backup og meta

ကိုယ်ခန္ဓါမှာ အရည်တွေစုပြီး ဖောရောင်ခြင်း ဘာတွေကြောင့်ဖြစ်ရတာလဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ခန္ဓါမှာ အရည်တွေစုပြီး ဖောရောင်ခြင်း ဘာတွေကြောင့်ဖြစ်ရတာလဲ ။ ။

    ကိုယ်ခန္ဓါမှာ အရည်တွေစုပြီး ဖောရောင်တာမျိုး လူတိုင် မကြုံဖူးကြရင်တောင် ကြားဖူးကြမှာပါ။ ဒီလို ဖောရောင်တယ်ဆိုတာ ကိုယ်တွင်းက အရည်တွေ တစ်ရှူးတွေထဲ ပိတ်မိရာကနေ ဖြစ်လာရတာဖြစ်ပါတယ်။ တဖြည်းဖြည်းကြာမှ အရည်တွေ စုလာတတ်သလို ချက်ချင်း ရုတ်တရက်လည်း ကိုယ်တွင်းမှာ အရည်စုလာတတ်ပါတယ်။ ပုံမှန်ဖြစ်လေ့ရှိတဲ့ပြဿနာတစ်ခုဆိုပေမယ့် တစ်ချို့ ပြင်းထန်တဲ့ကျန်းမာရေး ပြဿနာတွေ ကြောင့် ဖောရောင်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါဆို ဘယ်လို အကြောင်းအရာတွေကြောင်း ဖောရောင်ခြင်းဖြစ်ရသလဲဆိုတာကို ကြည့်ရအောင် ။ ။

    ဖောရောင်ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းများ ။

    ဖောရောင်တယ်ဆိုမှတော့သိသာပါတယ်။ ကိုယ်ခန္ဓါ တစ်နေရာရာမှာ အရည်တွေစုပြီး အဲဒီနေရာက အခြားနေရာနဲ့ ယှဉ်ရင် ပိုကြီးနေတတ်တာ ၊ ဖောင်းနေတတ်တာကို ဆိုလိုတာပါ။ သူ့ကို ဖြစ်စေတဲ့အကြောင်းအရင်း အများကြီးရှိပါတယ်။

    ( ၁ ) Albumin ပရိုတင်း ပမာဏ နည်းနေခြင်း

    ဆရာဝန်တွေကတော့ hypoalbuminemia လို့ခေါ်လေ့ရှိတဲ့ ဒီပြဿနာဟာ သွေးကြောထဲမှာရှိတဲ့ အရည်တွေကို ဖော့လိုမျိုး စုပ်ယူထိန်းပေးထားတဲ့ albumin ပရိုတင်းနည်းနေတာကြောင့် သွေးကြောထဲ အရည်တွေ များလားရတာဖြစ်ပါတယ်။ albumin နည်းရင် ဖောရောင်တာဖြစ်ပေမယ့် သူ့နောက်မှာ ပိုပြီး ကြီးမားတဲ့ ပြဿနာရှိနေနိုင်ပါတယ်။

    ( ၂ ) ဓါတ်မတည့်ြခင်း

    ဓါတ်မတည့်ခြင်းကလည်း ဖောရောင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။ ကိုယ်တွင်းကို ဝင်လာတဲ့ ဓါတ်မတည့်ပစ္စည်းကို ပြန်တုန့်ပြန်ဖို့အတွက် နီးစပ်ရာ သွေးကြောလေးတွေကနေ အရည်တွေထွက်လာရတာ ဖြစ်ပါတယ်။

    ( ၃ ) ြပန်ရည်ကြောစီးဆင်းမှု ပိတ်ခြင်း

    ကိုယ်တွင်းမှာ ပြန်ရည်ကြောစီးဆင်းတဲ့စနစ်ဆိုတာ ရှိပါတယ်။ သူ့လမ်းကြောင်းနဲ့သူ ချောချောမွေ့မွေ့စီးဆင်းနေရမှာကို တစ်နေရာရာမှာ ပိတ်သွား ကျဉ်းသွားတာမျိုး ဖြစ်ခဲ့ရင် အရည်တွေ စုပြီး ပုံလာတတ်ပါတယ်။ အဖြစ်အများဆုံးကတော့ ကင်ဆာကြောင့် ပြန်ရေကြော လမ်းကြောင်းတွေ ပိတ်သွားတာမျိုးပေါ့။

    ( ၄ ) ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာများ ။

    ကိုယ်ခန္ဓါ မီးလောင်ခံထားရတာ၊ ရောဂါပိုးပြင်းပြင်းထန်ထန် ကူးစက်ခံရတာနဲ့ အခြား သေစေနိုင်လောက်တဲ့ ကျန်းမာရေး ပြဿာနာတွေကြောင့် တစ်ရှူးတွေထဲ အရည်တွေ စိမ့်ထွက်လာပြီး ဖောရောင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလို ဖောရောင်ခြင်းကတော့ တစ်ကိုယ်လုံး အနှံ့အပြားမှာ ဖြစ်မှာပါ။

    ( ၅ ) နှလုံး အမောဖောက်ြခင်း

    နှလုံး အားနည်းပြီး အမောဖောက်တဲ့အခါ သွေးတွေကို ကောင်းကောင်းမညှစ်နိုင်တော့တာကြောင့် ခြေထောက်နဲ့ အဆုတ်လိုနေရာမျိုးမှာ အရည်တွေစုပြီး ဖောရောင်လာတတ်ပါတယ်။ တကယ်လို့ နှလုံးအားနည်းတာ ညာဘက်အခြမ်းကဖြစ်ခဲ့မယ်ဆိုရင်တော့ ဗိုက်မှာ အရည်တွေစုပြီး ရေဖျင်းဆွဲသလို ပုံစံမျိုး ဖြစ်တတ်ပါတယ်။

    ( ၆ ) အသည်းရောဂါ

    အသည်းခြောက်တာလိုမျိုး အသည်းရောဂါ ပြင်းထန်တဲ့ ပြဿနာမျိုးမှာ ဖောရောင်ခြင်း အများဆုံးဖြစ်တတ်ပါတယ်။ အသည်းခြောက်သွားတာကြောင့် အသည်းကနေ albumin ပရိုတင်း ထုတ်လုပ်မှု နည်းသွားရာကနေ ဖောရောင်ရတာဖြစ်ပါတယ်။ ဒီလို အသည်းခြောက်တဲ့ ပြဿနာမှာတော့ ဗိုက်မှာ ရေဖျင်းဆွဲတာနဲ့ ခြေထောက်မှာ ဖောလာတာက အထင်ရှားဆုံးပါ။

    ( ၇ ) ကျောက်ကပ်ြပဿနာ ။

    ကျောက်ကပ်ရဲ့ အဓိက တာဝန်က ကိုယ်တွင်းက အရည်တွေကို စွန့်ထုတ်ရတာဆိုတော့ ကျောက်ကပ်မကောင်းတဲ့အခါ အရည်တွေ စုပြီး ဖောရောင်လာဖို့ကသေချာပါတယ်။ အဓိက နေရာကတော့ ခြေထောက်နဲ့ မျက်နှာမှာ ဖြစ်ပြီး တစ်ရံတစ်ခါ တစ်ကိုယ်လုံး ဖောရောင်ခြင်းတွေ ဖြစ်တတ်ပါတယ်။

    ( ၈ ) ကိုယ်ဝန်

    ကိုယ်ဝန်ကလည်း ဖောရောင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။ ကြီးလာတဲ့ သားအိမ်က ပေါင်ခြံကသွေးကြောတွေ အပေါ် ဖိမိရာကနေ ပြန်ရည်ကြော စီးဆင်းမှု မကောင်းတော့တာကြောင့် အရည်တွေ စုပြီး ဖောလာရတာပါ။ အထူးသဖြင့် ခြေထောက်မှာ ဒီလိုဖောရောင်တာဖြစ်တတ်ပါတယ်။ တစ်ခုသတိထားရမှာက ကိုယ်ဝန်ဆိပ်တက်တာ၊ သွေးပြန်ကြော ထုံးတာတွေ လည်း ဖြစ်နိုင်တာကြောင့် ဆိုးဆိုးဝါးဝါးဖောလာရင်တော့ သတိထားသင့်တဲ့ အရာတစ်ခုပါ။

    ( ၉ ) ဦးခေါင်းထိခိုက်ခြင်း

    ဦးခေါင်းထိခိုက်တာ၊ ဦးနှောက်မှာ ကင်ဆာ အကျိတ်တည်တာ ၊ hydrocephalus လိုမျိုး ဦးနှောက်ထဲ အရည်တွေ စုပြီး ခေါင်းကြီးနေတာ၊ သွေးတွင်း ဆိုဒီယမ်ဓါတ်နည်းတာတွေကြောင့် ဦးနှောက်တွင်း အရည်တွေစုတာမျိုးတွေ ဖြစ်တတ်ပါတယ်။ လက္ခဏာတွေကတော့ ခေါင်းကိုက်တာ၊ ခေါင်းမူးတာ၊ သတိလစ်တာနဲ့ ကိုမာဝင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

    ( ၁၀ ) ဆေးများ ။

  • စတီးရွိုက်မပါတဲ့အကိုက်အခဲပျောက်ဆေးများ ( ibuprofen နဲ့naproxen)
  • သွေးတိုးကျေဆး Calcium channel blockers
  • စတီးရွိုက်ဆေး ( prednisone ၊ methylprednisolone )
  • Pioglitazoneနှင့် rosiglitazone
  • Pramipexole တို့ဟာ ဖောရောင်ခြင်းကို ဖြစ်စေတဲ့ဆေးတွေပါ ။ ။
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement