backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အာဟာရချို့တဲ့ခြင်း၏ လက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အာဟာရချို့တဲ့ခြင်း၏ လက္ခဏာများ

ကလေးများအဟာရချို့တဲ့ကြောင်းပြောကြသည့်အခါ လူအများထင်ကြသည်မှာ ကြီးထွားဖွံ့ဖြိုးရန်လိုအပ်သည့် ပရိုတင်းနှင့်ကယ်လိုရီများကို လုံလောက်စွာ မစားသောကြောင့်ဖြစ်ရသည် အာဟာရမလုံလောက်ခြင်း ကိုသာ ထင်ကြပါသည်။

အမှန်တကယ်တွင် အာဟာရချို့တဲ့ခြင်းဆိုသည်မှာ အာဟာရမလုံလောက်ခြင်းရော အာဟာရပိုလျှံနေခြင်းကိုပါ ဆိုလိုပါသည်။ ကလေးတစ်ယောက် လိုအပ်သည်ထက် ကယ်လိုရီပိုစားသုံးပါက အာဟာရပိုလျှံခြင်း ဖြစ်နိုင်ပါသည်။ ဒီဆောင်းပါးကတော့ အာရဟာမလုံလောက်ခြင်းသာ အဓိကထားရေးသားပါမည်။

အာဟာရချို့တဲ့ခြင်းကိုဖြစ်စေသည့်အကြောင်းရင်းများ

အစားအသောက်ကောင်းကောင်းမစားရခြင်းက အဓိကပင်ဖြစ်သည်။ ကလေးမှ အစားအစာလုံလောက်စွာ မစားသောက်ရလျှင် သို့မဟုတ် စားသည့်အစာမှ လုံလောက်သည့်အာဟာရများ မရလျှင် အာဟာရချို့တဲ့နိုင်ပါသည်။ ထို့အပြင် မျိုချရခက်ခဲသည့်ရောဂါများကြောင့်လည်း အစာအာဟာရ လုံလောက်စွာ စားနိုင်မည်မဟုတ်ပါ။ တစ်ခြားသော အကြောင်းရင်းတစ်ခုမှာ စိတ်ကျန်းမာရေးမကောင်းခြင်းပင်။ စိတ်ကျနေသည့်ကလေးတစ်ယောက်သည် အစာကောင်းကောင်းမစားနိုင်ပါ။ ထိုမှ အာဟာရချို့တဲ့နိုင်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစားအစာဈေးကြီးခြင်း သို့မဟုတ် ပြတ်လပ်ခြင်းကြောင်း အာဟာရချို့တဲ့မှု ဖြစ်ပွားနိုင်ပါသည်။

အာဟာရချို့တဲ့သည့်လက္ခဏာများ

တွေ့ရနိုင်သည့် လက္ခဏာများမှာ –

· အဆီများဆုံးရှုံးခြင်း

· အသက်ရှုလမ်းကြောင်းပြဿနာ (အသက်ရှုရခက်ခြင်း)

· စိတ်ကျခြင်း

· ခွဲစိတ်ကုသခြင်း၏ နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ချေမြင့်တက်ခြင်း

· ကိုယ်အပူချိန်ကျနိုင်ချေ များခြင်း

· သွေးဖြူဥများ ဆုံးရှုံးခြင်းကြောင့် ကိုယ်ခံအားစနစ် အားနည်းလာခြင်း

· ချမ်းအေးခြင်းကို ခဏခဏခံစားရခြင်း

· ထိခိုက်ဒဏ်ရာရလျှင် အချိန်အတော်ကြာမှ အနာကျက်ခြင်း

· ရောဂါများ၊ ကူးစက်ပိုးများမှ ပြန်သက်သာနိုင်ချိန် ကြာမြင့်ခြင်း

· နောက်ပိုင်းတွင် မြုံသွားခြင်း

· ကြွက်သားများ ဆုံးရှုံးုခြင်း

· မောပန်းလွယ်ခြင်း သို့မဟုတ် ပင်ပန်းလွယ်ခြင်း

· ဂဏာမငြိမ်ဖြစ်ခြင်း

ပြင်းထန်သည့် အာဟာရချို့တဲ့ရောဂါရှိသော ကလေးများတွင် အောက်ပါလက္ခဏာများ ပြနိုင်ပါသည်။

· ပါးလွှာခြောက်သွေ့ မာကြောသော အသားအရေ

· ပါးခွက်ခြင်း မျက်လုံးချိုင့်ဝင်ခြင်း

· ခြောက်သွေ့သော ဆံပင် သို့မဟုတ် ဆံပင်ကျွတ်ခြင်း

· နှလုံး၊ အသည်းနှင့် အသက်ရှုလမ်းကြောင်း အလုပ်မလုပ်နိုင်တော့ခြင်း

လုံးဝအငတ်နေခြင်းသည် (ဘာမှကိုမစားသောက်ခြင်း) ၈ ပတ်မှ ၁၂ ပတ်အတွင်း သေနိုင်ပါသည်။

ကလေးများ၌ ပြင်းထန်သောအာဟာရချို့တဲ့ခြင်းသည် အပြုအမူဆိုင်ရာ ဖွံဖြိုးမှုအပြင် စိတ်ပိုင်းဆိုင်ရာကိုပါ နှေးစေနိုင်ပါသည်။ ကုသမှုခံယူလျှင်တောင်မှ အာဟာရမလုံလောက်ခြင်းသည် ကလေးများတွင် အချိန်အတော်ကြာအထိ သက်ရောက်နေနိုင်ပါသည်။ စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် အစာခြေစနစ် မကောင်းတော့ခြင်းသည် ကလေး၏ဝတစ်လျှောက်လုံး ကျန်ရှိနေနိုင်ပါသည်။

အာဟာရချို့တဲ့ခြင်းကို ဘယ်လိုကုသရမလဲ။

အာဟာရချို့တဲ့မှုကိုကုသခြင်းသည် ပြင်းထန်သည့်ပုံပေါ် မူတည်ပါသည်။ ကလေး၏အခြေအနေ ပိုးဆိုးလေလေ ကုသရန်အချိန်ကြာလေလေဖြစ်ပါသည်။ တခြားသော ရောဂါတစ်မျိုးပါရှိနေသည့် အခြေအနေမျိုးတွင် ထိုရောဂါကို သိရန်လိုအပ်ပါသည်။ ပြုစုခြင်းနှင့် ကုသခြင်းသည် ကလေး၏လိုအပ်ချက် ဦးစားပေးရမည့်အချက်များကို သုံးသပ်ပြီးပြုလုပ်ရမည်ဖြစ်သည်။

ကုသမှုအစီအစဉ်တွင် အထူးပြုလုပ်ထားသည့် အစားအသောက်နှင့် အာဟာရဖြည့်စွက်စာများ ပါဝင်၏။ အဓိကရည်မှန်းချက်သည် ကျန်းမာပြီးအဟာရပြည့်သောအစာ ရရှိစေရန်ဖြစ်သည်။ လိုအပ်သည့် ကယ်လိုရီနှင့် အာဟာရများ သင့်တင့်လျောက်ပတ်စွာ ရမရ ကလေးကို အနီးကပ်စောင့်ကြည့်ကုသမည်ဖြစ်ပါသည်။

အာဟာရချို့တဲ့ခြင်းတွင် ကုသမှုထက် ကာကွယ်မှုက ပိုကောင်းပါသည်။ ကာကွယ်ရန်အတွက် ကလေးကို အဓိကအစာအုပ်စုသုံးခုလုံးမှ အာဟာရများ လုံလောက်စွာ ကျွေးပေးရမည်ဖြစ်ပါသည်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement