တချို့သော ခန္ဓါကိုယ်နာကျင်ခြင်းတွေဟာ… တခဏတာပဲဖြစ်ပေမယ့် တချို့ရောဂါတွေကတော့ နာတာရှည်နာကျင်ခြင်းကိုဖြစ်စေနိုင်ပါတယ်..။ ဒီလိုနာတာရှည် နာကျင်ခြင်းဖြစ်တဲ့အခါမှာတော့ အကိုက်အခဲပျောက်ဆေးတွေကို နေ့စဉ်လို သောက်နေရင်လည်း အစာအိမ်ကိုထိခိုက်နိုင်ပါတယ်..။ အောက်မှာဖော်ပြပေးမယ့် နည်းလမ်းတွေကတော့ …. သင့်ရဲ့ နာတာရှည်ဖြစ်နေတဲ့ နာကျင်ခြင်းနဲ့ သင်ဘယ်လို အတူတကွ သက်တောင့်သက်သာ နေနိုင်မလဲဆိုတာပါပဲ..။
(၁) အသက်ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်ပါ….ဒါမှမဟုတ် တရားထိုင်ပါ
ဒီလိုအသက်ရှူလေ့ကျင်းခန်းနဲ့ တရားထိုင်ခြင်းက သင့်ခန္ဓါကိုယ်ကို ပျော့ပျောင်းစေပြီး နာကျင်မှူကို သက်သာစေပါတယ်…။ တရားထိုင်နည်းများစွာရှိတဲ့ အထဲက …. တစုံတခုကိုထပ်တလဲလဲမှတ်တဲ့ တရားထိုင်နည်းကတော့ အခြေခံဖြစ်ပါတယ်…။ ဘာကိုမှမတွေးဘဲ အသက်ရှူနေတာတစ်ခုတည်းကိုပဲ အာရုံစိုက်တာ…( ဝင်သက်ထွက်သက်မှတ်တာ)…ဘုရားဂုဏ်တော်တစ်ခုခု… ဒါမှမဟုတ် စကားတစ်ခုခုကို ထပ်တလဲလဲရွတ်နေတာ . …အစရှိသဖြင့်ပြုလုပ်နိုင်ပါတယ်..။
ဒါမှမဟုတ် တိတ်ဆိတ်ငြိမ်သက်တဲ့ တစ်နေရာမှာထိုင်ပြီး တခြားအတွေးတွေကို ဖြတ်လို့ …. ဗိုက်ဖောင်းသွားတဲ့အထိ အသက်ကိုရှူသွင်းရှူထုတ်လုပ်တာက သင့်နာကျင်မှူတွေကို လျော့ပါးသက်သာစေမှာပါ..။
(၂)စိတ်ဖိစီးမှူလျော့နည်းအောင်နေပါ
အနှူတ်သဘောဆောင်တဲ့ စိတ်ခံစားမှူတွေဖြစ်တဲ့ စိုးရိမ်စိတ်… စိတ်ဓါတ်ကျခြင်း…စိတ်ဖိစီးမှူ…ဒေါသ စတာတွေက ခန္ဓါကိုယ့်ရဲ့ နာကျင်မှူသိစိတ်ကိုပို တိုးစေပါတယ်..။
သာယာညင်းပျောင်းတဲ့ ဂီတ သီချင်းနားထောင်တာ…သဘာဝပတ်ဝန်းကျင်ရှူခင်းပုံတွေကို ကြည့်တာ…ဒါတွေကလည်း အထောက်အကူပြုပါလိမ့်မယ်…။
(၃)လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်တဲ့အခါ… ဦးနှောက်ကနေ endorphin လို့ခေါ်တဲ့ လူ့စိတ်ကိုပျော်ရွှင်စေတဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်ပေးပါတယ်….။ ဒါက နာကျင်မှူကိုသက်သာစေပါတယ်…။ ဒါ့အပြင် လေ့ကျင့်ခန်းက ကြါက်သားတွေကို သန်မာစေပြီး နောက်တစ်ခါ ဒဏ်ရာရတာကို ကာကွယ်ပေးပါတယ်..။ ကိုယ်အလေးချိန်ကျဆင်းစေခြင်း.. နှလုံးနဲ့ သွေးတိုးရောဂါမဖြစ်အောင် ထိန်းညှိပေးခြင်း စတဲ့ကောင်းကျိုးတွေကတဆင့်လည်း နာကျင်မှူဝေးနာကို သက်သာစေပါတယ်…။
(၄)အရက်ဖြတ်ပါ
နာကျင်မှူက အိပ်စက်ခြင်းကို အဟန့်အတားဖြစ်စေပါတယ်..။ အရက်က အိပ်စက်ခြင်းပြသနာတွေကို ပိုဆိုးစေပါတယ်..။ ဒါကြောင့် သင့်မှာနာတာရှည်နာကျင်ခြင်းဝေဒနာ တခုခုကို ခံစားနေရရင် အရက်ဖြတ်နိုင်ဖို့ကြိုးစားပါ…။
(၅) ဆေးလိပ်မသောက်ပါနဲ့
မယုံမရှိပါနဲ့..။ ဆေးလိပ်သောက်ခြင်းက သင့်နာကျင်မှူကို ပိုတိုးစေပြီး နှလုံးရောဂါနဲ့ ကင်ဆာရောဂါဖြစ်နိုင်ချေကိုလည်း အများကြီးတက်စေပါတယ်….။
(၆)နှိပ်နယ်မှူခံယူပါ
အနှိပ်ခံခြင်းက သွေးလည်ပတ်မှူကို ကောင်းစေပြီး စိတ်ဖိစီးမှူကိုလျော့ကျစေပါတယ်..။ အထူးသဖြင့် လည်ပင်းနာကျင်မှူနဲ့ နောက်ကျောနာကျင်သူတွေဟာ နှိပ်နယ်မှူခံယူသင့်ပါတယ်..။
(၇) အာဟာရပြည့်ဝပြီး မျှတတဲ့ အစာတွေစားပါ
အာဟာရပြည့်၀ မျှတတဲ့ အစားအသောက်ကို စားပေးခြင်းက အစာချေဖျက်စနစ်ကို ကောင်းမွန်စေပါတယ်…နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ကျစေပြီး ကိုယ်အလေးချိန်ထိန်းသိမ်းပေးသလို.. သွေးတွင်းသကြားဓါတ်ကိုလည်း ညီညွတ်မျှတစေပါတယ်…။ ဆီလျှော့… အငန်လျှော့ တာ… အသီးအရွက်..ပဲနဲ့ သစ်သီးဝလံ…အစေ့အဆံတွေကို စားသုံးပေးတာ..နို့သောက်တာနဲ့ ဒိန်ချဉ်တွေက သင့်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေသလို နာကျင်မှူကိုလည်း လျော့ပါးသက်သာစေမှာပါ…။
မေတ္တာဖြင့်
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။