Chorea (Chorea ဆိုတာဘာလဲ)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 4, 2019 . 5 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Chorea (Chorea ဆိုတာဘာလဲ) ကဘာလဲ။

Chorea ဆိုတာ လှုပ်ရှားမှုဆိုင်ရာ မူမမှန်တဲ့ ရောဂါတစ်ခုဖြစ်ပြီးှ ဆန္ဒအလျောက်လှုပ်ရှားလိုက်တာမျိုးမဟုတ်ဘဲ မထင်ထားတဲ့ ခန္ဓါကိုယ်လှုပ်ရှားမှုတွေဖြစ်စေနိုင်တဲ့ ရောဂါတစ်မျိုးပါ။ ဒါဟာ ဦးနှောက်အတွင်းထဲမှာ ရှိတဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်တဲ့ neurotransmitter dopamine တက်ကြွလှုပ်ရှားလွန်နေခြင်းကြောင့် ဖြစ်ရတာပါ။

လက္ခဏာတွေကတော့ အသေးစားလက္ခဏာတွေဖြစ်တဲ့ အခြားသူတွေ အနှောက်အယှက်ဖြစ်လောက်တဲ့ လှုပ်ရှားမှုတွေ လုပ်မိရာကစလို့ ပြင်းထန်တဲ့ လက္ခဏာတွေဖြစ်တဲ့ လက်မောင်းနဲ့ ခြေထောက်လှုပ်ရှားမှုတွေရဲု့ မထိန်းချုပ်နိုင်တဲ့ လှုပ်ရှားမှုတွေထိ ရှိပါတယ်။ ဒါဟာ စကားပြောဆိုတာတွေ၊ မြိုချတာတွေနဲ့ ကိုယ်နေဟန်ထားတွေ၊ လမ်းလျှောက်ပုံတွေကို အနှောက်အယှက်ဖြစ်စေပါတယ်။

Chorea (Chorea ဆိုတာဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ

အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Chorea (Chorea ဆိုတာဘာလဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Chorea ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ “milkmaid’s grips” တွေပါပဲ။ ဒါပေမဲ့ လက္ခဏာတွေဟာ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အခြေအနေတွေပေါ် မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။ ဒီရောဂါဖြစ်နေတဲ့ လူတွေဟာ လက်ကကြွက်သားတွေ မသန်မာတော့တာနဲ့ လက်တွေကို ဆုပ်(ညှစ်)လိုက် ဖြန်လိုက်နဲ့ နွားနို့ညှစ်သလို လုပ်တောမျိုးတွေ ဖြစ်တတ်ပါတ်ယ အခြားလက္ခဏာကတော့ မရည်ရွယ်ဘဲ လျှာထုတ်မိနေခြင်းပါ။

Chorea လှုပ်ရှားမှုတွေဟာ မြန်တာရှိသလို နှေးတာလည်း ရှိပါတယ်။ လှည့်လိုက်တဲ့အခါ နာကျင်တာမျိုးရှိနေသလို ခန္ဓါကိုယ်ကို လုံးဝထိန်းချုပ်မရတာမျိုးလည်း ရှိပါတယ်။ Chorea နဲ့ ဆက်စပ်နေတဲ့ ရောဂါတွေနဲ့ လက္ခဏာတွေကတော့

Huntington’s disease : ဒီရောဂါကတော့ မျိုးရိုးလိုက်တဲ့ရောဂါပါ။ ဦးနှောက်ထဲက အာရုံကြောဆဲလ်တွေကို ရပ်တန့်စေပါတယ်။ ဒီရောဂါရှိတဲ့သူတွေဟာ မရည်ရွယ်တဲ့ အပြုအမူတွေ ဒါမှမဟုတ် လှည့်လိုက်တာတွေ လုပ်မိတတ်တဲ့ လက္ခဏာမျိုးကို ခံစားရနိုင်ပါတယ်။ Millkmaid’s grip ကလည်း အဖြစ်များတဲ့ လက္ခဏာပါပဲ။ Chorea ဟာ Huntington’s disease ရှိတဲ့ လူကြီးတွေမှာ အတွေ့ရများတတ်ပါတယ်။ ကြာလာလေလေ လက္ခဏာတွေ ပိုဆိုးလာလေလေဖြစ်ပြီး ခြေထောက်နဲ့ လက်လှုပ်ရှားမှုကိုပါ ထိခိုက်လာစေနိုင်ပါတယ်။

Chorea- acanthocytosis : ဒီရောဂါကတော့ မျိုးရိုးဗီဇကြောင့်ဖြစ်ရတဲ့ ရှားပါးတဲ့ ရောဂါအခြေအနေတစ်ခုပါ။ သွေးနီဥပုံမှန်မဟုတ်ခြင်းနဲ့ ရောဂါရှာဖွေပါတယ်။ ဒါက အာရုံကြောမူမမှန်မှုတွေကိုဖြစ်စေပြီး ဦးနှောက်အလုပ်လုပ်ပုံကို ထိခိုက်စေနိုင်ပါတယ်။ ဒီရောဂါရဲ့ Chorea မှာတော့ ပုံမှန်မဟုတ်တဲ့ လက်နဲ့ခြေထောက်လှုပ်ရှားမှုတွေ၊ ပုခုံးတွန့်တာတွေ၊ pelvic thrusts စတာတွေဖြစ်တတ်ပါတယ်။ မရည်ရွယ်ဘဲ ရုတ်တရက် မျက်နှာကို အမြန်လှုပ်ရှားမိတာတွေလည်း ပါဝင်နိုင်ပါတယ်။ ဒီ chorea ပုံစံရှိတဲ့ လူတွေဟာ dystonia လည်း ရှိနိုင်ပါတယ်။ ဒါကိုတော့ ပါးစပ်နဲ့ မျက်နှာက မထိန်းချုပ်နိုင်တဲ့ကြွက်သား (Involuntary muscle)တွေ ကြုံ့ခြင်းအားဖြင့် သိနိုင်ပါတယ်။ ဥပမာ

သွားကြိတ်ခြင်း

မရည်ရွယ်ဘဲ လေအန်ခြင်း

သွားရည်ကျခြင်း သို့မဟုတ် တံတွေးကျခြင်း

နှုတ်ခမ်းနဲ့ လျှာကိုက်ခြင်း

စကားပြောဖို့ ခက်ခဲခြင်း

အသံထွက်ခြင်း ဥပမာ grunting (မာန်ဖီခြင်း)၊ ပုံမှန်မဟုတ်ဘဲ စကားပြောခြင်း သို့မဟုတ် စကားပြောသံက ပုံမှန်မဟုတ်ခြင်း

Sydenham’s chorea : ဒီရောဂါကတော့ ကလေးတွေမှာ အဖြစ်များပြီး streptococcal infection ဝင်တတ်ပါတယ်။ ဒါဟာ rheumatic fever ရဲ့ နောက်ဆက်တွဲပြဿနာလည်း ဖြစ်နိုင်ပါတယ်။ ဒီလို chorea အမျိုးအစားကတော့ အဓိကအားဖြင့် မျက်နှာ၊ လက်မောင်းနဲ့ လက်တွေကို ထိခိုက်နိုင်ပါတယ်။ ပုံမှန်လှုပ်ရှားမှုတွေကိုတောင ်ထိခိုက်စေနိုင်ပြီး အဝတ်အစားဝတ်တာ၊ ထမင်းစားတာစတဲ့ ပုံမှန်လှုပ်ရှားမှုတွေကို လုပ်ဆောင်ရ ခက်ခဲစေပါတယ်။ ဒါက ပစ္စည်းမကြာခဏလွှတ်ကျခြင်း၊ ပစ်ချခြင်း၊ လမ်းလျှောက်ပုံ ပုံမှန်မဟုတ်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ စကားပြောပုံ မမှန်ခြင်း (အသံမပီခြင်း) ကြွက်သားလှုပ်ရှားမှုအားနည်းခြင်း စတာတွေကို ဦးတည်လာတတ်ပါတယ်။ ဒီလို chorea အမျိုးအစားရှိသူတွေဟာ Milkmaid grip လည်း ဖြစ်နေတတ်ပါတယ်။ အခြားသော အဖြစ်များတဲ့ လက္ခဏာကတော့ “ Harlequin togue” (ဟာလေကွင်းလျှာ)ပါပဲ။ ဒီလက္ခဏာရှိတဲ့သူဟာ လျှာကိုထုတ်ဖို့ကြိုးစားနေပေမယ့် လျှာက ထုတ်လိုက် ပြန်ဝင်သွားလိုက်ဖြစ်နေတာမျိုးသာ ဖြစ်တတ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Chorea (Chorea ဆိုတာဘာလဲ) ကိုဘာတွေကဖြစ်စေသလဲ

Chorea ဟာ အခြားသော ပြဿနာအချို့နဲ့လည်း ဆက်စပ်နေပါသေးတယ်။ အချို့ကတော့ ယာယီကျန်းမာရေးပြဿနာပေါ့။ အချို့ကတော့ နာတာရှည်ရောဂါတွေပါ။ ဒါတွေကတော့ AIDS, မျိုးရိုးဗီဇဆိုင်ရာရောဂါ ဥပမာ Huntington’s disease, ခုခံအားပြဿနာ ဥပမာ systemic lupus erythematosus, ပိုးဝင်ခြင်းနဲ့ ဆက်စပ်နေသော ရောဂါများ ဥပမာ Sydenham’s chorea, Levodopaနဲ့ Neuroleptics တို့အပါအဝင် ဆေးဝါးများ၊ ဇီဝဖြစ်စဉ် သို့မဟုတ် endocrine ပုံမှန်မဟုတ်ခြင်းပြဿနာ ဥပမာ Hypoglycemis, ကိုယ်ဝန်ဆောင်ခြင်း (ဒါကို chorea gravidarumလို့လည်း သိကြပါတယ်။ ) စတာတွေ ပါဝင်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Chorea (Chorea ဆိုတာဘာလဲ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

Rheumatic fever ဖြစ်ဖူးတဲ့သူတွေဟာ chorea ဖြစ်နိုင်ချေများပါတယ်။ ဒီအခြေအနေဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို chorea gravidarum ဖြစ်နိုင်ချေ မြင့်စေသလိုပါပဲ။

အခြားသော ဖြစ်နိုင်တဲ့အကြောင်းတွေကတော့ အချို့သောရောဂါဖြစ်နိုင်ချေတွေနဲ့ ဆက်စပ်နေပါတယ်။ ဥပမာ Huntington’s disease ဟာ မျိုးရိုးအရဖြစ်တဲ့ မူမမှန်မှုဖြစ်ပြီး chorea ကိုလည်း ဖြစ်စေနိုင်ပါတယ်။ မိဘမှာ ဒီရောဂါရှိတယ်ဆိုရင်တော့ ရောဂါကို မျိုးရိုးဆက်ခံနိုင်ချေ ၅၀%ရှိတယ်လို့ Mayo ဆေးခန်းက ဆိုပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Chorea (Chorea ဆိုတာဘာလဲ) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါအများစုက Chorea ကိုဖြစ်စေတာကြောင့် ဖြစ်နိုင်ချေရှိတာတွေကို ရှာဖွေဖို့ ဆရာဝန်က သင့်ရဲ့ ဆေးမှတ်တမ်းကို စစ်ဆေးရပါ့မယ်။ ဒီရောဂါရှိမရှိ အတည်ပြုဖို့ သင့်ကို ဒီမေးခွန်းတွေ မေးနိုင်ပါတယ်။

  • လက္ခဏာတွေက ဘယ်တုန်းကစဖြစ်တာလဲ။
  • လက္ခဏာတွေ ပိုဆိုးလာအောင် ဒါမှမဟုတ် ပိုကောင်းလာအောင် ဘာတွေကလုပ်ပေးနိုင်သလဲ။ စိတ်ဖိစီးမှုများနေတဲ့အခါ လက္ခဏာတွေ ပိုဆိုးလာသလား။
  • Hyperthyroidism သို့မဟုတ် Huntington’s disease ရောဂါဖြစ်ဖူးတဲ့ မျိုးရိုးရှိသလား။
  • ဘာဆေးတွေသောက်နေသလဲ။

အချို့သော ဓါတ်ခွဲစမ်းသက်ချက်တွေကလည်း chorea ကို ပြသနိုင်ပါတယ်။ ဥပမာ ခန္ဓါကိုယ်ထဲက ကော့ပါးဓါတ်တွေ နည်းနေတဲ့အခါ Wilson disease ရှိတယ်ဆိုတာ ပြနိုင်ပြီး ဒါဟာ chorea ဖြစ်စေနိုင်တဲ့ မျိုးရိုးဗီဇဆိုင်ရာရောဂါပါ။ spiky erythrocytes သို့မဟုတ် သွေးနီဥဆဲလ်တွေကို စစ်ဆေးခြင်းဟာ chorea-acanthocytosis ကို ပြပေးနိုင်ပါတယ်။ ပါရာသိုင်းရွိုက်ဟော်မုန်း သို့မဟုတ် သိုင်းရွိုက်ဟော်မုန်းကို စစ်ဆေးတဲ့ သွေးစစ်ခြင်းကလည်း metabolic သို့မဟုတ် endocrine နဲ့ ဆက်စပ်နေတဲ့ chorea ကို ပြသနိုင်ပါတယ်။

Huntington’s disease ကတော့ ပုံဖော်စစ်ဆေးရမှာပါ။ ဥပမာ MRI scan ရိုက်တာမျိုးလုပ်ခြင်းက ဒီရောဂါကို ညွှန်ပြနိုင်တဲ့ ဦးနှောက်လှုပ်ရှားမှုကို ပြသနိုင်ပါတယ်။

Chorea (Chorea ဆိုတာဘာလဲ) ကို ဘယ်လိုကုသပါသလဲ

Chorea ကိုကုသဖို့အတွက် စံထားတဲ့ ကုသမှုမရှိသေးပါဘူး။ ကုသမှုတွေဟာ chorea ပုံစံတွေနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေပေါ်မူတည်ပြီး ပြောင်းလဲပါတယ်။ Huntington’s disease အတွက် ကုသမှုက supportive (ပြင်ပထောက်ပံ့မှု)ဖြစ်ပြီး Syndenham’s chorea အတွက် ကုသမှုမှာတော့ ပိုးသတ်နိုင်ဖို့ ပဋိဇီဝဆေးတွေ ပါဝင်လာပါတယ်။ ဆေးပမာဏကို ထိန်းညှိပြီး တိုက်ခြင်းက ဆေးကောင့်ဖြစ်တဲ့ chorea ကို ကုသပေးနိုင်ပါတယ်။ Metbolic and endocrine နဲ့ ဆက်စပ်နေတဲ့ chorea ကိုတော့ ဖြစ်တဲ့ လက္ခဏာတွေပေါ်မူတည်ပြီး ကုသပါတယ်။ Parkinson’s disease ကြောင့်ဖြစ်တဲ့ Chorea ကတော့ ကုသနိုင်စရာနည်းလမ်းမရှိပေမယ့် ရောဂါလက္ခဏာတွေကိုတော့ ထိန်းချုပ်လို့ရပါတယ်။

ဆေးဝါးများ။ ။ Chorea အတွက် သုံးတဲ့ ဆေးအများစုဟာ dopamine ကို ထိခိုက်စေနိုင်ပါတယ်။ Dopamine ဆိုတာကတော့ ဦးနှောက်တွင်းဓါတုပစ္စည်းတစ်မျိုး သို့မဟုတ် အာရုံကြောအချက်ပြစနစ်တစ်ခုဖြစ်ပြီး ၎င်းက လှုပ်ရှားမှုတွေ၊ တွေးတောမှုတွေနဲ့ ဦးနှောက်တွင်း ချမ်းမြေ့မှုကို ထိန်းချုပ်ပါတယ်။ လှုပ်ရှားမှုဆိုင်ရာ မူမမှန်မှုအများစုဟာ dopamine လယ်ဗယ်နဲ့ ဆက်စပ်နေပါတယ်။ ဒီမူမမှန်မှုတွေမှာတော့ Parkinson’s ရောဂါတွေနဲ့ restless legs syndrome စတာတွေ ပါဝင်ပါတယ်။ အချို့သောဆေးတွေကတော့ dopamine လက်ခံတွေကို တားမြစ်ထားပြီး သင့်ခန္ဓါကိုယ်က Dopamine ကို အသုံးမပြုနိုင်တော့ပါဘူး။ ဒီဟာအများစုဟာ စိတ်ကျန်းမာရေးအတွက် အသုံးပြုတဲ့ဆေးတွေဖြစ်ပြီး chorea ကို လျှော့ချပေးနိုင်ချေရှိပါတယ်။ ဒီလိုဆေးတွေမှာတော့

Fluphenazine (Prolixin), Haloperidol (Haldol), Olanzapine (Zyprexa), Quetiapine (Seroquel), Risperidone (Risperdal) စတာတွေပါဝင်ပါတယ်။

Dopamine ပမာဏကို လျှော့ချလိုက်တဲ့ အခြားသောဆေးတွေ ဥပမာ reserpine နဲ့ tetrabenazine (Xenazine) စတာတွေလည်း ရျိနေပါသေးတယ်။ Benzodiazepines လို့သိတဲ့ဆေးဝါးတွေ ဥပမာ clonazepam (Klonopin) တွေကတော့ chorea ကို လျှော့ချပေးတဲ့နေရာမှာ အထောက်အကူဖြစ်ပါတယ်။ ဆက်တိုက်လှုပ်ရှားမှုတွေကို လျှော့ချပေးနိုင်တဲ့ Anticonvulsants တွေကတော့ chorea လက္ခဏာတွေကို လျှော့ချပေးနိုင်ပါတယ်။

ခွဲစိတ်ခြင်း။ ။ Deep Brain Stimulation လို့ခေါ်တဲ့ ဦးနှောက်အတွင်းပိုင်းထိလှုံ့ဆော်ပေးခြင်းဟာ chorea ကုသမှုအတွက်တော့ သက်သာလာစေတယ်လို့ သေချာတဲ့ ခွဲစိတ်မှုတစ်ခုပါပဲ။ ဒီကုသမှုမှာတော့ ဦးနှောက်တွင်းမှာ electrodes တွေ ထည့်သွင်းပြီး အာရုံကြောတွေကို လှုံ့ဆော်တာပါ။ တကယ်လို့ chorea က ဆေးမတိုးတော့ဘူးဆိုရင်တော့ ဆရာဝန်က ဒီခွဲစိတ်မှုလုပ်ဖို့ အကြံပြုပါလိမ့်မယ်။ ဒီလုပ်ငန်းစဉ်ကတော့ chorea ကို ကုသနိုင်မှာမဟုတ်ပေမယ့် လက္ခဏာတွေကိုတော့ လျှော့ချပေးနိုင်ပါလိမ့်မယ။်

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Chorea ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Chorea ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

Chorea ဟာ လူတစ်ယောက်ကို ချော်လဲကျနိုင်ချေ အရမ်းကို များစေပါတယ်။ မချော်နိုင်တဲ့ မျက်နှာပြင်တွေကို လှေကားတွေနဲ့ ရေချိုးခန်းတွေမှာ သုံးခြင်း စတဲ့ အိမ်တွင်းပြုပြင်မှုတွေဟာ ဒဏ်ရာရမှုတွေကို ထိုက်သင့်သလောက် ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ သင့်အိမ်ကို အန္တရာယ်ကင်းတဲ့ နေရာဖြစ်စေဖို့ အခြားနည်းလမ်းတွေကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ပုံမှန်မဟုတ်တဲ့ စိုးရိမ်ပူပန်လွန်ကဲခြင်း လက္ခဏာများ

    လူအများစုရဲ့ ဘဝမှာ တစ်ခါလောက်တော့ စိုးရိမ်ပူပန်တာမျိုး ဖြစ်တတ်ကြပါတယ်။ ကျွန်တော်တို့နေ့စဉ်ဘဝမှာ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    ဝှေးစေ့ကင်ဆာအကြောင်း တစေ့တစောင်း

    လိင်ကျန်းမာရေး အမျိုးသားရောဂါ ကင်ဆာကုထုံး ရောဂါလက္ခဏာများ ဝှေးစေ့ကင်ဆာ ဘယ်သူတွေမှာ အဖြစ်များလဲ ရောဂါရှိမရှိ ဘယ်လိုစစ်ဆေးမလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

    When invisible germs enter the urinary tract for a variety of reasons, they begin to show symptoms of urinary tract infection. bacteria , Fungal infections; In very rare cases, it can be caused by a virus. Studies ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    လည်ချောင်းခြောက်ပြီး ယားနေတာ ဒါတွေကြောင့် ဖြစ်နိုင်တယ်နော်

    အအေးမိဖျားနာ ဓါတ်မတည့်ခြင်း ခံတွင်းခြောက်ခြင်း ရောဂါလက္ခဏာများ ရာသီအကူးအပြောင်းကာလ အိပ်နေစဉ်အသက်ရှုရပ်တန့်ခြင်း ပျောက်ကင်းသက်သာအောင်ဘယ်လိုလုပ်မလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    သင့်အတွက် ရွေးချယ်ထားသည်

    နှလုံးရောဂါ အကြောင်း

    နှလုံးရောဂါ အကြောင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 5 mins read
    ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

    ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 mins read
    မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ

    မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 8, 2020 . 3 mins read

    ကလေးများတွင်ဖြစ်သော မျက်လုံးတိမ်စွဲခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2020 . 2 mins read