ခွေးကိုက်ခံရ ရင်ဘာဆက်လုပ်ကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ခွေးကိုက်ခံရ ပြီးရင် လူတွေအစိုးရိမ်ဆုံးက ခွေးရူးရောဂါပါ။ ဘာလို့လဲဆိုတော့ ခွေးရူးရောဂါက လူ၁၀၀ဖြစ်ရင် ၉၉ယောက်က သေနိုင်လို့ပါ။ ဒါကြောင့် ခွေးကိုက်ခံရ ပြီးရင်ဘာလုပ်ကြမလဲ။ ခွေးရူးရောဂါမဖြစ်အောင်ဘယ်လိုကာကွယ်ကြမလဲဆိုတာ ပြောပြပေးသွားပါမယ်။ ခွေးကိုက်ခံရ တယ်ဆိုပေမယ့် ကြောင်ကုတ်တာကနေလည်း ခွေးရူးပြန်နိုင်တယ်ဆိုတာကို မမေ့ပါနဲ့။ ဒါကြောင့် ခွေးရူးရောဂါမဖြစ်အောင် လိုက်နာရမယ့် ဆောင်ရန် ရှောင်ရန်တွေကို ပြောပြပေးပါမယ်။

ခွေးကိုက်ခံရ ပြီးတာနဲ့ လုပ်စရာ၃ခုရှိပါတယ်။

  • အနာကို သန့်ရှင်းရေးလုပ်တာ
  • ခွေးကိုစောင့်ကြည့်တာ
  • ကာကွယ်ဆေးထိုးတာ စတာတွေပါ။

အနာသန့်ရှင်းရေးလုပ်တာ

ခွေးကိုက်ခံရပြီးပြီးခြင်း အရင်ဆုံးလုပ်ရမှာ အနာကို သန့်ရှင်းရေးလုပ်ရမှာပါ။ အနာကို ဒီအတိုင်းပစ်ထားရင် ခွေးရူးမပြန်ရင်တောင် ပိုးဝင်ပြီး အသက်အန္တရာယ်ရှိပါတယ်။ ဒါကြောင့်

  • ကိုက်ခံရတဲ့ နေရာကို ၇ေနဲ့ ဆပ်ပြာနဲ့ သေချာဆေးကြောပါ။
  • သွေးတိတ်သွားအောင် အဝတ်သန့်သန့်နဲ့ ဖိထားပါ။
  • ပြီးရင် ပိုးသတ်ထားတဲ့ ပတ်တီးနဲ့ စည်းပြီး နီးစပ်ရာဆေးခန်းကိုသွားပါ။
  • အနာကြီးရင်ကြီးသလို ချုပ်ရတာမျိုးတွေ ရှိတတ်ပါတယ်။
  • လိုအပ်ရင် ပိုးသတ်ဆေးလိမ်းတာ၊ သောက်တာလုပ်ရမှာပါ။
  • ပြီးတော့ မေးခိုင်ကာကွယ်ဆေးလည်းထိုးရပါမယ်။
  • ခွေးရူးသည်ဖြစ်စေ မရူးသည်ဖြစ်စေ မေးခိုင်ကာကွယ်ဆေးက ထိုးကို ထိုးရမှာပါ။ ခွေးရူးပြန်တာကပဲ သေနိုင်တာမဟုတ်ပါဘူး။ မေးခိုင်ပိုးဝင်ရင်လည်း သေတတ်ပါတယ်။

ခွေးကိုစောင့်ကြည့်တာ

မြန်မာနိုင်ငံမှာတော့ လမ်းဘေးခွေးကိုက်တာများတယ်။ ကိုက်ပြီးရင်လည်း ထွက်ပြေးသွားတဲ့အတွက် စောင့်ကြည့်ဖို့ မလွယ်ပါဘူး။ အိမ်မွေးခွေးကိုက်ခံရရင်တောင် ဒီခွေးက ကာကွယ်ဆေးထိုးထားလား။ ထိုးထားရင်တောင် ကိုယ့်အလစ်မှာ အပြင်တိရစ္ဆာန်နဲ့ ထိတွေ့မှုရှိနေရင် စိတ်မချရပါဘူး။ ဒါကြောင့် ကိုယ့်ဘက်ကစိတ်ချရအောင် ကာကွယ်ဆေးသွားထိုးသင့်ပါတယ်။

ကာကွယ်ဆေးထိုးတာ

ဒီနေရာမှာလည်း နှစ်ပိုင်းကွဲသွားပါတယ်။ အရင်က ခွေးရူးကာကွယ်ဆေးထိုးဖူးတဲ့သူကို ကာကွယ်ဆေးထိုးပေးတာနဲ့ တစ်ခါမှမထိုးဖူးတဲ့သူကိုကာကွယ်ဆေးထိုးပေးတာပါ။

ဒီမှာတော့ လုံးဝမထိုးဖူးတဲ့သူတွေများပါတယ်။ အဲ့တော့ သူတို့ကို ထိုးမယ်ဆိုရင် နှစ်မျိုးထိုးရပါတယ်။ ကာကွယ်ဆေးရယ်၊ immunoglobulinလို့ခေါ်တဲ့ အဆိပ်ဖြေဆေးရယ်ပါ။ သူကတော့ post exposure prophylaxisပါ။ ရောဂါပိုးနဲ့ ထိတွေ့ခံရတယ်လို့ ယူဆပြီး ထိုးတာပါ။ ကာကွယ်ဆေးက ၃ခါထိုး၊ ၄ခါထိုး၊ ၅ခါထိုးဆိုပြီးရှိပါတယ်။ အသုံးများတာ ၅ခါထိုးပါ။ ၀-၃-၇-၁၄-၂၈ဆိုပြီး ဖြစ်ဖြစ်ချင်း၊ ၃ရက်အကြာ၊ ၇ရက်အကြာ၊ ၁၄ရက်အကြာ၊၂၈ရက်အကြာမှာ ထိုးတာပါ။ နောက်အကျဆုံး ၄၈ကနာရီအတွင်း ထိုးရပါတယ်။ အသားဆေးပါ။ လက်မောင်း ဒါမှမဟုတ် ပေါင်မှာထိုးပါတယ်။ Immunoglobulinကတော့ ကိုက်ခံရတဲ့ အနာပတ်ပတ်လည် အရေပြားအောက်ကို ထိုးပါတယ်။ ပိုရင် အသားဆေးအနေနဲ့ ထိုးပါတယ်။ ဟိုအရင်ကလို ချက်ပတ်လည်ကို အလုံး၂၀ထိုးစရာမလိုတော့ပါဘူး။

အရင်ကကာကွယ်ဆေးထိုးဖူးတယ်ဆိုရင်တော့ Immunoglobulinထိုးစရာ မလိုတော့ပါဘူး။ ကာကွယ်ဆေးကိုပဲ ဖြစ်ဖြစ်ချင်းတစ်ကြိမ်၊ ၃ရက်နေရင်တစ်ကြိမ် ၂ကြိမ်ပဲထိုးရတော့မှာပါ။

ဒီလိုကာကွယ်မှုတွေလုပ်ထားပြီးရင်တော့ ခွေးရူးရောဂါဖြစ်နိုင်ချေတော်တော်နည်းသွားပါပြီ။ ဒီနေရာမှာ ပြောချင်တာက ခွေးရူးတာမသေချာလည်း ကာကွယ်ဆေးထိုးလို့ရပါတယ်။ ခွေးရူးရောဂါမရှိတာကို ကာကွယ်ဆေးထိုးမိလို့ ဘာမှမဖြစ်ပါဘူး။ မထိုးမိလို့ နောင်အခါမှာ ခွေးရူးပြန်လာရင် အသက်အန္တရာယ်ရှိပါတယ်။

ခွေးရူးရာဂါမဖြစ်အောင်ဘယ်လိုကာကွယ်ကြမလဲ။

ခွေးရူးရောဂါမဖြစ်အောင် သင့်အိမ်မွေးတိရစ္ဆာန်ကိုရော သင်ကိုယ်တိုင်ရော ကာကွယ်လို့ရပါတယ်။

အိမ်မွေးတိရစ္ဆာန်ကို ကာကွယ်နည်း

  • တိရစ္ဆာန်ဆရာဝန်ဆီခေါ်သွားပြီး ကာကွယ်ဆေးထိုးပါ။
  • တခြား အပြင်တိရစ္ဆာန်တွေနဲ့ မထိတွေ့ပါစေနဲ့။
  • မိမိပတ်ဝန်းကျင်မှာ ခွေးရူးရှိရင် သက်ဆိုင်ရာကို အကြောင်းကြားပါ။

ကိုယ်ကိုယ်တိုင်ကာကွယ်နည်း

  • တခြားကာကွယ်ဆေးတွေလိုပဲ ခွေးရူးကာကွယ်ဆေးက ထိုးထားရင် မမှားပါဘူး။ ထိုးကိုထိုးရမယ့်လူတွေကတော့ ခွေးရူးရောဂါပိုးနဲ့ မကြာခဏထိတွေ့နေရတဲ့ ဓာတ်ခွဲခန်းကလူတွေ၊ တိရစ္ဆာန်ဆေးကုဆရာဝန်တွေ၊ ခွေးတွေ ကြောင်တွေနဲ့ အထိအတွေ့များတဲ့သူတွေပဲဖြစ်ပါတယ်။ ထိုးရမယ့်ပုံစံက အသားဆေးကို ၀-၇-၂၁ ဒါမှမဟုတ် ၂၈ ဆိုပြီး ၃ကြိမ်ထိုးရမှာပါ။
  • လမ်းဘေးခွေးတွေ၊ ကာကွယ်ဆေးထိုးမထားတဲ့ခွေးတွေကို သွားမကိုင်ပါနဲ့။
  • မတော်တဆခွေးကိုက်ခံရရင်လည်း ဆေးရုံဆေးခန်းသွားပြီး ကာကွယ်ဆေးသွားထိုးပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နားကိုက် တာ သက်သာစေဖို့ အိမ်တွင်းနည်းလမ်းများ

နားကိုက် အကိုက်အခဲပျောက်ဆေး ရေနွေးကပ် ရေခဲကပ် နားတွင်းအစက်ချအရည် နားဖာချေး နှိပ်နယ် ကြက်သွန်ဖြူ ကြက်သွန်နီ ပိုးသတ်ဆေး မိခင်နို့ရည်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ကမျဉ်းနီကောင် ကိုက်ခံရပြီးနောက်

ကမျဉ်းနီကောင် ဘက်တီးရီးယား scrub typhus အနာဖေးတက် eschar အဖျားတက်ခြင်း အသည်းရောင် သွေးလွန်တုပ်ကွေး ငှက်ဖျား ပိုးသတ်ဆေး permethrin

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

အသားဆေး ထိုးပြီး ပြည်တည်တဲ့အခါ

အသားဆေး ပြည်တည် ဘက်တီးရီးယားပိုး ပိုးမသတ် စတီးရွိုက် ဆီးချို အဝလွန် ပိုးသတ်ဆေး ရေနွေးဝတ် တစ်ခါသုံးအပ် ခွဲစိတ်ကုသ ဆေးထိုးတဲ့နေရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ဒီဆေးတွေက တားဆေး တွေရဲ့ အာနိသင်ကို ကျစေနိုင်ပါတယ်နော်။

တားဆေး ဆေးမတည့် စွဲသောက်နေတဲ့ဆေး ကိုယ်ဝန်ရ ပိုးသတ်ဆေး တီဘီဆေး ကွန်ဒုံး HIV ဆေး မှိုသတ်ဆေး အတက်ကျဆေး သစ်ဥသစ်ဖုများ တောင်ရေချမ်းယားအပင် နှမ်းကြတ်စေ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ပိုးသတ်ဆေးတွေ သောက်နေရလို့ နုံးခွေပြီးအားမရှိတော့ရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read

ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုဖြေရှင်းမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read

ပိုးသတ်ဆေးအကြောင်း သောင်းပြောင်းထွေလာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read

ပိုးသတ်ဆေးမဟုတ်ဘဲ ပိုးသေစေတဲ့ သဘာဝအစားအစာတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read