Non-small cell lung cancer (ဆဲလ်အသေးစားမဟုတ်သော အဆုတ်ကင်ဆာ)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 5, 2019 . 8 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Non-small cell lung cancer (ဆဲလ်အသေးစားမဟုတ်သော အဆုတ်ကင်ဆာ) ကဘာလဲ။

အဆုတ်ကင်ဆာ အဓိကအမျိုးအစား ၂ခုရှိပါတယ်။ ဆဲလ်အသေးစား အဆုတ်ကင်ဆာ (small-cell lung cancer) နှင့် ဆဲလ်အသေးစားမဟုတ်သော အဆုတ်ကင်ဆာ ( non-small-cell lung cancer) စတာတွေ ဖြစ်ပါတယ်။ non-small-cell lung cancer ဆိုတာ small cell ပုံစံမဟုတ်တဲ့ အဆုတ်ကင်ဆာများအတွက် ခြုံပြောတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ ကုသမှုကလည်း အားလုံးအတွက်တူညီတာကြောင့် အုပ်စုတစ်ခုတည်း ထားကြပါတယ်။ ဆဲလ်အသေးစားမဟုတ်သော အဆုတ်ကင်ဆာ ( non-small-cell lung cancer) သို့ NSCLCs ဟာ အဆုတ်ကင်ဆာတွေရဲ့ အများစုဖြစ်ပါတယ်။

ဆဲလ်အမျိုးအစားအမည်ကို လိုက်ပြီး ကင်ဆာအမျိုးအစားကို နာမည်ပေးပါတယ်။

အဓိက ၃မျိုးရှိပါတယ် :

Adenocarcinoma – အဆုတ်ရဲ့ အပြင်ဧရိယာမှာ တွေ့ရှိရပါတယ်။

Squamous cell carcinoma – များသောအားဖြင့် လေပြွန် (bronchus)နဲ့ ကပ်လျက် အဆုတ်ရဲ့ ဗဟိုမှာ တွေ့ရတတ်ပါတယ်။

Large cell carcinoma ဟာအဆုတ်ရဲ့ မည်သည့်အစိတ်အပိုင်းမှာမဆို ဖြစ်ပွားနိုင်ပါတယ်။ သူက အခြား၂မျိုးထက် ပိုမြန်အောင် ပြန့်နိင်ပါတယ်။

Non-small cell lung cancer (ဆဲလ်အသေးစားမဟုတ်သော အဆုတ်ကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ

အဆုတ်ကင်ဆာတွေရဲ့ 80% ကနေ 85% ဟာ ဒီအမျိုးအစားပါ။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Non-small cell lung cancer (ဆဲလ်အသေးစားမဟုတ်သော အဆုတ်ကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရင်ဘတ်အောင့်ခြင်း နာခြင်း

ချောင်းဆိုးချိန်ကြာခြင်း အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာခြင်း

အသက်ရှူခက်ခဲခြင်း

အသက်ရှူကြပ်ခြင်း

သလိပ်ထဲမှာသွေး ပါခြင်း (အဆုတ်မှလာသောချွဲ)

အသံပြာခြင်း

အစာစားချင်စိတ်ဆုံးရှုံးခြင်း

ကိုယ်အလေးချိန်ကျခြင်း

အလွန်ပင်ပန်းခြင်း

မျိုရခက်ခဲခြင်း

လည်ပင်းနဲ့ မျက်နှာရှိ သွေးကြောများ ရောင်ရမ်းခြင်း စတာတွေဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Non-small cell lung cancer (ဆဲလ်အသေးစားမဟုတ်သော အဆုတ်ကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်ပွားမှုရဲ့ 90 % က ဆေးရွက်ကြီးနဲ့ ဆေးလိပ်ကြောင့်ပါ။ ဆေးလိပ်

သောက်သူတစ်ဦးက ဆေးလိပ်မသောက်သူထက် အဆုတ်ကင်ဆာဖြစ်ဖို့ 13.3 ဆရှိပါတယ်။

တစ်နေ့ သောက်တဲ့ စီးကရက်အရေအတွက်ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါသေးတယ်။ တစ်နေ့ကို အလိပ် 20 ကျော်သောက်သူတွေက တစ်နေ့လျှင် 20 အောက်သောက်သူတွေထက် အဆုတ်ကင်ဆာ ဖြစ်နိုင်ချေများပါတယ်။

ဆေးလိပ် ဖြတ်လိုက်တာနဲ့ ပထမဦးဆုံးနှစ်နှစ်မှာ ဖြစ်နိုင်ချေတက်လာတတ်ပြီး နောက်မှတဖြည်းဖြည်းလျော့ကျသွားပါတယ်။ ဒါပေမယ့် ဘယ်တော့မှ ဆေးလိပ်မသောက်ခဲ့သူနဲ့တော့ မတူနိုင်ပါဘူး။

ဆေးလိပ်သောက်သူတိုင်း အဆုတ်ကင်ဆာမဖြစ်နိုင်သလို ကင်ဆာဖြစ်သူတိုင်းကလည်း ဆေးလိပ်သောက်လို့ မဟုတ်ပါဘူး။

အခြားအချက်များ (မျိုးဗီဇ) ကလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေပါလာနိုင်ပါတယ်။

အငွေ့ရှူ သူ (secondhand smoke)

အချို့သော အဆုတ်ကင်ဆာသမားတွေဟာ ဒါကြောင့်ဖြစ်ရပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီတွေက ဆေးလိပ်ငွေ့ရှူ နေရသူတွေဟာ

ကင်ဆာဖြစ်ရတဲ့ အကြောင်းတစ်ရပ်လို့ ပြောကြားပါတယ်။

ကျောက်ဂွမ်း (asbestos)

ကျောက်ဂွမ်းထိတွေ့မှုဟာ အဆုတ်ကင်ဆာအပါအဝင် အခြားအဆုတ်ရောဂါများနှင့်ဆက်စပ်နေပါတယ်။

ကျောက်ဂွမ်း silicates အမျိုးအစားဟာ အရေးပါသော ကင်ဆာပစ္စည်းဖြစ်ပါတယ်။

ကျောက်ဂွမ်းထိတွေ့မှုက အဆုတ်ကင်ဆာ ဖြစ်နိုင်ချေကို ၅ဆအထိတိုးပွားစေပါတယ်။

ဆေးလိပ်သောက်ပြီး ကျောက်ဂွမ်းနဲ့လည်း ထိတွေ့နေသူဆိုရင် ဖြစ်နိုင်ချေပမာဏများပါတယ်။

ရေဒွန်

ရေဒွန်ဆိုတာ ယူရေနီယံ ပျက်စီးလို့ ရတဲ့ သဘာဝဓါတ်ငွေ့ဖြစ်ပါတယ်။ ရေဒွန်ထိတွေ့မှုဟာ ယူရေနီယမ်မိုင်းလုပ်သားတွေအတွက်အဆုတ်ကင်ဆာအန္တရာယ်အချက်ဖြစ်ပါတယ်။

ရေဒွန်ထိတွေ့မှုဟာ နှစ်စဉ်အဆုတ်ကင်ဆာဖြစ်တဲ့ ပမာဏရဲ့ သေးငယ်တဲ့အစိတ်အပိုင်းကနေ ပါဝင်နေတာတွေ့ရပါတယ်။ အိမ်သူံး

ရေဒွန်ကတော့ ကင်ဆာဖြစ်တာ မတွေ့ရပါ။

အခြားအရာပတ်ဝန်းကျင်မှ အရာများ

အောက်ပါပစ္စည်းတွေထိတွေ့တာဟာ အဆုတ်ကင်ဆာဖြစ်ပွားနိင်ခြေရှိပါတယ်။

Petroleum-based chemicals called aromatic polycyclic hydrocarbons

Beryllium

နီကယ်

ကြေးနီ

ခရိုမီယမ်

ကတ်မီယမ်

ဒီဇယ်အိတ်ဇော

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Non-small cell lung cancer (ဆဲလ်အသေးစားမဟုတ်သော အဆုတ်ကင်ဆာ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

များစွာရှိပါတယ်။ဥပမာ ယခင်ဒါမှမဟုတ် ယခုထုတ် , စီးကရက်, ဆေးတံ, ဆေးပြင်းလိပ် သောက်သုံးခြင်း ။ ဤအရာသည် အဆုတ်ကင်ဆာများအတွက်အရေးကြီးဆုံးအန္တရာယ်အချက် ဖြစ်ပါတယ်။ ငယ်တုန်းမှာ ဆေးလိပ်စသောက်ခြင်း ၊ မကြာခဏသောက်ခြင်း နှင့် နှစ်အတော်ကြာသောက်တာတွေက အဆုတ်ကင်ဆာ အန္တရာယ်ကိုတက်စေပါတယ်။

တစ်ဆင့်ခံရှူ ရှိုက်နေရခြင်း

အောက်ပါ ဓါတ်ရောင်ခြည်တွေနဲ့ ထိတွေ့ခံရခြင်း:

ရင်သား သို့မဟုတ်ရင်ဘတ်ဓါတ်ရောင်ခြည်ကုထုံး။

အိမ်သုံး အလုပ်သုံးရေဒွန်။

CT Scan

အနုမြူဗုံးဓါတ်ရောင်ခြည်။

အလုပ်ခွင်ထဲမှာ ကျောက်ဂွမ်း, ခရိုမီယမ်, နီကယ်, beryllium, arsenic, ကျပ်ခိုး, စတာတွေနဲ့ ထိတွေ့ခြင်း

လေထုညစ်ညမ်းမှုများတဲ့ ဒေသမှာ နေရခြင်း

မိသားစုမှာ အဆုတ်ကင်ဆာ ရာဇဝင်ရှိခြင်း။

(HIV ပိုး) ကူးစက်ခံရခြင်း

beta carotene supplements ယူခြင်း ဆေးလိပ်သောက်ခြင်း

အသက်ကြီးတာဟာ ကင်ဆာဖြစ်နိင်ချေကို တက်စေပါတယ်။ သင်အသက်ကြီးလာတာနဲ့ ဖြစ်နိုင်ချေက တက်လာပါလိမ့်မယ်။

ဆေးလိပ်သောက်ခြင်းက အခြားအန္တရာယ်အချက်များနှင့်အတူပေါင်းစပ်မိသောအခါ, အဆုတ်ကင်ဆာအန္တရာယ်က ပိုတိုးလာပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Non-small cell lung cancer (ဆဲလ်အသေးစားမဟုတ်သော အဆုတ်ကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ

စမ်းသပ်မှုများနှင့်ကင်ဆာအတွက် ရောဂါရှာဖွေရေးတွေကို တစ်ချိန်တည်းမှာပဲ လုပ်လေ့ရှိပါတယ်။ အောက်ပါစမ်းသပ်မှုနှင့်လုပ်ထုံးလုပ်နည်းများမှ အချို့ကို အသုံးပြုနေကြပါတယ်။

ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုနှင့်ရောဂါရာဇဝင် : ကျန်းမာရေးစစ်ဆေးခြင်းအပါအဝင် ရောဂါလက္ခဏာ နဲ့ပုံမှန်မဟုတ်သော အဖုအကျိတ် စတာတွေပါဝင်ပါတယ်။ ဆေးလိပ်သောက်ခြင်း အပါအဝင်၊ အလုပ်အကိုင်များ၊ နာမကျန်းဖြစ်ဖူးခြင်း၊ ရောဂါကုသမှုရာဇဝင် စတာတွေကိုလည်း မေးမြန်းပါလိမ့်မယ်။

ဓါတ်ခွဲခန်းစမ်းသပ်မှုများ:

တစ်ရှူး, သွေး, ဆီး, ဒါမှမဟုတ် ခန္ဓါကိုယ်ရှိအခြားနမူနာများကိုစမ်းသပ်တဲ့ ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများဖြစ်ပါတယ်။ ဒီစမ်းသပ်မှုတွေက ရောဂါရှာဖွေရေး၊ ကုသမှုအစီအစဉ်ချရေးနှင့် စောင့်ကြည့်ရေး၊ အချိန်နှင့်တစ်ပြေးညီ ရောဂါထိန်းချုပ်စစ်ဆေးရေး စတာတွေမှာ ကူညီပေးပါတယ်။

ရင်ဘတ် ဓါတ်မှန် (x ray) :

ရင်ဘတ်အတွင်းကိုယ်တွင်းအင်္ဂါများနှင့်အရိုးဓါတ်မှန်။ x-ray ဆိုတာ ရောင်ခြည်တစ်မျိုးဖြစ်ပြီး ခန္ဓါကိုယ်အတွင်းပိုင်း အင်္ဂါများအထိ ဖောက်ထွင်းမြင်နိုင်ကာ အတွင်းပိုင်းပုံရိပ်တွေကို ဖလင်ပေါ်မှာ ပေါ်အောင်လုပ်ပေးပါတယ်။

CT scan (CAT Scan):

ကွဲပြားခြားနားသော ရှုထောင့်တွေကနေ ရင်ဘတ်လို ခန္ဓါကိုယ်အတွင်းပိုင်းအင်္ဂါများရဲ့ အသေးစိတ်ပုံများကို အတွဲလိုက် ထုတ်လုပ်ပေးနိုင်သောနည်း ဖြစ်ပါတယ်။

အဆိုပါဓါတ်ပုံများကို x-ray စက်နှင့်ဆက်စပ်ထားတဲ့ ကွန်ပျူတာကထုတ်ပေးပါတယ်။ Dye (ဆိုးဆေး) တစ်မျိုးကို တစ်သွေးကြောထဲသို့ထိုးသွင်းခြင်း ဒါမှမဟုတ် မျိုချခြင်းဖြင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း ကို ရှင်းလင်းမြင်နိုင်အောင် လုပ်ပေးတာဖြစ်ပါတယ်။ ဒီနည်းကို computed tomography, computerized tomography, သို့ computerized axial tomography လို့ခေါ်ပါတယ်။

Sputum cytology :

ရောဂါဗေဒပညာရှင်က ခွျဲသလိပ်(အဆုတ်ထဲကနေတက်လာသော ) ကို အနုကြည့်မှန်ပြောင်းကနေ ကြည့်ပြီး ကင်ဆာဆဲလ်များကိုစစ်ဆေးတဲ့နည်းဖြစ်ပါတယ်။

Fine-needle aspiration (FNA) biopsy of the lung:

ပါးလွှာသော အပ်သုံးပြီးအဆုတ်ကနေတစ်ရှူးသို့မဟုတ်အရည်ကို ထုတ်ယူတာဖြစ်ပါတယ်။ CT scan, ultrasound သို့မဟုတ် အခြားပုံရိပ်နည်းတွေနဲ့ ပုံမှန်မဟုတ်တဲ့အဆုတ် တစ်သျှူးသို့မဟုတ်အရည်နေရာကို သိအောင်လုပ်ပါတယ်။

ပြီးမှ သေးငယ်တဲ့ခွဲရာပေးပြီး အပ်ကို မူမမှန် တစ်ရှူးသို့မဟုတ် အရည်ထဲသို့ထည့်ပြီး နမူနာ အနည်းငယ်ယူကာ ဓါတ်ခွဲခန်းသို့ပို့ပါတယ်။ ထို့နောက်

ရောဂါဗေဒပညာရှင်က ကင်ဆာဆဲလ်တွေရှာဖိအနုကြည့်မှန်ပြောင်းကနေ ကြည့်ပါတယ် ။ တစ်ဦးကရင်ဘတ်က x-ray အဆုတ်ထဲက လေတွေ ရင်ဘတ်ထဲ ပေါက်ထွက်မနေတာသေချာအောင် ရင်ဘတ်ဓါတ်မှန် ရိုက်လေ့ရှိပါတယ်။

Bronchoscopy:

trachea (လေပြွန်) နဲ့ နှင့် အသက်ရှူ လမ်းကြောင်း ၊ အဆုတ်ထဲက ပုံမှန်မဟုတ်တဲ့ အရာတွေ ကြည့်ဖို့ နည်းဖြစ်ပါတယ်။ bronchoscope ကို trachea နှင့်အဆုတ်ထဲသို့ နှာခေါင်းသို့မဟုတ်ပါးစပ်မှတစ်ဆင့် ထည့်သွင်းပါတယ်။ bronchoscope အလင်းနှင့် မှန်ဘီလူးတွေပါဝင်တဲ့ ပါးလွှာပြီး ပြွန်ကဲ့သို့ ကိရိယာ ဖြစ်ပါတယ်။ ဒါဟာ အဏုကြည့်မှန်ပြောင်းအောက်မှာ ကင်ဆာလက္ခဏာကို စစ်ဆေးဖို့ တစ်ရှူးနမူနာကို ယူထုတ်ပေးမယ့် ကိရိယာ ဖြစ်ပါတယ်။

Thoracoscopy:

ရင်ဘတ်အတွင်းက အင်္ဂါတွေရဲ့ မူမမှန် လက္ခဏာတွေကို စစ်ဆေးဖို့ ခွဲစိတ်နည်းဖြစ်ပါတယ်။ နံရိုး ၂ခုကြားကို ခွဲစိတ်ပြီး thoracoscope ထည့်ပါတယ်။ thoracoscope အလင်းနှင့် မှန်ဘီလူးတွေပါဝင်တဲ့ ပါးလွှာပြီး ပြွန်ကဲ့သို့ ကိရိယာ ဖြစ်ပါတယ်။ အဏုကြည့်မှန်ပြောင်းအောက်မှာ ကင်ဆာလက္ခဏာကို စစ်ဆေးဖို့ lymph node လို တစ်ရှူးနမူနာကို ယူထုတ်ပေးမယ့် ကိရိယာ ပါနိုင်ပါတယ်။ အချို့ကိစ္စများတွင်, ဒီနည်းက အစာပြွန်သို့မဟုတ်အဆုတ်အစိတ်အပိုင်းကို ဖယ်ရှားပစ်ရန်အသုံးပြုပါတယ်။ အချို့သောတစ်ရှူး, ကိုယ်တွင်းအင်္ဂါ, ဒါမှမဟုတ် lymph node များကို မမှီတဲ့ နေရာတွေရှိလျှင် thoracotomy နည်းကို သုံးနိုင်ပါတယ်။

ဒီနည်းက ပိုကြီးတဲ့ နံရိုးခွဲရာနဲ့ နှင့်ရင်ဘတ်ဖွင့်တာတွေပါဝင်ပါတယ်။

Thoracentesis: ရင်ဘတ်နံရံနှင့် အဆုတ်ကြားက အရည်ကို အပ်သုံးပြီး ဖောက်ထုတ်ခြင်း ဖြစ်ပါတယ်။ ရောဂါဗေဒပညာရှင်က ထိုအရည်ကို ကင်ဆာဆဲလ်တွေရှာဖို့ အနုကြည့်မှန်ပြောင်းကနေ ကြည့်ပါတယ် ။

Light and electron microscopy :

တစ်ရှူးနမူနာထဲက ဆဲလ်အတွင်းရှိအချို့သော ပြောင်းလဲမှုများကို ကြည့် ဖို့ regular and high-powered microscopes တွေသုံးပြီး ကြည့်တဲ့ ဓါတ်ခွဲခန်းစမ်းသပ်မှုဖြစ်ပါတယ်။

Immunohistochemistry: တစ်ရှူးနမူနာများတွင် အချို့သော antigen များပါဝင်မှုက်ု စစ်ဆေးပေးတဲ့ ပဋိဇီဝ (antubodies) တွေသုံးတာဖြစ်ပါတယ်။ အဆိုပါ antibody ဟာများသောအားဖြင့် ရေဒီယိုသတ္တိကြွပစ္စည်း ဒါမှမဟုတ် တစ်သျှူးစကို မှန်ပြောင်းအောက်မှာ လင်းနေစေဖို့ သုံးတဲ့ ဆိုးဆေးစတာတွေနဲ ဆက်စပ်နေပါတယ်။ ဤစမ်းသပ်မှုက ကင်ဆာ အမျိုးအစား အမျိုးမျိုးအကြားခြားနားချက်ကို ဖော်ပြဖို့ အသုံးပြုနိုင်ပါတယ်။

Non-small cell lung cancer (ဆဲလ်အသေးစားမဟုတ်သော အဆုတ်ကင်ဆာ) ကို ဘယ်လိုကုသပါသလဲ

Tissue diagnosis ဟာ ကုသမှုတွေရဲ့ ထိပ်ဆုံးမှာရှိနေပါတယ်။ ကုသမှု၏ရည်မှန်းချက်များကတော့ ရှိသမျှ ကျန်နေတဲ့အကျိတ်ဆဲလ်များကိုသတ်ပစ်ရန်၊ အခြားပြသနာမှားကို လျော့ချရန် ၊paraneoplastic syndrome ကို တားဆီးရန် ၊ ရောဂါသက်သာစေရန် ၊ ရောဂါနှင့်ကုသမှုတွေရဲ့ ဆက်စပ်ဘေးထွက်ဆိုးကျိုးတွေကို သက်သာစေရန် ဖြစ်ပါတယ်။ လက်ရှိ ကုထုံးတွေက အဆုတ်ကင်ဆာဖြစ်သူ အနည်းငယ်ကိုသာ ပျောက်ကင်းစေနိုင်ပါတယ်။

ကင်ဆာဆဲလ်များ ကိုယ်ခန္ဓါထဲမှာ ကျန်နေဆဲ ဖြစ်သော်လည်း အချို့လူများရဲ့ အကျိတ်တွေဟာ သိသိသာသာကျုံ့ဝင်တာ ပျောက်ကွယ်သွားတာတွေရှိပါတယ်။ ထိုသူတွေကို နာလန်ထစချိန်လို့ခေါ်ပါတယ်။ လူအများစုဟာ ဒီကာလအတွင်းမှာ ရောဂါသက်သာပြီး သူတို့ရဲ့နေ့စဉ်လှုပ်ရှားမှုများကို ပြန်လည်စတင်နိုင်ကြပါတယ်။ ဒီကာလဟာ လအနည်းငယ်၊ နှစ်အနည်းငယ် ဒါမှမဟုတ်အကန့်သတ်မရှိ ကြာနိုင်ပါတယ်။ ရောဂါပြန်ကြွလာသောအခါ recurrence သို့မဟုတ် relapse ဟုခေါ်ပါတယ်။ ဒီရောဂါဟာအဆုတ်ဒါမှမဟုတ်ခန္ဓါကိုယ်ရဲ့အခြားအစိတ်အပိုင်းမှာ ဖြစ်ပေါ်ပါလိမ့်မယ်။

non-small cell အဆုတ်ကင်ဆာများအတွက်ဆေးဘက်ဆိုင်ရာကုသမှု တွေက ဘာတွေလဲ?

NSCLC အတွက်သုံးတဲ့ အဓိက ၃နည်းကတော့ ခွဲစိတ်မှု, ဓါတုဆေးသွင်းကုသမှုနှင့်ဓါတ်ရောင်ခြည်ကုထုံးတို့ ဖြစ်ပါတယ်။Targeted therapy ဆိုတာကတော့ နည်းသစ်ဖြစ်ပြီး ကင်ဆာဆဲလ်တွေကုသဖို့ အထူးနည်းဖြစ်ပါတယ်။ ဘယ်ဆဲလ်က မူမမှန်ဖြစ်နေလဲဆိုတာ သိဖို့ အကျိတ်ကို စစ်ဆေးဖို့ လိုအပ်ပါလိမ့်မယ် ။ Immunotherapy ကလည်း NSCLC ကုဖို့ အသုံးပြုတဲ့နည်းသစ်ဖြစ်ပါတယ်။

ခွဲစိတ်နည်း :

အရေပြားနှင့်ကြွက်သားကို ခွဲစိတ်ပြီး အကျိတ်ကို ဖယ်ထုတ်တာဖြစ်ပါတယ်။

ဆေးသွင်းကုသခြင်း:

ပြင်းထန်တဲ့ ဓါတုပစ္စည်းများနှင့် ဆေးဝါးများကို အကျိတ်ဆဲလ်များကိုသတ်ဖို့အတွက် ပါးစပ် ဒါမှမဟုတ်သွေးကြောထဲထိုးပြီး ကုသနည်းဖြစ်ပါတယ်။

ဓါတ်ရောင်ခြည်ကုထုံး:

ပြင်းထန်တဲ့ ဓါတ်ရောင်ခြည်ရောင်ခြည်ကို အကျိတ် မှာထောက်ခြင်း (external beam) သို့မဟုတ်ဓါတ်ရောင်ခြည် ထွက်မယ့် ပစ္စည်းကို ကင်ဆာအကျိတ်နားမှာ ထားခြင်း (internal beam) စတာတွေဖြစ်ပါတယ်။ အဆိုပါဓါတ်ရောင်ခြည်ဟာအကျိတ်ဆဲလ်များကိုသေဆုံးစေနိုင်ပါတယ်။

Targeted Therapy :

အထူးဆေးဝါးများကင်ဆာဆဲလ် သို့မဟုတ် ချွတ်ယွင်းနေသော မော်လီကျူ းတွေကို ပစ်မှတ်ထားဖို့ ဖန်တီးထားပါတယ်။

Immunotherapy:

Immunotherapy ဆိုတာ ကင်ဆာဆဲလ်တွေကိုဖျက်ဆီးဖို့ သင့်ကိုယ်ခံစွမ်းအားစနစ်ကို ကူညီပေးတာဖြစ်ပါတယ်။

NSCLC ဖြစ်တဲ့ လူရဲ့ ရောဂါအဆင့်၊တည်နေရာ၊ ဗီဇကွဲမှု၊ အကျိတ်အမှတ်အသားတွေပေါ် မူတည်ပြီး ဒီကုထုံးတွေကို ပေါင်းစပ်ကုသတဲ့ customized treatment regimen ပေးနိုင်ပါတယ်။

စစ်ဆေးမှုတွေပြီးနောက် ဆုံးဖြတ်ချက်ချရမှာက အကျိတ်ဟာ ခွဲစိတ်လို့ ရမရဆိုတာဖြစ်ပါတယ်။ ခွဲစိတ်လို့ရနိုင်တဲ့ အကျိတ်တွေကို ခွဲစိတ်နည်းသုံးပြီး လုံးဝဖယ်ရှားပစ်ပါတယ်။ ယေဘုယျအားဖြင့်အဆင် I , II နှင့် III တွေကိုသာ ခွဲစိတ်မှုအားဖြင့်ဖယ်ရှားနိုင်ပါတယ်။ တစ်ခါတစ်ရံ အဆင့်III သို့မဟုတ် IV က ခွဲမရပါဘူး။ သို့သော် အသက်ရှူ ပြသနာတွေ အလွန်မင်းနာကျင်တဲ့ ဝေဒနာတွေ သက်သာစေဖို့ ခွဲစိတ်နည်းသုံးပါတယ်။ အဆင့် IV သို့မဟုတ် III ဖြစ်နေတဲ့ လူနာတွေကို တော့ပျောက်ကင်းအောင် မလုပ်ပေးနိုင်ပါဘူး။

ဆေးသွင်းကုသခြင်း

NSCLC ဓါတုဆေးသွင်းကုသမှုမှသာအတန်အသင့် ထိရောက်ပါတယ်။ ဆေးသွင်းကုသခြင်းတစ်မျိုးတည်းနဲ့ NSCLC ကုသပေးလို့မရပါ။ အဓိက ပန်းတိုင်က ရောဂါပျောက်ကင်းဖို့ဖြစ်တဲ့အတွက် ဓါတုဆေးသွင်းကုသမှုကို ခွဲစိတ်ခြင်း သို့မဟုတ် immunotherapy နဲ့ပေါင်းစပ်ပေးထားပါတယ်။ ဆေးသွင်းကုသခြင်းတစ်မျိုးတည်းကို ခွဲစိတ်သို့မဟုတ်ဓါတ်ရောင်ခြည်ကုထုံး မလုပ်နိုင်သူတွေနဲ့ ခွဲစိတ်ပြီး ပြန်ဖြစ်တဲ့ လူနာတွေမှာသာ သုံးပါတယ်။ ခွဲစိတ်နည်းနဲ့ ပေါင်းစပ်ပေးတဲ့အခါ များသောအားဖြင့်ခွဲစိတ်ကုသမှု ပြီးမှဓါတုဆေးသွင်းကုသမှု (adjuvant chemotherapy ) ပေးပါတယ်။Adjuvant chemotherapy ကို အဆင့် I-III မှာ ခွဲစိတ်ပြီး ကင်ဆာဆဲလ်ဖယ်ထုတ်ဖို့ အတွက် သုံးနိုင်ပါတယ်။ ယေဘုယျအားဓါတုဆေးသွင်းကုသမှုဟာ ထပ်ခါထပ်ခါပြန်ပေးရတာ ဖြစ်ပါတယ်။ ကုသမှုဟာ များသောအားဖြင့်ရက်အနည်းငယ်ကြာပြီးတော့ ပြန်လည်နာလန်ထူကာလဟာ သတ္တပတ် အနည်းငယ် ထပ်ကြာနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုး တွေ ပျောက်ပြီး သွေးဆဲလ်ပမာဏမူမှန်ဖြစ်တဲ့အခါ နောက်ထပ် ကုသမှုထပ်စပါတယ်။ ပုံမှန်အားဖြင့် ဒီစက်ဝိုင်းက ၂ခါကနေ ၄ ခါရှိပါတယ်။ ဒါတွေပြီးရင် လူနာကို CT Scan ဖတ်ခြင်းနှင့် အခြားစစ်ဆေးမှုတွေလုပ်ပြီး ကင်ဆာအကျိတ်ပေါ် ဓါတုဆေးသွင်းကုသမှုရဲ့ သက်ရောက်မှုတွေကို ကြည့်ရှုမှာဖြစ်ပါတယ်။

ဓါတ်ရောင်ခြည်ကုထုံး

ဓါတ်ရောင်ခြည်ကုထုံးကို ခွဲစိတ်နည်း သို့မဟုတ်ဓါတုဆေးသွင်းကုသမှုတို့နဲ့ ပေါင်းစပ်ပေးတာ ဒါမှမဟုတ် သူတစ်ခုတည်းပေးတာ မျိုးလုပ်ဆောင်ပါတယ်။ ယေဘုယျအားဖြင့်ဓါတ်ရောင်ခြည် ကုထုံးကို ခွဲစိတ်မှု မလုပ်တဲ့သူတွေမှာ ပေးပါတယ်။ အခြား ကိစ္စတွေမှာလဲသုံးနိုင်ပါတယ်။ ခွုစိတ်မှုမလုပ်ခင် အကျိတ်အရွယ်သေးအောင်လုပ်ခြင်း၊ ခွဲစိတ်ပြီးနောက် ကျန်ရှိတဲ့ ဆဲလ်တွေသတ်ခြင်း ၊ လူနာရောဂါထိန်းချုပ်ဖို့ ရောဂါနောက်ပိုင်းအခြေအနေတွေမှာသုံးခြင်း စတာတွေ ဖြစ်ပါတယ်။

Targeted Therapy

Targeted Therapyမှာ အကျိတ်ရဲ့ ဗီဇမူမမှန်မှု တွေဠပြောင်းလဲတာတွေကို သိနိင်ဖို့ တိကျတဲ့ ဆေးတွေပါဝင်ပါတယ်။

Targeted Therapyကို များသောအားဖြင့် သူတစ်ခုတည်း ဒါမှမဟုတ်chemotherapy နဲ့ ပေါင်းပေးပြီး သုံးနိုင်ပါတယ်။ NSCLC တော်တော်များများမှာ ဗီဇပြောင်းလဲမှုတွေ နဲ့တိကျတဲ့ gene တွေမှာပုံပြောင်းနေတာတွေ ပါနိုင်ပါတယ်။ဥပမာ EGFR mutation, ALK fusion oncogene, and mutations in genes known as ROS1, BRAF, နဲ့ KRAS တို့ဖြစ်ပါတယ်။ HERS 2 protein ထုတ်တဲ့ gene မှာပြောင်းလဲတဲ့ NSCLC တွေလည်း အနည်းငယ်ရှိနိုင်ပါတယ်။ ဒီလို ပြောင်းလဲမှုတွေကို တိုက်ခိုက်တဲ့ Targeted Therapy ဟာ အမြဲထွက်ပေါ်နေပါတယ်။ ဒီဆေးဝါးများကိုလည်း လက်ရှိမှာ ရနိုင်ပါတယ်။

Immunotherapy

Immunotherapy ဟာ အကျိတ်ဆဲလ်များကိုဖျက်ဆီးဖို့ သင့်ရဲ့ကိုယ်ခံအားစနစ်ကို အထောက်အကူပြုတဲ့ ကုထုံးအမျိုးအစားတစ်ခုဖြစ်ပါတယ်။ biomarker testing လို တိကျတဲ့စစ်ဆေးမှု တွေက အကျိတ်အပေါ် Immunotherapy ဆေးတွေ သက်ရောက်မှုရှိမရှိဆိုတာ သိနိင်ဖို့ အတွက် လိုအပ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက non small cell အဆုတ်ကင်ဆာကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အဆုတ်ကင်ဆာကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

သင်ကုသမှု ခံယူနေတုန်းမှာ သင်ခံစားရသမျှကို စောင့်ကြည့်ပါ။ သင်ခံစားရသမျှ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ဆရာဝန်ကိုပြောပြပါ။

တချို့ရက်တွေမှာ အစာစားချင်စိတ် ရှိမည်မဟုတ်ပါ။ သို့သော် သင်ကျန်းမာဖို့နှင့်စွမ်းအားရှိဖို့ အစာကောင်းကောင်းစားရန်လိုအပ်ပါလိမ့်မယ်။ အစာများများ အကြိမ်နည်းနည်းစားမယ့်အစား အစားအနည်းငယ် ခဏခဏစားပါ။

အသက်ရှူ ရခက်ခဲနေပါက အောက်စီဂျင်အိုးအကူယူပါ။ စိတ်အပန်းပြေစေတဲ့ တရားထိုင်ခြင်း ၊ သီချင်းနားထောင်ခြင်း၊ ငြိမ်းချမ်းတဲ့ နေရာမှာနေခြင်း စတာတွေလေ့ကျင့်ပါ။

အခြားကုသမှုတွေ ဥပမာ နှိပ်နယ်ခြင်း နဲ့ အသက်ရှူ လေ့ကျင့်ခန်းတွေ ကသင့်ကို ပိုသက်သာစေပါတယ်။ သင်ပင်ပန်းနေတဲ့အခါ ၊နာကျင်တဲ့အခါ အသက်ရှူ မရတဲ့အခါ ဘာလုပ်နိုင်သလဲ ဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ကင်ဆာဖြစ်နေတယ်လို့ သိရတ့အခါ သင်လက်ခံဖို့ ခက်ခဲပါလိမ့်မယ်။ ကြောက်တာ ဒေါသထွက်တာ ဝမ်းနည်းတာတွေ ဖြစ်လာနိုင်ပါတယ်။ စိတ်ခံစားချက်ပြင်းထန်တတ်တာပုံမှန်ဖြစ်ပါတယ်။ ကင်ဆာရောဂါသည် အဖွဲ့အစည်းတွေ သို့မဟုတ် နှစ်သိမ့်အားပေးသူတွေက သင့်ခံစားချက်တွေကို ကူညီနိုင်ပါလိမ့်မယ်။ သင့်ကိုကူညီနိုင်မယ့် အခြားသူတွေဥပမာ လူမှုဝန်ထမ်းများ, သူနာပြုများ, ခရစ်ယာန်ဓမ္မဆရာသို့မဟုတ်အခြားဆရာဝန်များကို တွေနိုင်ဖို့ အွန်လိုင်း သို့မဟုတ် သင့်အသိုင်းအဝိုင်းမှာ ရှာဖွေတာ ဒါမှမဟုတ် ဆရာဝန်ရဲ့ အကြံပြုချက်တောင်းခံတာတွေ လုပ်နိုင်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"
    ရင်းမြစ်များ

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ကိုယ်ပေါ်က အဖြစ်အများဆုံး ကိုက်ခဲခြင်းပြဿနာတွေကို ဒီလို ဖြေရှင်းကြည့်ပါ။

    ကိုက်ခဲ ထုံကျင် ခေါင်းကိုက် ခါးနာ ဒူးနာ အစာအိမ်အောင့် လေအောင့် သွားကိုက် ဇက်ကြောတက် ဇက်နာ ခေါင်းတစ်ခြမ်းကိုက်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thin Yadanar @ Frances

    ကျောရိုးထိခိုက်ခြင်းအတွက် သင်ဘာတွေသိထားသလဲ

    ခါးနာနေတယ်၊ လှုပ်ရှားလို့မကောင်းဘူး။ ကြာကြာမထိုင်နိုင်ဘူးဆိုတဲ့ ညည်းသံက ခဏခဏကြားရတတ်ပါတယ်။ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    ကိုယ်ဝန်လွယ်ထားရချိန် ထိခိုက်ဒဏ်ရာတွေနဲ့နာကျင်မှုဝေဒနာ သက်သာစေဖို့

    ကိုယ်ဝန်ဆောင်ထားရတဲ့အချိန်ဟာ မိခင်လောင်းတွေအတွက် စိတ်အလှုပ်ရှားရဆုံးဖြစ်သလို ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    အရေးပေါ်ကုသမှုလိုအပ်တဲ့ အရိုးအကြောအဆစ်ပြဿနာများ

    အရိုးအကြောအဆစ်မှာ ဖြစ်တဲ့ ထိခိုက်မှုတွေက မကြုံဖူးတဲ့သူမရှိပါဘူး။ ခံစားရတဲ့ဝေဒနာအတိမ်အနက်မတူတာတာဘဲရှိပါတယ်။ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    သင့်အတွက် ရွေးချယ်ထားသည်

    အီလက်ထရောနစ်ပစ္စည်းတွေဟာ ကလေးတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်သလဲ

    အီလက်ထရောနစ်ပစ္စည်းတွေဟာ ကလေးတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်သလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 8, 2020 . 3 mins read
    ဗီတာမင် D ချို့တဲ့ခြင်းကို ဘယ်လိုသိနိုင်လဲ

    ဗီတာမင် D ချို့တဲ့ခြင်းကို ဘယ်လိုသိနိုင်လဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 17, 2020 . 2 mins read
    ရိုးရိုးခါးနာတာနဲ့ ကျောက်ကပ်ကြောင့်ခါးနာတာကို ဘယ်လိုခွဲကြမလဲ။

    ရိုးရိုးခါးနာတာနဲ့ ကျောက်ကပ်ကြောင့်ခါးနာတာကို ဘယ်လိုခွဲကြမလဲ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thin Yadanar @ Frances
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 6, 2019 . 2 mins read
    ခါးနာလွန်းနေတယ် ဘယ်လိုလုပ်ရမလဲ။

    ခါးနာလွန်းနေတယ် ဘယ်လိုလုပ်ရမလဲ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thin Yadanar @ Frances
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 6, 2019 . 2 mins read