အစပ်အလွန်အကျွံစားရင် ဖြစ်တတ်တဲ့ Glossitis လျှာရောင်ရမ်းနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read
Share now

Glossitis ဆိုတာက ခံတွင်းကျန်းမာရေးပြဿနာတစ်မျိုးဖြစ်ပြီးတော့ လျှာရောင်းရမ်းနာ တစ်မျိုးပါ။ ခံစားရခက်ပြီးတော့ ဖြစ်ပွားချိန်လည်း ကြာမြင့်တဲ့ ဝေဒနာ တစ်မျိုးဖြစ်ပါတယ်။ ပူတဲ့စပ်တဲ့ အစားအစာတွေကို အလွန်အကျွံ စားတတ်သူတွေမှာ အဖြစ်များတတ်ပါတယ်။

လျှာတစ်လျှောက်မှာ ကြမ်းတမ်းနေတာ၊ နာကျင်ရောင်ရမ်းနေတာ၊ အနီပြင်တွေထွက်တာ၊ အရောင်ပြောင်းလဲတာ၊ စကားပြောဆိုတာ-အစာစားတာ-မျိုချတာတွေမှာ ခက်ခဲနေတတ်တာနဲ့ လျှာဖောရောင်နေတာမျိုးတွေဖြစ်တတ်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပြီး ခံစားရခက်တဲ့ ဝေဒနာတစ်မျိုးလို့ ဆိုရမှာပါ။

လျှာဟာ အစာမျိုချတာနဲ့ စကားပြောဆိုရာမှာ အရေးပါတဲ့ ကြွက်သားအစိတ်အပိုင်းတစ်မျိုးဖြစ်တာကြောင့် Glossitis ဖြစ်ပြီဆိုတာနဲ့ အစာစားတာမှာရော၊ စကားပြောဆိုရမှာပါ ပြဿနာရှိလာမှာဖြစ်ပါတယ်။ အစာစားချိန်၊ စကားပြောဆိုချိန်တွေမှာ ပြင်းထန်စွာ နာကျင်နေတာမျိုးဖြစ်တတ်ပါတယ်။

ပုံမှန်အားဖြင့် Glossitis ရောဂါအမျိုးအစား ၃ မျိုးရှိပါတယ်။

  • ဓာတ်မတည့်မှုကြောင့် ဖြစ်လေ့ရှိတဲ့ Acute glossitis
  • နာတာရှည်ဖြစ်တတ်တဲ့ Chronic glossitis နဲ့
  • လျှာအရောင်ကိုပြောင်းလဲစေတဲ့ Atrophic glossitis တို့ပါပဲ။

ရောဂါတစ်ခါဖြစ်ပြီဆိုရင်လည်း ၁၀ ရက်ထက်မနည်းကြာတတ်တာမို့ ပြင်းထန်တဲ့ရောဂါတစ်မျိုးမဟုတ်ပေမယ့် ဆိုးရွားတဲ့ရောဂါတစ်ခုလို့ သတ်မှတ်ခံရတာပါ။

Glossitis ဘာလို့ဖြစ်ရတာလဲ

ပုံမှန်အားဖြင့် Glossitis ဖြစ်စေတဲ့အကြောင်းအရင်းက အာဟာရဓာတ်ချို့တဲ့လို့ပါ။ ဒါပေမယ့် ဒီတစ်ချက်တည်းတာ့မဟုတ်ပါဘူး။ အောက်ပါအချက်တွေဟာ Glossitis ဖြစ်စေနိုင်တဲ့ အချက်တွေဖြစ်ကြပါတယ်။

ဘယ်လိုလူတွေ Glossitis ပိုဖြစ်နိုင်သလဲ

Glossitis က လူတိုင်းမှာ အချိန်မရွေးဖြစ်နိုင်ပေမယ့် အောက်ပါလူအမျိုးအစားတွေမှာတော့ ဖြစ်နိုင်ခြေပိုများပါတယ်။
ဒီလူတွေကတော့

  • ပါးစပ်နဲ့ အာခေါင်မှာ ထိခိုက်ဒါဏ်ရာရထားသူတွေ၊
  • အစပ်အလွန်အကျွံစားသူတွေ
  • သွားထိမ်းဝတ်ထားပြီး လျှာနဲ့မကြာခဏ ထိခိုက်မိနေသူတွေ
  • ရေယုန်ရှိသူတွေ
  • သံဓာတ်လျှော့နည်း/ချို့တဲ့နေသူတွေ
  • အစာ ဓာတ်မတည့်/အဆိပ်သင့်တတ်သူတွေ
  • ကိုယ်ခံအားစနစ်ဖောက်ပြန်တဲ့ရောတစ်မျိုးမျိုးရှိသူတွေ စတဲ့လူအမျိုးအစားတွေမှာ ပိုအဖြစ်များပါတယ်။

Glossitis ကိ သက်သာစေဖို့ဆိုရင်

Glossitis က ကုစားလို့ရတဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ နည်းမှန်လမ်းမှန်နဲ့ကုစားရင် အလျှင်အမြန်သက်သာပျောက်ကင်းနိုင်ပါတယ်။

Glossitis ကိုများသောအားဖြင့် ဆေးဝါးနဲ့ကုသတဲ့နည်းနဲ့ အိမ်တွင်းကုထုံးနဲ့ ကုသတဲ့နည်းလမ်းဆိုပြီး နည်းလမ်း ၂ မျိုးနဲ့ ကုစားတတ်ကြပါတယ်။

  • ဆေးဝါးဖြင့် ကုသခြင်း – ပဋိဇီဝဆေးဝါးကို အသုံးပြုပြီး ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ကုစားတာဖြစ်ပါတယ်။
  • အိမ်တွင်းကုထုံး – ကတော့ သွားတွေကို အကြိမ်ကြိမ်တိုက်ပေးတာ၊ လျှာ-သွားဖုံး-သွားတို့ကိုကျန်းမာအောင်ထားတာစတဲ့နည်းလမ်းတွေနဲ့ကုစားတာဖြစ်ပါတယ်။
  • ခံတွင်းကို သန့်စင်အောင်ထားတာ၊
  • စားသောက်ပုံပြောင်းလဲတာ၊
  • အပူအစပ်နဲ့ ဆေးရွက်ကြီးပါဝင်တဲ့ထုတ်ကုန်တွေကို ရှောင်ကျဉ်တာတွေကလည်း ရောဂါကို သက်သာစေနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကောင်းကောင်းအိပ်ပျော်ချင်ရင် ဒါတွေစားပါ

ကောင်းကောင်းအိပ်ပျော်စေဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးထဲမှာ အစားအစာနဲ့ ပံ့ပိုးတာကလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ

အစာအိမ်ကင်ဆာ အခုနောက်ပိုင်း အတော်များများ ကြားလာရတဲ့ ကင်ဆာတစ်မျိုးပါ။ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်ပြီး အမျိုးသားတွေမှာ အဖြစ်များပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
အစာအိမ်ကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 23, 2020 . 2 mins read

စိတ်ကျန်းမာရေးအကြောင်း

စိတ်မကျန်းမာခြင်း သို့ စိတ်ဝေဒနာဆိုတာက တစ်စုံတစ်ရာသောသက်ရောက်မှုတွေကြောင့် လူတစ်ယောက်နဲ့ တွေးခေါ်ပုံနဲ့ စိတ်ခံစာချက်တွေကို မူမမှန်တော့ပဲ ရောဂါဝေဒနာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကူးစက်ရောဂါတွေ ဘယ်လိုကူးစက်တတ်သလဲ

ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုးမွှားများ၊ မှိုစွဲစေသော ရောဂါပိုးမွှားများ စတာတွေဟာ ကူးစက်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ထိတွေ့ခြင်းမှ ကူးစက်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

ကူးစက်တတ်တဲ့ ရောဂါများအကြောင်း

ကူးစက်တတ်တဲ့ ရောဂါများအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 3 mins read
ကိုယ်ဝန်ဆောင် တို့ရဲ့ ၉လလွယ် ၁၀လဖွား ခရီး

ကိုယ်ဝန်ဆောင် တို့ရဲ့ ၉လလွယ် ၁၀လဖွား ခရီး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 3 mins read
ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ဒါတွေ စားပါ။

ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ဒါတွေ စားပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 17, 2020 . 2 mins read
အနာကြီးရောဂါအကြောင်း

အနာကြီးရောဂါအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 12, 2020 . 2 mins read