backup og meta

တစ်ချိန်လုံးဗိုက်ဆာနေသူလေးတွေရှိလား


Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်ချိန်လုံးဗိုက်ဆာနေသူလေးတွေရှိလား

    ခုနကပဲ ထမင်းစားလိုက်တယ်နော်။ ခု..ဆာလာပြန်ပြီ။ တစ်ခုခုစားချင်သလိုပဲဆိုပြီးဖြစ်နေတဲ့ဘော်ဘော်လေးတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးဖတ်ကြည့်နော်။

    ဗိုက်ခဏခဏဆာရတာဒီအကြောင်းတွေကြောင့်ပါ

    လူတစ်ယောက်ဟာ တစ်နေ့ကို မနက်စာ၊နေ့လယ်စာ၊ညစာအပြင်တစ်ချိန်လုံးတသွတ်သွတ်စားနေတာမျိုးဆိုရင် ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ရပ်လို့ဆိုရပါမယ်။

    ဝိတ်ချနေတာ

    ခန္ဓါကိုယ်မှာ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်များနေတာကြောင့် အစားလျော့နေတာမျိုးဖြစ်တဲ့အခါမှာလည်း ခန္ဓါကိုယ်က လုံလောက်တဲ့ အာဟာရဓါတ်တွေကို မရရှိတာကြောင့် ဆာလောင်တာမျိုးဖြစ်နိုင်ပါတယ်။

    အချိုအများကြီးစားမိတာ

    အချိုအစားများတာကလည်း လူတစ်ယောက်ရဲ့ စားချင်စိတ်ကိုတိုးစေနိုင်ပါတယ်။ အချိုဓါတ်များတဲ့ အစားအစာတွေက ခန္ဓါကိုယ်တွင်းမှာghrelinဟော်မုန်းထွက်ရှိမှုကိုတိုးစေနိုင်ပြီး ခဏခစဗိုက်ဆာတယ်လို့ ခံစားရစေပါတယ်။

    ပရိုတင်းစားတာနည်းနေတာ

    စားလိုက်တဲ့အစားအစာတွေထဲမှာ ပရိုတင်းပါဝင်မှုနည်းတာကလည်း ခဏခဏဗိုက်ဆာစေရတဲ့ အချက်တစ်ခုပါ။ မနက်စာကနေစလို့ ညစာအထိစားသုံးတဲ့ အစားအစာတွေထဲမှာ ပရိုတင်းလုံလောက်စွာပါရှိနေမယ်ဆိုရင် ကိုယ်အလေးချိန်တက်တာမျိုးမဖြစ်နိုင်သလို ခဏခဏဆာလောင်မှုကနေလည်း ကင်းဝေးမှာပါ။ အရွယ်ရောက်ပြီးသားအမျိုးသားတစ်ယောက်အနေနဲ့ တစ်နေ့ကို ပရိုတင်းပမာဏ ၅၆ ဂရမ်၊ အမျိုးသမီးတစ်ယောက်အနေနဲ့ တစ်နေ့ကို ပရိုတင်းပမာဏ ၄၆ ဂရမ်လိုအပ်ပါတယ်။

    ရေဓါတ်မပြည့်ဝခြင်း

    ရေဓါတ်မပြည့်တာကလည်း ခဏခဏဗိုက်ဆာစေနိုင်ပါတယ်နော်။ မနက်စာမစားခင် နာရီဝက်အလိုမှာ ရေ ဝ.၅ လီတာ၊နေ့လယ်စာမစားခင် နာရီဝက်အလိုမှာရေ ဝ.၅ လီတာ၊ ညနေစာမစားခင်နာရီဝက်အလိုမှာ ရေ ဝ.၅ လီတာသောက်ပေးမယ်ဆိုရင် ခဏခဏဆာတာမျိုးမရှိဘဲ ဗိုက်ပြည့်နေတယ်၊လို့ခံစားရစေမှာပါ။ ဒီလိုမျိုးပုံမှန်လုပ်ပေးမယ်ဆိုရင် စားချင်စိတ်ခဏခဏမဖြစ်ဘဲ ခန္ဓါကိုယ်ကို ကျစ်လျစ်စေမှာပါ။

    အမျှင်ဓါတ်က အဆာခံစေနိုင်သလို အစာခြေစနစ်ကျန်းမာဖို့နဲ့ ဝမ်းမှန်ဖို့အတွက်လည်း အထောက်အကူပြုပေးပါတယ်။ တစ်နေ့တာမှာ အမျှင်ဓါတ်ပါဝင်အောင် စားသုံးမှုက ခဏခဏမဆာစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ အရွယ်ရောက်ပြီး အမျိုးသားတစ်ယောက်အနေနဲ့ တစ်နေ့ကို အမျှင်ဓါတ် ၃၈ ဂရမ်စားသုံးဖို့လိုအပ်ပြီး အရွယ်ရောက်ပြီး အမျိုးသမီးတစ်ယောက်အနေနဲ့ကတော့ တစ်နေ့ကို အမျှင်ဓါတ် ၂၅ ဂရမ်လိုအပ်ပါတယ်။

    အိပ်ရေးပျက်တာ

    ခဏခဏဆာရတာက အိပ်စက်ချိန်မပြည့်ဝတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ အိပ်ရေးပျက်တဲ့အခါ ကိုယ်တွင်း ကဟော်မုန်းပမာဏတွေ မမျှတတော့ဘဲ စားချင်စိတ်ကို တိုးစေနိုင်ပါတယ်။ အိပ်ရေးပျက်တာကြောင့် ခဏခဏစားမိတာကနေတဆင့် အဝလွန်လာနိုင်ပါတယ်။ အိပ်ရေးပျက်တာက အချိန်ကြာလာရင်ဆီးချိုရောဂြါဖစ်တဲ့ အထိဆိုးရွားနိုင်ပါတယ်။

    အချို့လူတွေက အစားခဏခဏစားတာ ဆာလို့ဆိုတာထက် ပျင်းနေတာကြောင့်ပါ။ မဆာဘဲ ပျင်းလို့စားမိနေတာဆိုရင်တော့ ဒီအကျင့်ကိုဖျောက်သင့်ပါတယ်။

    အငန်ကဲတာတွေစားတာ

    အငန်အစားများတာက ဗိုက်ခဏခဏဆာစေနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ တစ်နေ့တာမှာ အငန်ဓါတ် ၂၃၀၀ မီလီဂရမ်ပဲစားသင့်ပါတယ်။ ဒီပမာဏထက်ပိုစားမယ်ဆိုရင် အစားစားချင်စိတ်ပိုဖြစ်ပေးစေနိုင်သလိုရေရှည်မှာ နှလုံးထိခိုက်လာနိုင်စေပါတယ်။

    စိတ်ဖိစီးမှုများနေတာ

    စိတ်ဖိစီးမှုကလည်း အစားစားချင်စိတ်ပေါ်မှာ သက်ရောက်မှုရှိနေပါတယ်။ စိတ်ဖိစီးမှုများနေတာကghrelinဟော်မုန်းထွက်ရှိမှုတိုးစေပြီး တစ်ချိန်လုံးဆာနေစေနိုင်ပါတယ်။

    အရက်သောက်သုံးတာ

    အရက် နဲ့ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေက ဗိုက်ခဏခဏဆာစေနိုင်ပါတယ်။ သင်က အယ်လ်ကိုဟောကြိုက်တတ်သူဆိုရင်တော့ ဗိုက်ခဏခဏဆာနေရတာက အယ်လ်ကိုဟောရဲ့ သက်ရောက်မှုတစ်ခုပါ။

    အမျိုးအစား -၂ ဆီးချိုရောဂါရဲ့ လက္ခဏာတစ်ရပ်အနေနဲ့လည်း ခဏခဏဆာနေနိုင်ပါတယ်နော်။ ခဏခဏဆာတာနဲ့အတူရေငတ်မယ်၊ ဆီးခဏခဏသွားမယ်၊ အမြင်အာရုံတွေဝေဝါးမယ်၊ အနာကျက်နှေးမယ်၊ အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန်ကျလာမယ်ဆိုရင် အမျိုးအစား -၂ ဆီးချိုရောဂါခံစားနေရတာပါ။

    ဗိုက်ခဏခဏဆာနေပြီဆိုရင် ဒီအချက်လေးတွေထဲကတစ်ချက်ချက်ကြောင့်ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်မဟုတ်ဘဲ ခဏခဏဆာနေပြီဆိုရင် ဒီအချက်တွေထဲက ဘယ်တစ်ချက်ကြောင့်လဲဆိုတာ ကိုယ်တိုင်ဆန်းစစ်ကြည့်ပါလို့ပြောပါရစေ……………

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement