backup og meta

လိပ်ခေါင်းရောဂါကို အိမ်မှာတင် သက်သာအောင် လုပ်နိုင်တယ်ဆိုတာ သင်သိပါသလား။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိပ်ခေါင်းရောဂါကို အိမ်မှာတင် သက်သာအောင် လုပ်နိုင်တယ်ဆိုတာ သင်သိပါသလား။  ။

    လိပ်ခေါင်းရောဂါ ဆိုတာ စိတ်ကိုရော နေ့စဉ်လူနေမှု ဘဝကိုပါ နှောင့်ယှက်တတ်တာမျိုးပါ။ သူဖြစ်ပြီဆိုတာနဲ့ စအိုနားတစ်ဝိုက်မှာ တင်းနေသလိုလို၊ နာသလိုလို၊ ယားသလိုလိုဖြစ်တဲ့အပြင် ဝမ်းသွားရင်လည်း သွေးတွေပါတတ်တော့ လူတိုင်း လန့်ကြတဲ့ရောဂါတစ်ခုပေ့ါ။ ဒါ့အပြင် သူကလည်း လူမြင်ခံလို့မရတဲ့နေရာမှာဖြစ်နေတာဆိုတော့ ရှက်တတ်တဲ့ မြန်မာလူမျိုးတွေ အနေနဲ့ လိပ်ခေါင်း ဖြစ်ပြီဆို ဆရာဝန် သွားပြဖို့ အင်မတန်မှ ဝန်လေးကြပါတယ်။ ဆရာဝန်ဆီလည်း မသွားရဲ၊ လိပ်ခေါင်းပြန်ဝင်အောင် ဘယ်လိုနည်းလမ်းမှန် နေထိုင်ရမှန်းလည်း မသိနဲ့ ပိုဆိုးသွားကြတဲ့သူတွေ အများကြီးပါ။ ဒါကြောင့် ဒီဆောင်းပါးလေးထဲမှာ စစချင်းထွက်နေတဲ့ လိပ်ခေါင်းကို ပြန်ဝင်အောင် ဆရာဝန်ဆီ သွားစရာမလိုဘဲ အိမ်မှာတင် လုပ်လို့ရတဲ့ နည်းလေးတွေ ဝေမျှပေးချင်ပါတယ်။ ။

    လိပ်ခေါင်းက သူ့ဘာသာသူ ပျောက်သွားနိုင်လား။ ။

    လိပ်ခေါင်းရောဂါကို အိမ်မှာတင် သက်သာအောင် လုပ်နိုင်တယ်ဆိုတာ သင်သိပါသလား။ ။ လိပ်ခေါင်း ဆိုတာ သက်တမ်းနုခါစဆို သူ့ဘာသာ ပြန်ဝင်သွားတတ်တဲ့ သဘောရှိပါတယ်။ လိပ်ခေါင်း ထွက်လာပြီဆိုတာနဲ့ ခွဲစိတ်မှ ပျောက်တာမဟုတ်ပါဘူး။ ကိုယ့် အနေအထိုင် အပြုအမူတွေကို ဆင်ခြင်လိုက်လို့ရှိရင် မခွဲမစိတ်ဘဲ ပြန်ဝင်သွားတတ်ပါတယ်။ ဒါကြောင့် လိပ်ခေါင်း ဆိုတာ သူ့ဘာသာသူ ပျောက်သွားတတ်တဲ့ ရောဂါ တစ်မျိုးပါ။

    လိပ်ခေါင်းရောဂါကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ။ ။

    လိပ်ခေါင်းကြောင့် ဖြစ်တဲ့ ယားယံတာနဲ့ နာကျင်တာကို သက်သာစေဖို့…………

    • ရေနွေးစိမ်ပါ။

    လိပ်ခေါင်းရောဂါ ရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ စအိုနားတစ်ဝိုက်ယားယံတာကို သက်သာစေဖို့အတွက် ရေချိုးကန်ထဲမှာ ရေပူတွေဖြည့်ထားပြီး နွေးနွေးလေးဖြစ်တဲ့ အချိန်ကျ ၁၅ မိနစ်လောက် ရေနွေးဖြည့်ထားတဲ့ ကန်လေးထဲမှာ ရေစိမ်ပါ။ ဒါကို အိမ်သာသွားပြီးတိုင်း ဒါမှမဟုတ် တစ်နေ့ကို နှစ်ကြိမ်လောက်လုပ်ပေးပါ။ း မပြင်းတဲ့ အမွှေးနံ့မပါတဲ့ ဆပ်ပြာရည်သုံးပြီး စအိုနားတစ်ဝိုက်ကို သန့်စင်ပေးပါ။ သန့်စင်ပြီးသွားပြီဆိုရင် ပဝါသန့်သန့်လေးသုံးပြီး ရေခြောက်အောင် ဖွဖွလေးသုတ်ပါ။

    • အယားသက်သာစေတဲ့ ခရင်မ်တွေလိမ်းပေးပါ။

    သစ်အယ်သီးကို အခြေခံပြီး ထုတ်ထားတဲ့ ခရင်မ်တွေက လိပ်ခေါင်းကြောင့်ဖြစ်တဲ့ စအိုနားတစ်ဝိုက် ယားယံခြင်းကို သက်သာစေတဲ့အပြင် အခြားဘေးထွက်ဆိုးကျိုးတွေလည်း မရှိစေပါဘူး။ စတီးရွိုက်ပါတဲ့ လိမ်းဆေးတွေကျတော့ ယားယံတာကို သက်သာစေပေမယ့် နောက်ဆက်တွဲဆိုးကျိုးတွေပါရှိတဲ့ အတွက်ကြောင့် ဆရာဝန် ညွန်မှ လိမ်းတာအကောင်းဆုံးပါ။

    • ရေခဲကပ်ပါ။

    ရေခဲဟာ လိပ်ခေါင်းကြောင့် နာတဲ့ အနာကို သက်သာစေမယ့်အပြင် ရောင်နေတာကိုလည်း လျော့စေပါတယ်။ အဝတ်သန့်သန့်လေးထဲမှာ ရေခဲထည့်ပြီး လိပ်ခေါင်းထွက်တဲ့နေရာကို ကပ်ကပ်ပေးပါ။

    • အကိုက်အခဲပျောက်ဆေးသောက်ပါ။

    အကိုက်အခဲပျောက်ဆေးတွေဟာ လိပ်ခေါင်းကြောင့် ခံစားရတဲ့ နာကျင်ခြင်းကို သက်သာစေတဲ့အပြင် ရောင်ရမ်းတာကိုလည်း လျော့ကျစေပါတယ်။ အစာအိမ်ရောဂါ ရှိတဲ့သူတွေကတော့ အကိုက်အခဲပျောက်ဆေး မသုံးသင့်ပါဘူး။

    • လိပ်ခေါင်းဖြစ်တဲ့ နေရာကို မကုတ်ပါနဲ့။

    လိပ်ခေါင်းကြောင့် စအိုနားတစ်ဝိုက် ယားယံနေတာမှန်ပေမယ့် အယားပြေအောင် လက်နဲ့ မကုတ်သင့်ပါဘူး။ ကုတ်လိုက်တာကြောင့် အရေပြားတစ်ဝိုက်ပွန်းသွားပြီး ပိုးတွေဝင်သွားနိုင်ပါတယ်။ အညစ်အကြေးတွေ ဖြတ်နေတဲ့နေရာဖြစ်တဲ့အတွက် စအိုနားတစ်ဝိုက် အနာဖြစ်ရင် အနာကျက်ဖို့ ခဲယဉ်းပါတယ်။

  • အသားနုတဲ့ ဘောင်းဘီတွေကို ရွေးဝတ်ပါ။ ။

  • ဝတ်ရတာ ချောင်ချိပြီး အသားနုတဲ့ချည်သား ဘောင်းဘီတွေကို ရွေးဝတ်ပါ။ ဒါမှ လေဝင်လေထွက်ကောင်းပြီး ချွေးအိုက်တာကို သက်သာသွားစေမှာပါ။

    ထွက်နေတဲ့ လိပ်ခေါင်း ပြန်ဝင်သွားအောင်၊ နောက်တစ်ခါထပ်ထွက် မလာအောင် ကိုယ့်ဘက်က ဘာတွေဆင်ခြင်ရမလဲ။ ။

    • ဝမ်းလုံးဝ အချုပ်မခံပါနဲ့။ ဝမ်းချုပ်လို့ လိပ်ခေါင်းထွက်၊ လိပ်ခေါင်းထွက်လို့ အိမ်သာမသွားရဲတော့ ဝမ်းထပ်ချုပ်နဲ့ သံသရာလည်နေတတ်လို့ပါ။ ဒါကြောင့် အစတည်းက ဝမ်းချုပ်မခံပါနဲ့။
    • အိမ်သာတက်ချင်ရင်ချက်ချင်းသွားတဲ့ အကျင့်လုပ်ပေးပါ။ လုံးဝ အောင့်မထားပါနဲ့။ အိမ်သာတက်ချင်ရင် အောင့်ထားတတ်တဲ့အကျင့်ကြောင့်လည်း ဝမ်းချုပ်ပြီးလိပ်ခေါင်းပိုထွက်နိုင်ပါတယ်။
    • အိမ်သာထဲမှာ အချိန်အကြာကြီး မဖြုန်းပါနဲ့။ အိမ်သာတက်ချင်သလိုလိုဖြစ်လို့ အိမ်သာထဲဝင်လိုက်ပေမယ့် ၅ မိနစ်ကြာတဲ့အထိ အိမ်သာ မသွားဘူးဆိုရင် အတင်းညှစ်မနေပါနဲ့။ ဒါက လိပ်ခေါင်းပိုထွက်လာအောင် အားပေးသလိုဖြစ်လို့ပါ။
    • ကိုယ်က ဘိုထိုင်အိမ်သာကို အသုံးပြုတယ်ဆိုရင် ခုံပုလေးတစ်လုံးပေါ်မှာ ခြေထောက်တင်ထားပြီး ကိုယ်ကို ရှေ့ကို အနည်းငယ်ငိုက်ထားတဲ့ ပုံစံနဲ့ အိမ်သာတက်ပါ။ ဒါမှ အူလမ်းကြောင်း ဖြောင့်သွားပြီး ဝမ်းသွားရလွယ်ကူမှာပါ။
    • အမျှင်ဓါတ်ပါတဲ့ အသီးအရွက်တွေများများစားပေးပါ။
    • ရေများများသောက်ပါ။
    • ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ အနည်းဆုံးတစ်နေ့ကို နာရီဝက်လောက် လမ်းလျှောက်ပေးပါ။ ဗိုက်သားကို အားပြုပြီး ညှစ်ရတဲ့ လေ့ကျင့်ခန်းမျိုးကို ရှောင်ပါ။
    • ခုံပေါ်မှာ တစ်ချိန်လုံးထိုင်မနေဘဲ တစ်နာရီလောက်ထိုင်လိုက် လမ်းကို ၁၅ မိနစ်လောက် လျှောက်ပေးလိုက်လုပ်ပါ။ ။

    ဘယ်အချိန်မှာ ဆရာဝန်ဆီသွားရမလဲ။ ။

    • ထွက်နေတဲ့ လိပ်ခေါင်းက ပြန်မဝင်တော့တာ ကြာနေပြီ။
    • မခံမရပ်နိုင်အောင်လည်း နာနေမယ်။
    • ဝမ်းသွားတိုင်း သွေးတွေပါ ဆင်းနေလို့ လူလည်း သွေးအားနည်းနေပြီ။
    • ခုံပေါ်မှာထိုင်လို့တောင် မရတော့ဘူးဆိုရင် ဆရာဝန်ဆီသာ သွားပြတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

    လိပ်ခေါင်းရောဂါကို အပေါ်မှာပြောထားတဲ့ နည်းတွေနဲ့ ထွက်ခါစလိပ်ခေါင်းကို ပိုဆိုးမသွားအောင် ထိန်းမယ်။ ကိုယ့်ရဲ့ အပြုအမူတွေကိုလည်း ဆင်ခြင်လိုက်မယ်ဆိုရင်တော့ ဆေးခန်းသွားပြစရာမလိုဘဲ အိမ်မှာတင် ထွက်နေတဲ့လိပ်ခေါင်းပြန်ဝင်သွားမယ့် အပြင် နောက်ထပ်အသစ်တွေ ထပ်ထွက်မလာအောင်လည်း တားဆီးနိုင်မှာပါ။ ။

    Dr.Thin Yadanar

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement