Laparoscopy And Dye Test (အစာအိမ်တွင်း မှန်ပြောင်းကြည့်ခြင်းနှင့် ဆိုးဆေးစစ်ဆေးခြင်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Laparoscopy and dye test ဆိုတာ ဘာလဲ ?

Laparoscopy and dye test ဆိုတာကတော့ ခွဲစိတ်မှုကို အသုံးပြုပြီး သင်ဘာကြောင့် ကိုယ်ဝန်ဆောင်ဖို့ အခက်အခဲ ဖြစ်နေလဲ အဖြေရှာတာပါ။ Dye test က သင့်ရဲ့ သားအိမ်ပြွန်တွေ ပိတ်နေ၊ မပိတ်နေဆိုတာ သိစေပါတယ်။ Laparoscopy and dye test အစား တခြားသုံးနိုင်တဲ့ နည်းလမ်းတွေ ရှိပါသေးတယ်။ Ultrasound ရိုက်ခြင်းနဲ့ ဓါတ်မှန်ရိုက်ခြင်း တို့ကလည်း သင့်သားအိမ်ပြွန် ပိတ်နေ၊ မပိတ်နေ သိစေပါတယ်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

Laparoscopy and dye test ကို ဘာကြောင့် ပြုလုပ်ကြလဲ ?

Laparoscopy and dye test က သင့်မှာ endometriosis, တင်ပါးဆုံရိုး ရောဂါပိုး ကူးစက်ခြင်း၊ adhesions၊ ovarian cysts နဲ့ fibroids စတဲ့ ကျန်းမာရေး ချို့ယွင်းမှုတွေ ရှိ၊ မရှိ သိစေနိုင်ပါတယ်။ တချို့ အမျိုးသမီးတွေ အတွက်ကတော့ ကုသမှု အသေးစားလေးတွေနဲ့ပဲ လုံလောက်ပါတယ်။

Laparoscopy and dye test ကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေက ဘာတွေလဲ ?

ခွဲစိတ်မှု ကုသမှုတိုင်းမှာ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးလေးတွေ ကိုယ်စီ ရှိပါတယ်။ သင့်ရဲ့ ခွဲစိတ်ဆရာဝန်ကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။

ခွဲစိတ်မှုတွေကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေက မေ့ဆေးအပေါ် မမျှော်လင့်တဲ့ တုံ့ပြန်မှုရှိခြင်း၊ သွေးထွက်လွန်ခြင်း၊ သွေးခဲခြင်းတို့ပဲ ဖြစ်ပါတယ်။

Laparoscopy and dye test ကြောင့် ဖြစ်လာနိုင်တဲ့ ရှုပ်ထွေးမှုလေးတွေကတော့

  • အူမကြီး၊ ဆီးအိမ်၊ သွေးကြော စတဲ့ အစိတ်အပိုင်းတွေကို ထိခိုက်မိခြင်း
  • ခွဲရာနားတစ်ဝိုက်မှာ အူကျခြင်း
  • အရေပြားအောက် လေခိုခြင်း
  • ဘာပြဿနာလဲဆိုတာ မရှာဖွေနိုင်ခြင်း
  • ခွဲစိတ်မှု မအောင်မြင်ခြင်း
  • မီးယပ်နဲ့ သားဖွား အစိတ်အပိုင်းများနှင့် ဆီးအိမ်ရောဂါပိုးဝင်ခြင်း

သင့်အနေနဲ့ ခွဲစိတ်မှု မပြုလုပ်ခင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို သိထားဖို့ အရေးကြီးပါတယ်။ အသေးစိတ်ကိုတော့ သင့် ခွဲစိတ်ဆရာဝန်နဲ့ ဆွေးနွေးပါ။

ကြိုတင်ပြင်ဆင်ခြင်း

Laparoscopy and dye test အတွက် ဘာတွေ ပြင်ဆင်ရမလဲ ?

သင့်အနေနဲ့ သင့်ဆရာဝန်ကို သင်မကြာခင်က သောက်သုံး နေတဲ့ ဆေးတွေအကြောင်း၊ ဓါတ်မတည့်မှုတွေ အကြောင်း၊ ကျန်းမာရေး အခြေအနေတွေ အကြောင်း ခွဲစိတ်မှုမလုပ်ခင် ဆွေးနွေးရပါမယ်။ မေ့ဆေး ဆရာဝန်နဲ့လည်း ဆွေးနွေးပြီး အစီအစဉ်တွေ ချရပါမယ်။

ခွဲစိတ်မှုမစခင် ဘယ်အချိန်မှာ အစားအသောက် ရပ်ရမလဲ စတဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့က အရေးကြီး ပါတယ်။

ခွဲစိတ်မှုမစခင် လိုက်နာရမယ့် ရှင်းလင်းတဲ့ ညွှန်ကြားချက်တွေ ပေးထားပါလိမ့်မယ်။ ဥပမာ – ခွဲစိတ်မှု မစခင် နာရီတွေမှာ အစားစားလို့ ရ၊ မရဆိုတာမျိုးပေါ့။ များသောအားဖြင့် ခွဲစိတ်မှုမစခင် ခြောက်နာရီလောက်မှာ သင်ဝမ်းသွားထားရပါမယ်။ ခွဲစိတ်မှုမစခင် နာရီအနည်းငယ်အထိတော့ ကော်ဖီလိုမျိုး အရည်တွေ သောက်လို့ ရပါသေးတယ်။

ခွဲစိတ်ကုသခြင်း

Laparoscopy and dye test ခွဲစိတ်မှု အတွင်းမှာ ဘာတွေဖြစ်လဲ ?

ခွဲစိတ်မှုကို မေ့ဆေးပေးပြီး ပြုလုပ်မှာဖြစ်ပြီး ၁၅ မိနစ် လောက် ကြာပါတယ်။

သားဖွားမီးယပ် ဆရာဝန်က သင့်ရဲ့ဗိုက်မှာ ဖြတ်ရာလေးတွေ လုပ်ပါမယ်။

ဗိုက်အတွင်းကို မှန်ပြောင်းနဲ့အတူ တခြား ကိရိယာတွေ ထည့်ပြီး ခွဲစိတ်မှုကို ပြုလုပ်မှာပါ။ သူတို့က သားအိမ်ပြွန်ထဲကို dye (အရောင်ဆေး) တွေကို ထိုးသွင်းမှာပါ။

မေးစရာတွေရှိရင် သင့်ခွဲစိတ်ဆရာဝန်ကို အသေးစိတ် မေးနိုင်ပါတယ်။

ခွဲစိတ်ပြီးနောက် အခြေအနေ

Laparoscopy and dye test ခွဲစိတ်မှုအပြီး ဘာတွေ ဆက်ဖြစ်လဲ ?

ခွဲစိတ်မှုလုပ်ပြီးတဲ့ နေ့မှာပဲ အိမ်ပြန်နိုင်ပါပြီ။

ခွဲစိတ်မှုအပြီး ဆရာဝန်က ခွဲစိတ်မှုအတွင်း ဘာကိုတွေ့ရှိခဲ့လဲ ပြောပြမှာဖြစ်ပြီး နောက်ထပ် လိုအပ်တဲ့ ကုသမှုတွေအကြောင်း ဆွေးနွေးမှာ ဖြစ်ပါတယ်။

တစ်ရက် နှစ်ရက်လောက်တော့ နားပြီး လိုအပ်ရင် အကိုက်အခဲ ပျောက်ဆေးသောက်ပါ။

လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးခြင်းက ပုံမှန် လှုပ်ရှားမှုတွေဆီ မြန်မြန် ပြန်ရောက်အောင် ကူညီပေးပါတယ်။ လေ့ကျင့်ခန်း စမလုပ်ခင် ဆရာဝန်ဆီ အကြံဉာဏ် တောင်းပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ပြီးနောက် ဖြစ်တဲ့ လိပ်ခေါင်းကို ဘယ်လိုဖြေရှင်းမလဲ

    ကိုယ်ဝန်ဆောင် လိပ်ခေါင်း အမျိုးသမီး မိခင် ကလေးမွေး ခါးနာ ဗိုက်ခွဲမွေး နာတာရှည် အိမ်တွင်းကုထုံး ဝမ်းသွား အမျှင်ဓာတ် အစာအာဟာရ စအို တင်ပါး ဝမ်းပျော့ဆေး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    စအိုကွဲခြင်း (Anal Fissure) အကြောင်း သိထားသင့်သမျှ

    စအို ဝမ်းသွား ဝမ်းချုပ် မစင် အညစ်အကြေး လိင်ဆက်ဆံ ကိုယ်ဝန်ဆောင် သွေးဝမ်း နာကျင်မှု လိမ်းဆေး အိမ်တွင်းကုထုံး ကုသမှု စအိုကွဲ အမျှင်ဓာတ် ဝမ်းပျော့ဆေး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    အမြွှာလေးတွေ မွေးခဲ့ရင် ဘယ်လိုပြုစု စောင့်ရှောက်ကြမလဲ။

    အမြွှာလေး ကိုယ်ဝန်ဆောင် မိခင်နို့ အိမ်မှုကိစ္စ ကိုယ်ပိုင်နားနေချိန် နှိုင်းယှဉ် ကြီးထွားဖွံ့ဖြိုး ချီးကျူးစကား အပြစ်တင် ပြုစုပျိုးထောင်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win

    အသက်ကြီးမှ ကလေးယူမယ်ဆိုရင်

    အသက်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး ကိုယ်တွင်းဟော်မုန်း အပြောင်းအလဲ မွေးရာပါချို့ယွင်းချက် ဆီးလမ်းကြောင်း သွေးပေါင်ချိန် ကိုယ်ဝန်ဆိပ်တက်ခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint

    သင့်အတွက် ရွေးချယ်ထားသည်

    ကလေး ယူတော့မယ်ဆို ရှောင်ရှားသင့်တဲ့ အစားအသောက်တွေ

    ကလေး ယူတော့မယ်ဆို ရှောင်ရှားသင့်တဲ့ အစားအသောက်တွေ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon
    ရေးသား ထုတ်ဝေခဲ့သည် မေ 27, 2020
    ကွမ်းသီး နဲ့ ကျန်းမာရေး

    ကွမ်းသီး နဲ့ ကျန်းမာရေး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် မေ 26, 2020
    တစ်ဆင့်ခံ ဆေးလိပ်ငွေ့၏ နောက်ဆက်တွဲပြဿနာများ

    တစ်ဆင့်ခံ ဆေးလိပ်ငွေ့၏ နောက်ဆက်တွဲပြဿနာများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020

    ရင်သွေးငယ်လေးတွေမှာ ဖြစ်တဲ့ လိပ်ခေါင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020