အရုပ်ဆိုးပေမယ့် ဆေးဖက်ဝင်တဲ့ ရှောက်ဘီလူး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ရှောက်ဘီလူးက ကြည့်လိုက်ရင် အခွံမှာ အဖုအထစ်တွေနဲ့ ကြည့်ရဆိုးပေမယ့်ဆေးဖက်ဝင်တာတော့အမှန်ပါ။ အရုပ်ဆိုးတယ်ဆိုတဲ့ရှောက်ဘီလူးသီးလေးက ဘယ်လိုဆေးဖက်ဝင်တာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဆက်ကြည့်လိုက်ကြမယ်လေ။

ရှောက်ဘီလူးသီးဆိုတာ

သံပုရာသီးအရွယ်အစားလောက်ပဲရှိပြီး အခွံကတော့ သံပုရာသီးလို လုံးချောလေးမဟုတ်ဘဲ ဖုတွေ ထစ်တွေနဲ့ပေါ့။ အချဉ်အရသာရှိပြီး အတွင်းကတော့ သံပုရာသီးနဲ့ ခပ်ဆင်ဆင်ပါ။ အခွံကိုလည်း ဟင်းခတ်အမွှေးအကြိုင်အဖြစ်သုံးလို့ရပါတယ်။ အထူးသဖြင့် ထိုင်းအစားအစာတွေထဲမာ ထည့်သုံးကြတာများပါတယ်။မြန်မာလူမျိုးတွေ ခံတွင်းတွေ့ကြတဲ့ တုန်ယမ်းဟင်းရည်ထဲမှာ အမွှေးအကြိုင်အတွက်ရှောက်ဘီလူးသီး အခွံကို ထည့်သုံးကြပါတယ်။

ရှောက်ဘီလူးသီးကနေရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေများလဲ

ရှောက်ဘီလူးသီး စားသုံးမှုက အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

ခံတွင်းကျန်းမာစေနိုင်တယ်

အသီးကို စားပေးရင်ဖြစ်ဖြစ် ထက်ခြမ်းခြမ်းပြီး သွားတွေ၊ သွားဖုံး တွေပေါ်မှာ ပွတ်တိုက်ပေးရင်ဖြစ်ဖြစ် ခံတွင်းကို ကျန်းမာစေပြီး သွားဖုံးနဲ့ သွားတွေမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေကို အထိရောက်ဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။ သွားတိုက်ဆေးနဲ့အတူရောပြီးတော့လည်း သုံးပေးလို့ရပါတယ်။

သွေးသန့်စေနိုင်တယ်

သွေးနဲ့ပတ်သက်တဲ့ရောဂါတွေ။ နာတာရှည်သွေးရောဂါတွေခံစားနေရတဲ့ သူတွေနဲ့အထူးသင့်တော်ပါတယ်။သွေးထဲမှာရှိတဲ့pathogensတွေကိုဖယ်ရှားပေးပြီးသွေးသန့်စေနိုင်ပါတယ်။ အသည်းနဲ့ ခန္ဓါကိုယ်တွင်းထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

အစာခြေစနစ်ကျန်းမာစေနိုင်တယ်

ရှောက်ဘီလူးသီးမှာပါတဲ့ဒြပ်ပေါင်းတွေကနာကျင်ရောင်ရမ်းမှုကိုလျော့ကျစေပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဝမ်းချုပ်တာအစာမကြေတာ၊ အစာအိမ်အနာဖြစ်တာ၊ အူမကြီးကင်ဆာ လိပ်ခေါင်းရောဂါရှိသူတွေနဲ့ သင့်တော်ပါတယ်။

အင်းဆက်တွေကိုနှိမ်နှင်းနိုင်တယ်

အင်းဆက်တွေကို နှိမ်နှင်းပေးနိုင်တ့ အာနိသင်ရှိပြီး အင်းဆက်တွေကြောင့်ဖြစ်တဲ့ရောဂါတွေကိုကာကွယ်ပေးနိုင်ပါတယ်။ အရေပြားမှာ အင်းဆက်ကိုက်ခံရတာတွေအတွက်လည်းရှောက်ဘီလူးသီးကို သုံးပေးလို့ရပါတယ်။

အသားအရေအတွက်ကောင်းကျိုးပြုတယ်

ရှောက်ဘီလူးသီးအရည်ကို အလှကုန်ပစ္စည်းတေါနဲ့ တွဲသုံးပေးတာက အသားအရေကို ကြည်လင်လှပစေနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင် ပစ္စည်းပါဝင်နေတာကြောင့် ဆဲလ်တွေကိုပြုပြင်ပေးပြီး ညစ်ညမ်းမှုတွေကြောင့် ထိခိုက်နိုင်ခြေကိုလျှော့ချပေးပါတယ်။ အရေပြားကို ကျန်းမာလှပစေမယ့် သဘာဝဆေးတစ်မျိုးပါ။

နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်တယ်

စိတ်ဖိစီးမှုကို သက်သာစေနိုင်တယ်

စိတ်ဖိစီးမှုနဲ့ အာရုံကြောပြဿနာအမျိုးမျိုးအတွက်လည်းရှောက်ဘီလူးသီးက အစွမ်းထက်ပါတယ်။ စိတ်ဖိစီးမှုများတဲ့ အခါရှောက်ဘီလူးသီးကို ရှုပေးပါ။ စိတ်ပူပန်မှုသက်သာစေဖို့အတွက်လည်းရှောက်ဘီလူးသီးကို ရှုပေးလို့ရပါတယ်။

ကိုယ်ခံအားကောင်းစေနိုင်တယ်

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် ကိုယ်ခံအားစနစ်ကို တိုးတက်စေနိုင်ပါတယ်။ အသားအရေကနေစလို့ ကိုယ်တွင်း အင်္ဂါတွေအထိ ကျန်းမာစေနိုင်ပါတယ်။

ဆံသားကျန်းမာစေနိုင်တယ်

ရှောက်ဘီလူးသီးရဲ့ အရည်ကရော အရွက်ကပါ ဆံသားနဲ့ ဦးရေပြားကို ကျန်းမာစေနိုင်ပါတယ်။ ဦးရေပြားကို အစိုဓါတ် ထိန်းပေးနိုင်ပြီးဗောက်မထအောင်ကာကွယ်ပေးနိုင်ပါတယ်။ ဆံသားကို အရောင်တောက်စေနိုင်ပြီး လှပနေစေမှာပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိတ်ဖိစီးမှုကြောင့် သွားနဲ့ ခံတွင်းကို ထိခိုက်နိုင်ပါတယ်

စိတ်ဖိစီးမှု၊ သွားနဲ့ခံတွင်း၊ လေ့ကျင့်ခန်း၊ ကော်ဖီ ၊လက်ဖက်ရည်၊ Relaxation၊ ယောဂလေ့ကျင့်ခန်း၊ တရားထိုင်၊ နှိပ်နယ်၊ အိပ်စက်၊ ခံတွင်းနံ့ဆိုး၊ သွားဖုံးသွေးယို

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ

ကိုယ်လက်လှုပ်ရှားမှု ခန္ဓာကိုယ် ဦးနှောက်နဲ့အာရုံကြော သားသားမီးမီး လေ့ကျင့်ခန်း နှလုံး နှလုံး ကြွက်သား သွေးကြောပိတ်ဆို့မှု ခန္ဓာကိုယ် လေဖြတ် အဆုတ် ကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ယုဇနပန်း လှလှလေး ကပေးတဲ့ ကျန်းမာရေး

အဆင်အသွေး ယုဇနပန်း ရာသီဥတု ကျန်းမာရေး အသားအရေ အရေပြား သွားကိုက် သွားပိုးပေါက် သွားဖုံး သွားကိုက်သွားနာ မွေးကျွတ်နာ ကိုယ်အလေးချိန် အနာ မနက်ခင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ပန်းသစ်ခွ နဲ့ ကျန်းမာရေး

ကျန်းမာရေး စိုထိုင်းဆ ရာသီဥတု စိတ်ဖိစီးမှု စိတ်ဓာတ်ကျ ဖျော်ရည် အရိုး ကယ်လ်ဆီယမ် အရိုးပွ ကင်ဆာ အသားအရေ အစာကြေ ကျန်းမာရေးပြဿနာ အစာခြေစနစ် အမျှင်ဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

စိုးရိမ်ပူပန်ခြင်းနဲ့ ညအိပ်မပျော်ခြင်း ဘယ်လိုဆက်စပ်နေနိုင်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2020
ပြောင်းဖူးမွှေးရဲ့ ဆေးဖက်ဝင်ပုံက

ပြောင်းဖူးမွှေးရဲ့ ဆေးဖက်ဝင်ပုံက

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020
ပဲသီးလေး နဲ့ ကျန်းမာရေး

ပဲသီးလေး နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020

စိန်ခေါ်မှုအသစ်ဖြစ်လာတဲ့ ကိုဗစ်ကာလ အဝလွန်ခြင်းပြဿနာ Quarantine 15

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020