းကြောင့်ဖြစ်တာတာများပါတယ်။ နောက်တစ်ခုကနားရင်းအုပ်ခံရတဲ့အခါမျိုးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ နားစည်ပေါက်သွားခြင်းကအကြားအာရုံချို့ယွင်းစတဲ့အပြင် ရောဂါပိုးလည်းကူးစေနိုင်ပါတယ်။ Myringoplasty (နားစည်အပေါက် ဖာထေးခြင်း)ကိုဘာကြောင့်လုပ်လဲ။ တကယ်လို့သင့်နားစည်မှာအပေါက်ဖြစ်နေရင်ဒါမှမဟုတ် ရောဂါပိုးဝင်နိုင်ချေရှိရင်ဆရာဝန်ကသင့်ကို Myringoplasty လုပ်ခိုင်းပါလိမ့်မယ်။ ဒါ့အပြင်ဒီလိုလုပ်လိုက်ခြင်းကသင့်နားကိုနောက်ထပ်ရောဂါပိုးကူးခြင်းမှကာကွယ်ပေးတဲ့အပြင်အကြားအာရုံလည်းပိုကောင်းလာစေပါတယ်။   Myringoplasty ကြောင့်ဖြစ်လာနိုင်ချေရှိတဲ့ဆိုးကျိုးတွေကဘာတွေလဲ။ ရေချိုးနေစဉ်သင့်နားရွက်ကိုဝါဂွမ်းနဲ့ခြောက်အောင်လုပ်ခြင်းနဲ့သင့်လက်ကိုစင်ကြယ်အောင်ဆေးခြင်းကနားထဲပိုးမဝင်အောင်ကာကွယ်ပေးပါတယ်။ ပိုးဝင်တာကပိုးသတ်ဆေးတွေနဲ့ကုလို့ရတဲ့အပြင်နားနဲ့ပတ်သက်ပြီးကျွမ်းကျင်တဲ့ကျန်းမာရေးစောင့်ရှောက်သူကလည်းသန့်စင်ပေးနိုင်ပါတယ်။ နားသိပ်မကြားရင်လည်းနားကြားစက်ကကူညီပေးပါလိမ့်မယ်။ ခွဲစိတ်မှုမလုပ်ခင်မှာသတိပေးချက်တွေရှောင်ရန်ဆောင်ရန်တွေကိုနားလည်ထားဖို့လိုပါတယ်။ မေးစရာရှိရင်သင့်ဆရာဝန်နဲ့ဆွေးနွေးပါ။ ခွဲစိတ်မှုမလုပ်ခင်စွန့်စားရမှာတွေနဲ့ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုသိထားဖို့လည်းလိုပါသေးတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့သင့်ဆရာဝန်သို့မဟုတ်ခွဲစိတ်ဆရာဝန်ဆီမေးပါ။   Myrigoplasty အတွက်ဘယ်လိုပြင်ဆင်ရမလဲ။ သင့်ကိုဘာတွေပြင်ဆင်ရမလဲဆိုတာဆရာဝန်ကအနီးကပ်အသေးစိတ်ရှင်းပြပါလိမ့်မယ်။ ခွဲစိတ်မှုမတိုင်ခင်အစားစားလို့ရမရဆိုတာတွေရောပေါ့။ များသောအားဖြင့်ခွဲစိတ်မှုမတိုင်ခင်၆နာရီအလိုမှာသင်အစာစားတာ ရပ်ထားရပါပြီ။ ခွဲစိတ်မှုမတိုင်ခင်နာရီအနည်းငယ်အလိုထိတော့ကော်ဖီလိုမျိုးအရည်တွေသောက်လို့ရပါတယ်။ သင်မကြာခင်ကသောက်နေတဲ့ဆေးတွေ၊သင့်ဓါတ်မတည့်မှုတွေနဲ့တခြားသင့်မှာရှိတဲ့ရောဂါတွေကိုဆရာဝန်ကိုပြောပြထားရပါမယ်။ မေ့ဆေးဆရာဝန်နဲ့လည်းတွေ့ပြီးအစီအစဉ်ချရပါမယ်။ ဘယ်အချိန်မှာစားတာသောက်တာရပ်ရမလဲစတဲညွှန်ကြားချက်တွေကိုလိုက်နာဖို့အရေးကြီးပါတယ်။ Myringoplasy (နားစည်အပေါက်ဖာထေးခြင်း)ခွဲစိတ်မှုလုပ်နေစဉ်မှာဘာတွေဖြစ်လဲ။ ခွဲစိတ်မှုကိုတော့မေ့ဆေးနဲ့ ပြုလုပ်မှာဖြစ်ပြီးတစ်နာရီကနေတစ်နာရီခွဲအထိကြာနိုင်ပါတယ်။ သင့်ရဲ့ခွဲစိတ်ဆရာဝန်ကသင့်နားစည်ကအပေါက်ကိုဖာဖို့တစ်ရှူးအနည်းငယ်လိုပါတယ်။ ဆရာဝန်ကနားရဲ့အရှေ့က(သို့)အနောက်(သို့)နားပေါက်ကခွဲထားတဲ့အပေါက်ကတစ်ဆင့်တစ်ရှူးစကိုထည့်မှာပါ။ သူကနားစည်ကိုမလိုက်ပြီးတစ်ရှူးစကိုအရည်ပျော်တဲ့ရေမြှုပ်နဲ့ထောက်ခံပြီးထည့်မှာပါ။ ပြီးရင်နားစည်ကိုပုံမှန်ပြန်ထားမှာပါ။ Myringoplasty (နားစည်အပေါက်ဖာထေးခြင်း)လုပ်ပြီးရင် သင်ဘာလုပ်သင့်လဲ။ ခွဲစိတ်မှုလုပ်ပြီးတဲ့နေ့မှာဘဲသင်အိမ်ပြန်နိုင်ပါတယ်။ ပတ်တီးသုံးထားရင်တော့ နောက်နေ့မနက်မှာဖြုတ်ပြီးအိမ်ပြန်နိုင်မှာပါ။ သင့်ဆရာဝန်ကသင်ပုံမှန်လှုပ်ရှားမှုတွေပြန်လုပ်နိုင်ကြောင်းပြောမှာပါ။၂ပတ်အကြာမှာသင်အလုပ်ပြန်သွားနိုင်မှာပါ။ လေ့ကျင့်ခန်းမှန်မှန်လုပ်တာကသင်ပုံမှန်အမြန်ဆုံးပြန်ဖြစ်အောင်ကူညီမှာပါ။ လေ့ကျင့်ခန်းမလုပ်ခင်ဆရာဝန်ဆီကအကြံဉာဏ်တောင်းပါ။၂ပတ်ကနေ၃ပတ်အကြာမှာနားကိုကာထားတာဖြုတ်ဖို့နဲ့ဖာထားတဲ့တစ်ရှူးစကိုကြည့်ဖို့ဆရာဝန်ဆီပြန်သွားရပါလိမ့်မယ်။ မေးစရာတွေရှိရင်သင့်ခွဲစိတ်ဆရာဝန်နဲ့အသေးစိတ်ဆွေးနွေးနိုင်ပါတယ်။ Myringoplaty (နားစည်အပေါက်ဖာထေးခြင်း)အပြီးမှာဘာတွေဖြစ်မလဲ။ တခြားခွဲစိတ်မှုတွေလိုဘဲ Myringoplasty ပြီးတဲ့အခါဖြစ်လာနိုင်ချေရှိတဲ့ရှုပ်ထွေးမှုတွေရှိပါတယ်။ သင့်ခွဲစိတ်ဆရာဝန်နဲ့ဒါတွေကသင့်အပေါ်ဘယ်လိုသက်ရောက်လဲဆွေးနွေးပါ။ ဖြစ်လာနိုင်တဲ့ရှုပ်ထွေးမှုတွေကတော့ ဖာထေးထားတဲ့တစ်ရှူးစချို့ယွင်းခြင်း အကြားအာရုံချို့ယွင်းခြင်း နားအူခြင်း အရသာပျက်ခြင်း ဓါတ်မတည့်မှုဖြစ်ခြင်း သင့်အနေနဲ့ခွဲစိတ်မှုအတွက်ပြင်ဆင်ရာမှာဆရာဝန်ညွှန်ကြားမှုအတိုင်းလိုက်နာပြီးရှုပ်ထွေးမှုဖြစ်လာနိုင်ချေကိုလျှော့ချနိုင်ပါတယ်။ဥပမာ - အစားမစားတော့ခြင်းနဲ့ ဆေးသောက်ရပ်ခြင်းတို့ဖြစ်ပါတယ်။ ရှုပ်ထွေးမှုတွေနဲ့ပတ်သက်ပြီး မေးစရာရှိရင်သင့်ဆရာဝန်ကိုအသေးစိတ်မေးပါ။ Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Nephrostomy (ကျောက်ကပ်အပေါက်ဖောက်ပြီး ပိုက်ထည့်ခြင်း)

Nephrostomy (ဆီးပိုက်တပ်ခြင်း)ဆိုတာဘာလဲ ? ဆီးတွေကိုပုံမှန်အားဖြင့်ureters လို့ခေါ်တဲ့ကြွက်သားပြွန်ကတစ်ဆင့်ကျောက်ကပ်ကနေဆီးအိမ်ကိုပို့ပေးပါတယ်။ တစ်ခါတစ်လေမှာဆီးပြွန်တစ်ဖက်ဒါမှမဟုတ်နှစ်ဖက်လုံးပိတ်နေတတ်ပါတယ်။ ကျောက်ကပ်အပေါက်ဖောက်ပြီး ပိုက်ထည့်တယ်ဆိုတာကကျောက်ကပ်ကို အရေပြားကနေတစ်ဆင့် အပေါက်ဖောက်ပြီး ဆီးတွေကို အရေပြားကနေပြွန်နဲ့စုပ်ထုတ်တာပါ။ ဒီကုသမှုကိုဓါတ်မှန်အထူးကုတွေကပြုလုပ်ပါတယ်။ Nephrostomy ရဲ့အကျိုးကျေးဇူးတွေကဘာတွေလဲ။ ကင်ဆာရှိတဲ့လူတစ်ယောက်ရဲ့ဆီးပြွန်ကိုကင်ဆာဆဲလ်တွေပိတ်နေတဲ့အခါကျောက်ကပ်အပေါက်ဖောက်ပြီး ဆီးစွန့်နိုင်ဖို့ လိုပါတယ် ကျောက်ကပ်အပေါက်ဖောက်ပြီး ပိုက်တပ်ခြင်းကြောင့်ဖြစ်လာနိုင်ချေရှိတဲ့ဆိုးကျိုးတွေကဘာတွေလဲ ။ တစ်ခါတစ်လေမှာကျန်းမာရေးပြဿနာတွေကိုခွဲစိတ်ကုသလို့ရပါတယ်။ ဒါတွေကအချိန်ယူဖို့လိုပြီးကျောက်ကပ်အပေါက်ဖောက်ပြီးပိုက်ထည့်ခြင်းကတော့သင့်ကျောက်ကပ်တွေကိုအလုပ်ဆက်လုပ်စေပါတယ်။ တချို့လူတွေကခဏပဲ အပေါက်ဖောက်ဖို့လိုပြီးတချို့ကတော့တစ်သက်လုံး ပိုက်ထည့်ထားရပါတယ်။ သင့်ဆရာဝန်ကသင့်ကိုပိုပြီးအသေးစိတ်ရှင်းပြပါလိမ့်မယ်။ ဒါကိုမလုပ်ခင်သင်အနေနဲ့စွန့်စားရမှာတွေနောက်ဆက်တွဲ ပြဿနာတွေကိုပါနားလည်ထားဖို့အရေးကြီးပါတယ်။ သင့်မှာမေးစရာရှိရင်သင့်ဆရာဝန်နဲ့ဆွေးနွေးပါ။ ကျောက်ကပ်အပေါက်ဖောက်ပြီး ဆီးပိုက်ထည့်ဖို့ ဘာတွေပြင်ဆင်ရမလဲ။ သင်မကြာခင်ကသောက်ထားတဲ့ဆေးတွေ၊ဓါတ်မတည့်မှုတွေနဲ့ကျန်းမာရေးအခြေအနေတွေကိုဆရာဝန်ဆီပြောပြပါ။ ခွဲစိတ်မှုမစခင်မှာလိုက်နာရမယ့်ညွှန်ကြားချက်တွေသင့်ကိုပေးထားမှာပါ။ဥပမာ - နာရီပိုင်းအလိုမှာအစားစားလို့ရမရဆိုတာမျိုးပေါ့။ ကျောက်ကပ်အပေါက်ဖောက်ပြီး ပိုက်ထည့်သွင်းနေချိန်မှာ ဘာတွေဖြစ်လဲ။ ဓါတ်မှန်အထူးကုကသင့်ရဲ့ကျောကတစ်ဆင့်ကျောက်ကပ်ဆီသို့ ပြွန်ကိုအပ်နဲ့လမ်းညွှန်ဝိုင်ယာကြိုးအပျော့ကိုသုံးပြီးထည့်ပါမယ်။ နေရာမှန်သွားပြီဆိုဝိုင်ယာကိုပြွန်နဲ့အစားထိုးလိုက်ပါမယ်။ ပြွန်ကိုဆီးစွန့်ဖို့ပလတ်စတစ်အိတ်နဲ့ဆက်ထားပါတယ်။ ကျောက်ကပ်အပေါက်ဖောက်ပြီး ပိုက်ထည့်ပြီးရင်သင် ဘာလုပ်သင့်လဲ။ သင်နာရီအနည်းငယ်အိပ်ရာထဲမှာနားနေရပါမယ်။ ဆီးပြွန်ပိတ်တာကုသလို့မကောင်းမချင်းဆီးပိုက်တပ်ထားရပါမယ်။ သင့်မှာမေးစရာတွေရှိရင်သင့်ဆရာဝန်နဲ့ဆွေးနွေးပါ။ ကျောက်ကပ်အပေါက်ဖောက်ပိုက်ထည့်ပြီးရင် ဘာတွေဖြစ်မလဲ။ ကျောက်ကပ်အပေါက်ဖောက် ပိုက်ထည့်ခြင်းကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေတော့ နည်းပါတယ်။ ဖြစ်နိုင်ချေရှိတာတွေကတော့ သွေးထွက်ခြင်း ရောဂါပိုးဝင်ခြင်း ဆီးစိမ့်ထွက်ခြင်း ဓါတ်မတည့်ခြင်း နီးစပ်ရာအစိတ်အပိုင်းတွေမှာအပ်ကြောင့် ဒဏ်ရာဖြစ်ခြင်း ကျောက်ကပ်အတွင်း ပိုက်ထည့်မှုမအောင်မြင်ခြင်း ဓါတ်ရောင်ခြည်နဲ့ထိတွေ့ခြင်း သင့်ကိုအနီးကပ်စောင့်ကြည့်နေမှာဖြစ်တဲ့အတွက်တစ်ခုခုမှားယွင်းလာရင်လည်းချက်ချင်းကုသလို့ရပါတယ်။ Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ


ဆေးစစ်ချက်များ

Stool Analysis (ဝမ်းစစ်ခြင်း)

ဝမ်းစစ်ခြင်း ဆိုတာဘာလဲ။ ဝမ်းစစ်ခြင်းဟာ မစင်တွေကို နမူနာ ယူပြီး အစာခြေလမ်းကြောင်းရောဂါတွေကို ရှာဖွေခြင်းပဲဖြစ်ပါတယ်။ ဒီရောဂါတွေမှာ ရောဂါပိုးဝင်ခြင်း (ကပ်ပါး၊ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား)၊ အာဟာရ စုပ်ယူမှု နည်းပါးခြင်း၊ ကင်ဆာ အစရှိတာတွေ ပါဝင်ပါတယ်။ ဝမ်းစစ်ခြင်း လုပ်ဖို့ မစင် နမူနာ ကို သန့်စင်တဲ့ ဘူးတစ်ခုထဲထည့်ပြီး ဓါတ်ခွဲခန်းကို ပို့ရမှာဖြစ်ပါတယ်။ ဓါတ်ခွဲခန်းစစ်ဆေးမှုမှာတော့ မှန်ပြောင်းနဲ့ စစ်ဆေးခြင်း၊ ဓါတုစစ်ဆေးနည်း နဲ့ အဏုဇီဝစစ်ဆေးနည်းတွေ ပါဝင်ပါတယ်။ မစင်ကို အရောင်၊ အပျော့အမာ၊ ပမာဏ၊ ပုံသဏ္ဍာန်၊ အနံ့ အကျိအချွဲတွေ ပါမပါ စစ်ဆေးမှာ ဖြစ်ပါတယ်။ မစင်ကို သွေးထဲပါတဲ့ သွေး၊ အဆီ၊ အသားမျှင်၊ သည်းခြေရည် ၊ သွေးဖြူဥနဲ့ သကြား ပါမပါလည်း စစ်ဆေးမှာဖြစ်ပြီး pH […]


ဆေးစစ်ချက်များ

Upper Gastrointestinal Endoscopy (အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း)

Upper Gastrointestinal (UGI) Endoscopy ဆိုတာဘာလဲ။ ဒီစစ်ဆေးနည်းဟာ အူရဲ့ အပေါ်ပိုင်း အစိတ်အပိုင်းတွေဖြစ်တဲ့ အစာမျိုပြွန်၊ အစာအိမ်နဲ့ အူရဲ့ အစပိုင်း တွေကို စစ်ဆေးတဲ့ စစ်ဆေးမှု တစ်ခုဖြစ်ပါတယ်။ ဒီစစ်ဆေးမှုပြုလုပ်စဉ်မှာ သေးငယ်ပျော့ပျောင်းတဲ့ မှန်ပြောင်း ကိရိယာကို ပါးစပ်မှတစ်ဆင့် လည်ချောင်းကို ဖြည်းညင်းစွာထည့်ပြီး အစာအိမ်လမ်းကြောင်းအတွင်း ကြည့်ခြင်း ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုကို အစာရေမျိုပြွန်၊အစာအိမ်နှင့် အူသိမ်အပေါ်ပိုင်းစစ်ဆေးနည်း(EGD) လို့လည်းခေါ်ပါတယ်။ သူဟာ အစာခြေလမ်းကြောင်းရဲ့ အပေါ်ပိုင်းတစ်ခုလုံးကို စစ်ဆေးနိုင်ပါတယ်။ X-rays အဖြေတွေနဲ့ နှိုင်းယှဉ်ရင် မှန်ပြောင်းကြည့်ထားတဲ့အဖြေ ဟာ X-rays မှာ ဖေါ်ပြနိုင်ခြင်းမရှိတဲ့ ရောဂါတွေကို ဖေါ်ပြနိုင်ပါတယ်။ ဥပမာ မှန်ပြောင်းကိုကို အသုံးပြုရင် ခွဲစိတ်ပြီး ရောဂါရှာဖွေဖို့ မလိုပါဘူး။ ဒါ့ပြင် ဒီစစ်ဆေးမှုဟာ ဆရာဝန်တွေကို အနာ၊ ရောင်ရမ်းခြင်း၊ အကျိတ်၊ ရောဂါပိုးဝင်ခြင်းနဲ့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Abdominal Surgery For Crohn's Disease (အစာအိမ်၊အူနံရံရောင်သောရောဂါခွဲစိတ်ကုသမှု)

အစာအိမ်အူလမ်းကြောင်းနံရံရောင်ရမ်းသော Crohn ရောဂါအတွက် ခွဲစိတ်ကုသမှု ဆိုတာဘာလဲ။ အစာအိမ်အူလမ်းကြောင်းနံရံရောင်ရမ်းသော Crohn ရောဂါအတွက် ခွဲစိတ်ကုသမှု ကို ရောဂါလက္ခဏာတွေသက်သာစေဖို့ ပြုလုပ်ကြတာဖြစ်ပါတယ်။ ဒီခွဲစိတ်မှုမှာတော့ အစာခြေလမ်းကြောင်းရဲ့ အစိတ်အပိုင်းတွေကို ဖယ်ရှားခြင်း၊ ပြောင်းလဲခြင်းတွေ ပါဝင်ပါတယ်။ ခွဲစိတ်မှုကို ဆေးကုသမှုနဲ့ အခြားကုသမှုတွေ မအောင်မြင်ရင် အသုံးပြုနိုင်ပါတယ်။ Crohn ရောဂါ အစာအိမ်အူလမ်းကြောင်းနံရံရောင်ရမ်းခြင်း ဖြစ်ပါတယ်။ သူဟာ အူနံရံကို ထူလာစေပြီး အစာဖြတ်သန်းသွားလာခြင်းကို ပိတ်ဆို့စေနိုင်ပါတယ်။ အူရဲ့ ထိခိုက်သွားတဲ့နေရာမှာ အစာတွေကိုစုပ်ယူနိုင်မှုကျဆင်းနိုင်ပါတယ်။ များသောအားဖြင့် အူသေးကို ထိခိုက်တတ်ပြီး အူဘယ်နေရာမှာ မဆို ရောင်ရမ်းနိုင်ပါတယ်။ လက္ခဏာ အချို့ကတော့ ဗိုက်နာခြင်း ဝမ်းလျှောခြင်း ကိုယ်အလေးချိန်ကျဆင်းခြင်း ပင်ပန်းခြင်း ဖျားနာခြင်း ဆေးကုသမှုမရှိရင် လက္ခဏာတွေဟာ ပိုဆိုးလာပြီး ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ သင့်အတွက် မှန်ကန်တဲ့ ကုသမှုကို ရရှိဖို့ ဆရာဝန်နဲ့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Abrams Pleural Biopsy (အဆုတ်ဖုံးအမြှေးပါးအသားစ စစ်ဆေးခြင်း)

အဆုတ်ဖုံးအမြှေးပါးအသားစ စစ်ဆေးခြင်း ဆိုတာဘာလဲ။ အဆုတ်ဖုံးအမြှေးပါးအသားစ စစ်ဆေးခြင်း ဟာ သင့်မှာ တီဘီရောဂါရှိမရှိ သိရှိဖို့ စစ်ဆေးတဲ့ စိတ်ချရပြီး ထိရောက်တဲ့နည်းလမ်း ဖြစ်ပါတယ်။ ဒီနည်းဟာ အဆုတ်အပြင်ဘက် နံရံတွေကိုကာရံထားတဲ့ အလွှာနှစ်လွှာပါသော အမြှေးပါးကနေ တစ်ရှူးစအချို့ကို ဖယ်ထုတ် စစ်ဆေးခြင်း ဖြစ်ပါတယ်။ သင့်ဆရာဝန်ဟာ အဆုတ်ဖုံးအမြှေးပါး အတွင်းက အရည်အချို့ကိုလည်း စစ်ဆေးဖို့ ထုတ်ယူနိုင်ပါတယ်။ အဆုတ်ဖုံးအမြှေးပါးအသားစ စစ်ဆေးခြင်း တွေကို ဘာကြောင့် လုပ်ကြတာလဲ။ ဒီနည်းကို သင့်မှာ တီဘီရောဂါရှိမရှိ အတည်ပြုဖို့ ပြုလုပ်ကြတာဖြစ်ပါတယ်။ ဖယ်ထုတ်လိုက်တဲ့ တစ်ရှူးနဲ့ အရည်ကို အနုကြည့်မှန်ပြောင်းအောက်မှာ စစ်ဆေးမှာဖြစ်ပြီး သူဟာ ဘာကြောင့် ပြဿနာဖြစ်ရလဲဆိုတာနဲ့ နောက်ပိုင်းကုသမှုတွေကို ဆုံးဖြတ်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။ အဆုတ်ဖုံးအမြှေးပါးအသားစ စစ်ဆေးခြင်း ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။ ယခုခေတ်နည်းပညာတွေအရ ဒီနည်းကို စိတ်ချရတဲ့ စစ်ဆေးမှုလို့သတ်မှတ်နိုင်ပါတယ်။ အရေပြားကို ဖေါက်ခြင်း၊ လှီးခြင်းပါဝင်တဲ့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Abscess Surgery (ပြည်တည်နာခွဲစိတ်ကုသမှု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Abscess Surgery (ပြည်တည်နာခွဲစိတ်ကုသမှု) ကဘာလဲ။ ပြည်တည်နာခွဲစိတ်မှု ဟာ ပြည်တည်နေသော အနာကို ဖယ်ရှားတဲ့ ခွဲစိတ်မှုဖြစ်ပါတယ်။ ပြည်တည်နာဆိုတာဟာ တစ်ရှူးနံရံ ပတ်ပတ်လည်မှာရှိပြီး အလယ်မှာ ပြည်တွေ စုပြုံနေတဲ့ အနာတစ်ခုဖြစ်ပါတယ်။ သင့်ကိုယ်ခန္ဓါက ရောဂါပိုးဝင်ခြင်းကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အခါ ပြည်တည်နာ ဖြစ်တတ်ပါတယ်။ သူဟာ နာကျင်တဲ့ အကျိတ်လိုမျိုးဖြစ်ပြီး နေလို့မကောင်းခြင်းကို ဖြစ်စေတတ်ပါတယ်။ ပြည်တည်နာဟာ ကိုယ်ခန္ဓါ အနှံ့အပြားမှာ ဖြစ်နိုင်ပါတယ်။ Abscess Surgery (ပြည်တည်နာခွဲစိတ်ကုသမှု) ကို ဘာကြောင့် လုပ်ကြတာလဲ။ တကယ်လို့ ပြည်တည်နာဟာ ၁ စင်တီမီတာ ထက်ကြီးရင် (သို့) ပိုပိုကြီးလာရင် (သို့) ပိုနာကျင်လာရင် ပြည်တည်နာ ခွဲစိတ်မှုလုပ်ဖို့ လိုအပ်ပါတယ်။ ခွဲစိတ်မှုလုပ်ပြီးရင် ပြည်တည်နာ ရှိမှာ မဟုတ်တော့ပါဘူး။ ခွဲစိတ်မှုဟာ ပြည်တည်နာက ဖြစ်စေတဲ့ ပြင်းထန်တဲ့ ဆိုးကျိုးတွေကို ကာကွယ်ပေးနိုင်ပါတယ်။ လက္ခဏာများAbscess […]


ဆေးစစ်ချက်များ

Arthroscopy Of Your Elbow (တံတောင်ဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း)

တံတောင်ဆစ်အတွင်းမှန်ပြောင်းဖြင့်စစ်ဆေးခြင်းဆိုတာဘာလဲ တံတောင်ဆစ်အတွင်းမှန်ပြောင်းဖြင့်စစ်ဆေးခြင်းနဲ့ အဆစ်အတွင်းမှာဘာပြသနာတွေဖြစ်နေလဲဆိုတာ ဆရာဝန်အနေနဲ့ အရေပြားမှာ ကြီးကြီးမားမားခွဲစိတ်စရာမလိုဘဲရောဂါရှာဖွေကုသနိုင်ပါတယ်။ နာကျင်မှုကိုသက်သာစေပြီးလျင်မြန်စွာပျောက်ကင်းစေပါတယ်။ အရိုးဆစ်အတွင်းမှန်ပြောင်းဖြင့်စစ်ဆေးခြင်း (သော့ပေါက် ခွဲစိတ်မှု) ဟာအဆစ်အတွင်းပိုင်းကိုစစ်ဆေးဖို့ အရေပြားမှာအပေါက်ငယ်ဖောက်ပြီးမှန်ဘီလူးနဲ့ထည့်သွင်းကြည့်ရှုပေးတဲ့ ကုသမှုအစီအစဉ်ပဲ ဖြစ်ပါတယ်။ သင့်ရဲ့ ခွဲစိတ်ဆရာဝန်ဟာ အထူး ပြုလုပ်ထားတဲ့ ခွဲစိတ်ကိရိယာသုံးပြီးတချို့ရောဂါတွေကိုကုသပေးနိုင်ပါတယ်။   တံတောင်ဆစ်အတွင်းမှန်ပြောင်းဖြင့်စစ်ဆေးခြင်းဘာကြောင့် ပြုလုပ်သလဲ ရည်ရွယ်ချက်ကတော့ ဘာဖြစ်နေသလဲဆိုတာတိကျစွာသိပြီးလိုအပ်ရင် တခါတည်းကုသပေးနိုင်ဖို့ ဖြစ်ပါတယ်။ သင့်ရဲ့ဆရာဝန်ဟာ သင့်အနေနဲ့ မခွဲစိတ်ရတဲ့နည်းလမ်းနဲ့ နာကျင်တာမပျောက်ခဲ့ရင်ဒီနည်းကိုညွှန်ပါလိမ့်မယ်။ မခွဲစိတ်ရတဲ့နည်းဆိုတာအနားယူခြင်း၊ ကာယကုသခြင်း၊ သောက်ဆေးပေးခြင်း၊ ရောင်ရမ်းမှု ကျဆင်းအောင် ဆေးထိုးခြင်းစတာတွေ ဖြစ်ပါတယ်။ ရောင်ရမ်းခြင်းဆိုတာထိခိုက်မှု ဒါမှမဟုတ် ရောဂါအတွက် ကိုယ်ခန္ဓါကနေတုံ့ပြန်တဲ့ပုံမှန်ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ တံတောင်ဆစ်မှာဒဏ်ရာသို့ ရောဂါရနေပြီဆိုရင်ရောင်ရမ်းပြီးနာကျင်တောင့်တင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ဒဏ်ရာရခြင်း၊ အလွန်အကျွံသုံးခြင်း၊ အသက်အရွယ်အရပျက်စီးခြင်းစတာတွေဟာတံတောင်ဆစ်မှာအဓိကဒုက္ခပေးတဲ့ ပြသနာတွေပဲ ဖြစ်ပါတယ်။တံတောင်ဆစ်အတွင်းမှန်ပြောင်းနဲ့ စစ်ဆေးကုသခြင်းဟာအဆစ်ပတ်လည်ကအရိုးနုနဲ့တစ်သျှူးတွေကိုထိခိုက်စေတဲ့ ပြသနာကြောင့် ဖြစ်ရတဲ့ နာကျင်မှုတွေကိုသက်သာစေပါတယ်။ ဒီနည်းလမ်းဟာလျော့ရဲ့နေတဲ့ အရိုးနဲ့ အရိုးနုအပိုင်းအစတွေနဲ့ လှုပ်ရှားမှုကိုဟန့်တားတဲ့ အမာရွတ်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။ လက်ကောက်ဝတ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ပြုလုပ်တဲ့အခါ ဖြစ်နိုင်ခြေအန္တရာယ်တွေကဘာတွေလဲ တံတောင်ဆစ် […]


ဆေးစစ်ချက်များ

Arthroscopy Of Your Shoulder (ပခုံးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း)

ပခုံးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ဆိုတာ ဘာလဲ ဒီနည်းဟာ သင့်ရဲ့ခွဲစိတ်ဆရာဝန်အနေနဲ့ သင့်ရဲ့ပခုံးအတွင်း ခွဲစိတ်ရာကြီးကြီးမားမား မပေးရဘဲ ရောဂါရှာဖွေနိုင်၊ ကုသနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းနဲ့ဆိုရင် နာကျင်မှုကို သက်သာစေပြီး နေကောင်းတာလည်း မြန်ပါတယ်။ အရေပြားမှာ သော့ပေါက်လောက်ပဲရှိတဲ့ အပေါက်ဖောက်ပြီး ပခုံးသားထဲကို မှန်ဘီလူးထည့်ကာ စစ်ဆေးနိုင်ပါတယ်။ သင့်ရဲ့ ခွဲစိတ်ဆရာဝန်ဟာ အထူး ပြုလုပ်ထားတဲ့ ခွဲစိတ်ကိရိယာသုံးပြီး တချို့ရောဂါတွေကို ကုသပေးနိုင်ပါတယ်။   ပခုံးဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ဘာကြောင့် ပြုလုပ်သလဲ ဒီနည်းလမ်းဟာ ဘာရောဂါရှိတယ်ဆိုတာကို အတည်ပြု နိုင်ပြီး လူအများမှာတော့ ကုသမှုကိုပါ တပြိုင်တည်း ပြုလုပ်ပေးနိုင်ပါတယ်။ ပခုံးမှာဖြစ်တဲ့ တချို့ ပြသနာတွေအတွက် သုံးနိုင်ပါတယ်။ အရိုးနု (သို့) အရွတ် စုတ်ပြဲခြင်း၊ ထိခိုက်ခြင်း ပခုံးဆစ်မငြိမ်ခြင်း၊ လျော့ရဲခြင်း၊ လျှောကျခြင်း၊ အဆစ်ပြုတ်လွယ်ခြင်း လက်မောင်း Bicep ကြွက်သားအရွတ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း