Periodic limb movement disorder (အချိန်အားလျော်စွာဖြစ်သောခြေလက်လှုပ်ရှားမှုပုံမမှန်ခြင်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 2, 2019 . 4 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Periodic limb movement disorder (အချိန်အားလျော်စွာဖြစ်သောခြေလက်လှုပ်ရှားမှုပုံမမှန်ခြင်း) ကဘာလဲ။

အချိန်အားလျော်စွာဖြစ်သောခြေလက်လှုပ်ရှားမှုပုံမမှန်ခြင်း(ပီအယ်အမ်ဒီ)သည် ခြေလက်များ အိပ်နေချိန်တွင် လိမ်ခြင်း ကွေးခြင်း တောင့်ခြင်းဖြစ်သောအခြေအနေတစ်ခုဖြစ်သည်။ တခါတရံ အိပ်နေချိန်တွင် ဖြစ်သော ခြေထောက်လှုပ်ရှားမှု(ပီအယ်အမ်အက်)ဟုလဲဆိုသည်။ ထိုလှုပ်ရှားမှုသည်စကန့် ၂၀ မှ ၄၀ ကြားတစ်ခါဖြစ်တတ်ပြီး မိနစ်အနည်းငယ်မှ နာရီအနည်းငယ်ထိကြာတတ်သည်။

ပီအယ်အမ်ဒီ ရှိသောသူများသည် ခြေထောက်လှုပ်ရှားမှုကိုမသိကြပေ။ ထိုကြောင့်ထိုလှုပ်ရှားမှုကိုထိန်းရန် သို့မဟုတ် ရပ်ရန်ကြိုးစားမည်မဟုတ်ပါ။ များသောအားဖြင့်အိပ်ရာမှနိုးလာပါက နှုန်းခြင်း စိတ်တိုလွယ်ခြင်းတို့ဖြစ်နေတတ်သည်။

Periodic limb movement disorder (အချိန်အားလျော်စွာဖြစ်သောခြေလက်လှုပ်ရှားမှုပုံမမှန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Periodic limb movement disorder (အချိန်အားလျော်စွာဖြစ်သောခြေလက်လှုပ်ရှားမှုပုံမမှန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အချိန်အားလျော်စွာဖြစ်သောခြေလက်လှုပ်ရှားမှုပုံမမှန်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

ထပ်ခါထပ်ခါခြေထောက်လှုပ်နေခြင်း တစ်ဖက်ထဲသို့မဟုတ် နှစ်ဖက်လုံးတွင်ဖြစ်နိုင်သည်။ တခါတရံလက်တွင်ဖြစ်တတ်သည်။ ခြေမကွေးခြင်း ဒူးခေါင်း ခြေစစ်များအပေါ်သို့ကွေးခြင်း သို့မဟုတ် ပေါင်များလိမ်ခြင်းတို့ပါတတ်သည်။

အိပ်ရေးမဝြခ်ငး

ညဘက်တွင်ခဏခဏနိုးခြင်း

နေ့ခင်းတွင်အိပ်ငိုက်ခြင်း နှင့်မူးနေခြင်း

ဒေါသထွက်လွယ်ခြင်း အပြုအမူဆိုင်ရာပြသာနာများဖြစ်ခြင်း အိပ်ရေးမဝခြင်းကြောင့်အလုပ် သို့မဟုတ်ကျောင်းတွင်လုပ်ဆောင်မှုများကျဆင်းခြင်း

ပီအယ်အမ်ဒီ လှုပ်ရှားမျှုားသည် ညတွင်ဖြစ်၍ စကန့်၂၀ မှ ၄၀ ကြားတစ်ခါဖြစ်တတ်ပြီး မိနစ်သုံးဆယ်နှင့်အထက် ဖြစ်တတ်သည်။ ခြေထောက်တွင်အဖြစ်များသော်လည်းလက်တွင်လည်းဖြစ်တတ်သည်။ နန်းအာအီးအန် အချိန်တွင် ထိုလှုပ်ရှားမှုများပိုဖြစ်တတ်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Periodic limb movement disorder (အချိန်အားလျော်စွာဖြစ်သောခြေလက်လှုပ်ရှားမှုပုံမမှန်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

တောက်လျောက်အိပ်ရေးမဝခြင်း နှင့်နေ့ခင်းပိုင်းအိပ်ငိုက်နေခြင်းသည် ပုံမှန်အခြေအနေတစ်ခုမဟုတ်ပါ။

အချိန်အားလျော်စွာဖြစ်သောခြေလက်လှုပ်ရှားမှုပုံမမှန်ခြင်းတွင် အဓိက နှင့် အခြားအကြောင်းကြောင့်ဖြစ်ခြင်းဟုနှစ်မျိုးရှိသည်။

အဓိက ပီအယ်အမ်ဒီသည် ဖြစ်စေသောအကြောင်းအရင်းမရှိပါ။ ဦးနှောက်မှ ခြေလက်သွားသောအာရုံကြောပို့ဆောင်မှုများပုံမှန်တစ်ခုခုမဟုတ်သောကြောင့်ဖြစ်နိုင်သည်။ သို့သော် ဖြစ်စေသော အကြောင်းအားအတိအကျမသိပါ။

အခြားအကြောင်းကြောင့်ဖြစ်သော ပီအယ်အမ်ဒီတွင် ဖြစ်စေသောအကြောင်းများစွာရှိသည်။ အောက်ပါတို့ပါဝင်နိုင်သည်။ များသောအားဖြင့် ခြေထောက်အခြားရောဂါများနှင့်တွဲတတ်သည်။

ဆီးချိုရောဂါ

သံဓါတ်ချို့တဲ့ခြင်း

ကျောရိုးအာရုံကြောမ အကျိတ်

ကျောရိုးအာရုံကြောမထိခိုက်ခြင်း

အိပ်နေချိန်အသက်ရူရပ်ခြင်းရောဂါ- အသက်ရူခက်ခြင်းကြောင့်အိပ်ရေးပျက်ပြီး နေ့ဘက်တွင် အိပ်ငိုက်ခြင်းနှင့်အခြားပြသာနာများဖြစ်နိုင်သည်။

အိပ်ချင်လွန်းခြင်း။ နိုးနေချိတွင် အလွန်အမင်းအိပ်ချင်နေခြင်းရောဂါတစ်မျိုး။

ယူရီးယား များနေခြင်း။ ကျောက်ကပ်မကောင်းခြင်းကြောင့်သွေးထဲတွင်စုပုံလာသော အမှိုက်ပစ္စည်းတစ်မျိုး

သွေးအားနည်းခြင်း။ ဟေမိုဂလိုဖင်နည်းခြင်း။ (သွေးထဲတွင် အောက်ဆီဂျင်သယ်သောပစ္စည်း။)

ဆေးဝါးများ။ အလွန်အမင်းအိပ်လိုသောရောဂါနှင့်အခြား ဒိုပါမင်းဆန့်ကျင်သောဆေး ဥပမာ ဟယ်ဒေါ ၊ ဒိုပါမင်းကိုအားပေးသောဆေး ဥပမာ စီနီမတ်(တခါတရံ ထိုဆေးကို ပီအယ်အမ်ဒီ ကုသရာတွင်သုံးသည်) သို့မဟုတ် စိတ်ဓါတ်ကျမှုကိုတိုက်သောဆေး ဥပမာ အမီထရိုင်တိုင်လင်း( အလာဗေး)

အိပ်ဆေးများဥပမာ ဘာဘီကျူရိတ်နှင့် ဘန်ဇိုဒိုင်ယာစီပင်း ဆေးဖြတ်ခြင်း

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Periodic limb movement disorder (အချိန်အားလျော်စွာဖြစ်သောခြေလက်လှုပ်ရှားမှုပုံမမှန်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Periodic limb movement disorder (အချိန်အားလျော်စွာဖြစ်သောခြေလက်လှုပ်ရှားမှုပုံမမှန်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

တခါတရံ သူ့အဖော်မှ ညဘက် ကန်သည်ဟုပြောမှ မိမိကိုယ်ကို ပီအယ်အမ်ဒီရှိသည်ဟု စသတိထားမိတတ်သည်။ သို့မဟုတ် နိုးလာချိန်တွင် စောင်သည်အခြားနေရာသို့ရောက်နေခြင်းမှလဲသတိထားမိတတ်သည်။

ပီအယ်အမ်ဒီကို ပိုလီဆိုနိုဒရပ်ဖီ အိပ်မှုကိုလေ့လာခြင်းဖြင့်ဟုတ်မဟုတ်သိနိုင်သည်။ အိပ်နေချိန် ဓါတ်ခွဲခန်းတွင် တညလုံးလေ့လာခြင်းဖြစ်သည်။ ထိုစမ်းသက်မှုသည်
ဦးနှောက်လှိုင်းများ

နှလုံးခုန်နှုန်း

သွေးထဲရှိအောက်စီဂျင်ပမာဏ

မျက်လုံးလှုပ်ရှားမှု

အခြားအာရုံကြောနှင့် ကြွက်သားများအလုပ်လုပ်မှု

သွေးပေါင်ချိန်တို့ကိုမှတ်သားပေးထားသည်။

ထိုစမ်းသက်မှုကိုများသောအားဖြင့်ဆေးရုံရှိ အိပ်ခြင်းပုံမှန်မဟုတ်သောရောဂါနေရာ သို့မဟုတ် အထူးပြုလုပ်ထားသောအိပ်သောစင်တာတွင်လုပ်လေ့ရှိသည်။ အိပ်ခြင်းကိုလေ့လာသောပညာရှင်မှ ဦးရေပြား ရင်ဘတ် နှင့် ခြေထောက်တွင် အာရုံခံပစ္စည်းကို တိတ် သို့မဟုတ် ကော်ဖြင့်ကပ်ထားလိမ့်မည်။ ထိုအာရုံခံပစ္စည်းကို ဝိုင်ယာဖြင့်ကွန်ပြူတာကိုချိတ်ကာ သင်အိပ်နေချိန်တောက်လျောက်လေ့လာသည်။

သင်ရောဂါသမိုင်းကြောင်းနှင့် ရုပ်ပိုင်းဆိုင်ရာစမ်းသက်မှုများကိုလဲ ဖြစ်စေသောအကြောင်းအရင်းရှိမရှိသေချာအောင်မေးလိမ့်မည်။ သံဓါတ်အားနည်းခြင်းနှင့် အခြားရောဂါကိုသံသယဖြစ်ပါက သွေး ဆီး နမူနာများကိုယူလိမ့်မည်။ သံဓါတ်နှင့် အခြား ရောဂါ ဥပမာ ဆီးချိုကလဲ ပီအယ်အမ်ဒီနဲ့တွဲနိုင်သည်။

Periodic limb movement disorder (အချိန်အားလျော်စွာဖြစ်သောခြေလက်လှုပ်ရှားမှုပုံမမှန်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုကရောဂါကိုမပျောက်စေသော်လည်း လက္ခဏာကိုသက်သာစေနိုင်သည်။

ကုသမှုတွင် လှုပ်ရှားမှုသက်သာစေရန် သို့မဟုတ် အိပ်ခြင်းကိုကူညီပေးရန်တို့ပါဝင်သည်။

ဆေးကုထုံး

ဆေးကုထုံးသည် ပီအယ်အမ်ဒီကိုမပျောက်စေသော်လည်း ရောဂါကိုသက်သာစေနိုင်သည်။ များသောအားဖြင့် ပီအယ်အမ်ဒီကိုကုသောစေးများသည် ခြေထောက်ဂနာမငြိမ်ခြင်းကိုကုသောဆေးများနှင့်တူတတ်သည်။

ဘန်ဇိုဒိုင်ရာစီပင်း။ ကြွက်သားများကျုံခြင်းကိုသက်သာစေသည်။ ထိုဆေးသည်အိပ်ဆေးဖြစ်သောကြောင့် သင့်အားအိပ်ရေးဝစေရန်ကူညီပေးလိမ့်မည်။

ကရိုနာဇီဖန်(ကလိုနိုဖင်း) တစ်နာရီတွင်ဖြစ်သော အချိန်အားလျော်စွာဖြစ်သောခြေလက်လှုပ်ရှားမှုပုံမမှန်ခြင်း အကြိမ်အရေအတွက်ကိုလျော့ချပေးသည်။ ဒီဆေးကိုအသုံးများသည်။

ဒိုပါမင်းကိုအားပေးသောဆေး။ဦးနှောက်မှလွှတ်သောပစ္စည်း ဒိုပါမင်းကိုများစေသည်။ ထိုအရာသည် ကြွက်သားလှုပ်ရှားမှုကိုထိန်းရာတွင်အရေးပါသည်။ ထိုဆေးသည် အချို့သူများတွင်အသုံးဝင်သော်လည်းအချို့တွင်အသုံးမဝင်ပါ။

အများဆုံးသုံးသော ဆေးဥပမာမှာ လီဗိုဒိုပါ ၊ ကာဖီဒိုပါ ပေါင်းဆေး ( စီနီမက်)နှင့် ပါဂိုလိုက်(ပါမက်)ဖြစ်သည်။

အတက်ကျဆေး။ ကြွက်သားကျုံခြင်းကိုအချို့သူများတွင်သက်သာစေသည်။ အသုံးများဆုံးအတက်ကျဆေးမှာ ဂါဘာပန်တင်(နရူရိုတင်)ဖြစ်သည်။

ဂါဘာအားပေးသောဆေး။ ထိုဆေးသည် ကြွက်သားအားကျုံစေသည့်အချို့သော အာရုံကြောလှုံဆော်ပစ္စည်းကိုတားပေးသည်။ ထိုကြောင့်ကြွက်သားအားအားလျော့စေသည်။ များသောအားဖြင့်အသုံးများသောဆေးမှာ ဘာကလိုဖန်(လီအိုရီဆယ်)ဖြစ်သည်။

နောက်တစ်ဆင့်-ရက်ချိန်းခြင်း

ဆရာဝန်မှညွှန်ကြားချက်များလုပ်အပြီး တစ်ကြိမ်သို့မဟုတ် တစ်ကြိမ်ထက်ပိုပြန်လာရန်ချိန်းလိမ့်မည်။

သူ့အမျိုးသားက ပီအယ်အမ်ဒီရောဂါအခြေအနေကိုနားလည်ပေးခြင်း သူ့မလှုပ်ရှားမှုက သင့်အားထိခိုက်ရန်ရည်ရွယ်ခြင်းမဟုတ်ကြောင်းနားလည်ရန်လိုအပ်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အချိန်အားလျော်စွာဖြစ်သောခြေလက်လှုပ်ရှားမှုပုံမမှန်ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် အချိန်အားလျော်စွာဖြစ်သောခြေလက်လှုပ်ရှားမှုပုံမမှန်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

သင့်ပီအယ်အမ်ဒီသည် သိပ်မပြင်းထန်ပဲ သင့်အိပ်ရေးပျက်ခြင်း သင့်အဖော်အားထိခိုက်ခြင်းသိပ်မရှိပါက ကုသရန်မလိုအပ်ပေ။ ထိုကိစ္စများတွင် ကဖီးဓါတ် အရက် ဆေးလိပ်ဖျက်ခြင်းအားအကူအညီဖြစ်စေနိုင်သည်။ ကဖီးဓါတ်သည် ကော်ဖီတွင်သာတွေ့ရသည်မဟုတ်ပါ။ ဆိုဒါ လက်ဖက်ရည်ချောကလက် အားဖြည့်အချိုရည်နှင့်အချို့ဆေးများ ဥပမာ အိပ်စီဒရင်းတွင်ပါ ပါတတ်သည်။

ယောဂ တရားထိုင်ခြင်းနှင့် အခြားစိတ်ဖျော့သောအားကစားများကလည်းရောဂါလက္ခဏာကိုသက်သာစေနိုင်သည်။ အနှိပ်ခံခြင်း မအိပ်မီ ရေနွေးစိမ်ခြင်းတို့ကြလ်းရောဂါလက္ခဏာကိုသက်သာစေနိုင်သည်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"
    ရင်းမြစ်များ

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ဝှေးစေ့ကင်ဆာအကြောင်း တစေ့တစောင်း

    လိင်ကျန်းမာရေး အမျိုးသားရောဂါ ကင်ဆာကုထုံး ရောဂါလက္ခဏာများ ဝှေးစေ့ကင်ဆာ ဘယ်သူတွေမှာ အဖြစ်များလဲ ရောဂါရှိမရှိ ဘယ်လိုစစ်ဆေးမလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ကျန်းမာစွာနေထိုင်ခြင်း, လိင်ပညာပေး ဩဂုတ် 28, 2019 . 2 ဖတ်ရန် ကြာချိန်

    ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

    မျက်စိနဲ့မမြင်ရတဲ့ ပိုးမွှားအကောင်လေးတွေက ဆီးလမ်းကြောင်းထဲကို အကြောင်းအမျိုးမျိုးကြောင့် ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ကျန်းမာခြင်းနည်းလမ်းများ, လိင်ပညာပေး ဩဂုတ် 27, 2019 . 2 ဖတ်ရန် ကြာချိန်

    လည်ချောင်းခြောက်ပြီး ယားနေတာ ဒါတွေကြောင့် ဖြစ်နိုင်တယ်နော်

    အအေးမိဖျားနာ ဓါတ်မတည့်ခြင်း ခံတွင်းခြောက်ခြင်း ရောဂါလက္ခဏာများ ရာသီအကူးအပြောင်းကာလ အိပ်နေစဉ်အသက်ရှုရပ်တန့်ခြင်း ပျောက်ကင်းသက်သာအောင်ဘယ်လိုလုပ်မလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    အိပ်ပျော်နေစဉ် အသက်ရှူရပ်တန့်သွားခြင်း (Sleep Apnea)

    ရောဂါလက္ခဏာများ ဘယ်လိုကုသမလဲ အိပ်ချိန် ဘယ်လိုလူတွေမှာအဖြစ်များလဲ ဦးနှောက်လုပ်ဆောင်ချက် အိပ်ပျော်နေစဉ်အသက်ရှူခြင်း အိပ်ချိန်ကိုအနှောင့်အယှက်ဖြစ်စေခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    သင့်အတွက် ရွေးချယ်ထားသည်

    ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

    ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
    မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ

    မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 8, 2020 . 3 ဖတ်ရန် ကြာချိန်

    ကလေးများတွင်ဖြစ်သော မျက်လုံးတိမ်စွဲခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2020 . 2 ဖတ်ရန် ကြာချိန်

    ပုံမှန်မဟုတ်တဲ့ စိုးရိမ်ပူပန်လွန်ကဲခြင်း လက္ခဏာများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 17, 2019 . 3 ဖတ်ရန် ကြာချိန်