backup og meta

သွေးတိုးရောဂါအတွက် နောက်ဆက်တွဲ ဂရုစိုက်မှုများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတိုးရောဂါအတွက် နောက်ဆက်တွဲ ဂရုစိုက်မှုများ

    သွေးတိုးအတွက် နောက်ဆက်တွဲဂရုစိုက်မှုများ

    သွေးတိုးရောဂါကိုကုသရာမှာအရေးကြီးတာတစ်ခုကနောက်ဆက်တွဲဂရုစိုက်မှုပါပဲ။

  • သင့်ရဲ့သွေးတိုးကိုဆရာဝန်ညွှန်ကြားတဲ့အတိုင်းပုံမှန်နှုန်းမှာရှိလားဆိုတာပုံမှန်စစ်ဆေးရပါမယ်။ တကယ်လို့ သွေးတိုးကပုံမှန်နှုန်းထဲမှာမဟုတ်ဘူးဆိုရင်လိုအပ်တဲ့ကုသမှုတွေထပ်ပြီးခံယူရမှာပါ။ သွေးတိုးရှိတဲ့လူတစ်ယောက်ကတစ်နှစ်ကိုအနည်းဆုံးတစ်ကြိမ်ဒါမှမဟုတ်မကြာခဏဆရာဝန်နဲသွားတွေ့ရမှာဖြစ်ပါတယ်။
  • တကယ်လို့သင်ဟာ ဆီးချိုနှလုံးရောဂါဒါမှမဟုတ် လေဖြတ်ထားတယ်ဆိုရင်သင့်ရဲ့သွေးတိုးကိုပြန်မဖြစ်အောင်ပိုပြီးဂရုစိုက်ရပါမယ်။ သင်အနေနဲ့ဘယ်သွေးပေါင်ချိန်မှာရှိသင့်လဲဆိုတာဆရာဝန်နဲ့ဆွေးနွေးပါ။
  • အသက်ကြီးလာတာနဲ့အမျှသွေးကြောတွေမာလာခြင်းကအပေါ်သွေး (Systolic blood pressure)ကိုမြင့်လာစေပါတယ်။ အရင်ကကုသခဲတဲ့ကုသမှုကအခုအကျိုးသက်ရောက်မှုရှိချင်မှရှိပါတော့မယ်။ သင့်အတွက် ဆေးပမာဏနဲ့ကုသမှုတွေကပြောင်းလဲသွားပြီး ဆေးနည်းအသစ်လိုချင်လိုလာပါမယ်။
  • ရက်ချိန်းပြည့်လို့ဆေးခန်းသွားတဲ့အခါ သွေးတိုးနဲ့ဆက်စပ်နေတဲ့နှလုံးမျက်လုံး ကျောက်ကပ်နဲ့ သွေးကြော တွေကိုပါစစ်ဆေးသင့်ပါတယ်။
  • ဆရာဝန်ဆီရက်ချိန်းမှန်မှန်သွားပြခြင်းကသင့်ဆရာဝန်ကိုသင်ဆေးတွေကြောင့်ဆိုးကျိုးရှိမရှိသိစေပြီးလိုအပ်ရင် ဆေးနည်းပြောင်းပေးပါလိမ့်မယ်။
  • ဆရာဝန်ဆီရက်ချိန်းမှန်မှန်သွားပြ၍ နောက်ဆက်တွဲ ဂရုစိုက်မှုခံယူခြင်းကကိုလက်စထရောမြင့်တက်လာခြင်းအဝလွန်ခြင်းစတာတွေကိုစောင့်ကြည့်ဖို့အခွင့်ကောင်းတစ်ခုပါ။
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement