backup og meta

ကျန်းမာရေးစစ်ဆေးမှုလုပ်တော့မယ်ဆိုရင် ဘာတွေသိထားဖို့လိုမလဲ


Aye Thi Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာရေးစစ်ဆေးမှုလုပ်တော့မယ်ဆိုရင် ဘာတွေသိထားဖို့လိုမလဲ

    ကိုယ်တိုင်အတွက်ဖြစ်ဖြစ် မိသားစုဝင်တွေကိုပဲဖြစ်ဖြစ် ကျန်းမာရေးစစ်ဆေးမှုလေးလုပ်ပေးချင်တယ်။ ဒါပေမယ့် ဘယ်လိုတွေလုပ်ရမှာလဲမသိလို့ အခက်တွေ့နေတဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါနော်…….

    ကျန်းမာရေးစစ်ဆေးမှုဆိုတာ

    ခန္ဓါကိုယ်မှာဝေဒနာတွေရှိနေလား။ ဒါမှမဟုတ် ဘာဝေဒနာတွေဖြစ်နိုင်လဲဆိုတာကို စစ်ဆေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်ပါ။ရောဂါရှိနေခဲ့ရင် ကုသလို့ရသလို မဖြစ်လာသေးတဲ့ရောဂါတွေကို ကြိုတင်ကာကွယ်ဖို့လည်း အခွင့်အရေးရနိုင်ပါတယ်။ လုပ်သင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတစ်ခုပေါ့။

    ကျန်းမာရေးစစ်ဆေးမှုက မဖြစ်မနေလုပ်သင့်တာလား…..

    အတင်းအကျပ်မပြောချင်ပေမယ့် ကျန်းမာရေးစစ်ဆေးမှုပုံမှန်လုပ်တာကကောင်းမွန်တဲ့အလေ့အထတစ်ခုပါ။ ကျန်းမာရေးစစ်ဆေးမှုလုပ်တာကြောင့် အခုလိုမျိုး အကျိုးကျေးဇူးလေးတွေလည်းရရှိနိုင်ပါသေးတယ်။

  • ကျန်းမာရေးအခြေအနေကို သိရှိခွင့်ရတယ်
  • ဖြစ်လာနိုင်ခြေရှိတဲ့ရောဂါတွေကို ကာကွယ်ခွင့်ရတယ်
  • ကာကွယ်ဆေးတွေပုံမှန်ထိုးဖြစ်တယ်
  • ကျန်းမာတဲ့လူနေမှုပုံစံကို ပျိုးထောင်ခွင့်ရတယ်
  • ရောဂါတစ်ခုခုဖြစ်လာမလားလို့တွေးကြောက်နေစရာမလိုဘူး။
  • ကျန်းမာရေးစစ်ဆေးမှုလုပ်တော့မယ်ဆိုရင် သိထားသင့်တဲ့အချက်တွေကဘာတွေများလဲ………..

    ကျန်းမာရေးစစ်ဆေးမှုလုပ်တယ်ဆိုတဲ့နေရာမှာ လူတိုင်းကတစ်ပုံစံတည်းလုပ်ရမှာလားဆိုတော့မဟုတ်ပါဘူး။ အသက်အရွယ်အလိုက်ကွာခြားနိုင်သလိုရောဂါအခြေအနေအရလည်းကွာခြားနိုင်ပါတယ်။

    အရွယ်ရောက်ပြီးသူတစ်ယောက်လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုတွေကဘာတွေလဲ…….

    • နှလုံးကျန်းမာရေးစစ်ဆေးခြင်း
    • ဆီးချိုရောဂါရှိ၊မရှိစစ်ဆေးခြင်း
    • ကင်ဆာရောဂါခံစားလာရနိုင်ခြေရှိ၊မရှိစစ်ဆေးခြင်း
    • အသည်းရောင်အသားဝါရောဂါပိုး ရှိ၊မရှိစစ်ဆေးခြင်း
    • HIV ပိုးရှိ၊မရှိစစ်ဆေးခြင်း
    • ယူရစ်အက်ဆစ်စစ်ဆေးခြင်း
    • သွေးတိုးရောဂါရှိ၊မရှိစစ်ဆေးခြင်း စတဲ့စစ်ဆေးမှုတွေကိုလုပ်ဆောင်သင့်ပါတယ်။

    တကယ်လို့သင်က အရွယ်ရောက်ပြီးသူတွေထဲမှာမှ အသက် ၁၉ နှစ်ကနေ ၂၁ နှစ်အတွင်းဖြစ်မယ်ဆိုရင် ကျန်းမာရေးစစ်ဆေးမှုက ၂ နှစ် တစ်ကြိမ် ဒါမှမဟုတ် ၃ နှစ်တစ်ကြိမ် လုပ်ပေးရင်ကိုလုံလောက်ပါပြီ။ တကယ်လို့ ၂၂ နှစ်အထက်ဖြစ်နေမယ်ဆိုရင် တစ်နှစ်ကို ကျန်းမာရေးစောင့်ရှောက်မှု တစ်ကြိမ်ကနေ ၃ ကြိမ်လောက်အထိပြုလုပ်ပေးဖို့လိုပါမယ်။

    နှလုံးကျန်းမာရေးအတွက်ကျန်းမာရေးစစ်ဆေးမှုလုပ်မယ်ဆိုရင် ဘာတွေစစ်ရမလဲ…….

    နှလုံးကျန်းမာရေးအတွက်ဆေးစစ်မှုခံယူမယ်ဆိုရင်

    • သွေးပေါင်ချိန်စစ်ရမယ်
    • သွေးတွင်းအဆီဓါတ်စစ်ရမယ်
    • Electrocardiogram (ECG)နှလုံးပုံရိပ်ဖမ်းခြင်း
    • အဝလွန်နေလားဆိုတာစစ်ရမယ် ((BMI) ခန္ဓါကိုယ် ထုထည်ညွှန်းကိန်းကို စစ်ဆေးတာပါ)။

    ဆီးချိုရှိ၊မရှိ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်မယ်ဆိုရင် ဘာတွေစစ်ရမလဲ……

    ဆီးချိုရှိ၊မရှိ စစ်မယ်ဆိုရင်

    အူမကြီးကင်ဆာစစ်ဆေးမယ်…..

    အူမကြီးကင်ဆာရှိ၊မရှိစစ်ဖို့ကတော့

    • မျိုးရိုးရှိလားစစ်မယ်
    • faecal occult blood test (FOBT) လုပ်မယ် (အူမကြီးကင်ဆာဖြစ်နိုင်ခြေရှိ၊မရှိကိုသွေးဖောက်စစ်တာပါ)
    • အူမကြီးအတွင်းကို မှန်ပြောင်းထည့်ပြီးစစ်မယ်။ ပုံမှန် ၂ နှစ်တစ်ကြိမ်စစ်ဆေးသင့်ပါတယ်။

    မျက်လုံးအတွက် ကျန်းမာရေးစစ်ဆေးမှုလုပ်မယ်ဆိုရင်……..

    အမြင်အာရုံနဲ့ပတ်သက်လို့ကတော့

    • ရေတိမ်၊
    • အတွင်းတိမ်၊
    • ဆီးချိုကြောင့်ဖြစ်တဲ့အမြင်အာရုံပြဿနာ၊
    • အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံ ထိခိုက်မှုတွေကို စစ်ဆေးမှာပါ။ အသက်၆၅ နှစ်အထက်ရောက်လာသူတိုင်းလုပ်သင့်ပါတယ်။ မျက်စိရောဂါဖြစ်ဖူးတဲ့မျိုးရိုးရှိမယ်။ မျက်လုံးထိခိုက်ဖူးမယ်။သွေးတိုး ဒါမှမဟုတ် ဆီးချိုရှိတာကြောင့်ဆေးသောက်သုံးနေရမယ်၊ အခြားဆေးဝါးတစ်ခုခုသောက်သုံးနေရမယ်ဆိုရင် မျက်လုံးစစ်ဆေးမှုကို တစ်နှစ်တစ်ကြိမ်လုပ်သင့်ပါတယ်။

    အရိုးအတွက်ကျန်းမာရေးစစ်ဆေးမှုလုပ်မယ်ဆိုရင်….

    အသက် ၅၀ အထက်လူတိုင်းလုပ်သင့်ပါတယ်။ အရိုးပါးနေလား၊ အရိုးပွနေလားဆိုတာကို သိရှိနိုင်စေဖို့ အရိုးသိပ်သည်းဆကို စစ်ဆေးတာပါ။

    လေဒီတို့လုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေက ဘာတွေဖြစ်မလဲ…….
    လေဒီလေးတို့အနေနဲ့ကတော့
    • ရင်သားကင်ဆာစစ်ဆေးမှု
    • သားအိမ်ခေါင်းကင်ဆာ စစ်ဆေးမှု
    • အမျိုးသမီးဟော်မုန်းပမာဏစစ်ဆေးမှု
    • human papilloma virus(HPV) စစ်ဆေးမှု
    • HIV/AIDS တို့လိုမျိုး လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို စစ်ဆေးမှုတွေကို ပုံမှန်လုပ်ဆောင်သင့်ပါတယ်။
    အမျိုးသားတွေလုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေက ဘာတွေဖြစ်မလဲ…..
    အမျိုးသားတွေအနေနဲ့ကတော့
    • အမျိုးသားဟော်မုန်းစစ်ဆေးမှု
    • ဆီးကျိတ်ကင်ဆာစစ်ဆေးမှု
    • human papilloma virus(HPV) စစ်ဆေးမှု
    • HIV/AIDS တို့လိုမျိုး လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို စစ်ဆေးမှုတွေကို ပုံမှန်လုပ်ဆောင်သင့်ပါတယ်။
    ဖိုးဖိုးဖွားဖွားတို့လုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေက ဘာတွေဖြစ်မလဲ…….
    အသက်အရွယ်ရလာတဲ့ ဖိုးဖိုးဖွားဖွားတို့အနေနဲ့ကတော့ တစ်နှစ်ကို တစ်ကြိမ်
    • သွေးစစ်တာ
    • သွေးတွင်းကိုလက်စထရောစစ်တာ
    • သွေးတိုးစစ်တာ
    • ဆီးချိုစစ်တာ
    • အဆုတ်ကင်ဆာစစ်တာ
    • အရိုးသိပ်သည်းဆစစ်တယ်
    • အသည်းကျန်းမာရေးစစ်တာ
    • (BMI) ခန္ဓါကိုယ်ထုထည်ညွှန်းကိန်းစစ်တာ
    • သွားနဲ့ခံတွင်းစစ်ဆေးတာ
    • အမြင်အာရုံစစ်ဆေးတာ
    • အကြားအာရုံစစ်ဆေးတာတွေပုံမှန်လုပ်ဆောင်ပေးသင့်ပါတယ်။

    အထိရောက်ဆုံးကျန်းမာရေးစောင့်ရှောက်မှုအတွက်မေ့မထားသင့်တဲ့ အချက်တစ်ခု

    အပေါ်မှာပြောခဲ့သလို ကျန်းမာရေးစစ်ဆေးမှုတွေပုံမှန်လုပ်ဖြစ်တယ်ဆိုရင်နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်နေစေဖို့မေ့ထားလို့မဖြစ်တဲ့အချက်တစ်ခုရှိပါသေးတယ်။ ဒါကတော့ ကာကွယ်ဆေးတွေကို ပုံမှန်ထိုးနှၤတာပါပဲ။

    • ရာသီတုပ်ကွေးကာကွယ်ဆေး (တစ်နှစ်တစ်ကြိမ်)
    • မေးခိုင်ကာကွယ်ဆေး(
    • အသည်းရောင် အသားဝါ A ကာကွယ်ဆေး
    • အသည်းရောင် အသားဝါ B ကာကွယ်ဆေး
    • ရေကျောက်ကာကွယ်ဆေး
    • ဝက်သက်ကာကွယ်ဆေး
    • HPV ကာကွယ်ဆေး စတဲ့လိုအပ်တဲ့ကာကွယ်ဆေးတွေကိုသေသေချာချာလေးထိုးပေးဖို့လိုပါမယ်။

    နောက်ဆုံးအနေနဲ့ကတော့ ပုံမှန်ကျန်းမာရေးစစ်ဆေးတာ၊စောင့်ရှောက်မှုတွေလုပ်တဲ့အဆင့်တွေအားလုံးပြီးသွားရင်လုပ်ရမယ့် အဆင့်တွေကတော့

    • အာဟာရပြည့်ဝအောင်စားပါ
    • အိပ်ရေးဝဝအိပ်ပါ
    • ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ
    • ဆေးလိပ်လျှော့သောက်ပါ။ဆေးလိပ်ဖြတ်ပါ။
    • အယ်လ်ကိုဟောလျှော့သောက်ပါ။ အယ်လ်ကိုဟောဖြတ်ပါ။ စတဲ့အချက်လေးတွေကိုနေ့စဉ်ဘဝမှာလိုက်နာဖို့ပါ။

    အခုပြောခဲ့တာတွေကိုပြည့်စုံအောင်လုပ်ဖြစ်နေပြီဆိုရင်တော့ Hello ဆရာဝန်ပရိသတ်ကြီးရဲ့နေ့ရက်တိုင်းဟာ ကျန်းမာပျော်ရွှင်နေတော့မှာ အသေအချာပါ။

    Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement