သန်ကောင် တွေ ဆိုတာ အရေပြားကနေတဆင့်၊ အစားအသောက်ကနေတဆင့် ခန္ဓာကိုယ်ထဲကို အလွယ်တကူ ပျံ့နှံ့ကူးစက်နိုင်ပါတယ်။ သန်ကောင်ဥရှိနေတဲ့ နေရာကို ထိတွေ့မိရာက အရေပြားကနေ ထိုးဖောက်ကူးစက်နိုင်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ဒီလိုကပ်ပါးကောင်တွေရှိနေပြီ ဆိုရင် အပေါ်ယံမှာ မသိသာပေမယ့် လက္ခဏာထူးခြားတာတွေ ဖြစ်လာမှာသေချာပါတယ်။