ဘူနီယွန် ကြောင့် ခြေမအဆစ်ရောင်ရမ်းကိုက်ခဲခြင်း သက်သာစေမယ့်နည်းလမ်း (၅) ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 17, 2020 . 2 mins read
Share now

ဘူနီယွန်ဆိုတာ ခြေမအရင်းက အဆစ်မှာဖြစ်လာတဲ့ အရိုးဖုထုံးတစ်ခုဖြစ်ပြီး ဆေးပညာအရ metatarsophalangeal (MTP) joint လို့ခေါ်ပါတယ်။ သူက အချိန်အကြာကြီး တဖြည်းဖြည်းနဲ့ ဖြစ်လာပြီး နောက်ဆုံး ကြီးလာတယ်၊ သိသိသာသာ ငေါထွက်လာပါတယ်။ သူ့ဘေးက ခြေချောင်းအဆစ်ကိုလည်း ဆက်ကူးစေတယ်။

ဂေါက်ရောဂါ နဲ့ ဘာကွာလဲ ဆိုတော့ ဂေါက် ဆိုရင် တခြားအဆစ်တွေမှာပါ နာကျင်ကိုက်ခဲလာနိုင်တယ်၊ အဆစ်တစ်ခုလုံး ရောင်ရမ်း၊ နီရဲ၊ ပူနွေးလာနိုင်တယ်။ ဘူနီယွန်မှာ ကျတော့ ခြေမအဆစ် အပြင်ကို ဖုထွက်နေပြီး ရောင်လာ ကိုက်လာမယ်၊ အသားမာတက်မယ်၊ ခြေမ လှုပ်ရှားရခက်စေတယ်။

အများအားဖြင့် ဘူနီယွန် ရှိနေရင် –

  • ခြေမ အဆစ်ပတ်လည်မှာ ရောင်ရမ်း၊ နီမြန်း၊ နာကျင်ရတယ်
  • ခြေမဖုကြောင့် စောင်းပြီး ခြေမနဲ့ ခြေညှိုး ထိနေတဲ့နေရာမှာ အသားမာတွေ ဖြစ်လာမယ်
  • အမြဲ သို့မဟုတ် ကြိုကြားကြိုကြား နာကျင်ကိုက်ခဲမယ်
  • အဆစ်နာကျင်မှုကြောင့် ခြေချောင်းကို ထိခိုက်ပျက်စီးစေခဲ့ရင် ခြေမ လှုပ်ရှားလို့ မကောင်း ဖြစ်စေမယ်။

ဘယ်လို သက်သာအောင် လုပ်မလဲ

ဘူနီယွန် ဖြစ်ခြင်းကြောင့် ခြေမအဆစ် ရောင်ရမ်းကိုက်ခဲတာကို သက်သာစေဖို့ ဒါလေးတွေ သိထားသင့်ပါတယ် –

(၁) ရေခဲ ကပ်ပါ

ဘူနီယွန် ကြောင့် ခြေမအဆစ်ကို နီမြန်းပြီး ရောင်ရမ်းစေတတ်ပါတယ်။ ဒီလို ဖြစ်တဲ့ အချိန်ဆို အဆစ်က ကိုက်ခဲတာ အတော်ဆိုးပါတယ်။ ဘူနီယွန်ဖုပေါ်မှာ ရေခဲဝတ်(ရေခဲထုပ်ကို အဝတ် ပတ်တာမျိုး) ကပ်ပေးလို့ ရပါတယ်။ အလွယ်ဆုံး ကတော့ ရေခဲရေပုလင်း ကို အဝတ်ပါးလေးအုပ်ပြီး ကပ်လိုက်ပေါ့။

ခြေမအဆစ်မှာ ရေခဲဝတ် သို့မဟုတ် ရေခဲအိတ်နဲ့ ၅ မိနစ်လောက် အသာအယာ ဖိကပ်ပေးရင် နာကျင်ကိုက်ခဲမှုကို သက်သာစေပါတယ်။ ရေခဲတုံးနဲ့ တိုက်ရိုက် မကပ်ပါနဲ့။ ကိုယ့်မှာ သွေးလည်ပတ်မှုနဲ့ ပတ်သက်တဲ့ ပြဿနာ ရှိတယ်ဆိုရင် တခြားနည်းကို သုံးလိုက်ပါနော်။

(၂) ရေနွေး စိမ်ပါ

ဇလုံတစ်လုံးထဲမှာ ရေနွေးနွေး ထည့်ပြီး ခြေမျက်စိ မြုပ်တဲ့အထိ စိမ်ပါ။ ဆားခါး ရှိရင် ဆားခါး သင့်တော်သလောက် ထည့်တာ ပိုကောင်းပါတယ်။ မရှိလည်း ရေနွေးရဲ့ အပူကုထုံး ကြောင့် နာကျင်ရောင်ရမ်းမှုတွေ လျော့ပါးစေနိုင်ပါလိမ့်မယ်။

ရေနွေး သိပ်မပူစေဖို့တော့ သတိပြုပါ။ ရေနွေးစိမ်ဖို့ အကောင်းဆုံးက ညအိပ်ခါနီး အချိန်ပါပဲ။ တစ်နေကုန် လှုပ်ရှားထားရတဲ့ အကြောအခြင်တွေပါ ပြေလျော့စေနိုင်ပါတယ်။

(၃) ပက်လက်အိပ်တဲ့အခါ ခြေထောက်ကို မြှင့်ထားပါ

ခဏဖြစ်ဖြစ် ညအိပ်တဲ့အချိန်ဖြစ်ဖြစ် လှဲအိပ်တဲ့အခါတိုင်း ခြေထောက်ကို နှလုံးထက် ပိုမြင့်စေဖို့ ခေါင်းအုံးခုပြီး မြှင့်ထားပါ။ ဒါဆို ရောင်ရမ်းမှုပါ သက်သာစေနိုင်ပါတယ်။

(၄) ဆီနဲ့ နှိပ်နယ်ပါ

ဆီ တစ်ခုခုနဲ့ နှိပ်နယ်လို ရပေမယ့် အားသိပ်မသုံးမိဖို့ သတိထားပါ။ ခပ်ဖွဖွသာ စိမ့်ဝင်အောင် နှိပ်နယ်ရမှာပါ။ အားပြင်းသွားခဲ့ရင် ရောင်ရမ်းပြီး ပုံသဏ္ဍာန်မူမမှန်ဖြစ်နေတဲ့ အဆစ်ကို ပိုပြီး ထိခိုက်စေနိုင်ပါတယ်။

ဥပမာ သံလွင်ဆီကို နွေးရုံလေး အပူပေးပြီး ဘူနီယွန် အဆစ်ဖု၊ ခြေချောင်းတွေနဲ့ ခြေဖဝါးအောက်ပိုင်းကို ၁၅ မိနစ်လောက် စိမ့်ဝင်အောင် နှိပ်နယ်လိမ်းပါ။ ခြေထောက်အောက်ပိုင်းနဲ့ ခြေချောင်းတွေတဝိုက် သွေးလည်ပတ်မှု ပိုကောင်းစေပြီး အဆစ်တွေ လှုပ်ရှားရ ပိုအဆင်ပြေစေပါတယ်။

(၅) သင့်တော်မယ့် ဖိနပ် ရွေးချယ်ပါ

သက်တောင့်သက်သာဖြစ်မယ့် ဖိနပ်ကို စီးခြင်းအားဖြင့် ခြေချောင်းတွေအတွက် ဝန်ပိသက်သာစေမယ်။ ဖိနပ် အမြင့်တွေ စီးရင် ခြေထောက် အရှေ့ပိုင်းကို ဝန်ပိစေပြီး ဘူနီယွန်အပြင် တခြားပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်။ ကျပ်တဲ့ ဖိနပ်တွေ၊ ခြေချောင်းထိပ်တွေကို စုပြီး စည်းထားတဲ့ ဖိနပ်မျိုးတွေကို ရှောင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်ပြသင့်တာလဲ

များသောအားဖြင့် ဆေးသွားကုရတဲ့အထိ မလိုအပ်တတ်ပေမယ့် ဒီအခြေအနေတွေဖြစ်လာရင်တော့ ဆရာဝန်ပြသင့်ပါတယ် –

  • ခြေမ သို့မဟုတ် ခြေထောက်နာကျင်ကိုက်ခဲမှုက လုံးဝမပျောက်ရင်(ဆက်တိုက်နာကျင်နေရင်)
  • ခြေမအဆစ်မှာ အရမ်းသိသာအောင်ဖုထွက်နေရင်
  • ခြေမ သို့မဟုတ် ခြေထောက်လှုပ်ရှားမှု မကောင်းတော့ရင်
  • အဖုကြောင့် ဖိနပ်တွေ စီးရအဆင်မပြေတော့ရင် ဆေးကုသမှုခံယူသင့်ပါတယ်။

ဘူနီယွန် ရှိနေသူတွေဟာ အများအားဖြင့်တော့ ပုံမှန် နေထိုင်သွားလာနိုင်ပြီး တော်ရုံ သက်သာသွားတတ်ပေမယ့် သိပ်ပြင်းထန်လာရင်တော့ ခွဲစိတ်ကုသဖို့ လိုအပ်နိုင်တာမို့ ဆေးခန်းပြတာ ကောင်းပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

တောင့်တင်းနေတဲ့ ပေါင်နဲ့ ခြေထောက် အကြောဘယ်လိုလျှော့ကြမလဲ

ခြေထောက် အကြောအခြင် အကြောတက် အကြောတောင့်တင်း နာကျင်ကိုက်ခဲ လေ့ကျင့်ခန်း လှုပ်ရှားမှု အထိုင်များခြင်း ခြေဖဝါး ခြေဖနောင့် အကြောလျှော့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ဘေဘီလေးတွေ ခြင်ကိုက်ခံရရင်

ခြင်ကိုက်တာ အရေပြား ဘေဘီလေးတွေ မေမေ အုတ်ဂျုံ ခြင်ကိုက်ဖု အဖုအပိမ့် ဆားရည် ပျားရည် ဆား ယားယံမှု သံပုရာရည် Lotion မကုတ်ပါနဲ့ ရေခဲကပ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ပုခုံးဆစ်လွဲ ခြင်းအတွက် ရှေးဦးသူနာပြုနည်းလမ်း

ပုခုံးဆစ်လွဲ ပုခုံး အဆစ် ထိခိုက်ဒဏ်ရာ အားကစားလုပ် အညိုအမည်းစွဲ ထုံ မတော်တဆထိခိုက်မှု ဓာတ်လိုက် ရေခဲကပ် ချော်လဲ လက်ထောက်ကျ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ

ခြင်ဆေး ခြင် အိမ်တွင်းနည်းလမ်း ခြင်ပြေးစေမယ့် နေအိမ် နည်းလမ်းလေးတွေ ကြက်သွန်ဖြူ လေးညှင်းပွင့် ရေနွေး သံပရိုသီး ပင်စိမ်း ခြင်ပြေးစေမယ့် နည်းလမ်း ပူစီနံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

နေလို့ထိုင်လို့ မကောင်းဘဲ ဗိုက်ထဲ မအီမသာဖြစ်နေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 27, 2020 . 2 mins read
ညမအိပ်တဲ့ ဇီးကွက်လေးတို့ မျက်စိ မထိခိုက်ကြစေဖို့

ညမအိပ်တဲ့ ဇီးကွက်လေးတို့ မျက်စိ မထိခိုက်ကြစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 27, 2020 . 2 mins read

ရုတ်တရက် သတိမမူမိတတ်ကြတဲ့ လိပ်ခေါင်းလက္ခဏာ ၇ မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 25, 2020 . 2 mins read
ခြေသည်း မှိုစွဲတဲ့အခါ

ခြေသည်း မှိုစွဲတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 23, 2020 . 2 mins read