(၃) လျှပ်စစ်ပစ္စည်းသုံးစွဲချိန်ကို ကန့်သတ်လိုက်ပါ။
မိသားစုတော်တော်များများမှာ ဒီလိုစည်းကမ်းကို လိုက်နာကျင့်သုံးနေကြပါပြီ။ တချို့မိသားစု တွေမှာဆိုရင်တော့ တစ်နေ့မှာ ဖုန်း၊ ကွန်ပြူတာ၊ ဂိမ်း စတာတွေကို ဘယ်နှနာရီပဲပြုလုပ်ရမယ်ဆိုပြီး ကန့်သတ်ထားကြပါတယ်။ ဘယ်လိုအချိန်မှာတော့ ဖုန်းမကြည့်ရဘူး၊ ကွန်ပျူတာမနှိပ်ရဘူး စသဖြင့်ပါ။ ထမင်းလက်ဆုံစားချိန်တွေမှာ ဖုန်းကိုလုံးဝမကိုင်ပါနဲ့။ မအိပ်စက်ခင်မှာလည်း ဖုန်းမကြည့်မိပါစေနဲ့။ အိပ်ချိန်မတိုင်ခင် ဖုန်းမကိုင်ခြင်းဟာ ကလေးတွေရော မိဘတွေအတွက် အလွန်ကောင်းပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်စွာ စောစောအိပ်စက်သွားနိုင်ပြီး နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေ နိုင်မှာပါ။
(၄) တစ်ဦးတစ်ယောက်ကို နာကျင်အောင်လုပ်မိပါက တာဝန်ပြန်ယူခိုင်းပါ။
ကလေးအချင်းချင်း ဆော့ကစားကြတဲ့အခါ အမှတ်မထင် ထိမိခိုက်မိအောင် ပြုလုပ်မိလိုက်တာမျိုး ရှိတတ်ပါတယ်။ ဒီအခါမှာတော့ အမှားကျူးလွန်သူကို ပြန်လည်တောင်းပန်ခိုင်းသင့်ပါတယ်။ တချို့သော အခြေအနေတွေမှာ လျော်ကြေးအနေနဲ့ ပေးဆပ်ခိုင်းတာမျိုး ပြုလုပ်သင့်ပါတယ်။ ဥပမာ မုန့်ဖိုးလျှော့ပေးလိုက်တာမျိုးပါ။ ဒီလိုအချက်ကြောင့် ကလေးဟာ မိမိအမှားအတွက် အပြည့်အဝ တာဝန်ယူတတ်သူ တစ်ယောက်အဖြစ် ကြီးပြင်းလာမှာပါ။
(၅) အမှန်တရားကိုသာ ပြောဆိုခိုင်းပါ။ လိမ်မပြောရဘူးဆိုတဲ့အချက်ကို ထုတ်ဖြစ်အောင် ထုတ်ပါ။
ဘယ်လိုအခြေအနေမျိုးမှာမဆို ကလေးကို လိမ်မပြောမိပါစေနဲ့။ သင်ကိုယ်တိုင်စံပြ ပုဂ္ဂိုလ် ဖြစ်အောင်နေပါ။ သင်ဟာ ကလေးအတွက် လက်ဦးဆရာပါ။ သင့်ကလေးကိုလည်း လိမ်မပြောတတ်အောင် သင်ကြားထားပါ။ အခန့်မသင့်ဘဲ ကလေးလိမ်ပြောတာကို မိသွားခဲ့ရင်လည်း စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ပြန်လည်တည့်မတ်ပေးပါ။
ဒီစည်းမျဉ်းစည်းကမ်းဟာ ရိုးသားတဲ့လူတစ်ယောက်ဖြစ်ဖို့ အခြေခံကျလှတဲ့ အချက်ပါပဲ။
(၆) တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ခံတွင်းသန့်ရှင်းမှုကို မပျက်မကွက် ပြုလုပ်ခိုင်းပါ။
လက်ကို ပုံစံစနစ်တကျဆေးကြောခြင်း၊ သွားတိုက်ခြင်း (မနက်တစ်ခါ၊ ညတစ်ခါ) ရေချိုးခြင်း စတာတွေဟာ ကျန်းမာရေးကောင်းဖို့ အတွက် အခြေခံကျတဲ့ အချက်တွေပါပဲ။ အကျင့်ကောင်းတွေ ကို မွေးမြူပေးပါ။ သင်ကိုယ်တိုင်လည်း မပျက်မကွက် ပြုလုပ်ပေးပါ။
(၇) မိသားစုအစည်းအဝေးတွေ့ဆုံပွဲကို တစ်ပတ်တစ်ကြိမ် အနည်းဆုံး မဖြစ်မနေ တက်ရောက် ခိုင်းပါ။
မိသားစု စုံစုံလင်လင်တွေ့ဆုံမှုလေးကို တစ်ပတ်တစ်ခါတော့ အနည်းဆုံးအချိန်ပေးပြီး ပြုလုပ် ပေးပါ။ အစည်းအဝေးမှာ စည်းမျဉ်းစည်းကမ်းတွေကို လိုအပ်သလို ညှိနှိုင်းပြီး အလျှော့အတင်း ပြုလုပ် နိုင်ပါတယ်။ မိမိသဘောကျတဲ့ အချက်၊ မကျတဲ့အချက်တွေကိုလည်း ထုတ်ဖော်ပြောကြားနိုင်သလို အနာဂတ် အစီအစဉ်တွေကိုလည်း အပြန်အလှန် ပြောကြားနိုင်ပါတယ်။ တစ်ပတ်တစ်ခါ မပြုလုပ်နိုင်လည်း တစ်လတစ်ခါတော့ ပြုလုပ်သင့်ပါတယ်နော်။
(၈) မိသားစုဝင်အချင်းချင်း အပြန်အလှန်လေးစားမှုရှိပါစေ။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အားသာ ချက်တွေကိုလည်း လေးစားသမှုရှိပါ။
- မောင်နှမအချင်းချင်း စိတ်ခံစားမှုကို မနောက်ပြောင်ပါစေနဲ့ (အော်ဟစ်တာမျိုး၊ ရုပ်ရည်သွင်ပြင်ကို လှောင်ရယ်တာမျိုး၊ နှိမ့်ချဆက်ဆံတာမျိုး၊ မကြိုက်တဲ့နာမည်ပြောင် ခေါ်တာမျိုးတွေကို လုံးဝ (လုံးဝ) ပေးမလုပ်ပါနဲ့)။
- မနာကျင်ပါစေနဲ့။ တစ်ယောက်နဲ့တစ်ယောက် မရိုက်ပါနဲ့။ ကစားနေရင်းပဲဖြစ်ဖြစ် မတွန်းပါနဲ့။ မကန်ပါစေနဲ့။
- မွေးချင်းဖြစ်နေပါစေ၊ တစ်ယောက်ယောက်ရဲ့ ပစ္စည်းကိုယူတော့မယ်ဆိုရင် ခွင့်ပြုချက် တောင်းခံခိုင်းပါ။
- အပြစ်ပြုလုပ်ခဲ့ရင် ပညာသားပါပါ ချက်ချင်း အပြစ်ပေးပါ။ အငယ်ဆုံးမို့ သက်ညှာအလို လိုက်တာမျိုး မလုပ်ပါနဲ့။
ဒီလိုလုပ်ခြင်းအားဖြင့် အနာဂတ်မှာ သင့်ကလေးရဲ့ ဆုံးဖြတ်ချက်တွေဟာ မှန်ကန်နေမှာပါ။ မိမိအိမ်မှာလည်း စည်းမျဉ်းစည်းကမ်းလေးတွေ ချမှတ်ရင်း သင့်ကလေးကို အနာဂတ်လှလှ ပိုင်ဆိုင် လိုက်ပါစေနော်။
ရေးသားသူ-ဒေါက်တာမှူးခင်
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။