ဒူးနာဝေဒနာရှင်များအတွက် ဒူးဆစ်ထဲ စတီးရွိုက်ထိုးခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 6, 2020 . 2 mins read
Share now

ဒူးနာလို့ ဒူးဆေးထိုးလိုက်တာ ပေါ့သွားတာပဲလို့ ပြောတာကြားဖူးမယ် ထင်ပါတယ်။ တကယ်လည်း ဒူးဆစ်ထဲကို ဆေးထိုးလို့ ရပါတယ်။ ဒူးဆစ်ထဲကို hyaluronic acidလို့ ခေါ်တဲ့ ချဉ်ဆီရည်နဲ့ အလားတူပစ္စည်းထိုးပြီး ချဉ်ဆီဖြည့်တာရှိသလို ရောင်ရမ်းတာ သက်သာအောင် စတီးရွိုက်ထိုးပေးတာလည်း ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ စတီးရွိုက်ထိုးတဲ့အကြောင်း ပြောပြပါမယ်။

ဘယ်လိုလူတွေ ထိုးကြသလဲ။

အဆစ်တွေရောင်ပြီး နာနေတယ်။ စားဆေးတွေနဲ့ အဆင်မပြေဘူးဆိုရင် ထိုးကြပါတယ်။

  • Osteoarthritisလို့ ခေါ်တဲ့ အရိုးနုလေးတွေ ပွန်းပြီး အဆစ်အမြစ်ရောင်တဲ့သူတွေ
  • သွေးလေးဖက်နာ
  • ဆိုရီယေးစစ် လေးဖက်နာ
  • ဂေါက် စသဖြင့် ထိုးကြပါတယ်။

ဒူးအပြင် တခြားရောင်ရမ်းတဲ့ အဆစ်တွေလည်း ထိုးလို့ရပါတယ်။ ဒီမှာတော့ အရိုးနုလေးတွေ ပွန်းပြီး ဒူးနာတဲ့သူတွေအတွက် ပြောပြပါ့မယ်။

ဒူးဆစ်ကြီးတွေ ရောင်ကိုင်းပြီး လမ်းလည်းလျှောက်လို့မရ၊ လှုပ်ရှားရတာလည်း အဆင်မပြေဘူး။ အကိုက်အခဲပျောက်ဆေးတွေလည်း မပေးချင်ဘူးဆိုရင် ဆေးထိုးဖို့ စဉ်းစားပါတယ်။

ဘယ်လိုထိုးကြသလဲ။

အရင်ဆုံးထိုးမယ်ဆို တတ်ကျွမ်းတဲ့ ဆရာဝန်ဆီမှာပဲ ထိုးဖို့အကြံပေးလိုပါတယ်။ ဒါက သာမန် အသားဆေး၊ အကြောဆေးမဟုတ်ပါဘူး။ အဆစ်ထဲကို ထိုးတာဖြစ်တဲ့အတွက် သေသေချာချာလေ့ကျင့်ထားတဲ့ ဆရာဝန် ဒါမှမဟုတ် အရိုးအထူးကုဆရာဝန်က ထိုးပေးမှ စိတ်ချရပါမယ်။

ဆေးမထိုးခင်မှာလည်း ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။ ဆရာဝန်ခွင့်ပြုမှ ထိုးတာ ပိုကောင်းပါတယ်။ သောက်လက်စဆေးတွေ၊ ရောဂါအခံတွေ ရှိရင် ပြောပြထားပါ။ လွန်ခဲ့တဲ့ နှစ်ပတ်အတွင်းမှာ နေမကောင်းဖြစ်ထားရင်လည်း ဆရာဝန်ကို အသိပေးပါ။ ဒါမှထိုးသင့် မထိုးသင့် ချိန်ဆလို့ရမှာပါ။

ထိုးမယ်ဆိုရင် ထိုးမယ့်နေရာကို အရင်ဆုံးပိုးသတ်သန့်စင်ပါမယ်။ ပြီးရင် ထုံဆေး ဖြန်းတာ၊ ထိုးတာ လုပ်ပါမယ်။ ပြီးမှ အဆစ်ထဲကို စတီးရွိုက်ထိုးပေးမှာပါ။

ထိုးပြီးရင် ဘာတွေ ဂရုစိုက်ရမလဲ။

  • ထိုးထားတဲ့နေရာကို သိပ်မသုံးပါနဲ့။ ဒူးဆစ်မှာ ထိုးထားတယ်ဆိုရင် လှုပ်လှုပ်ရှားရှားနေတာ၊ ဒူးကို ဝန်ပိစေမယ့် အလုပ်တွေကို တစ်ရက် နှစ်ရက်လောက် ရှောင်ပေးပါ။
  • ဆေးထိုးထားတဲ့နေရာက နာရင် ရေခဲဝတ်ကပ်ပေးပါ။ ရေနွေးမကပ်ပါနဲ့။
  • ရေချိုးလို့ရပါတယ်။ ဒါပေမယ့် နှစ်ရက်လောက်တော့ ရေနွေးနဲ့ ချိုးတာကို ရှောင်ပါ။

ဆေးထိုးပြီးရင် ဘာဖြစ်တတ်သလဲ။

များသောအားဖြင့် ဘေးထွက်ဆိုးကျိုး မရှိတတ်ပါဘူး။

  • ဆေးထိုးပြီးခါစမှာ မျက်နှာနဲ့ ရင်ဘတ်က ဖိန်းတိန်း ရှိန်းတိန်း ဖြစ်တတ်ပါတယ်။
  • ဆီးချိုရှိတဲ့သူဆို ဆီးချိုလေး နည်းနည်းတက်တတ်ပါတယ်။
  • ရှားရှားပါးပါး ပိုးဝင်တာ၊ သွေးထွက်တာမျိုး ရှိတတ်ပါတယ်။

စတီးရွိုက်ထိုးတာ ဘာကောင်းကျိုးတွေ ရှိလဲ။

စတီးရွိုက်ထိုးတာက ဒူးဆစ်တွေ ရောင်ရမ်းနာကျင်တာကို သက်သာစေပါတယ်။ စတီးရွိုက်က အရောင်ကျစေတဲ့ သတ္တိရှိတဲ့အတွက် အရောင်ကျတာနဲ့အမျှ နာတာလည်း သက်သာလာပါတယ်။ ကောင်းတဲ့အချက်က မြန်မြန်သက်သာပါတယ်။ ဆေးထိုးပြီး တစ်ရက် နှစ်ရက်နေတာနဲ့ အရောင်ကျပြီး အနာသက်သာလာပါတယ်။ တစ်ခါထိုးရင် ၆ပတ်ကနေ ၁၂ပတ်ထိ ခံပါတယ်။

ဒါဆို ခဏခဏ ထိုးလို့ မရဘူးလား။

စတီးရွိုက်က သက်သာတာ မှန်ပေမယ့် ခဏခဏ ထိုးလို့တော့ မသင့်တော်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ ပထမဆုံးအကြိမ်ထိုးတာက ဆေးစွမ်းအပြဆုံးမို့လို့ပါ။ မဖြစ်မနေ ထိုးမယ်ဆိုရင်လည်း အနည်းဆုံး ၆ပတ်ခြားရပါမယ်။ တစ်နှစ် ၂ကြိမ်၊ ၃ကြိမ်ထက် ပိုမထိုး သင့်ပါဘူး။

ခဏခဏထိုးရင် ဘာဖြစ်တတ်သလဲ။

ခဏခဏထိုးမယ်။ ပမာဏလည်း များတယ်ဆိုရင်

  • အရိုးနုပျက်စီးတာ
  • အရိုးပျက်စီးတာ
  • အဆစ်ထဲ ပိုးဝင်လွယ်တာ
  • အရိုးပွတာ
  • ဆီးချိုတက်တာ
  • ဆေးထိုးတဲ့အဆစ်နားက အရေပြားတွေပါးလာတာ စတာတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် တန်ဆေး လွန်ဘေးမို့လို့ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ပဲ ထိုးဖို့ အကြံပြုလိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွေးတွင်းအချိုဓာတ်ကို များစေနိုင်သည့် လူသိနည်းသော အချက်များ

သွေးတွင်းအချိုဓာတ်ကို များစေတဲ့ အချက်တွေကတော့ စိတ်ဖိစီးမှုများတာ၊ အိပ်ရေးပျက်တာ၊ ဖျားနာတာ၊ ဆေးသောက်ချိန်မမှန်တာ၊ ကဖင်းဓာတ်စတာတွေကြောင့် ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

လူကြီး ပန်းနာရင်ကြပ် အကြောင်း

ပန်းနာရင်ကြပ်က လူကြီးဘဝမျာလည်း ဖြစ်နိုင်ပါတယ်။ အပြီးပျောက်အောင် မကုနိုင်ပေမယ့် ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာရင် ပုံမှန်အတိုင်း နေနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

နာတာရှည် လေပြွန်ကျဉ်းရောဂါရဲ့ နောက်ဆက်တွဲ ရောဂါများ

နာတာရှည်လေပြွန်ကျဉ်း ရောဂါရဲ့ နောက်ဆက်တွဲရောဂါတွေက အသက်အန္တရာယ် ထိခိုက်နိုင်တာကြောင့် တတ်ကျွမ်းသူနဲ့ သေသေချာချာ ကုသမှုခံယူဖို့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အရိုးနဲ့ ကြွက်သားစနစ်မှာ ဘာတွေပါလဲ။

အရိုးနဲ့ ကြွက်သားစနစ်မှာ အရိုး၊ ကြွက်သား၊ အရွတ်၊ အရွတ်တွဲ၊ အာရုံကြော၊ အဆစ်၊ အရိုးနု စတာတွေ ပါဝင်ပါတယ်။ သူတို့တွေ စုပေါင်းထားတာကြောင့် လှုပ်ရှားလို့ရတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ခါးနာခြင်း

ခါးနာခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 3 mins read
ဖနောင့်အတက်ထွက်ခြင်းအား ခွဲစိတ်ကုသခြင်း

ဖနောင့်အတက်ထွက်ခြင်းအား ခွဲစိတ်ကုသခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 4, 2020 . 2 mins read
အာသီးခွဲစိတ်ဖြတ်ထုတ်ခြင်း

အာသီးခွဲစိတ်ဖြတ်ထုတ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 4, 2020 . 2 mins read

အက်စပရင်ကြောင့် ပန်းနာရင်ကြပ် ထတတ်သလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 4, 2020 . 2 mins read