ဆေးစစ်ချက်များ

ဆေးစစ်ချက်များ နဲ့ ပတ်သက်ပြီး ဘယ်ရောဂါမှာ ဘယ်လိုဆေးစစ်ချက်တွေကို စစ်တယ်၊ ဘာနည်းလမ်းနဲ့ စစ်တယ်ဆိုတာကို သိနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးစစ်ချက်များ

ကွန်ပျူတာဓာတ်မှန်(CT Scan)နဲ့ သံလိုက်ဓာတ်မှန် (MRI Scan) ဘာကွာသလဲ

ကွန်ပျူတာဓာတ်မှန် (CT Scan) နဲ့ သံလိုက်ဓာတ်မှန် (MRI Scan)  ၂ မျိုးလုံးဟာ အခုခေတ် ရောဂါရှာဖွေတဲ့နယ်ပယ်မှာ အတော်လေး တွင်တွင်ကျယ်ကျယ်အသုံးပြုလာတဲ့ အဆင့်မြင့်ပုံရိပ်ဖော်နည်းပညာ ၂ ခုဖြစ်ပါတယ်။ သူတို့ ၂ မျိုးက ဘယ်လိုပုံစံနဲ့အလုပ်လုပ်သလဲ၊ တစ်ခုနဲ့တစ်ခု ဘယ်လိုအားသာချက်၊ အားနည်းချက်တွေ ရှိသလဲ၊ ဘယ်ရောဂါတွေရှာဖွေရာမှာ အသုံးပြုနိုင်သလဲဆိုတာ စာဖတ်သူတို့အတွက် ဗဟုသုတရအောင်ဖော်ပြပေးလိုက်ရပါတယ်။ ဆရာဝန်တွေအနေနဲ့  ကွန်ပျူတာဓာတ်မှန်ရော သံလိုက်ဓာတ်မှန်ရောကို ရောဂါမျိုးစုံရှာဖွေရာမှာအသုံးပြုပါတယ်။ တချို့ရောဂါတွေမှာ ၂ မျိုးစလုံးအသုံးပြုနိုင်ပေမဲ့ ဒီစက် တွေရဲ့အလုပ်လုပ်ပုံကတော့ နည်းနည်းလေး ကွဲပြားပါတယ်။ ကွန်ပျူတာဓာတ်မှန်က ပုံရိပ်ဖော်ဖို့ ဓာတ်မှန်လှိုင်းတွေသုံးပြီး သံလိုက်ဓာတ်မှန်ကတော့ အားကောင်းတဲ့သံလိုက်လှိုင်းနဲ့ ရေဒီယိုလှိုင်းတွေကိုသုံးပါတယ်။ ကွန်ပျူတာဓာတ်မှန်က ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ရရှိသုံးစွဲနိုင်သလို ကုန်ကျစရိတ်လည်းပိုသက်သာပါတယ်။ ဒါပေမဲ့ သံလိုက်ဓာတ်မှန်နဲ့ရိုက်တဲ့ ပုံရိပ်တွေက ပိုအသေးစိတ်ကျကျမြင်ရပါတယ်။ ဘယ်နေရာတွေမှာသုံးသလဲ ကွန်ပျူတာဓာတ်မှန်နဲ့ သံလိုက်ဓာတ်မှန် ၂ မျိုးစလုံးက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေရဲ့ […]

ဆေးစစ်ချက်များ ကို ရှာဖွေမည်။

ဆေးစစ်ချက်များ

CT scan ဆိုတာဘာလဲ။ ။

ဆေးရုံး ဆေးခန်းတွေမှာ ရောဂါတစ်ခုခုအဖြေရှာအတွက် သွေးစစ်ဆီးစစ်၊ အာထရာဆောင်း ရင်ဘတ်ဓါတ်မှန်တွေ အပြင် CT scan ရိုက်တယ်ဆိုတဲ့ အသုံးအနှုန်းလေးကိုလည်း ကြားဖူးကြမှာပါ။ ဆရာဝန်က ညွန်ကြားလို့သာ CT scanရိုက်လိုက်ရတယ်။ ဘာ့ကြောင့်ရိုက်ရတာလဲ ဘာတွေသိနိုင်လို့လဲ အခြားအရာတွေထက် ဘာကောင်းလို့လဲဆိုတာကို မသိကြတဲ့သူတွေ အများကြီးအတွက် ခုဆောင်းပါးလေးက ရည်ရွယ်ပါတယ် ။ CT scanဆိုတာဘာလဲ ။ ။ Computed tomography ခေါ်တဲ့ CT scanဟာ ကိုယ်တွင်းက ကလီစာတွေ၊ အရိုးဖွဲ့စည်းပုံတွေနဲ့ တစ်ရှူးတွေကို ဓါတ်ရောင်ခြည်နဲ့ ကွန်ပျူတာနည်းပညာပေါ်ပေါင်းစပ်အခြေခံပြီး ပုံရိပ်ဖော်တဲ့ နည်းပညာဖြစ်ပါတယ်။ သာမာန် ဓါတ်မှန်ထက် ဒီ ကွန်ပျူတာနည်းပညာပေါင်းစပ်ထားတဲ့ ဓါတ်မှန်တစ်ချပ်က ပိုပြီး တိကျစွာ ကိုယ်တွင်းပြဿနာတွေကို အဖြေရှာပေးနိုင်မှာ ဖြစ်ပါတယ်။ CT scan ကိုယ်ခန္ဓါရဲ့ ကြိုက်တဲ့အပိုင်းမှာ ရိုက်နိုင်သလို […]


ဆေးစစ်ချက်များ

မှုခင်းဆေးပညာဆိုင်ရာ DNA စစ်ဆေးခြင်း

ဒီအကြောင်းအရာဟာ အမေရိကန်CSI ဇာတ်လမ်းတွဲပရိသတ်တွေအတွက်တော့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ရာဇဝတ်မှုတစ်ခုခုဖြစ်ပွားတဲ့အခါ DNA စစ်ဆေးခြင်းနည်းပညာကိုသုံးပြီး မှုခင်းဆေးပညာရပ်ဆိုင်ရာ ရှုထောင့်ကနေ သိပ္ပံနည်းကျသက်သေတွေ ဖော်ထုတ်တဲ့နည်းပညာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ မှုခင်းဆေးပညာဆိုင်ရာ DNA စစ်ဆေးခြင်းအကြောင်းကို အကြမ်းဖျဉ်းဖော်ပြသွားမှာ ဖြစ်ပါတယ်။ DNA ဆိုတာဘာလဲ DNA ဟာ Deoxyribose Nucleic Acid ရဲ့ အတိုကောက်စာလုံးဖြစ်ပြီး လူအပါအဝင် သက်ရှိအားလုံးရဲ့ မျိုးဗီဇသင်္ကေတ (genetic code) ပါဝင်တဲ့ မော်လီကျူးပဲ ဖြစ်ပါတယ်။ လူကိုယ်ခန္ဓါရဲ့ အသေးငယ်ဆုံးအစိတ်အပိုင်းဖြစ်တဲ့ ဆဲလ်တွေထဲမှာမှ နူကလိယလို့ခေါ်တဲ့ အရာတည်ရှိပါတယ်။ အဲဒီနူကလိယကို ထပ်မံခွဲခြမ်းစိတ်ဖြာရင် မျိုးရိုးဗီဇဆက်ခံတဲ့ ခရိုမိုဆုမ်း ၂၂စုံနဲ့ ကျား/မကွဲပြားမှုကို ဆုံးဖြတ်ပေးတဲ့ ခရိုမိုဆုမ်းတစ်စုံ စုစုပေါင်း ၂၃စုံ ရှိပါတယ်။ ခရိုမိုဆုမ်းတွေကို ထပ်မံအနုစိတ်ကြည့်မယ်ဆိုရင် သေးငယ်တဲ့ကြိုးမျှင်ကလေးတွေမှာ ပုတီးစေ့လေးတွေသီထားသလိုပါဝင်ပြီး အခွေလိုက်တွေ့နိုင်ပါတယ်။ အဲဒီကြိုးမျှင်ဟာ […]


ဆေးစစ်ချက်များ

DNA စစ်ဆေးခြင်းအကြောင်း သိချင်နေတဲ့မေးခွန်းများ။

အခုလတ်တလောဖြစ်ပွားနေတဲ့သက်ငယ်မုဒိမ်းကိစ္စနဲ့ပတ်သက်ပြီး DNA စစ်ဆေးတဲ့အကြောင်းတွေ လူတွေကြားထဲသိချင်လာကြပါတယ်။ ဒါတင်မကပါဘူး။ အမှုအခင်းတစ်ခုခုဖြစ်ပြီဆိုတာနဲ့ DNA စစ်ကြည့်လိုက်။ DNA လောက်မှန်တဲ့အဖြေမရှိဘူး။ DNA ကိုက်နေရင် အဲဒီသူက တရားခံပဲဆိုတဲ့ အကြောင်းလေးတွေကြားဖူးမှာပါ။ ဒီလိုပဲ သွေးသားတော်စပ်တဲ့ကိစ္စတွေမှာလည်း DNA စစ်လိုက်ရင် အားလုံး အဖြေပေါ်သွားမယ်ဆိုတာတွေက အမြဲကြားနေကျ ကိစ္စတွေပါ။ ဒီတော့ DNA ဆိုတာဘာလဲ။ DNA စစ်ဆေးတယ်ဆိုတာကရော ဘာလဲမသိချင်ကြဘူးလား။ DNA ဆိုတာဘာလဲ။ DNA ဆိုတာ Deoxyribonucleic Acid ရဲ့ အတိုကောက်ကို ခေါ်တာဖြစ်ပါတယ်။ ကွန်ပျူတာတွေမှာ code ကုဒ်တွေက အဓိကဆို လူတွေမှာလည်း DNA ဆိုတာ အဓိကကုဒ်တွေပါပဲ။ လူတစ်ယောက်ရဲ့ ဆဲလ်တစ်ခုချင်းစီဟာ ပုံစံတူ DNA ကုဒ်တွေနဲ့ ဖွဲ့စည်းထားပြီး လူတစ်ဦးစီတိုင်းဟာ ကိုယ်ပိုင် DNA တွေ ရှိကြပါတယ်။ […]


ဆေးစစ်ချက်များ

ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်တာကြောင့် ဘယ်လိုအကျိုးထူးတွေရနိုင်မှာလဲ.......

ကျန်းမာရေးစစ်ဆေးမှုလုပ်တာက ပိုက်ဆံအပိုကုန်တဲ့ကိစ္စလို့တွေးနေတယ်ဆိုရင် အခုကစပြီး ဒီအတွေးကိုဖျောက်လိုက်တော့နော်။ ပုံမှန်ကျန်းမာရေး စစ်ဆေးမှုက လူတိုင်းလုပ်သင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေထဲက တစ်ခုမို့ပါ။ ဘာကြောင့် ဒီလိုပြောရလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာပြည့်ပြည့်စုံစုံရှင်းပြထားလို့ ဖတ်ကြည့်ဖို့ပြောပါရစေနော်။ ဘာကြောင့် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်သင့်တာလဲ.......... ဒီအချက်တွေကြောင့် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်သင့်တာပါနော်။ ကျန်းမာရေးကုန်ကျစရိတ်သက်သာစေတယ် ရောဂါတစ်ခုခုဖြစ်ပြီဆိုရင်ငွေကနောက်ကမည်းလိုက်ရပြီဆိုတာထွေထွေထူးထူးပြောနေစရာမလိုအောင် လူတိုင်းသိထားပြီးဖြစ်မှာပါ။ တကယ်လို့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်မယ်ဆိုရင်ဖြစ်လာမယ့်ရောဂါတွေကို ထိထိရောက်ရောက်ကြိုတင်ကာကွယ်နိုင်တာကြောင့် ကျန်းမာရေးစရိတ်ကို တော်တော်လေးလျှော့ချနိုင်မှာပါ။နောက်ထပ်အားသာချက်တစ်ခုကစောစောသိစောစောကုသမှုခံယူနိုင်တာကြောင့်ရောဂါခံစားရမှုသက်သာစေနိုင်မှာပါ။ မဖြစ်ခင်က ကြိုတင်ကာကွယ်ခွင့်ရတယ် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုကြောင့်ဖြစ်လာနိုင်တဲ့ ရောဂါတွေကို ကြိုတင်သိရှိပြီး ကြိုတင်ကာကွယ်ခွင့်ရရှိမှာဖြစ်ပါတယ်။ ကြိုတင်ကာကွယ်ခွင့်ရတာက ကျန်းမာရေးအတွက်တင်အထောက်အကူပြုတာမဟုတ်ဘဲငွေကုန်ကြေးကျသက်သာစသေလို စိတ်သက်သာရလည်းရစေနိုင်ပါတယ်။ရောဂါကို ကုသရာမှာလည်း ပိုမိုလွယ်ကူစေနိုင်ပါတယ်။ သွေးအဖြေကနေတဆင့်ရောဂါတွေရှိနေလားဆိုတာကို သိခွင့်ရနိုင်တယ် ကျန်းမာရေးစစ်ဆေးမှုလုပ်တဲ့အခါသွေးစစ်ဆေးမှုက မဖြစ်မနေလုပ်ရပါတယ်။ ဒီလိုသွေးစစ်ဆေးမှုကြောင့်လည်းရောဂါတော်တော်များများကိုသိရှိနိုင်မှာပါ။ အကြောင်းကတော့သွေးစစ်ဆေးမှုလုပ်တဲ့အခါသွေးတွင်းကိုလက်စထရောပမာဏကိုသိရှိနိုင်မယ်၊ ဆီးချိုရှိနေလား၊ ကင်ဆာ၊သွေးတိုး၊သွေးအားနည်းရောဂါ၊HIV/AIDS ရှိနေလား၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေရှိနေလားဆိုတာကို သိနိုင်သလို အသည်း၊ကျောက်ကပ်၊ သိုင်းရွိုက်တွေပုံမှန်အလုပ်လုပ်ရဲ့လားဆိုတာကိုလည်း သိနိုင်မှာပါ။ လိုအပ်တဲ့ ကုသမှုခံယူနိုင်သလိုပြင်ဆင်သင့်တဲ့ ကာကွယ်မှုအတွက်လည်း အသင့်ပြင်ထားနိုင်မှာပါ။ ကျန်းမာတဲ့လူနေမှုပုံစံကို ဖန်တီးခွင့်ရမယ် ကျန်းမာရေးစစ်ဆေးမှုကနေတဆင့် ဆင်ခြင်နေထိုင်ရမယ့် အချက်တွေကို သိရှိပြီး လိုက်နာနေထိုင်မှုတွေကြောင့် ကျန်းမာတဲ့ စားသောက်မှုပုံစံအပြင်နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်တာကစလို့ ကျန်းမာတဲ့လူနေမှုပုံစံကို ဖန်တီးနိုင်မှာပါ။ ကာကွယ်ဆေးတွေပုံမှန်ထိုးဖြစ်မယ် တစ်နှ်စ်တစ်ခါထိုးရမယ့် […]


ဆေးစစ်ချက်များ

ကျန်းမာရေးစစ်ဆေးမှုလုပ်တော့မယ်ဆိုရင် ဘာတွေသိထားဖို့လိုမလဲ

ကိုယ်တိုင်အတွက်ဖြစ်ဖြစ် မိသားစုဝင်တွေကိုပဲဖြစ်ဖြစ် ကျန်းမာရေးစစ်ဆေးမှုလေးလုပ်ပေးချင်တယ်။ ဒါပေမယ့် ဘယ်လိုတွေလုပ်ရမှာလဲမသိလို့ အခက်တွေ့နေတဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါနော်....... ကျန်းမာရေးစစ်ဆေးမှုဆိုတာ ခန္ဓါကိုယ်မှာဝေဒနာတွေရှိနေလား။ ဒါမှမဟုတ် ဘာဝေဒနာတွေဖြစ်နိုင်လဲဆိုတာကို စစ်ဆေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်ပါ။ရောဂါရှိနေခဲ့ရင် ကုသလို့ရသလို မဖြစ်လာသေးတဲ့ရောဂါတွေကို ကြိုတင်ကာကွယ်ဖို့လည်း အခွင့်အရေးရနိုင်ပါတယ်။ လုပ်သင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတစ်ခုပေါ့။ ကျန်းမာရေးစစ်ဆေးမှုက မဖြစ်မနေလုပ်သင့်တာလား..... အတင်းအကျပ်မပြောချင်ပေမယ့် ကျန်းမာရေးစစ်ဆေးမှုပုံမှန်လုပ်တာကကောင်းမွန်တဲ့အလေ့အထတစ်ခုပါ။ ကျန်းမာရေးစစ်ဆေးမှုလုပ်တာကြောင့် အခုလိုမျိုး အကျိုးကျေးဇူးလေးတွေလည်းရရှိနိုင်ပါသေးတယ်။ ကျန်းမာရေးအခြေအနေကို သိရှိခွင့်ရတယ် ဖြစ်လာနိုင်ခြေရှိတဲ့ရောဂါတွေကို ကာကွယ်ခွင့်ရတယ် ကာကွယ်ဆေးတွေပုံမှန်ထိုးဖြစ်တယ် ကျန်းမာတဲ့လူနေမှုပုံစံကို ပျိုးထောင်ခွင့်ရတယ် ရောဂါတစ်ခုခုဖြစ်လာမလားလို့တွေးကြောက်နေစရာမလိုဘူး။ ကျန်းမာရေးစစ်ဆေးမှုလုပ်တော့မယ်ဆိုရင် သိထားသင့်တဲ့အချက်တွေကဘာတွေများလဲ........... ကျန်းမာရေးစစ်ဆေးမှုလုပ်တယ်ဆိုတဲ့နေရာမှာ လူတိုင်းကတစ်ပုံစံတည်းလုပ်ရမှာလားဆိုတော့မဟုတ်ပါဘူး။ အသက်အရွယ်အလိုက်ကွာခြားနိုင်သလိုရောဂါအခြေအနေအရလည်းကွာခြားနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတစ်ယောက်လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုတွေကဘာတွေလဲ....... နှလုံးကျန်းမာရေးစစ်ဆေးခြင်း ဆီးချိုရောဂါရှိ၊မရှိစစ်ဆေးခြင်း ကင်ဆာရောဂါခံစားလာရနိုင်ခြေရှိ၊မရှိစစ်ဆေးခြင်း အသည်းရောင်အသားဝါရောဂါပိုး ရှိ၊မရှိစစ်ဆေးခြင်း HIV ပိုးရှိ၊မရှိစစ်ဆေးခြင်း ယူရစ်အက်ဆစ်စစ်ဆေးခြင်း သွေးတိုးရောဂါရှိ၊မရှိစစ်ဆေးခြင်း စတဲ့စစ်ဆေးမှုတွေကိုလုပ်ဆောင်သင့်ပါတယ်။ တကယ်လို့သင်က အရွယ်ရောက်ပြီးသူတွေထဲမှာမှ အသက် ၁၉ နှစ်ကနေ ၂၁ နှစ်အတွင်းဖြစ်မယ်ဆိုရင် ကျန်းမာရေးစစ်ဆေးမှုက ၂ […]


ဆေးစစ်ချက်များ

ဘာကြောင့်ဆေးပုံမှန်စစ်သင့်တာလဲ။ ဘာတွေစစ်ကြမလဲ။

အသက်ကို ဉာဏ်စောင့်တယ်။ ဒီစကားလေးက ငယ်ငယ်ကတည်းက လူကြီးတွေပြောတာကို ကြားဖူးနေလောက်တဲ့စကားလေးတစ်ခွန်းပေါ့။ တကယ်ကိုလည်းမှန်ပါတယ်။ ကျန်းမာနေစေဖို့ဆိုရင် ခန္ဓာကိုယ်ကို လုံလောက်တဲ့ အာဟာရပေးဖို့လိုသလို ထိုက်သင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့လည်းမေ့ထားလို့ မဖြစ်ပြန်ပါဘူး။ အချို့သောရောဂါတွေက အစောပိုင်းအဆင့်တွေမှာ သိရှိကုသနိုင်မယ်ဆိုရင်ပျောက်ကင်းအောင်ကုသနိုင်တာမျိုးတွေရှိတာကိုး။ရောဂါတွေကိုစောစောသိရှိကုသကာကွယ်နိုင်မယ့်နည်းလမ်းလေးတစ်ခုကို ဒီဆောင်းပါးလေးမှာပြောပြပေးထားလို့ ကျန်းမာပျော်ရွှင်စွာနဲ့ အသက်ရှည်ရှည်နေချင်သူလေးတွေ ဖတ်ကြည့်ကြဖို့ပြောပါရစေ။ ကျန်းမာပျော်ရွှင်စွာနဲ့ အသက်ရှည်ရှည်နေဖို့ ဘာလုပ်ရမလဲ........ ဒီအဖြေလေးကတော့ ရှင်းပါတယ်။ မဖြစ်ခင်ကကြိုတင်ကာကွယ်ဆိုတဲ့ စကားကိုလိုက်နာတဲ့အနေနဲ့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ပေါ့။ ကျန်းမာရေးစစ်ဆေးမှုလုပ်တာက အပိုငွေကုန်တာလို့ ထင်စရာရှိပေမယ့် တကယ်ကတော့ ကိုယ့်အတွက်ကိုယ်ရင်းနှီးမြှုပ်နှံတာပါ။ ဒီတော့ Helloဆရာဝန်ပရိသတ်ကြီးကိုဖြစ်နိုင်ရင် ကျန်းမာရေးစစ်ဆေးမှုတွေလုပ်စေချင်ပါတယ်။ ကျန်းမာရေးစစ်ဆေးမှုလုပ်သင့်တဲ့ အကြောင်းအရင်း ဆရာဝန်ဆီကိုပုံမှန်သွားပြီးလိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်တာကကောင်းတဲ့အချက်တစ်ခုပါ။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်တာကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို သိရှိနိုင်တယ် - တစ်နှစ်တစ်ခါပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်ဆောင်တာကနောက်တစ်ချိန်မှာဖြစ်လာနိုင်တဲ့ရောဂါတွေရဲ့ အစပျိုးနေတဲ့ လက္ခဏာတွေကို သိရှိနိုင်ပြီး ကြိုတင်ကာကွယ်ဖို့ အခွင့်အရေးရစေပါတယ်။ လက်ရှိကျန်းမာရေးအခြေအနေကို သိနိုင်တယ် -ကိုယ်မသိလိုက်ဘဲ လက်ရှိကာလမှာ ခံစားနေရတဲ့ရောဂါလက္ခဏာတွေကို သိရှိပြီး သင့်တော်တဲ့ ကုသမှုခံယူနိုင်ခွင့်ရရှိစေနိုင်တယ်။ ကျန်းမာတဲ့ […]


ဆေးစစ်ချက်များ

ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးခြင်း ( Bone marrow aspiration)

သွေးကင်ဆြာဖစ်နေတဲ့ လူနာတွေကို စမ်းသပ်စစ်ဆေးမှုတွေလုပ်ရင် ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးရတယ်ဆိုတာ အားလုံးသိကြမှာပါ။ အရမ်းနာတယ်လို့လည်း ကြားဖူးကြတယ်မလား။ ကျောကုန်းကြီးကိုကွေးပြီးတော့ ခါးဆစ်ရိုးထဲ အပ်ထိုးပြီး အထဲက ဆဲလ်အရည်လေးတွေကို ဖောက်ထုတ်စုပ်ယူတဲ့ မြင်ကွင်းမျိုးကို ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြတယ်ဟုတ် ။ ။ ဘာကြောင့် ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးကြတာလဲ ။။ ရိုးတွင်းခြင်ဆီဆိုတာ သွေးဆဲလ်တွေကို ထုတ်လုပ်ပေးတဲ့နေရာတစ်ခုဖြစ်တာကြောင့် သွေးဆဲလ်တွေ မူမမှန်တဲ့ ပြဿနာတစ်ခုခုဖြစ်နေတဲ့ လူနာတွေကို ဘယ်ဆဲလ်မှာ ဘာချို့ယွင်းချက်ရှိနေတာ၊ ဘာရောဂါဖြစ်နေတာဆိုတာ သိဖို့အတွက် ဖောက်ထုတ်စစ်ဆေးကြတာပါ။ ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးလိုက်ရင် သိနိုင်တဲ့ ရောဂါတွေကတော့ Anemia - သွေးနီဥဆဲလ်တွေနည်းနေတဲ့ရောဂါ myelofibrosis နဲ့myelodysplastic syndrome လို့ခေါ်တဲ့ ရိုးတွင်းခြင်ဆီရောဂါတွေ သွေးဆဲလ်ပြဿနာတွေဖြစ်တဲ့ ( leukopenia) သွေးဖြူဥ အရေအတွက်နည်းနေတာနဲ့ (polycythemia vera ) သွေးနီဥဆဲလ်တွေ […]


ဆေးစစ်ချက်များ

ရင်ဘတ်ဓါတ်မှန် Chest X-ray အကြောင်း သိကောင်းစရာများ ။ ။

ရင်ဘတ်ဓါတ်မှန်ဆိုတာ ရောဂါရှာဖွေ ဖော်ထုတ်တဲ့ နေရာမှာ အရမ်းကို အသုံးဝင်ပြီး ဆရာဝန် တိုင်း မလုပ်မဖြစ်လုပ်ကြတဲ့ စမ်းသပ်နည်းတစ်ခုပါ။ ရောဂါရဲ့ ဇာစ်မြစ်ကို သိဖို့၊ ဆက်လက်ကုသဖို့ ဆုံဖြတ်တဲ့နေရာမှာ ဆရာဝန်တွေ အတွက် တကယ်ကို အထောက်အကူပြုတဲ့ ရင်ဘတ်ဓါတ်မှန် လေးပါ။ ဒီလို သ့င့်မှာဖြစ်နေတဲ့ အနာနဲ့ ဆေးတွေ့စေဖို့အတွက် တစ်ထောင့်တစ်နေရာကနေ ကူညီပေးတဲ့ ရင်ဘတ်ဓါတ်မှန် အကြောင်းကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးတော့မှာပဲ ဖြစ်ပါတယ်။ ။ Chest X-ray ဆိုတာ ဘာလဲ ။ ။ Chest X-ray ဆိုတာ ရောင်ခြည်လှိုင်းတွေကိုသုံးပြီး့ ပုံရိပ်ဖော်တဲ့ နည်းပညာတစ်ခုပါ။ ရောင်ခြည်လှိုင်းထိတွေ့တဲ့ နေရာတွေမှာရှိတဲ့ ကိုယ်တွင်း ကလီစာတွေကို ဖလင်ပြားပေါ်မှာ အဖြူအမည်း ကာလာနဲ့ ပုံရိပ်ပေါ်စေတာဖြစ်ပါတယ်။ လုပ်ရတာလွယ်ပြီး ထိရောက်တဲ့အတွက် ဆရာဝန်တိုင်းရဲ့ လက်စွဲဖြစ်နေတဲ့ […]


ဆေးစစ်ချက်များ

Glasgow Coma Scale (GCS) အကြောင်း သိကောင်းစရာ

သင်ဟာ ဆေးဖက်ဆိုင်ရာပညာရှင်တဦး မဟုတ်ဘူးဆိုရင် Glasgow Coma Scale (GCS)ဆိုတဲ့ စကားလုံးလေးကို မကြားဖူးဖို့ ရာခိုင်နှုန်း အတော်များပါတယ်။ သင်နဲ့ မဆိုင်ဘူးလို့လည်း ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် ဆေးပညာဗဟုသုတအနေနဲ့ သိထားလိုက်ခြင်းဟာ သင့်အတွက် တကွေ့ကွေ့မှာ အသုံးဝင်လာပါလိမ့်မယ်။ ကြည့်လိုက်ရအောင်။   Glasgow Coma Scale (GCS) ဆိုတာ ဘာလဲ   နားလည်ရအလွယ်ဆုံးနဲ့ အရှင်းဆုံး ပြောရရင်တော့ ဦးနှောက်ထိခိုက်ဒါဏ်ရာ ရနိုင်ချေရှိတဲ့/ရခဲ့တဲ့ လူတယောက်မှာ ဘယ်အတိုင်းအတာအထိ အသိ၊သတိရှိနေသေးလဲဆိုတာကို စစ်ဆေးအကဲဖြတ်တဲ့ အမှတ်ပေးစနစ်လေးတခု ဖြစ်ပါတယ်။ ယာဉ်မတော်တဆဖြစ်သူတွေ၊လေဖြတ်သူတွေ၊ဦးခေါင်းထိခိုက်မိသူတွေမှာ အဓိက အသုံးပြုပါတယ်။ ဒီစနစ်ဟာ ရိုးရှင်းလွယ်ကူသလို ဘာစက်ကိရိယာမှ မလိုဘဲ စက္ကန့်ပိုင်းအတွင်း အကဲဖြတ်နိုင်တာဖြစ်လို့ လူနာရဲ့ အခြေအနေကိုရော၊ဆက်လက်ကုသဖို့ နည်းလမ်းတွေ စဉ်းစားတွက်ချက်ရာမှာပါ အထောက်အကူ ရစေပါတယ်။   Glasgow Coma Scale (GCS) ကို […]


ဆေးစစ်ချက်များ

ဆရာဝန်မှ ရင်သားအား ကိုင်တွယ်စမ်းသပ်ခြင်း

ရင်သားအားကိုင်တွယ်ကြည့်ရှူစစ်ဆေးခြင်းအား အမျိုးသမီးတိုင်းသည် အိမ်မှာ မိမိဘာသာပြုလုပ်နိုင်သော်လည်းဆရာဝန်တစ်ယောက်၏ ရင်သားစစ်ဆေးမှုမှာ ဆေးပညာအရ ရင်သားအားကိုင်တွယ်ကြည့်ရှူစစ်ဆေးခြင်းဟုခေါ်ပြီး ကျန်းမာရေးကျွမ်းကျင်ပညာရှင်တစ်ဦးမှသာပြုလုပ်နိုင်သည်။ ထိုဆရာဝန်သည် ပုံမှန်မဟုတ်သောရင်သား၏ရောဂါ သတိပေးလက္ခဏာရပ်များကိုသိရှိနိုင်ရန်လည်းလေ့ကျင့်သင်ကြားခံထားရသူဖြစ်သည်။ ထိုရင်သားစမ်းသပ်စစ်ဆေးခြင်းသည် ရင်သားကင်ဆာကို စောစီးစွာစမ်းသပ်တွေ့ရှိနိုင်ရန်အရေးကြီးသည်။ မိန်းမတိုင်းသည် အမျိုးသမီးအထူးကုဆရာဝန်မှ ဖြစ်စေ မိသားစုဆရာဝန်မှဖြစ်စေ ထိုစစ်ဆေးမှုကို 1နှစ်(သို့)3နှစ်တိုင်း အသက်20မှ စ၍ခံယူသင့်ပြီး အသက်လေးဆယ်နှင့်အထက်ဖြစ်ပါက တစ်နှစ်တစ်ကြိမ်ခံယူသင့်ပါသည်။ ဆရာဝန်မှပြုလုပ်ပေးသောရင်သားကိုင်တွယ်ကြည့်ရှူစစ်ဆေးခြင်းအားမည်သည့်အချိန်တွင် ပြင်ဆင်ထားရမည်နည်း။ ရင်သားကိုင်တွယ်ကြည့်ရှူစစ်ဆေးခြင်းဖြင့် အကျိတ်လုံးအများစုကို တွေ့ရှိသွားနိုင်သော်လည်း အတွေ့ကြုံရှိဆရာဝန်၏စမ်းသပ်မှုမှတဆင့်သာ လူနာမှ မဖော်ပြထားသော သံသယရှိနိုင်သည့် ရောဂါနေရာနှင့် လက္ခဏာရပ်များကိုတွေ့ရှိနိုင်သည်။ အောက်ပါ အခြေအနေများတွေ့ရှိရပါက သင်သည် သင်၏ဆရာဝန်ကို ရင်သားစစ်ဆေးဖို့ပြင်ဆင်ပေးရန် အကြောင်းကြားသင့်ပါသည်။ သင်၏ရင်သားတွင် အကျိတ်တခုခုပေါ်လာခြင်း (သို့)ပြောင်းလဲမှုတခုခုဖြစ်နေခြင်း ဥပမာ ပုံစံပြောင်းနေခြင်း(သို့)နို့မှ ပုံမှန်မဟုတ်သော အရည်များထွက်နေခြင်း၊နို့သီးခေါင်းများချိုင့်ဝင်နေခြင်း။ (အချို့မိန်းမများတွင် နဂိုကတည်းက နို့သီးခေါင်းချိုင့်ဝင်နေတတ်ပြီး ထိုအရာမှာ ပုံမှန်ဖြစ်သည်။ သို့သော်သင်၏နို့သီးခေါင်းများတွင် နဂိုပုံမဟုတ်ပဲပြောင်းလဲမှုရှိပါက သင်၏ဆရာဝန်ကိုပြောပါ။) သင်၏ရာသီကြောင့်မဟုတ်ပဲရင်သားတစ်ဖက် (သို့) နှစ်ဖက်လုံးတွင် နာကျင်ခြင်း၊ကိုယ်ဝန်ရှိနေခြင်း၊နို့တိုက်ရခြင်း၊ရင်သား အစားထိုးထားခြင်း၊ရင်သား၏အသားစအားထုတ်ယူစစ်ဆေးထားရခြင်း၊ရင်သားကင်ဆာမျိုးရိုးရှိခြင်း စသည်ဖြင့် ဖြစ်ကြသည်။ ရင်သားအားစစ်ဆေးရန်အကောင်းဆုံးအချိန်မှာ သင်၏ရာသီပြီးပြီးချင်း 1ပတ်2ပတ်အကြာတွင်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်ရာသီလာနေစဉ်အတွင်းတွင် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း