Botulism (ဘော်ကျူလစ်ဆင်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဖေ‌ဖော်ဝါရီ 6, 2018
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Botulism (ဘော်ကျူလစ်ဆင်) ကဘာလဲ။

ဘော်ကျူလစ်ဆင်ဆိုတာ Clostridium botulinum ရဲ့ အဆိပ်ကြောင့် ဖြစ်သော အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ ယင်းအကောင်က A ကနေ G အထိ အဆိပ်အမျိုးအစား၇ခုထုတ်ပါတယ်။ ဒါပေမယ့်လည်း A,B,E နဲ့ F ကသာ လူတွေကို ဒုက္ခပေးတာပါ။

အစာအဆိပ်သင့်ခြင်း၊ အနာမှအဆိပ်သင့်ခြင်းနဲ့ ကလေးငယ်များတွင် ဘော်ကျူလိုင်အဆိပ်သင့်ခြင်းဆိုပြီး ဘော်ကျူလစ်ဆင်ပုံစံ ၃မျိုးရှိပါတယ်။

Botulism (ဘော်ကျူလစ်ဆင်) က ဘယ်လောက်အဖြစ်များသလဲ

အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဘော်ကျူလစ်ဆင်ဟာ လူတစ်ယောက်မှ တစ်ယောက်သို့ မကူးစက်နိုင်ပါဘူး။ အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေကို လျော့ချနိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Botulism (ဘော်ကျူလစ်ဆင်) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဘော်ကျူလိုင်အဆိပ်သင့် အစာတွေစားသောက်ပြီး ၁၂နာရီကနေ ၃၆နာရီအတွင်းမှာ လက္ခဏာပြပါလိမ့်မယ်။ ၅ရာခိုင်နှုန်းကနေ ၁၀ရာခိုင်နှုန်းလောက်က သေစေနိုင်တဲ့အဆင့်ထိရှိပါတယ်။ ကနဦးရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • မျက်ခွံကျနေခြင်း
  • အမြင်ဝါးခြင်း
  • နှစ်ထပ်မြင်ခြင်း
  • အာခေါင်ခြောက်ခြင်း
  • စကားထစ်ခြင်း
  • အစာ၊ရေမျိုရခက်ခြင်း
  • ကြွက်သားအားနည်းခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဘော်ကျူလစ်ဆင်လက္ခဏာတွေရှိနေမယ်ဆိုရင် ဆရာဝန်ဖြင့် ချက်ချင်းပြသပေးပါ။ အချိန်မှီမကုသဘူးဆိုရင် လက်၊ခြေထောက်နဲ့ တစ်ကိုယ်လုံးအကြောတွေ သေသွားနိုင်ပြီး အသက်ရှုကြွက်သားတွေအကြောသေတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ အသက်ရှုစက်တောင် အသုံးပြုရနိုင်လောက်ပါတယ်။

အကြောင်းရင်းများ

Botulism (ဘော်ကျူလစ်ဆင်) ကိုဘာတွေကဖြစ်စေသလဲ

ဘော်ကျူလိုင်အဆိပ်သင့်နေတဲ့ အစားအစာတွေကို စားလိုက်မယ်ဆိုရင် ဘော်ကျူလစ်ဆင်ဖြစ်နိုင်ပါတယ်။ အဓိကကတော့ အစားအစာတွေကို မှန်မှန်ကန်ကန် မထိန်းသိမ်းတာပါ။

ဒါ့အပြင် သတိမထားမိလိုက်တဲ့အနာတွေကနေ ဘက်တီးရီးယားဝင်ရောက်ခြင်းဖြင့်လည်း ဖြစ်နိုင်ပါတယ်။ ထို့နောက် ဘက်တီးရီးယား ကြီးထွားဖွံ့ဖြိုးလားပြီး အဆိပ်တွေထုတ်ပါတော့တယ်။ မူးယစ်ဆေးသုံးတဲ့လူတွေမှာ အဖြစ်အများဆုံးပါ။

ကလေးတွေအပြင်မှာ ဆော့ကစားရင်းနဲ့ မြေကြီးထဲက စပိုးတွေဝင်ရောက်ပြီးလည်း ဖြစ်နိုင်ပါတယ်။ ယင်းစပိုးတွေက အူတွေထဲမှာ ကြီးထွားလာပြီး အဆိပ်တွေ ထုတ်ပါတယ်။

ဖြစ်နိုင်ခြေများ

ဘာတွေက ဘော်ကျူလစ်ဆင် ဖြစ်နိုင်ခြေကို မြင့်မားစေတာလဲ။

အောက်ပါတို့က ဘော်ကျူလစ်ဆင်ဖြစ်နိုင်ခြေကို မြင့်မားစေပါတယ်။

  • အစားအသောက်သန့်ရှင်းမှုမရှိခြင်း
  • မွေးကင်းစကလေးငယ်များ
  • အနာကို ပိုးမသတ်မိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Botulism (ဘော်ကျူလစ်ဆင်) ကို ဘယ်လိုအတည်ပြုပါသလဲ

ဘော်ကျူလိုင်အဆိပ်မိခြင်းက အခြားအဆိပ်မိခြင်းများနဲ့ လက္ခဏာတွေဆင်တူတာကြောင့် ခွဲခြားဖို့ခက်ခဲနိုင်ပါတယ်။ သုံးသပ်မှုမလုပ်ခင်မှာ ဓါတ်ခွဲခန်း၌ သီးသန့်စမ်းသပ်စစ်ဆေးမှု အနည်းငယ်ပြုလုပ်ရပါလိမ့်မယ်။ အဖြေရဖို့ ၄ရက်လောက် ကြာပါတယ်။

Botulism (ဘော်ကျူလစ်ဆင်) ကို ဘယ်လိုကုသပါသလဲ

ဘော်ကျူလဆင်ကုသနည်းမျိုးစုံရှိပါတယ်။ များသောအားဖြင့် ဆရာဝန်က ရောဂါလက္ခဏာတွေကို စစ်ဆေးပြီး အကြောသေခြင်းကို နှောင့်နှေးစေဖို့နဲ့ အခြေအနေပိုမဆိုးလာအောင်ထိန်းထားဖို့ ဖြေဆေးပေးထားပါလိမ့်မယ်။

လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းများ

ဘော်ကျူလစ်ဆင်ကို ရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေကဘာလဲ။

အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘော်ကျူလဆင်ကို ရင်ဆိုင်နေစေဖို့ ကူညီပေးပါလိမ့်မယ်။

အများစုကတော့ စည်သွတ်အစားအစာများ အထူးသဖြင့် ဟင်းသီးဟင်းရွက်တွေနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် အစားအစာ ပြုလုပ်ခြင်းနဲ့ ထိန်းသိမ်းခြင်းတို့မှာ ဂရုပြုဖို့လိုပါတယ်။

  • အဆိပ်အတောက်တွေဟာ အပူအချိန်အမြင့်မှာ ပျက်စီးသွားနိုင်တာကြောင့် ဆယ်မိနစ်ခန့် ပြုတ်ပေးပါ။
  • ကလေးတွေကို ပျားရည်တိုက်မယ်ဆိုရင် သတိထားပေးပါ။ ကလေးတွေမှာဖြစ်တဲ့ အခြေအနေတော်တော်များများက ရောဂါပိုးကူးစပ်ခံထားရတဲ့ ပျားရည်ကြောင့်ဖြစ်ပါတယ်။
  • အနာကိုသန့်သန့်ရှင်းရှင်းနဲ့ မှန်မှန်ကန်ကန် ဂရုစိုက်ပေးပါ။ အနာကြောင့် ဖြစ်တဲ့ ဘော်ကျူလစ်ဆင်အန္တရယ်လျော့ချဖို့ စွဲလမ်းစေတဲ့ ဆေးများ အသုံးမပြုပါနှင့်။

မေးစရာတွေ ရှိနေမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Print edition. Page 223
Porter, R. S., Kaplan, J. L., Homeier, B. P., & Albert, R. K. (2009). The Merck manual home health handbook. Whitehouse Station, NJ, Merck Research Laboratories. Print edition. Page 820

Botulism. Centers for Disease Control and Prevention. http://www.cdc.gov/nczved/divisions/dfbmd/diseases/botulism/. Accessed September 24, 2015.

Chalk C, et al. Medical treatment for botulism. Cochrane Database of Systematic Reviews. http://onlinelibrary.wiley.com/doi/10.1002/14651858.CD008123.pub3/abstract. Accessed September 24, 2015.

Principles of home canning. National Center for Home Food Preservation. http://nchfp.uga.edu/publications/publications_usda.html. Accessed September 24, 2015.

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Iron poisoning (သံဓါတ်အဆိပ်သင့်ခြင်း)

ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဖြစ်ပွားမှု အကြောင်းရင်းများနှင့် လက္ခဏာများ၊ အဖြေရှာကုသပုံများကိုလည်း ရှာဖွေနိုင်ပါသည်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Phyo Wai Yan

အသည်းအဆိပ်ဖြေမဲ့ ဆေးဖက်ဝင်အပင်များ

အသည်းအမာရွတ်ဖြစ်ခြင်း အသည်းရောဂါ တိုင်းရင်းဆေး ဆေးဖက်ဝင်အပင် အသည်းရောင်အေပိုး ဆေးဝါးနှင့်ဆေးဖက်ဝင် အဆိပ်ဖြေခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Sandar Lin

အဆိပ်မိခြင်းအတွက်ရှေးဦးသူနာပြုစုနည်း

အဆိပ်ဆိုတာ မြိုချမိခြင်း၊ ရှူရှိုက်မိခြင်း၊ ထိကိုင်မိခြင်း သို့ အကြောသွင်းထိုးသွင်းခြင်းဖြင့် ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe
ရေးသားသူ Phyo Wai Yan

အဆိပ်ရှိတဲ့အကောင်ကိုက်ရင် ဘယ်လိုလုပ်ရမလဲ

ပွင့်လင်းရာသီရောက်လာပြီဆိုရင်ကျေးငှက်တိရစ္ဆာန်လေးတွေပျော်ရွှင်မြူးထူးနေတာကိုတွေ့မြင်နိုင်ပြီဖြစ်သလို ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ့်ကလေးမှာ ဒီလက္ခဏာတွေတွေ့ရင် မပေါ့ဆနဲ့နော်

ကိုယ့်ကလေးမှာ ဒီလက္ခဏာတွေတွေ့ရင် မပေါ့ဆနဲ့နော်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 27, 2019
ရာသီအပြောင်းအလဲမှာ ဖြစ်ပွားတတ်တဲ့ အအေးမိရောဂါအကြောင်း တစေ့တစောင်း…

ရာသီအပြောင်းအလဲမှာ ဖြစ်ပွားတတ်တဲ့ အအေးမိရောဂါအကြောင်း တစေ့တစောင်း…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 3, 2018
Anorexia Nervosa

Anorexia Nervosa

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Dr. May Myat Hnin Aung
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2018
Depression (စိတ်ကျရောဂါ )

Depression (စိတ်ကျရောဂါ )

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Dr.Nyan Linn
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2018