အခွံမာသီးတွေကို အဆာပြေစားလို့ရသလို မနက်စာစားတဲ့အခါမှာ ထည့်စားလို့လည်းရပါတယ်။ ပရိုတင်း၊ အမျှင်ဓါတ်၊phytoestrogenဒြပ်ပေါင်းတို့ကြွယ်ဝစွာပါဝင်တာကြောင့် အက်စထရိုဂျင်ဟော်မုန်းပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။မြေပဲ၊ သစ်ကြားသီး၊ သစ်အယ်သီးတို့ကို စားပေးလို့ရပါတယ်။
နှမ်းကြတ်စေ့
အမျှင်ဓါတ်ကြွယ်ဝသလိုphytoestrogenဒြပ်ပေါင်းကြွယ်ဝတာကြောင့် အက်စထရိုဂျင်ဟော်မုန်းနည်းသူတွေအတွက် သင့်တော်ပါတယ်။သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီးအစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။omega-3 fatty acids ကြွယ်ဝစွာပါဝင်တာကြောင့်လေဒီလေးတို့အတွက် အထူးသင့်တော်ပါတယ်။
ပဲပိစပ်
ပရိုတင်း နဲ့ ကျန်းမာရေးအတွက် ညီညွတ်တဲ့ အဆီကြွယ်ဝစွာပါဝင်နေပါတယ်။သွေးဆုံးချိန်မှာဖြစ်တဲ့ အရေပြားတွေ ပူစပ်ပူလောင်ဖြစ်တာ၊ ညဘက်အိပ်ရင်ချွေးစေးတွေထွက်တာ၊ အသားအရေခြောက်သွေ့တာအပါအဝင် အက်စထရိုဂျင်ဟော်မုန်းနည်းတာကြောင့်ဖြစ်နိုင်တဲ့ လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။
ဒါကြောင့်ခန္ဓါကိုယ်မှာ အက်စထရိုဂျင်ဟော်မုန်းပမာဏညီမျှနေစေဖို့နေ့စဉ်စားသုံးတဲ့အစားအစားတွေထဲမှာ အခုပြောပြခဲ့တာတွေ ပါဝင်အောင်စားသုံးပြီး အက်စထရိုဂျင်ပမာဏကိုမြှင့်တင်လိုက်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။