backup og meta

ပန်းနာရင်ကျပ်ရောဂါ ပြန်ထနေတဲ့အခါ သဘာဝအတိုင်းသက်သာအောင် ဘယ်လိုလုပ်ကြမလဲ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပန်းနာရင်ကျပ်ရောဂါ ပြန်ထနေတဲ့အခါ သဘာဝအတိုင်းသက်သာအောင် ဘယ်လိုလုပ်ကြမလဲ။ ။

    ပန်းနာရင်ကျပ်ရောဂါ ဆိုတာ ဒီနေ့သက်သာလိုက်၊ နောက်နေ့ကျ ပြန်ထလိုက်နဲ့ ဖြစ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ နာတာရှည်ပြဿနာတစ်ခုပါ။ သောက်ဆေးတွေလည်း မှန်မှန်သော်ကနေရက်နဲ့ အခန့်မသင့်လို့ မတည့်တာတစ်ခုခုနဲ့ပြန်တွေ့ခဲ့ရင် ပန်းနာရင်ကြပ်ရောဂါ ပြန်ထသွားတတ်ပါတယ်။ ဒီတော့ ဒီလို ပန်းနာရင်ကျပ်ရောဂါပြန်ထနေတဲ့အချိန် ဘာတွေလုပ်ရမလဲ ။ ။

    ပန်းနာရင်ကျပ်ရောဂါ ထိနေချိန် ဒါတွေလုပ်ကြည့်ပါ။

    ဆေးမှန်မှန်သောက်ပါ။

    နာတာရှည် ပန်းနာရင်ကျပ်သမားတွေအတွက် စွဲသောက်နေရတဲ့ဆေးက အရေးအကြီးဆုံးပါ။ ဆေးကို မှန်မှန် မပျက်မကွက်သောက်ဖို့ အရေးကြီးတဲ့အပြင် ရှူဆေးဆိုလည်း နည်းလမ်းမှန်မှန်နဲ့ ရှူပေးဖို့အရေးကြီးပါတယ်။ ဆေးက ပန်းနာရင်ကြပ်မသားတွေအတွက် အရေးကြီးတယ်ဆိုပေမယ့် အခြားနည်းလမ်းလေးတွေလည်း လိုအပ်ပါသေးတယ် ။ ဒါလေးတွေလုပ်ကြည့်ပါ။

    • ကော်ဖီသောက်ပါ – ကော်ဖီမှာပါတဲ့ ကဖင်းဓါတ်က လေပြွန်တွေကို ပွင့်စေတာကြောင့်ပါ။ တစ်ချို့လေ့လာချက်တွေအရ ကဖင်းဓါတ်ကလေပြွန်ကို ၄ နာရီတိုင်အောင် ပွင့်စေတယ်လို့ဆိုပါတယ်။
    • ရေနွေးငွေ့ရှူပါ – ရေချိုးတဲ့အခါ ရေနွေးစိမ်ချိုးတာတို့၊ ချွေးထုတ်ခန်းသွားတာမျိုးတွေက ပန်းနာရင်ကျပ်သမားတွေအတွက် သ့င်တော်ပါတယ်။ လေငွေ့နွေးနွေးလေးတွေက လေပြွန်ရောင်နေတာတွေကို သက်သာစေမှာပါ။ ဒါပေမယ့် တချို့ ရေနွေးငွေ့နဲ့ မတည့်တဲ့သူတွေလည်းရှိတာကြောင့် ကိုယ်နဲ့တည့်လားမတည့်ဘူးလားဆိုတာ အရင်စမ်းသပ်ဖို့တော့ လိုပါလိမ့်မယ်။
    • မီးဖိုချောင်ပစ္စည်း – မီးဖိုချောင်သုံး ပစ္စည်းတချို့ဖြစ်တဲ့ ကြက်သွန်ဖြူတို့ ဂျင်းတို့ဟာ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ အာနိသင်ရှိတာကြောင့် ပန်းနာရင်ကျပ်သမားတွေရဲ့ လက္ခဏာကို သက်သာစေမှာပါ။ မနက်ပိုင်း ဂျင်းပြုတ်ရည် သောက်ပေးတာမျိုးတို့၊ ဟင်းချက်ရင် ကြက်သွန်ဖြူထည့်ချက်တာမျိုးတို့လုပ်ပေးလို့ရပါတယ်။
    • စိတ်ငြိမ်အောင်ထားပါ – ပန်းနာရင်ကျပ်ကိုပြန်ထစေတဲ့ပြဿနာတွေထဲမှာ စိတ်ဖိစီးမှုလည်း ပါတာကြောင့် စိတ်ဖိစီးမှု နည်းအောင် တရားထိုင်ပါ။ ယောဂလေ့ကျင့်ခန်းတွေလုပ်ပေးပါ။
    • အသက်ရှူလေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ – အသက်ရှူလေ့ကျင့်ခန်း တွေလုပ်ပေးတဲ့အခါ အဆုတ်ထဲလေများများဝင်လို့ အောက်ဆီဂျင်များများရမယ့်အပြင် အဆုတ်ကြွက်သားတွေကိုလည်း သန်မာစေမှာပါ။ ဒါပေမယ့် ဆောင်းရာသီမှာဆိုရင်တော့ ပြင်ပက လေအေးတွေ ပန်းဝတ်မှုန်တွေ လေပြွန်ထဲ အများကြီးရောက်သွားစေတာကြောင့် သတိထားစေချင်ပါတယ်။ အိမ်ထဲမှာပဲ အသက်ရှူလေ့ကျင့်ခန်းလုပ်ကြည့်ပါ။
    • အသီးအနှံတွေ များများစားပါ – အသီးအနှံတွေမှာ ပါတဲ့ ဓါတ်တိုးဆန့်ကျင့်ပစ္စည်းတွေ ရောင်ခြယ်ပစ္စည်းတွေက ရောင်ရမ်းခြင်းကို လျော့ကျစေတာကြောင့် ပန်းနာရင်ကျပ်သမားတွေ များများစားပေးဖို့လိုပါတယ်။ ဒါပေမယ့် တချို့အစားတွေဖြစ်တဲ့ ဝိုင်တို့၊ သစ်သီးခြောက်တို့၊ ချဉ်ဖတ်တို့ဟာ ပန်းနာရင်ကျပ်သမားတွေနဲ့ မတည့်တတ်တာကြောင့် သတိထားပြီး စားစေချင်ပါတယ်။
    • ရာသီဥတုကိုအမြဲစောင့်ကြည့်နေပါ – အေးလွန်းတဲ့လေ ခြောက်သွေ့လွန်းတဲ့လေတွေက လေပြွန်ကို ပိုပြီးခြောက်သွေ့စေတာကြောင့် ပန်းနာရင်ကျပ် ပြဿနာပြန်ထလာစေပါတယ်။ ဒါကြောင့် အပြင်သွားရင် နှာခေါင်းစည်း၊ လည်စည်းတို့ ဆောင်သွားဖို့လိုသလို အိမ်ထဲမှာလည်း အစိုထိန်းရေငွေ့စက်တွေ၊ ရှိနေဖို့လိုပါတယ်။
    • ကိုယ်နဲ့ မတည့်တဲ့အရာတွေကို မှတ်ထားပါ – ပန်းနာရင်ကျပ်ပြန်ထရခြင်းရဲ့ အဓိက အကြောင်းအရင်းမှာ ဓါတ်မတည့်တဲ့ပစ္စည်းတွေနဲ့ ထိမိတာလည်း ပါတာကြောင့် ကိုယ်နဲ့ မတည့်တဲ့ အရာတွေကို သေချာမှတ်ထားဖို့လိုပါတယ်။

    ဒါလေးတွေကိုလည်း သေချာလိုက်နာ ဆေးလည်းမှန်မှန်သောက်မယ်ဆိုရင် ပန်းနာရင်ကြပ်ကြောင့် ခံစားနေရတဲ့ ဝေဒနာတွေ ပျောက်သွားမှာ အသေအချာပါ ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement