HIV ပိုးရှိနေတဲ့ မေမေတွေအနေနဲ့ ဘေဘီလေးကို နို့တိုက်လို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

HIV ရောဂါပိုးကူးစက်ခံရမှုက ကုရာနတ္တိဆေးမရှိဘူး၊ဆိုတာ အားလုံးသိထားပြီးဖြစ်မှာပါနော်။ ဒီရောဂါပိုးက ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်ကိုထိခိုက်စေနိုင်သလို နောက်ဆက်တွဲရောဂါတွေဝင်လာစေပြီး နောက်ဆုံးမှာ အသက်ဆုံးရှုံးတာမျိုး အထိဖြစ်နိုင်ပါတယ်။ အခုနောက်ပိုင်းမှာ HIV ရောဂါပိုးတွေကိုတိုက်ဖျက်ဖို့အတွက် ဆေးဝါးတွေပေါ်လာပေမယ့် ပျောက်ကင်းအောင်ကုသနိုင်တာမဟုတ်ဘဲ ရောဂါအခြေအနေပိုဆိုးမသွားအောင် ထိန်းပေးနိုင်ရုံလောက်အဆင့်ပဲရှိပါတယ်။

ဘယ်သူမှတော့ ဒီရောဂါပိုးကို ကူးစက်ချင်မှာမဟုတ်ပါဘူး။ မိမိအမှားကြောင့် ဖြစ်တဲ့သူဆို ကိုယ့်အပြစ်ကြောင့် ကိုယ်ဖြစ်တာလို့ပြောလို့ရပေမယ့် အမျိုးသားရဲ့ မဆင်ခြင်မှုကြောင့် အမျိုးသမီးမှာ ကူးစက်ခံရတဲ့အခါ အရမ်းသနားစရာကောင်းပါတယ်။ မိခင်မှာတင်မဟုတ်ဘဲ မွေးဖွားလာမယ့် ကလေးကိုပါထိခိုက်စေနိုင်တာပါနော်။ မိခင်မှာ HIV ပိုးကူးစက်ခံရတဲ့အခါ မွေးလာမယ့် ကလေးမှာ ရောဂါကူးစက်ခံရနိုင်ခြေကတော်တော်လေးများပါတယ်နော်။ နောက်တစ်ချက်က ရောဂါပိုးကူးစက်ခံရတဲ့မေမေက ကလေးကိုနို့ချိုတိုက်ကျွေးလို့ရပါ့မလားဆိုတဲ့ကိစ္စပါ။

မိခင်ကနေ ကလေးဆီကို HIV ပိုး ဘယ်လိုကူးစက်သလဲ

HIV ပိုးရှိနေတဲ့ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်ထားရပြီ။ သူကိုယ်တိုင်ကမသိလိုက်လို့ ကိုယ်ဝန်ဆောင်လိုက်မိတာ မျိုးဖြစ်မယ်။ ဒီလိုအခြေအနေမျိုးမှာ ကလေးဆီကို ရောဂါပိုးကူးစက်နိုင်လား။ ဘယ်လိုများကူးစက်တာလဲ။ ကိုယ်ဝန်ဆောင်ကာလ နောက်ပိုင်း ရက်သတ္တပတ်တွေအတွင်းနဲ့ ကလေးကိုမွေးဖွားချိန်မှာ ကလေးကို HIV ပိုးကူးစက်နိုင်ပါတယ်။ မိခင်က ကုသမှုမခံယူထားဘူးဆိုရင် ရောဂါကူးစက်နိုင်ခြေက ၁၅ ရာခိုင်နှုန်းကနေ ၄၅ ရာခိုင်နှုန်းအထိကိုရှိနေနိုင်ပါတယ်။

ကာကွယ်လို့ရလား

မိခင်လောင်းတစ်ယောက်အနေနဲ့ သွေးစစ်လိုက်လို့ ကိုယ့်မှာ HIV ရှိနေပြီ ရင်သွေးလေးဆီကို မကူးစက်စေချင်ဘူးဆိုရင် တော့ ကလေးကို ရောဂါကူးစက်ခံရနိုင်ခြေနည်းစေဖို့အတွက် ဒီနည်းလမ်းလေးတွေကို အသုံးပြုလို့ရပါတယ်။

ကလေးဆီကိုရောဂါပိုးမရောက်အောင် ကာကွယ်နိုင်မယ့် ကုသမှုတွေခံယူပါ

သင့်တင့်လျောက်ပတ်တဲ့ ကုသမှုတွေကို ခံယူပေးတာက မိခင်ကနေတဆင့် မွေးလာမယ့် ကလေးဆီကို HIV ရောဂါပိုးမကူးစက်စေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်မှာပါ။ ရောဂါပိုးကူးစက်ခံထားရတယ်လို့ သိသိချင်းအချိန်ကနေစလို့ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး HIV ပိုးမကူးစက်အောင် အကူအညီပေးမယ့် ကုထုံးကို နေ့တိုင်းမပြတ်ခံယူပေးပါ။ ကလေးမွေးဖွားလာပြီဆိုရင်လည်း ရောဂါပိုးကူးစက်တာမျိုးမဖြစ်စေဖို့ မွေးပြီးချိန်ကနေစလို့ ၄ ပတ် ကနေ ၆ ပတ်အထိကုသမှုကိုခံယူပေးပါ။

ကလေးကို ခွဲမွေးပါ

ကလေးက မွေးလမ်းကြောင်းကနေဆင်းလာတဲ့အချိန်မှာ ရောဂါပိုး ကူးစက်ခံရနိုင်ခြေရှိနေတာပါ။ ကုသမှုခံယူထားတာကြောင့် ကိုယ်ထဲမှာ ရောဂါပိုးအရေအတွက်နည်းနေတယ်ဆိုပေမယ့်လည်း ရောဂါပိုးကူးစက်ခံထားရတဲ့ မေမေတစ်ယောက်အနေနဲ့ ကလေးကို ရိုးရိုးမွေးတာက စွန့်စားလွန်းရာကျပါတယ်။ ဒါကြောင့် ကလေးကို ရောဂါပိုး ကူးစက်ခံရမှုကနေ ကာကွယ်ချင်တယ်ဆိုရင် ကလေးကို ဗိုက်ခွဲမွေးပေးပါ။ ခွဲမွေးတာက ကလေးကိုရောဂါပိုးမကူးစက်ဘူးလို့ အပြည့်အဝအာမ မခံနိုင်ပေမယ့် ဖြစ်နိုင်ခြေကို တော်တော်လေးနည်းသွားစေတာတော့ အမှန်ပါ။

ကလေးမှာ ရောဂါပိုး ကူးစက်ခံရလားဆိုတာကို ဘယ်လိုသိနိုင်မလဲ

ကလေးကိုမွေးကာစမှာ ရောဂါပိုးရှိ၊မရှိ ဆေးစစ်လို့ရပါတယ်။ ပြီးရင်တော့ ကလးကို မွေးပြီး ၄ ပတ် ကနေ ၆ ပတ်အတွင်း ထပ်စစ်ရပါမယ်။ ဆေးစစ်တဲ့အဖြေက ရောဂါပိုးမရှိဘူးလို့ထွက်ခဲ့မယ်ဆိုရင် ကလေးအသက် ၁ နှစ်ခွဲမှာ နောက်တစ်ကြိမ်စစ်ဆေးကြည့်ရပါမယ်နော်။ ဒီစစ်ဆေးချက်ရလဒ်ကလည်း ရောဂါပိုးမရှိဘူးဆိုရင်တော့ ဝမ်းသာစရာကောင်းသလို ကလေးကို ဆေးကုသမှုခံယူဖို့လည်းမလိုတော့ဘူးပေါ့။ ကလေးငယ်ကို သာမန်ကလေးတစ်ယောက်လိုကြီးပြင်းခွင့်ရစေမှာပါ။ တကယ်လို့ ဒီလိုမှမဟုတ်ဘဲ နောက်ဆုံးဆေးစစ်ချက်အဖြေက ရောဂါပိုးရှိနေတယ်ဆိုခဲ့ရင်တော့ ကလေးကို ဆေးကုသမှုခံယူဖို့ စတင်လုပ်ဆောင်ရပါတော့မယ်။

HIV ပိုးရှိတဲ့ မေမေတွေ ကလေးကိုနို့တိုက်လို့ရလား

HIV ပိုးကူးစက်ခံထားရမေမေအနေနဲ့ မိခင်တစ်ယောက်ဖြစ်တာကြောင့် ကိုယ့်ရင်သွေးလေးကို နို့ချိုတိုက်ကျွေးချင်မှာ မှန်တယ်ဆိုပေမယ့် မတိုက်ကျွေးဖို့ပြောပါရစေနော်။ HIV ပိုးက ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားကို တိုက်ခိုက်တာဖြစ်ပြီး မိခင်နို့ရည်အပါအဝင် ခန္ဓါကိုယ်က ထွက်တဲ့အရည်တွေကနေတဆင့် ရောဂါပိုးကူးစက်နိုင်ပါတယ်။ ကုသမှုခံယူ နေတာကြောင့် ရောဂါကူးစက်နိုင်ခြေက နည်းသွားနိုင်ပေမယ့် အပြည့်အဝပျောက်ကင်းတာမျိုးမဟုတ်တာကြောင့် ကလေးကို နို့မတိုက်ဖို့ပြောပါရစေ။ အမေရိကန်ကလေးကျန်းမာရေးဆိုင်ရာ ဆေးတက္ကသိုလ်တစ်ခုရဲ့လေ့လာမှုအရ မိခင်နို့ရည်ကနေတဆင့်လည်း ကလေးငယ်ဆီကို HIV ရောဂါပိုးကူးစက်နိုင်တာကြောင့် နို့တိုက်မိခင်အနေနဲ့ HIV ပိုးကူးစက်ခံထားရတယ်ဆိုရင် ကုသမှုခံယူနေရင်တောင်မှ ကလေးငယ်ကို နို့မတိုက်သင့်ဘူး၊လို့ဆိုပါတယ်။ ဒါကြောင့် HIV ပိုးကူးစက်ခံထားရတဲ့ မေမေတွေအနေနဲ့ ကလေးငယ်ကို နို့ချိုတိုက်ကျွေးချင်တယ်ဆိုရင် ဆရာဝန်တွေနဲ့ သေချာတိုင်ပင်ဖို့ပြောပါစေနော်……

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဆိုးကြီး ပြီးဆုံးသွားပြီလား

Facebook တစ်ခွင်မှာ လူတော်တော်များများကို ကြည့်လိုက်ရင် အပြင်မှာ သူငယ်ချင်းတွေနဲ့ ...

ရေးသားသူ Ye Myo Myat
Corona Virus, COVID-19 နိုဝင်ဘာ 30, 2020 . 2 mins read

ကလေးကိုဗိုက်ခွဲမွေးဖို့ချည်း စဉ်းစားနေမယ်ဆို ဒါတွေသိထားသင့်တယ်နော်

အခုချိန်ထိ မိန်းကလေးတစ်ယောက်ဟာ အကြိမ်ရေ ဘယ်လောက်ပဲ ဗိုက်ခွဲမွေးသင့်တယ်ဆိုပြီး အကြံပြုထားတာမျိုးမရှိသေး ပါဘူး။ အကြိမ်ကြိမ်ခွ​ြမွေးတာကတော့ မကောင်းပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ကိုယ်ဝန်ဆောင်ချိန် ကိုက်ခဲတာကို သက်သာစေဖို့

ကိုက်ခဲတာက မိခင်တိုင်းလိုလို ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ ပြဿနာတစ်ခုပါ။ ကိုယ်ဝန်ဆောင် မေမေတို့ နာကျင်ကိုက်ခဲတဲ့အခါ သက်သာစေဖို့ ဘယ်လို လုပ်ဆာင်ရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သားသားမီးမီးတို့ကို စိတ်ညစ်အောင်လုပ်နေကျ ဗိုက်ဗိုက်ပြဿနာတွေအကြောင်း

သားသားမီးမီးတို့ရဲ့ ဗိုက်ဗိုက်ကလေးမှာ ဝမ်းချုပ်တာက၊ လေပွတာတွေက လူကြီးတွေမှ ဖြစ်တတ်တဲ့ ပြဿနာ မဟုတ်ပါဘူး။ သားသားမီးမီးတွေလည်း ခံစားရနိုင်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
COVID ကာကွယ်ဆေးကို ပထမဆုံးအသုံးပြုမယ့် တိုင်းပြည် ဗြိတိန်

COVID ကာကွယ်ဆေးကို ပထမဆုံးအသုံးပြုမယ့် တိုင်းပြည် ဗြိတိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2020 . 2 mins read

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read

ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား

ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 3 mins read