ဘာကြောင့် အမြဲလိုလို ဗိုက်ဆာနေတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဇွန် 15, 2020 . 2 mins read
Share now

စားနေသောက်နေလျက်နဲ့ အမြဲလိုလိုဗိုက်ဆာနေရတဲ့ အကြောင်းတွေကိုပြောပြပေးချင်ပါတယ်။

ဗိုက်ဆာတယ်ဆိုတာ ခန္ဓာကိုယ်က အစားအစာလိုအပ်နေပြီလို့ အချက်ပြတဲ့သဘောပါပဲ။ ဗိုက်ဆာလာတာကို မစားဘဲ နေလိုက်ရင် ဗိုက်နာမယ်၊ ဗိုက်အောင့်မယ်၊ ခေါင်းကိုက်မယ်၊ နုံးချိချိဖြစ်လာမယ်၊ အာရုံကောင်းကောင်း မစူးစိုက်နိုင်ဖြစ်စေပါတယ်။ ဒါ့ကြောင့် ဗိုက်ဆာတာကို လျစ်လျူမရှုသင့်ပါဘူး။ ဒါပေမဲ့ ဗိုက်ဆာလို့အပြင် ခဏခဏ စားချင်သောက်ချင်စိတ် ဖြစ်ရတဲ့ တခြားအကြောင်းအရင်းတွေ ရှိပါသေးတယ်။ ဒါတွေကတော့

ကျန်းမာရေးကြောင့်လား

ခဏခဏဗိုက်ဆာတယ်ဆိုတာ ဆီးချိုရောဂါရဲ့ လက္ခဏာတွေထဲက တစ်ချက်ဖြစ်ပါတယ်။ ပုံမှန်ဆိုစားလိုက်တဲ့ အစားအစာတွေကို ခန္ဓာကိုယ်ထဲမှာ သကြားအဖြစ် ပြောင်းလဲသုံးစွဲပစ်ပါတယ်။ ဆီးချိုရောဂါရှိနေရင်တော့ ကိုယ်တွင်းဆဲလ်တွေက သကြားဓာတ်တွေ ရယူမသုံးစွဲနိုင်တော့တဲ့အတွက် ခဏခဏစားသောက်ဖို့ အားပေးသလိုဖြစ်နေပါတယ်။

Hyperthyroidism လို့ခေါ်တဲ့ သိုင်းရွိုက်ဟော်မုန်း ပုံမှန်ထက်များတဲ့ အခြေအနေမှာလည်း ခဏခဏဗိုက်ဆာ တတ်ပါတယ်။ ပိုလျှံနေတဲ့သိုင်းရွိုက်ဟော်မုန်းတွေက စားချင်စိတ်ကို ပိုအားကောင်းစေလို့ပါ။

လူတိုင်းမဟုတ်ပေမဲ့ တချို့တွေက စိတ်ဓာတ်ကျတဲ့အချိန် (ဒါမှမဟုတ်) အရမ်းစိတ်လှုပ်ရှားတဲ့အချိန်တွေ မှာဗိုက်ဆာတတ်ကြပါတယ်။ စားသောက်တာက ရောဂါတစ်ခုမဟုတ်ပေမဲ့ နင်းကန်စားပြီး အဝလွန်လာရင်တော့  နောက်ဆက်တွဲပြဿနာတွေ တပြုံကြီး ပါလာတော့မှာပါ။ ဒါ့ကြောင့် ကိုယ်ခဏခဏဗိုက်ဆာရတာ ဒီလိုရောဂါတွေကြောင့်လို့ သံသယရှိရင် သက်ဆိုင်ရာဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

အစားအစာနဲ့ စားသောက်ပုံကြောင့်လား

အစားအစာတိုင်းက စားလိုက်တိုင်း ဗိုက်မပြည့်စေပါဘူး။ အသားငါး၊ နို့ထွက်ပစ္စည်းတွေနဲ့ အမျှင်ဓာတ်ကြွယ်၀တဲ့ အစားအသောက်တွေဖြစ်တဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆံ၊ပဲအမျိုးမျိုး စတာတွေက ဗိုက်ပြည့်စေသလို ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ဖြူဆွတ်နူးညံ့နေတဲ့ ပေါင်မုန့်၊ကိတ်မုန့်တွေ၊ အသင့်စား အစားအစာတွေ၊ သရေစာတွေကတော့ အဆီပါဝင်မှုများပြီး စားလိုက်တဲ့အချိန်ပဲ ဗိုက်ပြည့်စေပါတယ်။ ဒါတွေ အစားများရင် ခဏခဏ ဗိုက်ပြန်ဆာနေမှာ ဖြစ်သလို ရေရှည်မှာလည်းကျန်းမာရေး ထိခိုက်နိုင်ပါတယ်။

ရေသောက်ခြင်းကကျန်းမာရေးအတွက် ကောင်းကျိုးအလွန်များပါတယ်။ ရေဓာတ်ပြည့်ဝနေရင် ဦးနှောက်နဲ့နှလုံး ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ အထောက်အကူဖြစ်စေပြီး အရေပြားနဲ့ အစာခြေစနစ်အတွက်လည်း အကျိုးရှိပါတယ်။ ရေဓာတ်ပြည့်ဝနေဖို့အတွက် ဖရဲသီး၊ သခွားသီးလို ရေဓာတ်ပါဝင်မှုများတဲ့ သစ်သီးဝလံတွေလည်း မကြာခဏ စားသုံးပေးသင့်ပါတယ်။ အစာမစားခင် ရေသောက်လိုက်ရင် အစာစားချင်စိတ်ကို လျော့သွားစေတာကြောင့် အလွန်အကျွံမစားမိအောင် အထောက်အကူဖြစ်စေပါတယ်။

အရက်ကတော့ ရေနဲ့ပြောင်းပြန်ပါပဲ။ အရက်က အစာစားချင်စိတ် လျော့နည်းစေတဲ့ ဟော်မုန်းကို တားဆီးနိုင်တဲ့ အတွက် အစာမစားခင် (ဒါမှမဟုတ်) စားရင်းသောက်ရင်း အရက်သောက်မိရင် ပုံမှန်ထက် ပိုစားမိစေပါတယ်။ အရက်အလွန်အကျွံသောက်မိရင် အစားပိုစားမိရုံတင်မဟုတ်ဘဲ နှလုံးနဲ့သွေးကြောကျန်းမာရေးကိုပါ ထိခိုက်စေတာမို့ ဘယ်အချိန်ဖြစ်ဖြစ် အရက်ကိုချင့်ချိန်ပြီး သောက်သုံးဖို့အရမ်းအရေးကြီးပါတယ်။

ကိုယ်စားသောက်တဲ့ပုံစံကလည်း ဗိုက်ပြည့်မပြည့်ဆိုတဲ့အချက်ပေါ်သက်ရောက်ပါသေးတယ်။ အစားကို ဖြည်းဖြည်းနဲ့မှန်မှန်စားတာက အစာကြေညက်ဖို့လွယ်သလို ဗိုက်လည်းပိုပြည့်စေတာပြီး ကျန်းမာရေးနဲ့ညီညွတ် ပါတယ်။ ဖြည်းဖြည်းချင်းစားသောက်တဲ့အချိန်မှာ ခန္ဓာကိုယ်တွင်းက ဗိုက်ပြည့်တာကိုအချက်ပြတဲ့ဟော်မုန်းတွေ ပိုထွက်လာစေတာကြောင့် တစ်ခါစားပြီးရင် တော်တော်နဲ့ ဗိုက်ပြန်မဆာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ တီဗီကြည့်ရင်း (ဒါမှမဟုတ်) တစ်ခုခုလုပ်ရင်း အစားကို အမြန်စားသောက်ရင်တော့ စားစရာကို သေချာကြေညက်အောင် မဝါးမိတော့သလို ဗိုက်ပြည့်တာကိုလည်း သတိမထားမိဘဲ ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် အစားကို အမြန်စားသောက်တတ်သူတွေက ရေရှည်မှာ အဝလွန်တဲ့ပြဿနာနဲ့ ကြုံရတတ်ပါတယ်။

လူနေမှုပုံစံကြောင့်လား

အိပ်ရေးမဝရင် ကိုယ်တွင်းက ဟော်မုန်းလည်ပတ်မှုဖြစ်စဉ်ကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့်အိပ်ရေးပျက်သူ အများစုက ခဏခဏဗိုက်ဆာတတ်ပြီး စားပြီးရင်လည်း ဗိုက်ပြည့်တယ်လို့ သိပ်မခံစားရတတ်ပါဘူး။ နောက်ပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ သရေစာတွေကို ပိုစားသောက်တတ်ကြတာလည်း တွေ့ရပါတယ်။

ကျန်းမာရေးလိုက်စားပြီး အထူးသဖြင့် အပြင်းအထန်လှုပ်ရှားရတဲ့ အားကစားတွေလုပ်ရင် ကယ်လိုရီပိုလောင်ကျွမ်းပါတယ်။ ဒီလိုအားကစားလိုက်စားတဲ့သူတွေမှာ ကယ်လိုရီလောင်ကျွမ်းမှုများပြီး ကိုယ်တွင်းဇီဝဖြစ်စဉ်လည်းပိုမြန်တာကြောင့် ခဏခဏအစာစားချိန်စိတ်ဖြစ်ပေါ်တတ်ပါတယ်။

နိဂုံးအနေနဲ့ပြန်ပြောရရင် ဗိုက်ဆာတယ်ဆိုတာ ခန္ဓာကိုယ်အတွက်စွမ်းအင်လိုအပ်နေကြောင်း အချက်ပြတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ခဏခဏဗိုက်ဆာနေပြီဆိုရင်တော့ အခုပြောခဲ့တဲ့အချက်တွေနဲ့ ကိုယ့်ဘာသာပြန်ဆန်းစစ်ကြည့်ပါ။ ဒါမှသာ အလွန်အကျွံစားသောက်မိပြီး အဝလွန်ခြင်းကဲ့သို့သော ကျန်းမာရေးပြဿနာတွေ မကြုံအောင် ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။

ရေးသားသူ – Dr. Htoo Tint

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ ကော်လာဂျင်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များပေမယ့်  ကော်လာဂျင်ကို အသားအရေအတွက် အဓိက သောက်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံ ကို သက်သာစေလား။ အခါးဓာတ်ပါတဲ့အရာတွေက အစာခြေစနစ်ကို ကျန်းမာစေသလို ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်ရင် ဘာတွေ အကျိုးရှိနိုင်မလဲဆိုတာ ပြောပြချင်ပါတယ်။ လုပ်နေကျ အလုပ်တွေကို လုပ်ဖို့တောင် ခက်ခဲလာပြီဆိုရင် သေချာတာကတော့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အမြင်မကြည် ရသည့် အကြောင်းတရားများ

ကိုယ့်ရှေ့မှာ မြင်တွေ့နေရတဲ့ မြင်ကွင်းတွေကို ပြတ်ပြတ်သားသား မြင်တွေ့နိုင်ခြင်းမရှိတာကို အမြင်မကြည် ဘူး၊ မြင်ကွင်းတွေဝေဝါးနေတယ်လို့ ဆိုတတ်ကြတယ်မဟုတ်လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read