သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

သွေးလှူတာနဲ့ပတ်သက်လို့ သိထားမိနိုင်တဲ့ အယူအဆမှားအချို့

သွေးလှူတာနဲ့ပတ်သက်လို့ သိထားမိနိုင်တဲ့ အယူအဆမှားအချို့

သွေးကလူတိုင်းအတွက်အရမ်းကိုအရေးကြီးတဲ့ တန်ဖိုးကြီးပစ္စည်းလေးတစ်ခုပါ။ သက်ရှိသတ္တဝါတိုင်းမှာသွေးရှိပါတယ်။ ဒီလိုအရေးပါတဲ့သွေးလေးကိုလှူမယ်ဆိုရင် ဘယ်လောက်များ ကုသိုလ်ရလိုက်မလဲနော်။ ဒါပေမယ့်သွေးလှူချင်ပေမယ့် အယူအဆအမှားတွေကြောင့်သွေးလှူဖို့များကြောက်နေလား။ ဒါဆို ဒီဆောင်းပါးလေးကသွေးလှူချင်ရက်နဲ့ကြောက်စိတ်ကြောင့်သွေးမလှူဖြစ်ဘူးဖြစ်နေတဲ့ Hello ဆရာဝန်ပရိသတ်ကြီးအတွက်ပါ။

သွေးလှူတာနဲ့ပတ်သက်တဲ့ အယူအဆအမှားများ

သွေးလှူတာက အားနည်းစေတယ်

သွေးလှူလိုက်တာကြောင့် ခန္ဓါကိုယ်မှာ အားနည်းသွားတာမျိုးမဖြစ်နိုင်ပါဘူး။သွေးလှူပြီးရင်တော့ ၂၄ နာရီပြည့်ပြည့်ဝဝအနားယူပေးဖို့လိုမှာပါနော်။ သတိထားပေးဖို့လိုမယ့်တစ်ချက်ကရေများများသောက်ပေးပြီးဆေးလိပ်မသောက်ဖို့ပါ။ ကျန်းမာတဲ့လူတစ်ယောက်အနေနဲ့ တစ်နှစ်ကိုသွေး ၄ ကြိမ်လှူလို့ရပြီး အားနည်းမှာမျိုးမဖြစ်နိုင်ပါဘူးနော်။

ကိုယ်ခံအား အားနည်းသွားစေနိုင်တယ်

သွေးလှူတာက ကိုယ်ခံအားစနစ်ကို မထိခိုက်စေနိုင်ပါဘူး။သွေးလှူလိုက်တာကြောင့် ကိုယ်တွင်းမှာ သံဓါတ် အားနည်းသွားတာမျိုးမရှိသလိုသွေးတွင်းသကြားဓါတ်ကျဆင်းသွားတာမျိုးသွေးပေါင်ချိန်ကျတာမျိုးမရှိပါဘူး။ ဒါကြောင့်သွေးလှူလိုက်လို့ ကိုယ်ခံအား အားနည်းတာမျိုးမရှိဘူးလို့ပြောပါရစေ။

သွေးလှူရင် ဖျားမှာလား

သွေးလှူတာကြောင့်ဖျားနာတာမျိုးမဖြစ်နိုင်ပါဘူး။သွေးမလှူခင်မှာ သံဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေ၊ ဗီတာမင် C ကြွယ်ဝတဲ့ အစားအသောက်တွေကို စားမယ်ဆိုရင် ဖျားနာမှုကင်းစေမှာပါ။သွေးမလှူခင်ရေပြည့်ပြည့်ဝဝသောက်ဖို့ပြောပါရစေ။

အသက်ကြီးသူတွေသွေးလှူလို့မရဘူး

ကျန်းမာနေမယ်ဆိုရင် အသက် ၆၀ အထိတောင်သွေးလှူလို့ရပါတယ်။ ကျန်းမာနေဖို့ပဲ လိုတာပါ။

တုပ်ကွေးကာကွယ်ဆေးထိုးထားရင်သွေးလှူလို့မရဘူး

မကြာသေးခင်က တုပ်ကွေးကာကွယ်ဆေးထိုးထားတယ်ဆိုရင်လည်းသွေးလှူလို့ရပါတယ်။ဆေးထိုးပြီး ခန္ဓါကိုယ်မှာ တုပ်ကွေးလက္ခဏာတွေပြမနေရင်ပေါ့နော်။

ကင်ဆာရောဂါ ကုသမှုခံယူဖူးရင်သွေးလှူလို့မရဘူး

ဒါကတော့ ဘယ်လိုကင်ဆာရောဂါမျိုးကိုခံစားခဲ့ရဖူးတာလဲဆိုတာနဲ့ ဘယ်လိုကုထုံးမျိုးကို ခံယူခဲ့ဖူးလဲဆိုတဲ့အပေါ်မှာမူတည်ပြီးကွာခြားနိုင်ပါတယ်။သွေးကင်ဆာခံစားနေရလို့ ကုထုံးခံယူနေရတာဆိုရင်တော့သွေးလှူလို့မရပါဘူး။ ဒီလိုမှမဟုတ်ဘဲအခြားကင်ဆာတွေခံစားရဖူးတာဆိုရင်တော့သွေးလှူလို့ရပါတယ်။

သွေးတွင်းမှာ ကိုလက်စထရောများနေရင်သွေးလှူလို့မရဘူ

သွေးတွင်းကိုလက်စထရောများနေရုံနဲ့ သွေးလှူလို့မရဘူးဆိုတဲ့စကားက ဂျင်းထည့်တာပါနော်။သွေးတွင်းကိုလက်စထရောများတာကသွေးလှူတဲ့အပေါ်မှာ နည်းနည်းလေးတောင်သက်ရောက်မှုတောင်မရှိပါဘူး။သွေးတွင်းကိုလက်စထရောများလို့ ဆေးသောက်နေရတယ်ဆိုရင်တောင်သွေးလှူလို့ရပါသေးတယ်။

ကဲ ဘယ်လိုလဲသွေးလှူတော့မယ်ဟုတ်။ သင့်သွေးနဲ့ဒုက္ခရောက်နေသူတွေကို ကူညီကယ်တင်လိုက်ပါနော်။ အားလုံးကျန်းမာကြပါစေကြောင်း……..

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

10 myths about blood donation debunkedhttps://www.health24.com/Lifestyle/Your-Blood/10-myths-about-blood-donation-debunked-20180612 Accessed Date 11 February 2019

Myths about blood donationhttp://www.bloodconnect.org/myths Accessed Date 11 February 2019

Debunked: Myths About Blood Donationhttps://doctor.ndtv.com/living-healthy/myths-about-blood-donation-debunked-1744439 Accessed Date 11 February 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 07/02/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။