သန္ဓေတားသောက်ဆေး (OCP) က ကိုယ်ဝန်မရရှိအောင်ကာကွယ်ပေးတဲ့ဆေးဝါးတစ်မျိုးပါ။ သန္ဓေတားသောက်ဆေးတွေမှာ အက်စထရိုဂျင်ဟော်မုန်းပါဝင်တဲ့ သန္ဓေတားသောက်ဆေးရှိသလို ၊ အက်စထရိုဂျင်ရော ပရိုဂျက်စတင်ပါပါဝင်နေတဲ့ သန္ဓေတားသောက်ဆေးလည်းရှိပါတယ်။ သန္ဓေတားသောက်ဆေးတွေကိုသေသေချာချာသောက်သုံးမယ်ဆိုရင် မမျှော်လင့်ဘဲကိုယ်ဝန်ရရှိတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
သန္ဓေတားသောက်ဆေးကို ၁၉၆၀ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးအတည်ပြုပေးခဲ့တာဖြစ်ပြီး သန္ဓေတားသောက်ဆေးက လူကြိုက်အများဆုံး သားဆက်ခြားနည်းတစ်ခုဖြစ်လာခဲ့ပါတယ်။ အခုလက်ရှိ ကမ္ဘာတစ်လွှားက အမျိုးသမီး သန်း ၁၀၀ကျော်က သန္ဓေတားသောက်ဆေးကို အသုံးပြုနေကြပါတယ်။ ၂၀၁၂ ခုနှစ်ကကောက်ယူခဲ့တဲ့ စာရင်းတွေအရ အမေရိကန်ပြည်ထောင်စုက အမျိုးသမီး ၁၆ ရာခိုင်နှုန်းက သန္ဓေတားသောက်ဆေးကိုသောက်သုံးနေကြပြီး အသက် ၁၆ နှစ် ကနေ ၄၉ နှစ်ကြားအရွယ်ရှိတဲ့ ယူကေအမျိုးသမီး ၃ ပုံ ၁ ပုံခန့်နဲ့ ဂျပန်အမျိုးသမီး ၁ ရာခိုင်နှုန်းတို့လည်း သန္ဓေတားသောက်ဆေးကို အသုံးပြုနေကြတယ်၊လို့ သိရပါတယ်။
သန္ဓေတားသောက်ဆေးကိုစတင်ပေါ်လာတဲ့အချိန်ကစလို့ လိုအပ်ချက်တွေကိုပြုပြင်ရင်းကောင်းသထက်ကောင်းအောင်ပြင်ဆင်ထုတ်လုပ်လာခဲ့ကြတာဖြစ်ပြီး လက်ရှိအချိန်မှာဆိုရင် သန္ဓေတားသောက်ဆေးတွေကဘေးထွက်ဆိုးကျိုးနည်းပြီး ထိရောက်တဲ့ သားဆက်ခြားနည်းတစ်မျိုးဖြစ်လို့လာပါတယ်။
လေဒီယာ ရိုစာလိုမျိုး သန္ဓေတားသောက်ဆေးဆိုရင် ဆေးဝါးပမာဏအနည်းငယ်သာပါတဲ့ သားဆက်ခြားသောက်ဆေးဖြစ်ပြီး သန္ဓေတားဖို့အတွက် အသုံးပြုလို့ရသလို ရာသီလာချိန်အလွန်အမင်းကိုက်ခဲခြင်းဝေဒနာများအတွက်ပါ သောက်သုံးလို့ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။