အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

Hypertension (သွေးတိုးရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hypertension (သွေးတိုးရောဂါ) ကဘာလဲ။ သွေးတိုးရောဂါသည် သွေးကြောနံရံများတွင် ပုံမှန်ထက် သွေးဖိအားကို ခံရသည့်အခါဖြစ်သော သွေးပေါင်ချိန်တက်ခြင်းဖြစ်သည်။ သွေးတိုးရောဂါသည် ရောဂါလက္ခဏာမပြပဲ နှစ်ပေါင်းများစွာ ရှိနေနိုင်သည်။ လက္ခဏာများမရှိသော်လည်း ကြာလာလျှင် နှလုံးရောဂါနှင့် လေဖြတ်ခြင်း အပါအဝင် ကျန်းမာရေးပြသနာများ ဖြစ်လာနိုင်သည်။ သွေးပေါင်ချိန်တိုင်းတာလျှင် ဂဏန်းနှစ်မျိုးနှင့် ပြသည်။ အပေါ်ဂဏန်းသည် အပေါ်သွေးဖြစ်ပြီး၊ အောက်ဂဏန်းသည် အောက်သွေးဖြစ်သည်။ ဥပမာ ၁၂၀/၈၀ ဖြစ်သည်။ တစ်မျိုး သို့မဟုတ် ထိုဂဏန်း နှစ်မျိုးလုံး တိုးနေနိုင်သည်။ • ပုံမှန်သွေးပေါင်ချိန်သည် ၁၂၀/၈၀ mmHg အောက်ရှိခြင်းဖြစ်သည်။ • သွေးပေါင်ချိန်တိုးနေလျှင် သွေးပေါင်ချိန် ၁၄၀/၉၀ mmHg အထက်ရှိနေမည်ဖြစ်သည်။ • သွေးပေါင်ချိန်သည် ၁၂၀/၈၀ mmHg သို့မဟုတ် ၎င်းထက်များနေပါက သို့သော် ၁၄၀/၉၀ အောက်ရှိနေပါက ထိုအခြေအနေသည် သွေးမတိုးခင် အခြေအနေဖြစ်သည်။ သင့်တွင် နှလုံးရောဂါ၊ သို့မဟုတ် ကျောက်ကပ် […]


အခြေခံကျန်းမာရေး

Immunodeficiency Disorder (ကိုယ်ခံအားနည်းသည့်ရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Immunodeficiency Disorder (ကိုယ်ခံအားနည်းသည့်ရောဂါ ) ကဘာလဲ။ ကိုယ်ခံအားစနစ်သည် ခန္ဓါကိုယ်ရှိ ပြန်ရည်တစ်ရှုး များဖြင့်အဓိကလုပ်ဆောင်ပြီး ပရိုတင်း နှင့် သွေးဆဲလ် အချို့လည်း ပါဝင်သည်။ ကိုယ်ခံအားစနစ်သည် ခန္ဓါကိုယ်ကို အန္တရယ်ဖြစ်စေသော antigen ဟုခေါ်သော ပဋိပစ္စည်းများမှ ကာကွယ်သည်။ antigen များတွင် ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်ပိုးများ၊ အဆိပ်၊ ကင်ဆာဆဲလ်များ၊ ပြင်ပမှ သွေး သို့မဟုတ် တစ်သျှူးများ၊ ပါဝင်သည်။ ကိုယ်ခံအားစနစ်မှ ထိုအရာများကို သိရှိသောအခါ antibodies ဟုခေါ်သော ပဋိဇီဝပစ္စည်းများကို ထုတ်ပြီး တိုက်ခိုက်ချေဖျက်သည်။ ကိုယ်ခံအားနည်းသည့်ရောဂါသည်သင့်ခန္ဓါကိုယ်၏ ရောဂါပိုးများကို ကာကွယ်နိုင်စွမ်းကို နှောင့်ယှက်သည်။ ကိုယ်ခံအားနည်းရောဂါနှစ်မျိုးရှိသည်။ မွေးရာပါ ကိုယ်ခံအားနည်းရောဂါနှင့် နောက်မှရရှိသော ကိုယ်ခံအားနည်း ရောဂါတို့ဖြစ်သည်။ သင့်ကိုယ်ခံအားစနစ်ကို အားနည်းစေသော မည်သည့် အကြောင်းအရာမဆို ဒုတိယ အမျိုးအစားကို ဖြစ်စေသည်။ ကိုယ်ခံအားနည်းသည့်ရောဂါသည် […]


အခြေခံကျန်းမာရေး

Ingrown Hair (အရေပြားအတွင်းသို့ပြန်ဝင်နေသောအမွှေး)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ingrown Hair (အရေပြားအတွင်းသို့ပြန်ဝင်နေသောအမွှေး) ကဘာလဲ။ Ingrown hair ဆိုသည်မှာ ဆက်လက်ရှည်ထွက်လာရမည့်အစား လိပ်ပြီး အရေပြားထဲသို့ ပြန်ဝင်သွားသော အမွှေးများကို ခေါ်သည်။ ၎င်းတို့သည် အမွှေးကျွတ်သွားသည့်နေရာတွင် သေးငယ်သော အဖုလေးများဖြစ်ပြီး နာကျင်ရောင်ရမ်းခြင်းကို ဖြစ်စေသည်။ ၎င်းသည် အဖြစ်များသော အခြေအနေဖြစ်ပြီး အမွှေးရိတ်ခြင်းကြောင့်ဖြစ်သည်။ အမျိုးသားများတွင် မုတ်ဆိတ်မွှေးရိတ်သော လည်ပင်း၊ မေးစေ့၊ ပါးတို့တွင် အဖြစ်များသည်။ ခေါင်းရိတ်သော အမျိုးသားများတွင် ခေါင်းဦးရေပြားတွင်လည်း တွေ့ရသည်။ အမျိုးသမီးများတွင် ချိုင်း၊ ဆီးခုံတစ်ဝိုက်၊ နှင့် ခြေထောက်တွင်တွေ့ရသည်။ ထိုသို့ဖြစ်ခြင်းသည် ကုသမှုမရှိပဲ ပျောက်ကင်းနိုင်သည်။ သို့သော် ထိုသို့ဖြစ်ခြင်းကြောင့် ယားယံပြီး အရှက်ရနိုင်သည်။ အမွှေးမရိတ်ခြင်းဖြင့် ထိုသို့မဖြစ်စေရန်ကာကွယ်နိုင်သည်။ သို့မဟုတ်လျှင် အခြားသော Ingrown hair မဖြစ်စေသော အမွှေးကျွတ်မည့် နည်းလမ်းကို အသုံးပြုနိုင်သည်။ ထိုသို့ ကြာရှည်ဖြစ်လျှင် • ဘက်တီးရီးယားပိုးဝင်ခြင်း • […]


ရောဂါလက္ခဏာများ

Swollen Lymph Nodes (ပြန်ရည်ကျိတ်ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Swollen Lymph Nodes (ပြန်ရည်ကျိတ်ရောင်ခြင်း) ကဘာလဲ။ ခန္ဓါကိုယ်အနှံမှာတွေ့နိုင်တဲ့သေးငယ်လုံးဝန်းတဲ့တစ်ရှူးအစိုင်အခဲလေးတွေဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီးပိုတိတိကျကျပြောရမယ်ဆိုရင်တော့ကူးစက်ရောဂါပိုးတွေကိုတိုက်ထုတ်ပေးနေတဲ့ပြန်ရည်စနစ်ကြီး၏အစိတ်အပိုင်းဖြစ်ပါတယ်။ ပြန်ရည်ကျိတ်ရောင်နေခြင်းကကူးစက်ပိုးဝင်နေခြင်းရဲ့သင်္ကေတဖြစ်ပါတယ်။ Swollen Lymph Nodes (ပြန်ရည်ကျိတ်ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်။ အမျိုးသမီးတွေမှာပိုဖြစ်နိုင်ချေရှိပါတယ်။ ခန္ဓါကိုယ်အနှံမှာတွေ့နိုင်ပါတယ်။ တွေ့နိုင်တဲ့နေရာတွေကတော့ ချိုင်းကြား မေးရိုးအောက် လည်ပင်းဘေး ပေါင်ခြံဘေး ညှပ်ရိုးအပေါ်ဘက်စတဲ့နေရာတွေရဲ့အရေပြားအောက်မှာတွေ့နိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကိုရှောင်ရှားခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။ အသေးစိတ်သိလိုတယ်ဆိုရင်တော့ဆရာဝန်နဲ့သွားပြသင့်ပါတယ်။ လက္ခဏာများSwollen Lymph Nodes (ပြန်ရည်ကျိတ်ရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အတွေ့ရများတဲ့လက္ခဏာတွေကတော   ပြန်ရည်ကျိတ်များအပေါ်ဖိမိလျှင်နာခြင်း နဂိုအရွယ်ထက်အများကြီးကြီးလာခြင်း ချောင်းဆိုးခြင်း မောပန်းနွမ်းနယ်ခြင်း နှာရည်ယိုခြင်း ချမ်းတုန်ခြင်း၊ချွေးထွက်ခြင်း လည်ချောင်းနာခြင်း ဖျားခြင်း အရေပြားပူနီရောင်ခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အောက်ဖော်ပြပါအချက်တွေထဲကတစ်ခုခုရှိခဲ့မယ်ဆိုရင်သွားပြသင့်ပါတယ်။   ပြန်ရည်ကျိတ်တွေ ကြီးမားပြန့်ကားလာခြင်း ပြန်ရည်ကျိတ်များမာခဲလာခြင်း နာတာရှည်ဖျားခြင်း၊ညဘက်ချွေးထွက်ခြင်းသို့ကိုယ်အလေးချိန်ကျခြင်း လည်ချောင်းနာခြင်း(သို့)မြိုချရခက်ခြင်း(သို့)အသက်ရှူရခက်ခြင်း သင့်ဆီမှာအထက်ဖော်ပြပါရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင်ဒါမှမဟုတ်မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက်ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့တိုင်ပင်တာကအကောင်းဆုံးပါပဲ။ အကြောင်းရင်းများSwollen Lymph Nodes (ပြန်ရည်ကျိတ်ရောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ အောက်ပါအချက်များကြောင့် ပြန်ရည်ကျိတ်ရောင်ခြင်းကို ဖြစ်ပွားစေပါတယ်။ နားပိုးဝင်ခြင်း ဗိုင်းရပ်စ်ပိုးဝင်ခြင်း ဘတ်တီးရီးယားပိုးဝင်ခြင်း HIVပိုးကူးစက်ခံရခြင်း သွားပိုးဝင်ခြင်း အရေပြားကူးစက်ပိုးဝင်ခြင်း လည်ချောင်းနာခြင်း ခုခံအားစနစ် ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်း ကင်ဆာ ရောင်ရမ်းခြင်းဆိုင်ရာရောဂါများ ဖြစ်နိုင်ခြေများငါ့ဆီမှာ Swollen Lymph Nodes (ပြန်ရည်ကျိတ်ရောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ ဖစ်ပွားနိုင်ချေကို မြင့်မားစေသောအကြောင်းရာတွေ အများကြီးရှိပါတယ်။ ဥပမာ- အသက်၆၅ နှစ်အထက် HIV/AIDSရောဂါရှိခြင်း အရက်သောက်ခြင်း ဆီးချိုရောဂါ ရောဂါအဖြေရှာခြင်းနှင့် ကုသမှုယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ. Swollen Lymph Nodes (ပြန်ရည်ကျိတ်ရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ အကြောင်းရင်းကိုဆုံးဖြတ်နိုင်ဖို့ […]


ဆေးစစ်ချက်များ

Laparoscopic Cholecystectomy (မှန်ပြောင်းသုံး၍ သည်းခြေအိတ်ဖယ်ထုတ်ခြင်း)

လက္ခဏာများLaparoscopic Cholecystectomy (မှန်ပြောင်းသုံး၍ သည်းခြေအိတ်ဖယ်ထုတ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ။ သင့်သည်းခြေအိတ်မှာဖြစ်နေတဲ့ ကျောက်တွေကို သည်းခြေကျောက်လို့ခေါ်ပါတယ်။ အဖြစ်များပြီး မျိုးရိုးလိုက်တတ်ပါတယ်။ အသက်ရလာတဲ့အမျှ အဆီအစားများလာတာနဲ့အမျှ သည်းခြေကျောက်ဖြစ်နိုင်ချေများလာပါတယ်။ သည်းခြေကျောက်အတွက် ခွဲစိတ်ကုသခြင်းအပြင် အခြားသောကုသမှုတွေလည်း ရှိပါသေးတယ်။ သည်းခြေကျောက်တွေကို ဖျော်လိုက်ခြင်း (သို့) သေးငယ်တဲ့အစိတ်အပိုင်းလေးတွေ အဖြစ်ချေလိုက် ခြင်းတွေ လုပ်နိုင်ပေမဲ့ ဒီနည်းလမ်းတွေမှာ ဆိုးကျိုးတွေပေးတဲ့ဆေးတွေ ပါနိုင်ပါတယ်။ ပဋိဇီဝဆေးတွေနဲ့ သင့်သည်းခြေကူးစက်ပိုးဝင်ခြင်းကို ကုသနိုင်ပါတယ်။ အဆီလျော့စားခြင်းဖြင့်လည်း နာကျင်မှုကိုသက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းတွေနဲ့ ပျောက်ကင်းအောင်ကုသလို့တော့ မရနိုင်ပါဘူး။ လက္ခဏာတွေ ပြန်ပေါ်လာနိုင်ပါတယ်။   ဘာကြောင့် မှန်ပြောင်းသုံး၍ သည်းခြေအိတ် ဖယ်ထုတ်ခြင်း လုပ်ရလဲ။ အကြီးကြီးခွဲစရာမလိုဘဲ သေးငယ်တဲ့ခွဲရာလေးတွေကတစ်ဆင့် လုပ်ဆောင်နိုင်ပါတယ်။ သင့်ရဲ့သည်းခြေအိတ်နေရာမှာ အရင်ကခွဲစိတ်ခဲ့ဖူးရင်၊ သွေးထွက်များရင်၊ သည်းခြေအိတ်ကိုဆရာဝန်ကြည့်ရာမှာ အခက်တွေ့နေမယ်ဆိုရင်တော့ ဗိုက်ခွဲပြီး ဖယ်ထုတ်ခြင်းက သင့်အတွက်ပိုကောင်းပါတယ။် သင့်ရဲ့ဆရာဝန်က သင်နဲ့သင့်တော်မယ့်နည်းကို ဆုံးဖြတ်ပါလိမ့်မယ်။ အန္တရာယ်များမှန်ပြောင်းသုံး၍ သည်းခြေဖယ်ထုတ်ခြင်းကြောင့် ရလာနိုင်တဲ့အန္တရာယ်တွေက ဘာတွေလဲ။ နောက်ဆက်တွဲရလဒ်တွေကတော့ […]


အခြေခံကျန်းမာရေး

Endocrine System Disorders (ဟော်မုန်းစနစ် မူမမှန် ပြဿနာများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Endocrine System Disorders (ဟော်မုန်းစနစ် မူမမှန် ပြဿနာများ) ကဘာလဲ။ ခန္ဓါကိုယ်မှာရှိတဲ့ ဂလင်းတွေ ကောင်းမွန်စွာအလုပ်မလုပ်တာကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတွေကို ဆိုလိုပါတယ်။ ဟော်မုန်း စနစ်ဆိုတာဟာ ဟော်မုန်းထုတ်လုပ်ပေးနိုင်တဲ့ ဂလင်းတွေ ပူးပေါင်းဆက်သွယ်ပြီး ဖြစ်ပေါ်လာတဲ့ ခန္ဓါကိုယ်ရဲ့ အဖွဲ့အစည်း တစ်ခုပဲ ဖြစ်ပါတယ်။ ဟော်မုန်းဆိုတာဟာ ဓါတုဗေဒဆိုင်ရာ အချက်ပေးမှုတွေဖြစ်ပြီး သူတို့ကို ဂလင်းတွေကတဆင့် သွေးထဲကို စစ်ထုတ်ပါတယ်။ ခန္ဓါကိုယ်ရဲ့ ပုံမှန်ဖြစ်နေကျ ဖြစ်စဉ်တွေဖြစ်တဲ့ အစားအသောက်စားချင်စိတ်၊ အသက်ရှုတာ၊ကြီးထွားတာ၊အရည်ဓါတ်တွေ ထိန်းညှိပေးတာ၊ကျားမ သဘာဝ ပီပြင်အောင် ဖော်ဆောင်ပေးတာ၊ကိုယ်အလေးချိန်ကို ထိန်းညှိပေးတာတွေကို ကူညီဆောင်ရွက်ပေးပါတယ်။   ဟော်မုန်း အဖွဲ့အစည်း မူမမှန်တဲ့ ပြဿနာတွေ ဘာလို့ဖြစ်တာလဲ။ ဒီပြဿနာတွေကို အဓိက အုပ်စုနှစ်စု ခွဲနိုင်ပါတယ်။ ဂလင်းတခုခုကနေ ဟော်မုန်းဓါတ် အလွန်အကျွံ ဒါမှမဟုတ် မဆိုစလောက်အနည်းငယ်သာ ထုတ်လို့ ဟော်မုန်းဓါတ်မညီမမျှဖြစ်ရတဲ့ ရောဂါမျိုး။ ဟော်မုန်း အဖွဲ့အစည်းမှာ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Open Incisional Hernia Repair (ခွဲစိတ်ဒဏ်ရာမှတစ်ဆင့်အူကျွံခြင်း ပြပြင်ခွဲစိတ်မှု)

ခွဲစိတ်ဒဏ်ရာမှာအူကျွံခြင်းကသင့်ရဲ့ဝမ်းဗိုက်အားနည်းမှုကြောင့်အရင်ခွဲထားတဲ့ဒဏ်ရာကအနာမကျက်တဲ့အခါဖြစ်ပါတယ်။ တကယ်လို့မကုသဘဲထားခဲ့ရင်ဒီပြဿနာကပြင်းထန်တဲ့ကျန်းမာရေး နောက်ဆက်တွဲ အခြေအနေတွေဖြစ်စေပါတယ်။ ခွဲစိတ်ဒဏ်ရာမှ အူကျွံခြင်းဆိုတာဘာလဲ ။ သင့်ရဲ့ဝမ်းဗိုက်မှာလုပ်တဲ့ခွဲစိတ်မှုတိုင်းကခွဲပြီးအပ်နဲ့ပြန်ချုပ်ရပါတယ်။ တစ်ခါတစ်လေအဲဒီဒဏ်ရာက တော်ရုံမကျက်ပါဘူး။ အဲအခါကျရင်သင့်ဗိုက်ထဲကအရာတွေကအပြင်ကိုတိုးထွက်လာပါတယ်။ အဲဒါကအူကျွံစေပါတယ်။ အူကျွံတာကအနရာယ်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့သင့်ရဲ့အူနဲ့တခြားအစိတ်အပိုင်းတွေကညှပ်ပိတ်နေပြီးသူတို့အတွက် သွေးအထောက်အပံ့လမ်းကြောင်းကိုပိတ်မိသွားသလိုဖြစ်နိုင်ပါတယ်။ ထိုသို့ဖြစ်ပါက ကျွံနေသော အူအပိုင်းသည် ပုပ်သွားနိုင်ပါတယ်။ ခွဲစိတ်ဒဏ်ရာမှ အူကျွံခြင်းကို ခွဲစိတ်မှုက ဘာအကျိုးရှိမလဲ။ သင့်မှာအူကျွံရောဂါမရှိတော့ပါဘူး။ ဒီခွဲစိတ်မှုကတခြားဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ပြဿနာတွေကိုလည်းမဖြစ်စေတော့ပါဘူး။ ဘယ်လိုအချိန်မှာခွဲစိတ်ဒဏ်ရာမှအူကျွံခြင်းကိုဗိုက်ဖွင့်ပြီးခွဲစိတ်ပြုပြင်မှုလုပ်သင့်လဲ။ တကယ်လို့သင့်ရဲ့အူကပိတ်မိနေတာပဲဖြစ်ဖြစ်ပိတ်မိနေတဲ့အူတွေကလိမ်နေပြီး သွေးအထောက်အပံ့မရတော့တာဘဲဖြစ်ဖြစ်ဗိုက်ဖွင့်ပြီးခွဲစိတ်မှုကိုလုပ်ဖို့လိုပါလိမ့်မယ်။ အလွန်အမင်းအဝလွန်နေတဲ့သူတွေလည်းဗိုက်ဖွင့်ပြီးခွဲဖို့ကိုပြုလုပ်ပြီးဗိုက်သားနံရံကနေအဆီတစ်ရှူးတွေကိုဖယ်ထုတ်ဖို့လိုပါတယ်။ မှန်ပြောင်းခွဲစိတ်မှုပဲဖြစ်ဖြစ်၊ ဗိုက်ဖွင့်ပြီးခွဲစိတ်မှုပဲဖြစ်ဖြစ် နှစ်ခုလုံးမှာအူထပ်မကျွံအောင် ဇကာကွက် (mesh)ကိုအသုံးပြုချင်ပြုပါလိမ့်မယ်။အူကျွံတာသည် ပြန်ဖြစ်နိုင်သည်ဆိုတာကိုတော့ သိထားဖို့လိုပါတယ်။ ဒီခွဲစိတ်မှုမလုပ်ခင်မှာသင် ဘာသိထားရမလဲ။ ဗိုက်ဖွင့် ခွဲစိတ်မှုမှာက ဆေးရုံမှာအကြာကြီးနေရလောက်တဲ့ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ခွဲစိတ်ပြီးနာကျင်မှု၊ဒဏ်ရာနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ ပြဿနာများ နဲ့ ပျောက်ကင်းချိန်ကြာခြင်းတွေကြောင့်ဘဲဖြစ်ပါတယ်။ ဒီခွဲစိတ်မှုအစားတခြားကုသနိုင်တဲ့နည်းလမ်းတွေရှိလား။ သင့်အနေနဲ့အူကျွံခြင်းကိုတစ်ခါတစ်လေထိန် း ထားနိုင်ပေမယ့်ခွဲစိတ်မှုမလုပ်ဘဲပြန်ကောင်းလာဖို့တော့မရှိပါဘူး။ ခွဲစိတ်မှုမပြုလုပ်ခင်သင် ဘာလုပ်ရမလဲ။ သင့်အနေနဲ့သင်သိပ်မကြာခင်က သောက်နေတဲ့ဆေးတွေ၊ဓါတ်မတည့်တာတွေနဲ့တခြားကျန်းမာရေးအခြေအနေတွေကိုဆရာဝန်ဆီပြောပြထားရပါမယ်။ သင့်ရဲ့မေ့ဆေးဆရာဝန်နဲ့လည်းတွေ့ပြီးအစီအစဉ်ချရပါမယ်။ ခွဲစိတ်မှုမတိုင်ခင်ဘယ်အချိန်မှာစားတာသောက်တာရပ်ရမလဲစတဲ့ညွှန်ကြားချက်တွေကိုလိုက်နာဖို့အရေးကြီးပါတယ်။ သင့်ကိုဆရာဝန်ကခွဲစိတ်မှုအတွက်ပြင်ဆင်ဖို့နဲ့ပတ်သက်ပြီးရှင်းလင်းတဲ့ညွှန်ကြားချက်တွေပေးပါလိမ့်မယ်။ဥပမာ - ခွဲစိတ်မှုမစခင်အစာစားလို့ရမရဆိုတာမျိုးပေါ့။ အများအားဖြင့်ခွဲစိတ်မှုမစခင်ခြောက်နာရီမှာသင်ဘာမှမစားရတော့ပါဘူး။ နာရီအနည်းငယ်အလိုထိတော့ ကော်ဖီလိုအရည်တွေတော့ သောက်လို့ရပါသေးတယ်။ ဒီခွဲစိတ်မှုရဲ့လုပ်ရိုးလုပ်စဉ်တွေကဘာတွေလဲ။ မေ့ဆေးပေးပြီးပြုလုပ်မှာဖြစ်ပြီးမိနစ်၉၀ လောက်ကြာပါတယ်။ ခွဲစိတ်ဆရာဝန်ကအရင်ခွဲရာအဟောင်းမှာထပ်ခွဲမှာဖြစ်ပါတယ်။ သူတို့ကအားနည်းနေတဲ့တစ်ရှူးတွေကိုချုပ်ရိုးတွေနဲ့ဘဲဖြစ်ဖြစ်ခွဲစိတ်ခန်းသုံးဇကာကွက် (mesh)ကိုသုံးပြီးကြွက်သားတွေနဲ့တွဲချုပ်လိုက်တာဘဲဖြစ်ဖြစ်လုပ်ဆောင်ပါမယ်။ ခွဲစိတ်မှုပြုလုပ်ပြီးရင်သင်ဘာလုပ်ရမလဲ။ ခွဲစိတ်ပြီးတစ်ရက်ကနေလေးရက်အတွင်းသင်အိမ်ပြန်နိုင်ပါပြီ။ ပထမရက်အနည်းငယ်အတွင်းလမ်းတဖြည်းဖြည်းတိုးပြီးလျှောက်သွားပါ။ သင့်ဆရာဝန်ကသင်ဘယ်အချိန်အလုပ်ပြန်သွားနိုင်မလဲ ဆိုတာကိုပြောပါလိမ့်မယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်တာကသင့်ကိုမြန်နိုင်သမျှအမြန်ဆုံးပုံမှန်ပြန်ဖြစ်ဖို့ကူညီပါလိမ့်မယ်။ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Otoplasty In Adults (လူကြီးများတွင် နားပြုပြင်ခွဲစိတ်မှု)

Otoplasty (နားရွက်ပြုပြင် ခွဲစိတ်ခြင်း)ဆိုတာဘာလဲ ။ Otoplasty ဆိုတာကသင့်နားရွက်တွေရဲ့ပုံပန်းသွင်ပြင်ကိုလှပလာအောင်ပြုပြင်ပေးတဲ့ခွဲစိတ်မှုတစ်ခုပါ။ ရည်ရွယ်ချက်ကတော့သင့်ရဲ့ပုံပန်းသွင်ပြင်ကိုသင်စိတ်ကျေနပ်မှုရှိစေပြီးယုံကြည်မှုပိုရှိလာစေဖို့ပါ။ သင့်အနေနဲ့ရွေးချယ်စရာတွေနဲ့လက်တွေ့ကျတဲ့မျှော်လင့်ချက်တွေကို သေချာစဉ်းစားသင့်ပါတယ်။ Otoplasty ကိုဘာကြောင့်လုပ်လဲ။ သင့်အနေနဲ့သင့်နားရွက်နဲ့ပတ်သက်ပြီးအစနောက်ခံနေရရင်၊သင့်နားရွက်တွေ ပုံဆိုးပန်းဆိုးဖြစ်နေရင်နားရွက်ပြုပြင်ခွဲစိတ်မှုကသင့်ကိုစိတ်ကျေနပ်စေမှာပါ။ Otoplasty ရဲ့ဖြစ်လာနိုင်ချေရှိတဲ့ဆိုးကျိုးတွေကဘာတွေလဲ ။ အရွယ်ရောက်ပြီးတဲ့ Otoplasty လုပ်မယ့်သူတွေသိထားရမှာကဖွံ့ဖြိုးပြီးသားနားရွက်မှာရှိတဲ့အရိုးနုတွေကကလေးငယ်တွေနားရွက်လိုမျိုးပျော့ပျောင်းမှုမရှိတော့ဘူးဆိုတာပါဘဲ။ တခြားကုသလို့ရတဲ့နည်းတွေရှိလား။ အရွယ်ရောက်ပြီးသူတွေအတွက်ကခွဲစိတ်တာကသာနားရွက်ပုံစံပြောင်းပေးနိုင်မှာပါ။ သင့်အနေနဲ့ဒီခွဲစိတ်မှုရဲ့ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေရှုပ်ထွေးမှုတွေကိုနားလည်ထားဖို့လိုပါတယ်။ အသေးစိတ်ကိုတော့သင့်ခွဲစိတ်ဆရာဝန်နဲ့ဆွေးနွေးပါ။ Otoplasty အတွက်ဘယ်လိုပြင်ဆင်ရမလဲ ။ ခွဲစိတ်မှုကိုမေ့ဆေးပေးပြီးလုပ်မှာဖြစ်ပါတယ်။ သင့်ရဲ့မေ့ဆေးဆရာဝန်ကပြင်ဆင်ရမှာတွေကို ပြောပြပါမယ်။ သင့်အနေနဲ့ဘာဆေးတွေသောက်နေလဲပြောပြဖို့အရေးကြီးပါတယ်အထူးသဖြင့် သွေးကျဲဆေးတွေပါ။ ခွဲစိတ်မှုမစခင် ခြောက်နာရီအလိုမှာသင်ဘာမှမစားမသောက်ရတော့ပါဘူး။ သင့်မေ့ဆေးဆရာဝန်စကားကိုနားထောင်ဖို့အရေးကြီးပါတယ်။ မေ့ဆေးမပေးခင်၂၄နာရီအလိုမှာသင်အရက်သောက်ထားလ့ ိုမဖြစ်ပါဘူး။   Otoplasty လုပ်နေစဉ်ဘာတွေဖြစ်သလဲ ။ ခွဲစိတ်မှုကတစ်နာရီလောက်ကြာပါတယ်။ ခွဲစိတ်ဆရာဝန်ကသင့်နားရွက်အနောက်မှာခွဲပြီးအရိုးနုဆီကအရေပြားတချို့ကိုဖယ်ထုတ်လိုက်ပါမယ်။ သူတို့ကသင့်နားရွက်ရဲ့အရိုးနုပုံစံကိုပြောင်းလဲပြီးနားရွက်ကိုပြုပြင်ပေးပါမယ်။ သင့်ခွဲစိတ်ဆရာဝန်ကနားရွက်ကိုပုံစံအသစ်မှာထိန်းထားနိုင်ဖို့နဲ့ အတွန့်အခေါက်ပုံဖော်ဖို့ အတွက်ချုပ်ရိုးတွေလုပ်ဖို့လိုပါတယ်။ သင့်ခွဲစိတ်ဆရာဝန်ကနားရွက်အရှေ့ဘက်ကိုခွဲပြီးအရေပြားကိုခွဲပါလိမ့်မယ်။ ဒါမှသာအရိုးနုကိုသေချာပုံသွင်းနိုင်မှာပါ။ ဒီနည်းလမ်းကအရိုးနုကိုဦးခေါင်းဘက်ကွေးညွှတ်စေပုံရပါတယ်။ ပြီးရင်ခွဲစိတ်ဆရာဝန်ကသင့်နားရွက်ကိုအထောက်အကူပြုဖို့အတွက်ဦးခေါင်းမှာပတ်တီးလိုမျိုးတစ်ခုခုစည်းပေးပါမယ်။   ခွဲစိတ်မှုပြီးတဲ့အခါသင်ဘာလုပ်ရမလဲ။ ခွဲစိတ်မှုပြီးတဲ့တစ်နေ့တည်းမှာဘဲသင်အိမ်ပြန်လို့ရပါပြီ။ အပတ်အနည်းငယ်တော့အနာရောင်ရမ်းတာကျတဲ့အချိန်တွေမှာအနားယူပြီးအင်အားသုံးရတဲ့လေ့ကျင့်ခန်းတွေမလုပ်ပါနဲ့။ ခေါင်းကပတ်တီးဖြေပြီးတဲ့အခါသင်အလုပ်ပြန်သွားနိုင်ပါပြီ။ ခွဲစိတ်ပြီးခြောက်ပတ်အကြာထိသင်အားကစားမလုပ်သင့်ပါဘူး။ Otoplasty ပြီးရင်ဘာဆက်ဖြစ်လဲ ။ နားရွက်ပြုပြင်ခွဲစိတ်မှုကစိတ်ချရတဲ့ခွဲစိတ်မှုပါ။ ဒါပေမယ့်လည်းတခြားခွဲစိတ်မှုတွေလိုဘဲသူ့မှာလည်းဖြစ်လာနိုင်တဲ့ဆိုးကျိုးလေးတွေရှိပါတယ်။ ရောဂါပိုးဝင်ခြင်း- ဒါကပုံမှန်အားဖြင့်ပိုးသတ်ဆေးနဲ့ကုသလို့ရပါတယ်။ ထိခိုက်သွားတဲ့နေရာတစ်ဝိုက်ကိုတော့စုပ်ထုတ်ဖို့လိုပါမယ်။ ဒါဟာအနားတစ်ဝိုက်ကခွဲရာတွေကိုလည်း ရောဂါပိုးဝင်စေနိုင်တဲ့အတွက်ပါ။ နောက်ဆုံးနားရွက်လုံးဝပုံပျက်သွားတဲ့ထိဖြစ်နိုင်ပါတယ်။ ဒါကရှားပါတယ်။ နားရွက်အရိုးနုရောင်ခြင်း- ဒါက အရည်တွေ စုပ်ထုတ်ဖို့လိုအပ်ပါတယ်။ သွေးခဲခြင်း - ဒါကနားရွက်အရေပြားထဲမှာဖြစ်ပြီးနားရွက်ပုံပျက်တဲ့ထိဖြစ်နိုင်ပါတယ်။ သင့်ဆရာဝန်ကဒါကိုအပ်အသုံးပြုပြီးဖယ်ရှားရပါလိမ့်မယ်။ နားရွက်နောက်အမာရွတ်ကျန်ခြင်း။ အရင်လိုပြန်ဖြစ်ခြင်း - […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Liposuction (အဆီစုပ်ထုတ်ခြင်း)

အဆီစုပ်ထုတ်ခြင်းဆိုတာဘာလဲ။ အဆီစုပ်ထုပ်ခြင်းဆိုတာသင့်အရေပြားအောက်ကအဆီတွေကိုဖယ်ထုတ်ပေးပြီးသင့်ရဲ့ကိုယ်ခန္ဓါကိုပိုမိုသွယ်လျ လှပလာအောင်ဆောင်ရွက်ပေးတဲ့ ပလတ်စတစ်ဆာဂျရီတစ်မျိုးပါ။ အဆီစုပ်ထုတ်ခြင်းကိုအဆီများတဲ့ အောက်ပါနေရာတွေမှာအသုံးပြုနိုင်ပါတယ်။ ပေါင်များ တငပါးများ ဗိုက်နဲ့ခါး လက်မောင်းအပေါ်ပိုင်း ကျော ဒူးအတွင်းပိုင်း ရင်ဘတ် ပါး၊ မေးရိုးနဲ့လည်ပင်း ခြေချင်းဝတ်များ တချို့အခြေအနေတွေမှာအဆီစုပ်ထုတ်ခြင်းကိုတစ်ပိုင်းချင်းစီသက်သက်ခွြဲပီးပြုလုပ်ပါတယ်။ တခြားအခြေအနေတွေမှာတော့တခြားပလတ်စတစ်ဆာဂျရီတွေနဲ့တွဲလုပ်ပါတယ်။ဥပမာ - မေးရိုးပြင်ခြင်း၊ရင်သားသေးခြင်း၊ဗိုက်အဆီလျှော့ခြင်း။ သင့်အနေနဲ့ဒီခွဲစိတ်မှုမပြုလုပ်ခင်အတွင်းကျကျသိထားဖို့လိုပါမယ်။ အဆီစုပ်ထုတ်ခြင်းကိုဘာလို့ပြုလုပ်ကြလဲ။ အဆီစုပ်ထုတ်ခြင်းကိုပြုလုပ်ပြီးတဲ့လူတော်တော်များများကစိတ်ကျေနပ်ကြပါတယ်။ ဒါပေမယ့်လည်းခွဲစိတ်မှုတွေရဲ့ထုံးစံအတိုင်းဖြစ်လာနိုင်တဲ့ဆိုးကျိုးလေးတွေတော့ရှိပါတယ်။ ဒါ့ကြောင့်သင့်အနေနဲ့အဆီစုပ်ထုတ်ခြင်းရဲ့ကန့်သတ်ချက်နဲ့ရှုပ်ထွေးမှုတွေကိုသိထားဖို့လိုပါတယ်။ အဆီစုပ်ထုတ်ခြင်း မစခင်မှာသင့်အခြေအနေအပေါ်မူတည်ပြီးဒီနည်းလမ်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးတွေကိုဆုံးဖြတ်ဖို့လိုပါတယ်။ အဆီစုပ်ထုတ်ခြင်း လုပ်ဖူးတဲ့သူငယ်ချင်းတွေရဲစကားကိုဖြစ်ဖြစ်ဆရာဝန်ကိုဖြစ်ဖြစ် နားယောင်ပြီးသူတို့ရဲ့တိုက်တွန်းမှုအတိုင်းမလုပ်ပါနဲ့ဦး။ သင့်အနေနဲ့သင်ကိုယ်တိုင်လက်ခံနိုင်မှသာလုပ်ပါ။ ဒါကအလှအပဆိုင်ရာခွဲစိတ်မှုဖြစ်တဲ့အတွက်ကျန်းမာရေး ဆိုင်ရာ ခွဲစိတ်မှုတွေလိုအလျင်လိုဖို့မလိုပါဘူး။ အဆီစုပ်ထုတ်ခြင်းနဲ့ပတ်သက်တဲ့သတင်းအချက်အလက် တွေများများသင်စုဆောင်းလေဆုံးဖြတ်ချက်ကောင်းကောင်းချနိုင်လေဖြစ်ပါတယ်။ ဆိုးကျိုးတွေကလည်းတခြားသူတွေကိုမှဖြစ်တာလို့စိတ်ထဲမတွေးထားပါနဲ့။ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကိုနားလည်ပြီးမှသင်ဆုံးဖြတ်ဖို့ကအရေးကြီးပါတယ်။ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ အဆီစုပ်ထုတ်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေက ဘာတွေလဲ။ တခြားခွဲစိတ်မှုတွေလိုပဲ အဆီစုပ်ထုတ်ခြင်းမှာလည်း နောက်ဆက်တွဲဆိုးကျိုးလေးတွေရှိပါတယ်။ သင့်အနေနဲ့သင့်ခွဲစိတ်ဆရာဝန်ကိုဒီအကြောင်းတွေ သေချာရှင်းပြခိုင်းဖို့လိုပါတယ်။ ခွဲစိတ်မှုတွေအားလုံးမှာဖြစ်လာနိုင်တဲ့ဆိုးကျိုးကမေ့ဆေး၊ထုံဆေးနဲ့ပတ်သက်ပြီးမမျော်လင့်ထားတဲ့သက်ရောက်မှုရှိခြင်း၊ သွေးထွက်လွန်ခြင်း၊ သွေးကြောတွင်း သွေးခဲပိတ်ဆို့ခြင်းတို့ပဲဖြစ်ပါတယ်။ အဆီစုပ်ထုတ်ခြင်းရဲ့ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့ ကိုယ်တွင်းအရည်ဓါတ်ဆုံးရှုံးလွန်ခြင်းကြောင့် ရှော့ခ်ရတဲ့ထိဖြစ်ခြင်း ကိုယ်တွင်းအရည်များ စုပုံလာခြင်း ရောဂါပိုးဝင်ခြင်း၊ဒါကအဆိုးဆုံး နောက်ဆက်တွဲ […]


ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း