backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အဆုတ်ကျန်းမာစေဖို့ နေ့စဉ် လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်း ၄ မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 09/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဆုတ်ကျန်းမာစေဖို့ နေ့စဉ် လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်း ၄ မျိုး

အဆုတ်တွေက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတွေပါ။ အဆုတ်က ပြင်ပက ရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်တွေကို ကိုယ်တွင်းက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေနဲ့ ဖလှယ်ပေးတဲ့ တာဝန်ကို အဓိက ထမ်းဆောင်တာပါ။

ခန္ဓာကိုယ်ရဲ့ လေသန့်စနစ်ဆိုလည်း မမှားပါဘူး။ အဆုတ် ကျန်းမာနေမှ အသက် ဝဝရှူလို့ စိတ်ရော ကိုယ်ပါ ကျန်းမာစေမှာပါ။

အဆုတ်က ခန္ဓာကိုယ်အတွက် ဘာတွေ လုပ်ပေးလဲ………

အဆုတ်ရဲ့ အဓိကတာဝန်က ပြင်ပလေထုထဲကလေတွေကို ရှူသွင်းပြီး သွေးကြောတွေကနေတဆင့် အောက်ဆီဂျင်တွေကို ခန္ဓာကိုယ် အနှံ့ကို သယ်ပို့ပေးတာပါ။ အသက်ရှူရအဆင်ပြေစေဖို့လည်း တာဝန်ယူထားပါတယ်။ ဒါတွေအပြင် အဆုတ်က

  • pH ပမာဏထိန်းညှိပေးတယ်
  • အမှုန်အမွှားတွေ စစ်ထုတ်ပေးတယ်
  • ကာကွယ်ပေးတယ်
  • ကူးစက်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်
  • ရောဂါပိုးတွေကို ခန္ဓာကိုယ်ပြင်ပကို ထုတ်ပေးတယ်
  • သွေးတွေကို သိမ်းဆည်းထားပေးတယ်။

အဆုတ်ကို ထိခိုက်စေတဲ့ တစ်ခုမကသော အရာများ

အဆုတ်က တာဝန်တွေ များသလို အဆုတ်ကို ထိခိုက်စေနိုင်တဲ့ အရာတွေကလည်း မနည်းပါဘူး။

ရောဂါတွေဖြစ်ကြတဲ့

အဆုတ် ကျန်းမာစေဖို့ လေ့ကျင့်ခန်း လုပ်ကြစို့

အခုလို ကိုဗစ်ကာလမှာ အဆုတ် ကျန်းမာဖို့ အရေးကြီးပါတယ်။ ဒီတော့ အဆုတ် ကျန်းမာနေစေဖို့ ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ပေးရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

(၁) အသက်ရှူ လေ့ကျင့်ခန်း

ပုံမှန် အသက်ရှူတာမျိုး မဟုတ်ဘဲ အသက်ကို ဝမ်းဗိုက်ထဲထိရောက်အောင် ရှူရတာပါ။ ရင်ဝမ်းခြားမြှေး ကြွက်သားကို ကျုံဆန့်ပေးပြီး သန်မာလာစေဖို့လည်း ထောက်ကူပေးပါတယ်။

ဒီလေ့ကျင့်ခန်း လုပ်ဖို့ဆိုရင် အရင်ဆုံး သက်တောင့်သက်သာ ဖြစ်အောင် ပက်လက်လှဲလိုက်ပါ။ ပြီးရင် လက်တစ်ဖက်ကို ဝမ်းဗိုက်ပေါ်မှာ ထားပြီး တစ်ဖက်ကို ရင်ဘတ်ပေါ်မှာ ထားပေးပါ။ ဒူးခေါင်း အောက်မှာ စောင် မထူမပါးလေး ထည့်ထားပေးပါ။

ပြီးရင်တော့ နှာခေါင်းကနေတဆင့် လေကို ဝအောင် ရှူသွင်းပါ။ ဝမ်းဗိုက်လေး ချပ်သွားတဲ့အထိပေါ့။ ခဏလေး အောင့်ထားပြီး ပါးစပ်ကနေ လေကို ပြန်မှုတ်ထုတ်ပါ။ ၁၀ ခေါက်လောက် လုပ်ပေးပါ။

ပက်လက်မလှုပ်ချင်ဘူးဆိုရင်တော့ ခပ်မတ်မတ်လေးထိုင်ပါ။ ပခုံးတွေကို ဖြေလျော့ထားပါ။ ခါးကျောလေး ဆန့်နေဖို့ မမေ့ပါနဲ့။ ပြီးရင် နှာခေါင်းကနေ လေကို တဝ ရှူသွင်းပါ။ ပြီးရင် ပါးစပ်ကနေ ပြန်ထုတ်လိုက်ပါ။

(၂) ဝင်သက်ထွက်သက်မှတ်ပါ

ဒါက အသက်ရှူလမ်းကြောင်းကို လေ့ကျင့်ပေးတဲ့ လေ့ကျင့်ခန်းတစ်ခုပေါ့။ ဝင်လေထွက်လေကို တစ်ချက်ချင်း မှတ်ပေးတာပါ။ ဒီ လေ့ကျင့်ခန်း လုပ်ဖို့ အရင်ဆုံး

  • မတ်မတ်ထိုင်ပါ။ အနေအထား မှန်လေလေ အဆုတ် လှုပ်ရှားမှုကို ကောင်းစေလေလေပါ။
  • နှာခေါင်းကနေတဆင့် လေကို ဖြည်းဖြည်းချင်း ရှူသွင်းပါ။
  • နှုတ်ခမ်း နှစ်ခုကို ထိရုံလေး စေ့ထားပါ။
  • ပြီးရင် လေကို ရှူထုတ်ပါ။ ရှူထုတ်တဲ့အခါ လေကို တဝကြီး ရှူထုတ်လိုက်ဖို့ မမေ့ပါနဲ့။

၁၀ကြိမ်လောက် လုပ်ပေးပါ။ အဆုတ်ထဲက လေတွေကို သန့်စင်ပေးဖို့ ထိရောက်တဲ့ လေကျင့်ခန်း တစ်ရပ်ပါ။

(၃) Standing toe-touch stretch

နာမည်ကြီး ကြားပြီး မလုပ်တတ်လောက်ဘူးလို့ မထင်လိုက်ပါနဲ့။ ဒီ လေ့ကျင့်ခန်းက အဆုတ်တွေကို အားကောင်းစေသလို လုပ်ရတာလည်း လွယ်ကူ ရိုးရှင်းပါတယ်။ လေ့ကျင့်ခန်း စဖို့အတွက်

  • မတ်မတ်ရပ်ပါ
  • လက်နှစ်ဖက်ကို ရှေ့တည့်တည့်ကို ဆန့်တန်း လိုက်ပါ။
  • ပြီးရင် ခါးကို ကိုင်းလို့ ဆန့်ထားတဲ့ လက်ဖျားနဲ့ ခြေမထိပ်ကို ထိဖို့ ကြိုးစားပါ။
  • ပြီးရင် ပုံမှန်အတိုင်း ပြန်နေပါ။ နောက်တစ်ခေါက် ထပ်လုပ်ပါ။ ၅ ကြိမ်လောက်အထိ လုပ်ပေးလို့ ရပါတယ်။

ဒီလေ့ကျင့်ခန်းက ကိုယ်တွင်းကို အောက်ဆီဂျင် ရောက်ရှိမှု ကောင်းစေပြီး အဆုတ်တွေကို ကျန်းမာစေမှာပါ။ အကြောတွေကို ပြေလျော့စေလို့ နေရထိုင်ရ သက်တောင့်သက်သာ ဖြစ်စေမှာပါ။

(၄) အေရိုးဗစ်

အေရိုးဗစ် လေ့ကျင့်ခန်းက အဆုတ် ကျန်းမာစေဖို့ အများကြီး ထောက်ပံ့ပေးနိုင်ပါတယ်။ အေရိုးဗစ်က ကြွက်သားတွေကို လှုပ်ရှားစေပြီး အဆုတ်၊ နှလုံး စတဲ့ အစိတ်အပိုင်းတွေကို ကျန်းမာစေသလို သက်လုံကောင်းစေပါတယ်။ ကိုယ်ခံအားကိုလည်း အားဖြည့်ပေးပါတယ်။

ခပ်မြန်မြန် လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာတွေ လုပ်ပေးလို့ ရပါတယ်။

ကဲ…. နေ့စဉ် ပုံမှန် လေ့ကျင့်ခန်းလုပ်ရင်း အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ ဂရုစိုက်ရအောင်လား။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 09/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement