တုပ်ကွေး ဖြစ်ရင် ပိုးသတ်ဆေးသောက်ဖို့ လိုမလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 9, 2020 . 2 mins read
Share now

တုပ်ကွေး ဆိုတာ ကူးစက်တတ်တဲ့ အသက်ရှူလမ်းကြောင်းရောဂါတစ်မျိုးဖြစ်ပြီး ဆောင်းဦးနဲ့ ဆောင်းတွင်းပိုင်းမှာ အဖြစ်များပါတယ်။ တုပ်ကွေးက တစ်ခါတစ်လေ အလုပ်ပျက် ကျောင်းပျက် ဆေးရုံတက်ရတဲ့အထိ ဆိုးတတ်ပါတယ်။ ဒါကြောင့် တုပ်ကွေးဖြစ်ရင် ဘာလုပ်ကြမလဲ။ ပိုးသတ်ဆေးသောက်ကြမလား။

  • ပိုးသတ်ဆေးတွေက ဘာလုပ်ပေးသလဲ။

ပိုးသတ်ဆေးဆိုတာ ဘတ်တီးရီးယားတွေကို သတ်ပေးတဲ့ ဆေးတစ်မျိုးပါ။

  •  တုပ်ကွေးဆိုတာကရော ဘာလဲ။

တုပ်ကွေးဆိုတာကတော့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာပါ။ ချောင်းဆိုးနှာချေလို့ ထွက်လာတဲ့ အမှုန်အမွှားတွေကနေ ကူးတတ်ပါတယ်။ အမှုန်အမွှားတွေက တံခါးလက်ကိုင်မှာ၊ စားပွဲမျက်နှာပြင်မှာ ကပ်နေတတ်ပြီး ဒီပစ္စည်းတွေကို ကိုင်မယ်။ ပြီးတော့ မျက်နှာတို့ ပါးစပ်တို့ နှာခေါင်းတို့ကို ကိုင်မယ်ဆိုရင်လည်း ကူးစက်တတ်ပါတယ်။ ဒါကြောင့်လက်မကြာခဏဆေးဖို့ ပြောရတာပါ။

တုပ်ကွေးဖြစ်ပြီဆိုရင်
-ဖျားမယ်
-ချမ်းတုန်မယ်
-ချောင်းဆိုးမယ်
-နှာရည်ယိုမယ်
-လည်ပင်းနာမယ်
​-ကိုယ်လက်တွေကိုက်မယ်
-နုန်းမယ်
-ခေါင်းကိုက်ပါမယ်
ဒီလောက်ဆိုရင် ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ တုပ်ကွေးမှာ ဘက်တီးရီးယားတွေကို သေစေတဲ့ ပိုးသတ်ဆေးက အလုပ်မဖြစ်ဘူးဆိုတာ နည်းနည်းတော့ သဘောပေါက်လောက်ပါပြီ။

  • တုပ်ကွေးဖြစ်တာ ပိုးသတ်ဆေးသောက်မိရင်ဘာဖြစ်မလဲ။

    တစ်ခွန်းတည်းပြောရရင် ဆေးယဉ်ပါးဖြစ်တတ်ပါတယ်။ ဆိုလိုတာက သာမန်နှာစေးချောင်းဆိုးဖြစ်တိုင်း ပိုးသတ်ဆေးသောက်နေမယ်ဆိုရင် ကြာလာရင် ဒီပိုးတွေက ဒီဆေးကို မတိုးပါဘူး။ ဒါဆို တကယ်တမ်း ရောဂါအကြီးအကျယ်ဖြစ်လာတဲ့အခါ ကုရခက်လာပါတယ်။ ဒီဆေးယဉ်ပါးပိုး သူများတွေကို အဆင့်ဆင့်ကူးသွားမယ်ဆိုရင် ကုရာနတ္ထိဆေးမရှိဖြစ်သွားပါလိမ့်မယ်။

  • ဘယ်အခါမျိုးမှာ တုပ်ကွေးဖြစ်တဲ့သူတွေ ပိုးသတ်ဆေးသောက်ရမလဲ။

တုပ်ကွေးရဲ့နောက်ဆက်တွဲတွေဖြစ်တဲ့ နားပြည်ယိုတာ၊ ထိပ်ကပ်နာနမိုးနီးယားတွေဖြစ်လာရင်တော့ ပိုးသတ်ဆေးသောက်ဖို့ မဖြစ်မနေလိုလာပါပြီ။ လိုအပ်ရင် ဆေးရုံတက်ပြီး ကုသရပါမယ်။

  •  အိမ်တွင်းကုထုံးများ

    -အနားယူပါ။ တုပ်ကွေးဖြစ်နေတဲ့အချိန်အတွင်းမှာ ညစောစောအိပ်ပါ။ အိပ်ရေးဝနေပါစေ။
    -ရေများများသောက်ပါ။ ရေအပြင် စွပ်ပြုတ်၊ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေ သောက်ပေးပါ။
    -အဖျားသက်သာပြီး အကိုက်အခဲပျောက်ဖို့ ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ ပါရာစီတမော၊ အိုင်ဗျူပရိုဖန် စတာတွေ သောက်နိုင်ပါတယ်။
    ဗိုင်းရပ်စ်သတ်ဆေး(Antivirals)တွေ ရှိပေမယ့် ဆရာဝန်ညွှန်ကြားချက်နဲ့သောက်တာ အကောင်းဆုံးပါပဲ။

တုပ်ကွေးမဖြစ်တဲ့နှစ်ဆိုတာ မရှိသေးပါဘူး။ အချုပ်ပြောရရင် တုပ်ကွေးဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့အတွက် ပိုးသတ်ဆေးက အလုပ်မဖြစ်ပါဘူး။ Antivirals တွေကလည်း ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သင့်ပါတယ်။ နောက်ဆက်တွဲ ရောဂါတွေဖြစ်လာရင်တော့ ဆရာဝန်က ပိုးသတ်ဆေးညွှန်ပါလိမ့်မယ်။ အများစုကတော့ အိမ်တွင်းကုထုံးတွေနဲ့ သက်သာသွားကြပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေသုံးတဲ့ မှန်ပြောင်းလေးများ

သာမန်မျက်စိနဲ့ မမြင်ရတဲ့ နေရာမှာ ဒီကိရိယာလေးတွေနဲ့ စမ်းသပ်လိုက်မယ်ဆိုရင် ရောဂါရှာဖွေတဲ့နေရာမှာရော၊ ကုသတဲ့နေရာမှာပါ အများကြီး အထောက်အကူ ဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အဖြစ်များတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ပြဿနာတွေက ဘာများလဲ

နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါတွေက အများကြီးရှိပြီး ခံစားရတဲ့ လက္ခဏာတွေလည်း တစ်ခုနဲ့ တစ်ခု မတူကြပါဘူး။ ရောဂါတွေကို သိထားရင် ပြသရတာ လွယ်ကူပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

နား၊ နှာခေါင်း၊ လည်ချောင်းမှာ ဘယ်လိုအစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားသလဲ။

နား၊ နှာခေါင်း၊ လည်ချောင်း က တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတာကြောင့် တစ်နေရာမှာ ရောဂါဖြစ်ရင် နောက်တစ်နေရာကို အလွယ်တကူ ပျံ့နှံ့သွားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ပဋိဇီဝပိုးတွေကို ဘယ်လိုသုတ်သင်နိုင်သလဲ။

ပဋီဇီဝပိုးတွေကို  သုတ်သင်နိုင်တဲ့ နည်းလမ်းတွေက ကူးစက်ရောဂါတွေကို ကုသတဲ့နေရာ၊ ကာကွယ်တဲ့နေရာမှာ သိပ်ကို အရေးပါတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အဖြစ်များတဲ့ နားပြဿနာ များ

အဖြစ်များတဲ့ နားပြဿနာ များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 15, 2021 . 2 mins read
နှာခေါင်း မှာ အဖြစ်များတဲ့ ရောဂါတွေက ဘာတွေလဲ။

နှာခေါင်း မှာ အဖြစ်များတဲ့ ရောဂါတွေက ဘာတွေလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 15, 2021 . 3 mins read
အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းများ

အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 3 mins read
နှလုံးပိုးဝင်ခြင်း

နှလုံးပိုးဝင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 24, 2020 . 3 mins read