backup og meta

ဝမ်းသွားပြီးနောက်ပိုင်း သွေးတစ်စက် တစ်စက်ကျနေတာ ဘာဖြစ်လို့လဲ ။

ဝမ်းသွားပြီးနောက်ပိုင်း သွေးတစ်စက် တစ်စက်ကျနေတာ ဘာဖြစ်လို့လဲ ။

ဝမ်းသွားပြီး နောက်ပိုင်း စအိုကနေ သွေးတစ်စက်ပြီး တစ်စက်ကျလာတာ ပုံမှန် မဟုတ်ဘူးဆိုတာ လူတိုင်းသိမှာပါ။ အများစုသိကြတာကတော့ ဒီလို ဝမ်းသွားပြီး သွေးဆင်းရင် လိပ်ခေါင်းရှိနေတာ ဖြစ်နိုင်တယ်ဆိုတာပါ။

မှန်ပါတယ်။ ဝမ်းသွားပြီးနောက်ပိုင်းသွေးဆင်းတာဟာ လိပ်ခေါင်း ရောဂါရဲ့ အဓိက လက္ခဏာပါ။ ဒါပေမယ့် ဒီလို ဝမ်းသွားပြီး သွေးဆင်းတဲ့ပြဿနာဟာ လိပ်ခေါင်းရောဂါ တစ်ခုတည်းကြောင့် ဖြစ်တာတော့ မဟုတ်ပါဘူး။ သူ့ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် ။ ။

ဝမ်းသွားပြီးနောက်ပိုင်း သွေးဆင်းခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ ။ ။

ဝမ်းသွားပြီးနောက်ပိုင်း သွေးဆင်းတဲ့ ပြဿနာကို အဖြစ်များတာ( common causes )နဲ့ အဖြစ်နည်းတာ ( rare causes ) ဆိုပြီး ၂ မျိုးခွဲလိုက်လို့ရပါတယ်။

ဝမ်းသွားပြီးနောက်ပိုင်း သွေးဆင်းခြင်းကို အဖြစ်များစေတဲ့ ပြဿနာတွေကတော့

  • စအိုဝကွဲတာ – ဝမ်းချုပ်လွန်းတော့ ဝမ်းသွားတဲ့အခါ မာနေတဲ့ စမြင်းတုံးတွေ ကြောင့် စအိုဝကွဲသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အသားပြဲ သွားတာဖြစ်တဲ့အတွက် နာကျင်ပြီးစပ်နေမှာ ကျိနိးသေပါတယ်။နောက်တစ်ခုရှိတာက စအိုနဲ့ လိင်ဆက်ဆံတဲ့သူတွေမှာလည်း ခုလို စအိုဝကွဲတာမျိုးတွေဖြစ်နိုင်ပါတယ်။
  • လိပ်ခေါင်းရောဂါ- ဒီ လိပ်ခေါင်းရောဂါရဲ့ အဓိက လက္ခဏာတစ်ခုကတော့ ဝမ်းသွားပြီး သွေးဆင်းတာပါပဲ။ စမြင်းတုံးတွေကျပြီးတာနဲ့ သွေးတွေလိုက်ဆင်းလာတယ်၊ အရင်တည်းက ကိုယ်ကဝမ်းချုပ်တတ်တယ်၊ ဝမ်းသွားရင် ညှစ်ပါရတယ် ၊ အိမ်သာတစ်ခါတက်ရင်လည်း အကြာကြီးပဲဆိုရင်တော့ ဒီသွေးဆင်းတာဟာ လိပ်ခေါင်းရောဂါကြောင့် ဖြစ်ဖို့များပါတယ်။

အဖြစ်နည်းပေမယ့် ဝမ်းသွားပြီးနောက်ပိုင်း သွေးဆင်းခြင်းကို ဖြစ်စေတဲ့ ပြဿနာတွေကတော့

  • စအိုကင်ဆာ – စအိုကင်ဆာရဲ့ လက္ခဏာတွေထဲမှာ ဝမ်းသွားပြီး သွေးပါတာနဲ့ အကျိတ်လေးတွေ စမ်းမိတာမျိုးတွေ ရှိနိုင်ပါတယ်။ နောက်ပြီး ကင်ဆာဖြစ်တော့ လူကလည်း ပိန်ချုံးပြီး အစားအသောက်တွေလည်း ပျက်နေတတ်ပါတယ်။
  • အူမကြီးကင်ဆာ – အူမကြီး ကင်ဆာကလည်း ဝမ်းသွားပြီး နောက်ပိုင်း သွေးဆင်းခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။ တစ်ခုရှိတာက အူမကြီးကင်ဆာမှာဆို ဝမ်းနဲ့ သွေးတွေ ရောနေတာမျိုး၊ စမြင်းတုံးလေးတွေ က သေးသေးမျှင်မျှင်ဖြစ်နေတာမျိုး ၊ ဗိုက်အောင့်တာနဲ့ ဗိုက်မှာ အလုံးအကျိတ်တွေ စမ်းမိတာမျိုးတွေ ရှိတတ်ပါတယ်။
  • ကင်ဆာကုတဲ့ နည်းလမ်းတစ်မျိုးဖြစ်တဲ့ ဓာတ်ရောင်ခြည်ကုထုံးကလည်း အူလမ်းကြောင်း ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ ပြဿနာတွေထဲက တစ်ခုပါ။
  • အစာအိမ်နာရောဂါများ – Crohn’s disease, ulcerative colitis, တို့လိုမျိုး အစာအိမ်နဲ့ အူလမ်းကြောင်အနာဖြစ်တဲ့ ရောဂါတွေကလည်း ဝမ်းသွားပြီးနောက်ပိုင်း သွေးဆင်းခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေပါ။
  • Angiodysplasia လို့ခေါ်တဲ့ အူသိမ်ပတ်လည်က သွေးကြောလေးတွေ ပုံမှန်မဟုတ်တဲ့ပြဿနာကလည်း ဝမ်းသွားပြီး သွေးဆင်းခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။
  • Amebiasis လို့ခေါ်တဲ့ Entamoeba histolytica ကပ်ပါးကောင်ကြောင့် ဖြစ်တဲ့ ဝမ်းလျှောခြင်းပြဿနာကလည်း ဝမ်းထဲသွေးပါစေတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။
  • အူလမ်းကြောင်းပြဿနာတွေဖြစ်တဲ့ Diverticulosis ( အူလမ်းကြောင်းနံရံတွေမှာအိတ်ငယ်လေးတွေ ဖြစ်တာ)၊ Ischemic colitis (အူတွေဆီ သွေးအရောက်နည်းသွားလို့ အူပုတ်သွားတာ)၊ Pseudomembranous colitis ( ပိုးဝင်ပြီး အူရောင်တဲ့ ပြဿနာ) တွေဟာ ဝမ်းသွားပြီးနောက်ပိုင်း သွေးဆင်းခြင်းကို ဖြစ်စေတဲ့ ပြဿနာတွေပါ။
  • Proctitis လို့ခေါ်တဲ့ စအိုပတ်လည်က သွေးကြောတွေ ရောင်တဲ့ပြဿနာကြောင့်လည်း ဝမ်းထဲသွေးပါခြင်းတွေ ဖြစ်တတ်ပါတယ်။

ဒါတွေကတော့ ဝမ်းသွားပြီးနောက်ပိုင်း သွေးဆင်းခြင်းကို ဖြစ်စေတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဒီလို ဝမ်းသွားပြီးနောက်ပိုင်း သွေးဆင်းခြင်းကို အဖြစ်များစေတဲ့ အကြောင်းအရာတွေက ဝမ်းချုပ်ခြင်းကစတာဖြစ်တဲ့အတွက် ကြောင့် ဝမ်းမှန်အောင် အသီးအရွက်များများစားပါ။ ရေများများသောက်ပါ။ ကိုယ်လက်လှုပ်ရှားမှုလေးတွေ သောက်ပေးပါ ။ ။

ဘယ်အချိန်မှာ ဆရာဝန်ဆီ သွားရမှာလဲ ။

ဒီလိုဝမ်းသွားပြီးတိုင်း သွေးဆင်းနေတဲ့ ပြဿနာဖြစ်တာ ၃ ရက်လောက်ထိ ဆက်တိုက်ဖြစ်နေပြီ။ လုံးဝကို ပြန်မပျောက်ဘူးဆိုရင် ဆရာဝန်ဆီ သွားပြပြီး ဖြစ်ရတဲ့ အကြောင်းအရင်းကိုသေချာရှာပြီး ကုသဖို့တော့ လိုတယ်နော် ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.mayoclinic.org/symptoms/rectal-bleeding/basics/causes/sym-20050740

Accessed Date 27.6.2019

https://www.healthline.com/symptom/rectal-hemorrhage

Accessed Date 27.6.2019

https://my.clevelandclinic.org/health/symptoms/14612-rectal-bleeding/possible-causes

Accessed Date 27.6.2019

ယခုပုံစံ

31/05/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အိမ်သာတက်ရင်း ဖုန်းသုံးတဲ့သူတွေ လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများ

လိပ်ခေါင်းရောဂါကို အိမ်မှာတင် သက်သာအောင် လုပ်နိုင်တယ်ဆိုတာ သင်သိပါသလား။ ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 31/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement