ဆီးချိုရှိရင် နာနတ်သီးလုံးဝမစားရဘူးလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

နာနတ်သီးက အချိုပြင်းလို့ တခြားအသီးတွေထက်သွေးတွင်းသကြားဓါတ်ပိုတက်စေနိုင်တာမှန်ပါတယ်။ ဒါပေမယ့် နာနတ်သီးကြိုက်သူတွေအတွက်ကတော့ ဆီးချိုဖြစ်ရင် ငတ်ပါပြီလို့ အရမ်းကြောက်ကြရတာပါပဲ။ သရက်သီးကြိုက်တဲ့သူဆိုလည်း ဒီအတိုင်းပဲ။ ဒါပေမယ့် ဆီးချိုဆိုတာနဲ့ အချိုမှန်သမျှအပြတ်ဖြတ်ဖို့မလိုဘူး၊ ချင့်ချိန်စားတတ်ရင် မငတ်ပါဘူး။

အသီးအနှံတွေမှာ ကာဗိုဟိုက်ဒရိတ်တွေအပြင် အမျှင်ဓါတ်တွေ၊ ဗီတာမင်နဲ့သတ္တုဓါတ်ေတွလို အာဟာရဓါတ်တွေပါဝင်ပါတယ်။ နာနတ်သီးချစ်သူတွေ ဆီးချိုရှိရင် ဘယ်လိုရအောင်စားမလဲဆိုတာ အကြံလေးပေးမယ်နော်။

နာနတ်သီးနဲ့ ဆီးချို

အသီးအများစုမှာ ေသွးတွင်းသကြားဓါတ်ညွှန်းကိန်း(GI)နည်းကြပါတယ်။ fructose နဲ့ အမျှင်ဓါတ်တွေပါဝင်လို့ ကာဗိုဟိုက်ဒရိတ်တွေကို စုပ်ယူမှုနှေးအောင်၊ သကြားဓါတ်တည်ငြိမ်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

GI ညွှန်းကိန်း အလယ်အလတ်အဆင့်မှာရှိတဲ့ နာနတ်သီးက တခြားအသီးတွေထက်တော့သွေးတွင်းသကြားဓါတ်ပိုတက်စေနိုင်တာ အမှန်ပါပဲ။ နာနတ်သီးကို အသင့်အတင့်စားလို့ရပါတယ်။ ဒါပေမယ့်သူ့ရဲ့သွေးတွင်းသကြားဓါတ်မြင့်တက်နိုင်စွမ်းကို ထိန်းနိုင်ဖို့အတွက် အစေ့အဆန်တွေ၊ထောပတ်သီးတို့လို ပရိုတင်းနဲ့ အကျိုးပြုအဆီဓါတ်ပါဝင်တာတွေနဲ့ တွဲစားလို့ရပါတယ်။

နာနတ်သီး GI နဲ့ပတ်သက်ပြီး သိထားသင့်တာတွေက –

  • အရမ်းမှည့်နေတာလား။ (မှည့်လေ ချိုလေ GI ပိုမြင့်လေ)
  • ဘယ်လိုနည်းနဲ့စားမှာလဲ (ဖျော်ရည်ဆိုGI ပိုများပြီ)
  • အသင့်စားအသီးဘူးထဲကလား။ (စည်သွပ်ထားတဲ့အသီးအနှံတွေက အချိုပိုများတယ်)

နာနတ်သီးမှာ ဗီတာမင် စီနဲ့ မဂ္ဂနိစ်ကြွယ်ဝတဲ့အပြင်အမျှင်ဓါတ်၊ ဗီတာမင်အေ၊ ဘီအုပ်စုတွေ၊ ကျန်းမာရေးအကျိုးကျေးဇူးများတဲ့bromelainဒြပ်ပေါင်းတို့ပါဝင်လို့ ကြိုက်တတ်ရင် ဆီးချိုသမားတွေ အနည်းအကျဉ်းပမာဏစားလို့သင့်ပါတယ်။

ဘယ်လိုစားမလဲ

အကောင်းဆုံးကတော့ ဒီအတိုင်းစားပါ၊ရေခဲသေတ္တာထဲ အအေးခံစားပါ။

မွမ်းမံပြင်ဆင်ထားတဲ့ နာနတ်သီး( စည်သွပ်ဘူး၊ယို၊ဖျော်ရည်)တွေက အချိုပိုကဲတတ်ပါတယ်။ သူ့ကြောင့်သွေးတွင်းသကြားဓါတ်မတက်အောင်GI နည်းတဲ့အစားအစာတွေနဲ့တွဲစားပါ။ ဆိုလိုတာကသွေးတွင်းသကြားဓါတ်မြင့်စေနိုင်တာတွေရှောင်ပြီးတာသေချာမှ နာနတ်သီးကိုစားသင့်ပါတယ်။GIမြင့်မယ့်အရာတွေနဲ့တွဲစားရင် ပိုတက်တော့မှာပေါ့။

ဒီတော့ စားသောက်တဲ့အာဟာရမှာ –

  • ဆန်လုံးညို
  • မုယောစပါး
  • ဂံျုကြမ်း
  • ပဲ
  • အုတ်ဂျုံ
  • အဆီမပါတဲ့အသား
  • အကျိုးပြုအဆီ (ထောပတ်သီး၊ အဆီများတဲ့ငါး) တို့နဲ့တွဲစားပါ။

ဆီးချိုနဲ့တခြားအသီးအနှံများ

ဆီးချိုရှိနေလည်း ဒီအသီးအနှံတွေစားလို့ရပါတယ် –

  • ငှက်ပျောသီး
  • လိမ္မော်သီး
  • သင်္ဘောသီး
  • ထောပတ်သီး
  • ဆီးသီး
  • ဖရဲသီး
  • စပျစ်
  • ဂရိတ်ဖရု
  • ဘလူးဘယ်ရီ
  • စတော်ဘယ်ရီ
  • မက်မွန်သီး စတာတွေ ကို ထိုက်သင့်သလောက်စားပါ။ တစ်ချိန်တည်းတော့ အများကြီးမစားချလိုက်နဲ့ပေါ့။

ချိုတဲ့အသီးအနှံတွေကို လုံးဝကြီးရှောင်ဖို့မဟုတ်ပေမယ့် တစ်နေ့တာစားသုံးသမျှရဲ့သွေးတွင်းသကြားဓါတ်သက်ရောက်မှုကို ချင့်ချိန်စားသုံးမယ်ဆိုရင် အဆင်ပြေပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆောင်းအအေးဒဏ်ကြောင့် နှုတ်ခမ်းတွေ ခြောက်ပြီးကွဲလာပြီဆိုရင်

ဆောင်းတွင်းအခါသမယဆိုတာ အသားအရေကို ဂရုစိုက်သူတွေအတွက်တော့ တော်တော်လေးကို စိတ်ညစ်စရာကောင်းတဲ့ ...

ရေးသားသူ Ye Myo Myat

တစ်နေ့ ပန်းသီးတစ်လုံးစားရင် သင်ဘယ်လောက်အထိတောင် ကျန်းမာလာမလဲ

ပန်းသီးချိုချိုမွမွလေးတွေ ကြိုက်တတ်သူတွေ ရှိကြလား။ ပန်းသီးတစ်နေ့ တစ်လုံးမှီဝဲပေးမယ်ဆိုရင် နေ့စဉ်လူနေမှုဘဝမှာ အရမ်းကို ကျန်းမာစေတတ်ပါတယ်တဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အစာအိမ်ထွက်ပေါက်ကြွက်သားပြုပြင်ခွဲစိတ်ခြင်း

အူသိမ်အဝမှာ ကျဉ်းမြောင်းပိတ်ဆို့ရင်တော့ အစာအိမ်ထွက်ပေါက်ကြွက်သားကို ပြုပြင်ခွဲစိတ်ခြင်း (pyloroplasty) နည်းလမ်းနဲ့ ကုသနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာက ကျန်တဲ့အချိန်တွေမှာ မဖြစ်ဘဲ ကိုယ်ဝန်ဆောင်ချိန်မှာမှ ဖြစ်တဲ့ ဆီးချို အမျိုးအစား တစ်ရပ်ပါ။ မေမေတိုင်းသတိထားဖို့ လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
သက်လတ်ပိုင်းမှာပေါက်တဲ့ ဝက်ခြံတွေ သက်သာစေဖို့ ဒါတွေစားပေးပါ။

သက်လတ်ပိုင်းမှာပေါက်တဲ့ ဝက်ခြံတွေ သက်သာစေဖို့ ဒါတွေစားပေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2021 . 1 min read
အမျိုးသားတို့ သိထားသင့်တဲ့ ကျန်းမာရေးအခြေအနေများ

အမျိုးသားတို့ သိထားသင့်တဲ့ ကျန်းမာရေးအခြေအနေများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 6, 2021 . 3 mins read
ပြီးပြည့်စုံတဲ့ မျက်စိကျန်းမာရေးအတွက် ဘာတွေဂရုစိုက်သင့်သလဲ။

ပြီးပြည့်စုံတဲ့ မျက်စိကျန်းမာရေးအတွက် ဘာတွေဂရုစိုက်သင့်သလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 4, 2020 . 3 mins read