Jaundice (အသားဝါခြင်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 20, 2017 . 3 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Jaundice (အသားဝါခြင်း) ကဘာလဲ။

အသားဝါရောဂါသည် သွေးတွင်း bilirubin (အဝါဓါတ်)ပမာဏများခြင်းကြောင့် အရေပြားနှင့် မျက်လုံးဝါခြင်းတို့ဖြစ်ပါသည်။ သွေးနီဥများပျက်စီးခြင်းကြောင့် bilirubin များ ဖြစ်ပေါ်လာပါသည်။ အသည်းမှတစ်ဆင့် bilirubin များကိုစွန့်ထုတ်ပါသည်။ များသောအားဖြင့် မွေးကင်းစကလေးများတွင် အသည်းသည် အပြည့် မဖွံ့ဖြိုးသေးပါ။ ထို့ကြောင့် biliriumများသည် ပို၍မြန်မြန် စုပုံလာပါသည်။ အသည်းမကောင်းသောသူများတွင်လည်း ဖြစ်ပွားနိုင်ပါသည်။

Jaundice (အသားဝါခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသားဝါရောဂါသည် အလွန်အဖြစ်များပါသည်။ အသက်အရွယ် မရွေး ဖြစ်ပွား နိုင်ပြီးမွေးကင်းစကလေးငယ်များတွင် ပို၍ အဖြစ်များပါသည်။ အသားဝါရောဂါသည် မွေးကင်းစကလေးငယ် များတွင် ပျောက်ကင်းမြန်သော်လည်းမပျောက်ကင်းပါက ပြင်းထန်သောအခြေအနေ ဖြစ်နိုင်ပါသည်။ အန္တရာယ် ရှိသောအချက်များကိုလျော့ချခြင်းအားဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက် အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။

လက္ခဏာများ

Jaundice (အသားဝါခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်များသောရောဂါလက္ခဏာများမှာအရေပြားနှင့် မျက်လုံးဝါ ခြင်းတို့ဖြစ်ပါသည်။ အခြားရောဂါလက္ခဏာများမှာ

  • ပါးစပ်အတွင်း ဝါခြင်း
  • အမည်းသို့မဟုတ် အညိုရောင် ဆီးများသွားခြင်း
  • ဖျော့တော့သောရွံ့စေးရောင် ဝမ်းသွားခြင်း
  • Bilirubin ပမာဏ မြင့်တက်ခြင်း
  • အစာစားချင်စိတ် ပျောက်ဆုံးခြင်း
  • အားနည်း၍ ပင်ပန်းခြင်း

အထက်တွင် ဖော်ပြ မထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါတို့ရှိပါကသင်၏ဆရာဝန်နှင့် ဆက်သွယ်ပါ။

  • သင့်ကလေးအရေပြားသည် ပို၍ဝါလာသောအခါ
  • သင့်ကလေးအရေပြားသည် ဝမ်းဗိုက်ပိုင်း၊ လက်မောင်းနှင့် ခြေထောက် တွင်ဝါသောအခါ
  • သင့်ကလေး၏မျက်လုံးဝါခြင်း
  • သင့်ကလေးသည် နုံးနေခြင်းဖျားနာခြင်း။ နှိုးရန် ခက်ခဲခြင်း
  • သင့်ကလေးသည် ကိုယ်အလေးချိန်မတက်ခြင်း၊ သို့မဟုတ် အစာငတ်မွတ်ခြင်း
  • သင့်ကလေးသည် အသံကျယ်စွာအော်ငိုခြင်း
  • သင့်ကလေးသည် သင်အားပူပန်စေသောအခြားလက္ခဏာများပေါ်ပေါက်လာခြင်း
  • အသားဝါခြင်းသည် သုံးပတ်ကျော်ကြာခြင်း

အရွယ်ရောက်ပြီးသူများတွင် အရေပြားဝါခြင်းသည် အသည်းရောဂါ၏ လက္ခဏာတစ်ခုဖြစ်သည်။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Jaundice (အသားဝါခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အသားဝါခြင်းသည် သွေးထဲရှိ သွေးနီဥများ၏ ဘေးထွက်ပစ္စည်း ဖြစ်သော bilirubin များစုပုံလာခြင်းကြောင့် ဖြစ်သည်။ Bilirubin သည် သွေးနီဥများ ပြိုကွဲသောအခါ ဖြစ်ပေါ်လာပါသည်။ ခန္ဓါကိုယ် သည် အသည်းမှတစ်ဆင့် bilirubin များကိုစွန့်ထုတ်ပါသည်။ အသည်းသည် ကောင်းစွာအလုပ်မလုပ်သောအခါ သွေးတွင်းမှ bilirubin များကိုမစစ်ထုတ်နိုင်ပါ။ ထို့ကြောင့် အသားဝါရောဂါသည် အသည်းပျက်စီးသောအခါ သို့မဟုတ် ကောင်းစွာမဖွံ့ဖြိုးသောအခါ အဖြစ်များပါသည်။

Bilirubin များအလွန်များခြင်းသည် ကလေးငယ်၏ အာရုံကြောအဖွဲ့အစည်းကိုထိခိုက်ခြင်းစသောဆိုးကျိုးများကို ဖြစ်စေပါသည်။ လမစေ့ဘဲမွေးသောကလေးများသည် ပုံမှန်မွေးသောကလေးများထက် အသားဝါခြင်းရောဂါ ပိုဖြစ်နိုင်ပါသည်။

အခြားဖြစ်စေသောအချက်များမှာရောဂါပိုးကူးစက်ခြင်း၊ မိခင်နှင့် ရင်သွေးတွင် သွေးအမျိုးအစားကွဲလွဲခြင်းနှင့် မိခင် နို့ချို တိုက်ကျွေးခြင်းတို့ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် မိခင်နို့ချိုသည် ကလေးငယ်အသည်းမှ bilirubin ထုတ်လုပ်ခြင်းကိုဟန့်တားနှောင့်ယှက် နိုင်ပါသည်။ ဤအမျိုးအစားသည် အခြားထက် ပို၍ဖြစ်လွယ်ပြီးသီတင်းပတ်များစွာ ကြာနိုင်ပါသည်။

Risk factors

ငါ့ဆီမှာ Jaundice (အသားဝါခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အသားဝါခြင်းရောဂါဖြစ်ပွားနိုင်ချေ ကိုမြင့်စေသောအကြောင်းရင်းများများစွာရှိပါသည်။ ဥပမာအားဖြင့်-

  • လမစေ့ခင်မွေးခြင်း။ ၃၈ပတ်ဖြင့် မွေးသောကလေးများသည် လစေ့၍မွေးသောကလေးများကဲ့သို့ bilirubin ကိုမကိုင်တွယ်နိုင်ပါ။ အစာနည်းနည်းသာကျွေးနိုင်ပြီးအူလှုပ်ရှားမှု နည်းသောကြောင့် ဝမ်းမှ bilirubin ကိုစွန့်ထုတ်ခြင်းလည်းနည်းပါသည်။
  • မွေးဖွားစဉ် သိသာထင်ရှားသောအညိုမည်းစွဲခြင်း။ မွေးကင်းစကလေးငယ်သည် မွေးဖွားရာမှ အညိုမည်းရပါကကလေးငယ်သည် သွေးနီဥများပြိုကွဲခြင်းကြောင့် bilirubin ပမာဏ မြင့်တက်နိုင်ပါသည်။
  • သွေးအမျိုးအစား။ မိခင်၏သွေးအမျိုးအစားသည် ကလေးနှင့် မတူပါကကလေးငယ်သည် အချင်းမှဖြတ်၍ မိခင်ထံမှ ပဋိပစ္စည်းများလက်ခံရပါသည်။ ထိုပစ္စည်းများသည် ကလေးငယ် ၏ သွေးဆဲလ်များကိုလျင်မြန်စွာပျက်စီးစေပါသည်။
  • နို့တိုက်ရာတွင် ခက်ခဲခြင်း။ နို့တိုက်ကျွေးရခက်ခဲသောကလေးများတွင် အသားဝါခြင်းရောဂါ ဖြစ်မှု ပိုမြင့်ပါသည်။ ရေဓါတ်ခန်းခြောက်ခြင်းသို့မဟုတ် ကာလိုရီအဝင်နည်းခြင်းသည် အသားဝါခြင်းရောဂါကို ဖြစ်စေပါသည်။ သို့သော်လည်းမိခင်နို့တိုက်ကျွေးခြင်းသည် အကျိုးကျေးဇူးများသောကြောင့် ကျွမ်းကျင်သူများကမိခင်နို့တိုက်ခြင်းကိုထောက်ခံထားကြပါသည်။ သင့်ကလေးငယ်သည် လုံလောက်စွာစားသုံးရန်နှင့် ရေဓါတ်ရရှိရန် အရေးကြီးပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Jaundice (အသားဝါခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် bilirubinပမာဏကိုစစ်ဆေးရန် ရိုးရှင်းသောသွေးစစ်မှုကို ပြုလုပ်လိမ့်မည်။ အရွယ်ရောက်ပြီးသူများတွင် အခြားရောဂါများအတွက် အောက်ပါ စစ်ဆေးမှုများကို ပြုလုပ်နိုင်ပါသည်။

  • အသည်းရောဂါပိုးကူးစက်ခြင်းကိုကြည့်ရန် အသည်းရောင်ဗိုင်းရပ်စ်စစ်ဆေးခြင်း
  • အသည်းသည် ဘယ်လောက်ကောင်းမွန်စွာအလုပ်လုပ်သည်ကိုခန့်မှန်းနိုင်သောအသည်းလုပ်ငန်းစစ်ဆေးခြင်း
  • သွေးအားနည်းခြင်းကိုစစ်ဆေးရန် complete blood count
  • ဝမ်းဗိုက်အား ultrasound ရိုက်ခြင်း
  • ဝမ်းဗိုက်အား CT scan ရိုက်ခြင်း
  • Endoscopic retrograde cholangiopancreatography (ERCP)
  • Percutaneous transhepaticcholangiogram (PTCA)
  • အသည်းတစ်ရှူးစယူခြင်း
  • ကိုလက်စထောဓါတ် တိုင်းတာခြင်း
  • Prothrombin time တိုင်းခြင်း

Jaundice (အသားဝါခြင်း) ကို ဘယ်လိုကုသပါသလဲ

အရွယ်ရောက်ပြီးသူများတွင် ကုသမှုသည် အသားဝါခြင်း ဖြစ်စေသောအကြောင်းရင်းကိုရှာဖွေခြင်းပါဝင်သည်။ ကလေးငယ်များတွင်မှု အများစုမှာကုသရန် မလိုအပ်ပါ။

ကုသမှုလိုအပ်ပါကအလင်းကုထုံးသည် အကောင်းဆုံးဖြစ်ပါသည်။ ကလေးငယ်များတွင် များသောအားဖြင့် အသုံးပြုပါသည်။ ကလေးငယ်အားကိုယ်တုံးလုံးဖြင့် မီးချောင်းအလင်းရောင် အောက်တွင် လဲလျောင်းစေပါသည်။ ကုထုံးအတွင်းမျက်လုံးကိုကာကွယ်ရန် ကလေးငယ်၏ မျက်လုံးကိုအဝတ်စဖြင့် အုပ်ထားပါ။ အလင်းရောင်သည် ပိုလျှံနေသော bilirubin ကို ဖြိုခွဲပေးပြီးစွန့်ထုတ်ရလွယ်ရန် ပြုလုပ်ပေးပါသည်။

Ultraviolent blanket ကိုလည်းအသုံးပြုနိုင်ပါသည်။ သွေးတွင်း bilirubin ပမာဏကိုပုံမှန် စစ်ဆေးတိုင်းတာပါ။ အလင်းကုထုံးသည် bilirubin ပမာဏကို ၂ရက်အတွင်း လျော့ကျစေပါသည်။ တစ်ခါတစ်ရံတွင် အလင်းကုထုံးကြောင့် bilirubin ပမာဏ မြင့်တက်နိုင်ပါသည်။ သို့သော် ယာယီခဏသာဖြစ်သည်။ Bilirubin ပမာဏနည်းသွားသော်လည်း ဝါခြင်းသည် ရက်အနည်းငယ် သို့မဟုတ် တစ်ပတ်နှစ်ပတ် အထိကြာနိုင်ပါသည်။

အလင်းကုထုံးဖြင့် လျော့ချ၍မရသော bilirubin ပမာဏများခြင်းတွင် သွေးပြောင်းလဲသွင်းခြင်းကိုပြုလုပ်နိုင်သည်။ bilirubin ပမာဏများသောသွေးများကိုဖယ်ထုတ်ကာအခြားသွေး ဖြင့် အစားထိုးခြင်း ဖြစ်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမသုံးကုထုံးတွေအသုံးပြုခြင်းကအသားဝါရောဂါကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါလူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများသည်အသားဝါ ရောဂါကိုကုသသောနေရာတွင် အကူအညီပေးနိုင်ပါသည်။

  • ကလေးကိုမကြာခဏအစာကျွေးပါ။ ထိုသို့ကျွေးခြင်းသည် ဝမ်းများများသွားစေပြီးအူမှ စုပ်ယူထားသော bilirubin ပမာဏကိုလျော့ချပေးနိုင်ပါသည်။
  • အသားဝါခြင်းထပ်ဖြစ်ပါကဆရာဝန်နှင့် သွားရောက်ပြသပါ။ အခြားရောဂါ ဖြစ်နိုင်ခြင်းကြောင့် ဖြစ်သည်။ မွေးကင်းစကလေးအသားဝါခြင်းကိုကုသပြီးပါကပုံမှန် အားဖြင့် ထပ်မံမဖြစ်ပွားပါ။

အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်သောအဖြေရှာဖွေနိုင်ရန် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မိန်းမကိုယ်ရောင်ရမ်းခြင်း

Vaginitis (မိန်းမကိုယ်ရောင်ရမ်းခြင်း) ဆိုတာ အရွယ်ရောက်နေတဲ့မိန်းကလေး ၇၀ ရာခိုင်နှုန်းလောက်ကြုံတွေ့ဖူးတဲ့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thin Yadanar @ Frances

Acne (ဝက်ခြံ)

ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဖြစ်ပွားမှု အကြောင်းရင်းများနှင့် လက္ခဏာများ၊ အဖြေရှာကုသပုံများကိုလည်း ရှာဖွေနိုင်ပါသည်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe
ရေးသားသူ Dr. Kaung Thar
ကျန်းမာရေးအခြေအနေများ ဇူလိုင် 3, 2017 . 3 mins read

Griseofulvin (ဂရီဇီရိုဖယ်လ်ဗင်)

ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ ဆေးညွှန်းများ၊ ဘေးထွက်ဆိုးကျိုးများနှင့်သတိပေးချက်များရှာဖွေနိုင်ပါသည်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe
ရေးသားသူ Dr . Phyu Mon Latt

သင့်အတွက် ရွေးချယ်ထားသည်

ခြေထောက်အနံ့ဆိုးပျောက်အောင် ရှာလကာရည်နဲ့ စိမ်ကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 10, 2019 . 2 mins read

ကိုယ်ခန္ဓါပေါ်က ပွေးကွက်တွေကြောင့် စိတ်ညစ်နေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မတ် 18, 2019 . 3 mins read

ဝှေးစေ့နဲ့ လိင်အင်္ဂါတစ်ဝိုက် ယားနေတာ စိုးရိမ်စရာရှိလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 14, 2019 . 3 mins read
Naftifine

Naftifine

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Dr. Ye Mhan Linn
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2018 . 6 mins read