backup og meta

ခွေးကိုက်ခံရလျှင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 07/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခွေးကိုက်ခံရလျှင်

    လမ်းဘေးခွေးတွေ ပေါများလာတဲ့ ယနေ့ခေတ်မှာ မကြာခဏ ခွေးကိုက်ခံရတတ်ပါတယ် ။ အစိုးရဆေးရုံ dog bite center မှာလည်းတစ်နေ့တစ်နေ့ တန်းစီနေရတဲ့ လူနာတွေ များနေဆဲ ဖြစ်တဲ့အတွက် ခွေးကိုက်ခံရရင် ဘာတွေ လုပ်သင့်လဲဆိုတာကို ပြောပြေပေးသွားမှာပါ ။

    ခွေးကိုက်ဒဏ်ရာရလျှင်

    အရင်ဆုံး အကိုက်ခံရတဲ့နေ့ရာကို သန့်စင်အောင် ဆပ်ပြာနဲ့ ရေဆေးရပါမယ်။ အနာကို သဲမှုန့်တွေ မဝင်အောင် သန့်စင်တဲ့ towel လေးသုံးပြီးတော့ ပတ်တီးစည်းပါ။ ပြီးရင် နီးစပ်ရာ ဆေးခန်း ဆေးရုံကိုသွားသင့်ပါတယ် ။ ဆရာဝန်နဲ့ပြပြီးတော့ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို ထိုးရပါမယ် ။

    လက်ရှိကျင့်သုံးနေတဲ့စနစ်အရ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို ခွေးကိုက်ခံရပြီး ၂၄နာရီအတွင်း ထိုးသင့်ပါတယ် ။ လက်မောင်းကို ကာကွယ်ဆေးထိုးရမှာ ဖြစ်ပြီး ဆေးထိုးရမယ့်နေ့တွေကတော့ ကာကွယ်ဆေး စထိုးတဲ့နေ့ ၊ နောက် ၃ရက်မြောက် ၊ ၇ရက်မြောက်နဲ့ ၂၁ရက်မြောက် ရက်တွေပါ (0,3,7,21 regime)။ ဒဏ်ရာ ပတ်ပတ်လည်ကို immunoglobulinလည်း ထိုးရမှာပါ။ ခွေးကိုက်ခံရလျှင် ဒဏ်ရာ‌အ‌ပေါက်အပြဲ ဖြစ်တတ်တဲ့အတွက် မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးရပါမယ်။ ဒါ့ကြောင့် စစထိုးတဲ့နေ့မှာ ဆေး ၃လုံး အထိုးခံရမှာ ဖြစ်ပါတယ် ။ နောက်ရက်တွေမှာတော့ ၃လုံး ထိုးစရာမလိုပါဘူး ။

    ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ပထမတစ်ကြိမ်ထိုးပြီး တစ်နှစ်အတွင်း ‌နောက်ထပ်ခွေးကိုက်ခံရပါက စထိုးတဲ့နေ့နဲ့ နောက် ၃ရက် (0,3 regime)လက်မောင်းတစ်ဘက်တည်းကိုပဲ ကာကွယ်ဆေး ထပ်ထိုးရမှာ ဖြစ်ပါတယ် ။ တကယ်လို့ သင့်ကို ကိုက်တဲ့ခွေးက တစ်နှစ်တစ်ခါ ပုံမှန် ခွေးရူးပြန်‌ကာကွယ်ဆေးထိုးထားတာ သေချာရင်တော့ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးဖို့ မလိုအပ်ဘဲ ‌မေးခိုင်ကာကွယ်ဆေးသာ ထိုးဖို့ လိုအပ်ပါတယ် ။

    ခွေးကိုက်ထားတဲ့ ဒဏ်ရာက နက်ရင် အထဲက ကြွက်သား ၊ အရွတ် အကြောတွေကိုပါ ထိခိုက်နိုင်ချေရှိတဲ့အတွက် လိုအပ်သလို ကုသမှု ခံယူရမှာပါ ။ ဒီအခြေအနေမှာတော့ ပိုးသတ်ဆေး ၊အကိုက်အခဲ ပျောက်ဆေးတွေပါ လိုအပ်သလို သုံးစွဲရမှာ ဖြစ်ပါတယ် ။

    ခွေးအကိုက်မခံရအောင်

    • မသိတဲ့ခွေးနား လုံးဝမကပ်ပါနဲ့
    • ကလေးငယ်တွေ ကို ‌ခွေးအနား (အထူးသဖြင့် မသိတဲ့ခွေးအနား) တစ်ယောက်တည်း မထားခဲ့ပါနဲ့
    • မရင်းနှီးတဲ့ ခွေးအနားသွားရင် ဖြည်းဖြည်းချင်းသာသွားပါ
    • ‌သားကျနေတဲ့ ခွေးအမေ သို့မဟုတ် အစာစားနေတဲ့ ခွေးကို အနှောင့်အယှက် မပေးပါနဲ့
    • ခွေးက ရန်လိုနေရင် ထွက်မပြေးပါနဲ့ ၊စိတ်ငြိမ်ငြိမ်ထားပြီး ဖြေးညင်းစွာ ဆုတ်ခွာပါ ၊ ခွေးနဲ့ မျက်လုံးချင်း မဆိုင်မိရန် သတိပြုပါ

    အားလုံးပဲ ခွေးကိုက်ခံရခြင်းဒဏ်မှ ကင်းဝေးကြပါစေ

    ရေးသားသူ – Dr.Aung Kyaw Myint

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 07/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement