backup og meta

ခွဲစိတ်ကုသမှုပြီးနောက် ဂရုစိုက်သင့်သည်များ


Kyaw Thura Htun မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခွဲစိတ်ကုသမှုပြီးနောက် ဂရုစိုက်သင့်သည်များ

    ခွဲစိတ်မှုပြုလုပ်ပြီးတဲ့လူနာတစ်ယောက်လုပ်ဖို့လိုအပ်တာကသူ့ကိုယ်သူသေချာဂရုစိုက်တာပါဘဲ။ ဒါကသင့်ရဲ့ကျန်းမာရေးပြန်လည်ကောင်းမွန်လာဖို့ကိုအထောက်အကူပြုတဲ့အပြင်ဒဏ်ရာကိုရောဂါပိုးဝင်ခြင်းမှလည်းကာကွယ်ပေးပါတယ်။

    ခွဲစိတ်မှုပြီးတဲ့အခါ သင်ဘာတွေခံစားရနိုင်သလဲ ။

    ခွဲစိတ်မှုပြီးတဲ့အခါမှာသင်ဟာ မေ့ဆေးအရှိန်ကြောင့်အားနည်းပြီးရီဝေဝေခံစားရနိုင်ပါတယ်။ ဆရာဝန်ကသင့်ကို ပိုက်နဲ့ဲပဲဖြစ်ဖြစ်နှာခေါင်းအုပ်နဲ့ပဲဖြစ်ဖြစ် အောက်ဆီဂျင်ထောက်ပံ့ပေးပါမယ်။ မေ့ဆေးရှိန်ကြောင့်ဖျားနာခြင်း၊အန်ခြင်းတွေလည်းဖြစ်နိုင်ပါသေးတယ်။ သင့်ကိုဒါတွေကနေသက်သာစေဖို့ဆရာဝန်ကဆေးပေးပါလိမ့်မယ်။

    ဒါ့အပြင်သင်ဟာနှုတ်ခမ်းခြောက်ခြင်း၊လည်ချောင်းနာခြင်းတို့လည်းဖြစ်နိုင်ပါတယ်။ သင့်ရဲ့သူနာပြုကခွဲစိတ်မှုအပြီးသင်ကျန်းမာမှုရှိမရှိသေချာဖို့အတွက်သင့်ရဲ့သွေးဖိအားနဲ့အပူချိန်ကိုလာတိုင်းမှာပါ။

    ခွဲစိတ်ထားတဲ့ဒဏ်ရာကသင့်ရဲ့ပုံပန်းသွင်ပြင်ကိုပြောင်းလဲစေတဲ့အတွက်သင်ဂရုစိုက်မိနေပါလိမ့်မယ်။ သင့်အနေနဲ့ သေချာဂရုစိုက်မယ်ဆိုရင်လုံးဝပျောက်ကင်းနိုင်ပါတယ်။ ခွဲစိတ်ဒဏ်ရာကအများသောအားဖြင့်နှစ်ပတ်ဆိုကောင်းပါပြီ။ တကယ်လို့သင်က စတီးရွိုက်လိုမျိုးဆေးတွေသောက်နေရတာမျိုး၊တခြားကျန်းမာရေးအခြေအနေရှိတာပဲမျိုးမျိုးဆိုရင်တော့နှစ်ပတ်ထက်ပိုကြာနိုင်ပါတယ်။

    ဘယ်လိုဂရုစိုက်ရမလဲ ။

    သွေးခဲခြင်းမဖြစ်ပါစေနဲ့။

    သွေးမခဲစေဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့်ဖြစ်နိုင်ရင်သင့်အနေနဲ့နည်းနည်းလှုပ်ရှားနေပေးပါ။ အိပ်ရာပေါ်မှာပဲလှဲနေခြင်းကသင့်ကိုအနာမြန်မြန်မကျက်စေပါဘူး။ ဒါကသင့်ကိုသွေးခဲနိုင်ချေတောင်များစေပါတယ်။

    ခြေထောက်လေ့ကျင့်ခန်းတွေလုပ်နေပေးတာကသင့်ကိုသွေးမခဲစေတော့ပါဘူး။ ခြေထောက်လေ့ကျင့်ခန်းဆိုတာကဘာမှခက်ခက်ခဲခဲမဟုတ်ပါဘူး။ ဒူးကိုကွေးလိုက်ဆန့်လိုက်ဒါမှမဟုတ် ခြေကျင်းဝတ်ကိုလှည့်လိုက်ဒါတွေပဲဖြစ်ပါတယ်။

    သင်ခွဲစိတ်မှုအပြီးမှာဆရာဝန်ကသင့်ခြေထောက်သွေးလည်ပတ်မှုကိုအထောက်အကူပြုတဲ့ အထူးခြေအိတ်ကိုပေးချင်ပေးပါလိမ့်မယ်။ ဘယ်လိုအသုံးပြုရမလဲဆိုတာတော့နားလည်အောင်လုပ်ပါ။

    ရောဂါပိုးဝင်နိုင်ခြေကိုလျှော့ပါ။

    ခွဲစိတ်ပြီးအနာမကျက်ခင်အချိန်မှာသင်ဟာရောဂါပိုးကူးစက်ဖို့လွယ်ကူနေပါတယ်။ ရောဂါပိုးကူးစက်နိုင်ချေနည်းဖို့အတွက်သင်ဟာဆရာဝန်နဲ့အနာကိုဘယ်လောက်ကြာအောင်ခြောက်သွေ့စေရမလဲမေးပြီးဆရာဝန်ပြောတဲ့အတိုင်းလိုက်နာသင့်ပါတယ်။ နေ့စဉ်ဒဏ်ရာကို ရောဂါပိုးဝင်နေလားဆိုတာစစ်ဆေးဖို့လည်းမမေ့ပါနဲ့။

    ဒါ့အပြင်သင်မလုပ်သင့်တာတစ်ခုရှိပါသေးတယ်။ သင့်ရဲ့ဒဏ်ရာကိုကုတ်တာပဲဖြစ်ဖြစ် ၊ပွတ်တာပဲဖြစ်ဖြစ်လုပ်တာကအနာအတွက်မကောင်းပါဘူး။ ကပ်ထားတဲ့ပတ်တီးပြားတွေကိုဆရာဝန်မပြောဘဲမခွာပါနဲ့။ ဆရာဝန်ရေချိုးခွင့်မပေးမချင်းရေပတ်ဘဲတိုက်ပါ။ ဒါပေမယ့် ရေပတ်ပဲတိုက်တိုက်၊ ရေပဲချိုးချိုးသင့်ဒဏ်ရာကိုပလတ်စတစ်နဲ့အုပ်ထားရပါမယ်။

    သင့်ရဲ့ခွဲစိတ်ထားသောချုပ်ရိုးကိုဂရုစိုက်ပါ။

    ချုပ်ရိုးကိုချုပ်ကြိုး၊တွဲစက်ဒါမှမဟုတ်ခွဲစိတ်ခန်းသုံးကော်တွေနဲ့ပိတ်ထားပါလိမ့်မယ်။ တွဲစက်နဲ့တွဲထားတာဆိုရင်အနာကျက်တာနဲ့ဆရာဝန်ကတွဲစက်တွေကိုဖြုတ်ပေးပါမယ်။ ဒဏ်ရာကအများသောအားဖြင့်၅ရက်ကနေ၁၀ရက်အတွင်းကျက်ပါတယ်။ ချုပ်ကြိုးနဲ့ဆိုရင်တော့အချိန်ကြာလာလို့ချုပ်ကြိုး ပျောက်သွားတာပဲဖြစ်ဖြစ်ဆရာဝန်ကဖြည်ပေးတာပဲဖြစ်ဖြစ်လုပ်ပါလိမ့်မယ်။

    ချုပ်ကြိုးစတွေ၊တွယ်စက်တွေ၊ ကော်တွေကိုလက်နဲ့ဆွခြင်းမပြုရပါဘူး။ တကယ်လို့ဒဏ်ရာကယားလာတယ်ဆိုရင်အယားပြေဖို့ဆရာဝန်ဆီကဆေးတောင်းနိုင်ပါတယ်။ တကယ်လို့ ချုပ်ရာကသွေးထွက်လာတယ်ဆိုရင်ပုဝါသန့်သန့်ကိုယူပြီး၅မိနစ်ခန့်ဖိအုပ်ထားနိုင်ပါတယ်။ တကယ်လို့အဲဒါကအလုပ်မဖြစ်ဘူးဆိုရင်ဆရာဝန်ခေါ်ပြီးဆေးရုံအရေးပေါ်ခန်းသွားပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Kyaw Thura Htun မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement